< ယေဇကျေလ 43 >
1 ၁ ထိုနောက်မှ အရှေ့ ဘက်သို့ မျက်နှာပြု သော တံခါးဝ သို့ တဖန်ခေါ်သွား ၏။
၁ထိုလူသည်ငါ့အားအရှေ့ဘက်သို့မျက် နှာမူနေသည့်မုခ်ပေါက်သို့ခေါ်ဆောင်သွား ၏။-
2 ၂ ဣသရေလ အမျိုး၏ ဘုရားသခင် ဘုန်း တော် သည် အရှေ့ မျက်နှာမှ လာ ၍ ၊ အသံသည် သမုဒ္ဒရာ သကဲ့သို့ ဖြစ်၏။ ရောင်ခြည် တော်အားဖြင့် မြေ တပြင်လုံးလင်း ၏။
၂ထိုအရပ်တွင်ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်၏တောက်ပသောဘုန်း အသရေတော်သည်အရှေ့အရပ်မှပေါ် ထွက်လာသည်ကိုငါမြင်ရ၏။ ဘုရားသခင်၏အသံတော်သည်ပင်လယ်မြည် ဟည်းသံနှင့်တူ၏။ ကမ္ဘာမြေကြီးသည် လည်းကိုယ်တော်၏ဘုန်းအသရေတော် နှင့်တောက်ပလျက်ရှိ၏။-
3 ၃ ငါမြင် သော ရူပါရုံ သည် မြို့ တော်ကိုဖျက်ဆီး ခြင်းငှါ လာ သောအခါ ၊ ငါမြင် သော ရူပါရုံ နှင့် တူ၏။ ထင်ရှားသောအရာတို့သည် ခေဗာ မြစ် နားမှာ ငါမြင် ဘူးသော အရာများကဲ့သို့ ဖြစ်၍ ၊ ငါသည် ပြပ်ဝပ် လျက်နေ၏။
၃ဤဗျာဒိတ်ရူပါရုံသည်ယေရုရှလင်မြို့ ကိုဖျက်ဆီးတော်မူရန်ထာဝရဘုရား ကြွလာတော်မူချိန်၌ငါမြင်ခဲ့ရသော ဗျာဒိတ်ရူပါရုံနှင့်ခေဗာမြစ်အနီး၌ ငါမြင်ခဲ့ရသောဗျာဒိတ်ရူပါရုံတို့နှင့် တူ၏။ သို့ဖြစ်၍ငါသည်မြေပေါ်သို့ဝမ်း လျားမှောက်လှဲချပျပ်ဝပ်၏။-
4 ၄ ထာဝရဘုရား ၏ ဘုန်း တော်သည် အရှေ့ ဘက် သို့ မျက်နှာ ပြုသော တံခါး လမ်း ဖြင့် အိမ် တော်ထဲသို့ ဝင် တော်မူ၏။
၄တောက်ပသောဘုန်းအသရေတော်သည် အရှေ့မုခ်ပေါက်ကိုဖြတ်၍ဗိမာန်တော် ထဲသို့ဝင်တော်မူ၏။
5 ၅ ထိုအခါ ဝိညာဉ် တော်သည် ငါ့ ကိုချီ လျက် အတွင်း တန်တိုင်း ထဲသို့ ဆောင်သွား ၍ ၊ ထာဝရဘုရား ၏ ဘုန်း တော်သည် တအိမ်လုံး ကို ဖြည့် တော်မူ၏။
၅ထာဝရဘုရား၏ဝိညာဉ်တော်သည်ငါ့အား ချီဆောင်တော်မူပြီးလျှင်တံတိုင်းအတွင်း ဝင်းထဲသို့ယူဆောင်သွားတော်မူ၏။ ဗိမာန်တော် သည်ထာဝရဘုရား၏ဘုန်းအသရေတော် ဖြင့်ပြည့်လျက်နေသည်ကိုထိုအရပ်မှမြင် ရ၏။-
6 ၆ အရင်လူ သည် ငါ့ အနား မှာရပ် နေလျက်၊ အိမ် တော်ထဲက ငါ့ အား မိန့် တော်မူသောအသံကို ငါကြား သည်ကား၊
၆ကူရိုးနှင့်လူသည်ငါ၏အနီးတွင်ရပ်၍ နေစဉ်ဗိမာန်တော်အထဲမှထာဝရ ဘုရားမိန့်တော်မူသံကိုငါကြားရ၏။-
7 ၇ အချင်းလူသား ၊ ဤအရပ်သည် ငါ့ ပလ္လင် တည်ရာအရပ် ၊ ငါ့ ခြေဘဝါး နင်းမြဲအရပ် ၊ ဣသရေလ အမျိုးသား တို့တွင် အစဉ်အမြဲ ငါ့နေ ရာအရပ် ဖြစ်၏။ ဣသရေလ ရှင်ဘုရင် များနှင့် အမျိုးသား များတို့သည် မှားယွင်း ခြင်းအားဖြင့် ၎င်း ၊ ရှင်ဘုရင် ၏အသေကောင် အားဖြင့် ၎င်း ၊ မြင့် ရာအရပ် တို့၌ငါ ၏နာမ တော်မြတ် ကို နောက် တဖန် မ ရှုတ်ချ ရကြ။
၇ကိုယ်တော်က``အချင်းလူသား၊ ဤအရပ် တွင်ငါ၏ရာဇပလ္လင်ရှိ၏။ ငါ၏ခြေနင်း ရာနေရာဖြစ်၏။ ငါသည်ဤအရပ်တွင် ဣသရေလအမျိုးသားတို့နှင့်အတူ ကျိန်းဝပ်တော်မူ၍သူတို့အားထာဝစဉ် အုပ်စိုးတော်မူမည်။ ဣသရေလအမျိုး သားများဖြစ်စေ၊ သူတို့၏ဘုရင်များ ဖြစ်စေ၊ ဝိညာဉ်ဆိုင်ရာပြည့်တန်ဆာ လုပ်ငန်းဖြင့်လည်းကောင်း၊ ဘုရင်တို့၏ အလောင်းများကိုမြင့်သောအရပ်များ တွင် ကိုးကွယ်ခြင်းအားဖြင့်လည်းကောင်း ငါ၏သန့်ရှင်းမြင့်မြတ်သောနာမတော် ကိုနောက်တစ်ဖန်မရှုတ်ချရ။-
8 ၈ သူ တို့တံခါးခုံ ကိုလည်း ငါ့ တံခါးခုံ အနား မှာ၎င်း ၊ သူ တို့တိုင် ကိုလည်း ငါ့ တိုင် အနား မှာ၎င်း တည် စိုက်လျက်၊ ငါ နှင့် သူ တို့စပ်ကြား မှာ နံရံ တခုတည်းသာရှိလျက်၊ သူတို့ ပြု မိသော စက်ဆုပ် ရွံရှာဘွယ်အမှုတို့ဖြင့် ၊ ငါ ၏နာမ တော်မြတ် ကို ရှုတ်ချ သောကြောင့် ၊ ငါသည်အမျက်ထွက် ၍ သူ တို့ကို ဖျက်ဆီး ပြီ။
၈ရှင်ဘုရင်များသည်မိမိတို့၏တံခါးတိုင် များနှင့်တံခါးအောက်ခံဘောင်များကိုငါ ၏ဗိမာန်တော်တံခါးတိုင်များ၊ တံခါး အောက်ခံဘောင်များနှင့်ကပ်လျက်ပြုလုပ် ထားကြ၏။ ဤနည်းအားဖြင့်ငါနှင့်သူ တို့၏ကြားတွင်နံရံသာခြား၍နေ၏။ သူတို့သည်စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အမှုအပေါင်းကိုပြုကျင့်ကာငါ၏ သန့်ရှင်းမြင့်မြတ်သောနာမတော်ကို ရှုတ်ချကြ၏။ သို့ဖြစ်၍ငါသည်အမျက် ထွက်၍သူတို့အားဖျက်ဆီးတော်မူ၏။-
9 ၉ ယခု မူကား၊ သူ တို့မှားယွင်း ခြင်းအမှုများနှင့် ရှင်ဘုရင် ၏အသေကောင် များကို ငါ မှ ဝေး စွာ ပယ်ရှားကြစေ။ ငါသည်လည်း သူ တို့တွင် အစဉ်အမြဲ နေ မည်။
၉ယခုအခါသူတို့သည်ပြည့်တန်ဆာလုပ် ငန်းဖြင့် အခြားဘုရားများအားကိုးကွယ် မှုကိုရပ်စဲ၍ဘုရင်တို့၏အလောင်းများ ကိုဖယ်ရှားရကြမည်။ ယင်းသို့ပြုပါမူ ငါသည်သူတို့ထံတွင်ထာဝစဉ်ကျိန်းဝပ် တော်မူမည်'' ဟုမိန့်တော်မူ၏။
10 ၁၀ အချင်းလူသား ၊ ဣသရေလ အမျိုးသား တို့သည် ကိုယ် ဒုစရိုက် အပြစ်ကြောင့် ရှက်ကြောက် စေခြင်းငှါ အိမ် တော်ကိုပြ လော့။ အိမ်တော်ပုံ ကို သူတို့ တိုင်း ကြ စေလော့။
၁၀ထိုနောက်ထာဝရဘုရားကဆက်လက်၍ ``အချင်းလူသား၊ ဣသရေလအမျိုး သားတို့သည်မိမိတို့ပြုသောမကောင်း မှုများအတွက်ရှက်ကြောက်ခြင်းငှာ ဗိမာန်တော်ပုံစံကိုသူတို့အားဖော်ပြ၍ လေ့လာစေလော့။-
11 ၁၁ သူတို့သည် ကိုယ်ပြု မိသောအမှုများကြောင့် အမှန်ရှက်ကြောက် လျှင် ၊ အိမ် ပုံသဏ္ဌာန် နှင့် ထွက် ရာ ဝင် ရာတံခါးဝများ၊ ကျင့်ရသမျှသော ထုံးစံ များ၊ စီရင် ထုံးဖွဲ့ချက်တရား အလုံးစုံ တို့ကိုပြ လော့။ သူတို့သည် ထုံးစံ များနှင့် စီရင် ထုံးဖွဲ့ချက်အလုံးစုံ တို့ကို ကျင့် စောင့် စေခြင်းငှါ သူ တို့ရှေ့မှာ ရေးထား လော့။
၁၁အကယ်၍သူတို့သည်မိမိတို့အကျင့်ဆိုး များအတွက်အကယ်ပင်ရှက်ကြောက်လာ ကြပါမူဗိမာန်တော်ပုံသဏ္ဌာန်၊ အဝင် အထွက်အပေါက်များ၊ အစီအစဉ်အလုံး စုံ၊ ဗိမာန်တော်၏ဥပဒေများနှင့်စည်းမျဉ်း သတ်မှတ်ချက်အပေါင်းကိုရှင်းပြလော့။ သူတို့ပြင်နိုင်ရန်နှင့်လိုက်နာနိုင်ရန်ယင်း တို့ကိုရေးသားလော့။-
12 ၁၂ တောင် ထိပ် ပေါ်မှာ တည်သော အိမ် တော်၏ တရား ဟူမူကား၊ အိမ်တော်နယ်နိမိတ် ရှိသမျှ တို့သည် အလွန် သန့်ရှင်းရကြမည်။ ဤရွေ့ကား ၊ အိမ် တော်၏ တရား ပေတည်း။
၁၂ဗိမာန်တော်ဆိုင်ရာဥပဒေသကားဗိမာန် တော်တည်ဆောက်ထားရာတောင်ထိပ်တစ်ခု လုံးသည်သန့်ရှင်းမြင့်မြတ်၏ဟူ၍ဖြစ် သတည်း'' ဟုမိန့်တော်မူ၏။
13 ၁၃ ယဇ်ပလ္လင် အတိုင်း အရှည်ကား၊ သံတောင် ဖြင့် တိုင်းလျှင်၊ ဘိနပ် အမြင့်တတောင် ၊ အကျယ် တတောင် ၊ ပတ်လည် အနားပတ် အကျယ်တထွာ ရှိ၍၊ ယဇ်ပလ္လင် ပြင်ဘက်၌ တည်ရ၏။
၁၃ဗိမာန်တော်ကိုတိုင်းသည့်စံကိုပင်အသုံးပြု ၍တိုင်းထွာကြည့်ရာယဇ်ပလ္လင်၏အတိုင်းအ တာများမှာဤသို့တည်း။ ယဇ်ပလ္လင်၏အောက် ခြေဖိနပ်ပတ်လည်၌အနက်လက်မနှစ်ဆယ်၊ အကျယ်လက်မနှစ်ဆယ်ရှိသောရေစီးမြောင်း ရှိ၏။ ထိုမြောင်း၏အပြင်နှုတ်ခမ်းသည်ဆယ် လက်မထူ၏။-
14 ၁၄ အောက် အထစ် သည် မြေ နှင့်နှစ် တောင် ကွာ၍ အကျယ် တ တောင် ရှိရမည်။ ငယ် သောအထစ် နှင့် ကြီး သောအထစ် သည် လေး တောင် ကွာ၍ အကျယ် တတောင် ရှိရမည်။
၁၄ယဇ်ပလ္လင်၏အနိမ့်ဆုံးအဆင့်သည်လေးပေ မြင့်၏။ နောက်တစ်ဆင့်မှာပထမဆင့်၏အနား လေးဘက်စလုံးမှလက်မနှစ်ဆယ်ခွာ၍ထား ပြီးလျှင်အမြင့်ခုနစ်ပေရှိလေသည်။ နောက် တစ်ဆင့်သည်လည်းထိုနည်းတူဒုတိယ အဆင့်အနားလေးဘက်စလုံးမှလက်မ နှစ်ဆယ်ခွာ၍ထားလေ၏။-
15 ၁၅ ယဇ်ပလ္လင် အမြင့်သည်လည်း လေး တောင် ရှိရမည်။ ဦးချို လေး ချောင်းလည်း တက် ရမည်။
၁၅ယဇ်ကောင်များကိုမီးရှို့ရာဖြစ်သည့်ဤ ထိပ်ဆုံးအဆင့်သည်လည်းခုနစ်ပေမြင့် လေသည်။ ယင်း၏ထောင့်လေးထောင့်တို့သည် ယဇ်ပလ္လင်ပေါ်တွင်အစွန်းများထွက်နေ၏။-
16 ၁၆ ယဇ်ပလ္လင် သည် စတုရန်း ဖြစ်၍၊ အလျား တဆယ် နှစ် တောင်၊ အနံ လည်း တဆယ် နှစ် တောင် ရှိရမည်။
၁၆ယဇ်ပလ္လင်၏ထိပ်သည်စတုရန်းပုံသဏ္ဌာန် ဖြစ်၍အလျားအနံပေနှစ်ဆယ်စီရှိ၏။-
17 ၁၇ အောက်အထစ် သည်လည်း စတုရန်းဖြစ်၍အလျား တဆယ် လေး တောင်၊ အနံ လည်းတဆယ် လေး တောင်ရှိရမည်။ အနား ပတ်သည် လည်း အကျယ် တထွာ ရှိရမည်။ ဘိနပ် သည်ယဇ်ပလ္လင်ပတ်လည်၌ တတောင် ထွက်၍၊ တက် ရာလမ်းသည် အရှေ့ သို့ မျက်နှာပြု ရမည်။
၁၇အလယ်ဆင့်သည်လည်းစတုရန်းပုံသဏ္ဌာန် ပင်ဖြစ်၍အလျားအနံနှစ်ဆယ့်လေးပေစီ ရှိ၏။ ယင်းအဆင့်ပတ်လည်အနားတွင်အနက် ဆယ်ပေရှိသောဘောင်ရှိ၏။ (ရေစီးမြောင်းသည် လက်မနှစ်ဆယ်ကျယ်သတည်း။) ယဇ်ပလ္လင်သို့ တက်ရန်လှေကားမှာအရှေ့ဘက်၌ရှိ၏။
18 ၁၈ တဖန် အချင်းလူသား ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် အတိုင်း၊ မီးရှို့ ရာယဇ်ကိုပူဇော် ၍ အသွေး ကိုဖြန်း ဘို့ရာ ၊ ယဇ်ပလ္လင် ကိုတည် သောနေ့ ၌ ကျင့်ရသောတရား ဟူမူကား၊
၁၈အရှင်ထာဝရဘုရားကငါ့အား``အချင်း လူသား၊ ငါပြောသည်ကိုနားထောင်လော့။ ယဇ် ပလ္လင်ကိုတည်ဆောက်ပြီးသောအခါသင်သည် ယဇ်ကောင်များကိုမီးရှို့ပူဇော်ခြင်း၊ ယဇ်ကောင် များ၏သွေးဖြင့်ယဇ်ပလ္လင်ကိုပက်ဖျန်းခြင်း ဖြင့်ယဇ်ပလ္လင်ကိုသန့်စင်စေရမည်။-
19 ၁၉ အမှုတော်ကိုဆောင် ၍ ငါ့ ထံသို့ ချဉ်းကပ် သော လေဝိ အမျိုး၊ ဇာဒုတ် သား ယဇ်ပုရောဟိတ် တို့အား အပြစ် ဖြေရာယဇ်ဘို့၊ ပျို သောနွားထီး တကောင်ကို အပ် ရမည်။
၁၉ငါ၏ရှေ့တော်သို့ဝင်၍အမှုတော်ဆောင်သူ များမှာဇာဒုတ်၏သားမြေး၊ လေဝိအနွယ် ဝင်ယဇ်ပုရောဟိတ်များဖြစ်ရမည်။ ဤကား ငါအရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။ သင်သည်အပြစ်ဖြေရာယဇ် ပူဇော်ရန်အတွက်နွားထီးပျိုတစ်ကောင် ကိုသူတို့အားပေးရမည်။-
20 ၂၀ နွားအသွေး အချို့ကိုယူ ၍ ယဇ်ပလ္လင်ဦးချို လေး ချောင်း၊ အထစ် လေး ထောင့် ၊ အနားပတ် ကိုလူး သော အားဖြင့်သန့်ရှင်း စင်ကြယ်စေရမည်။
၂၀သင်သည်ထိုနွား၏သွေးအနည်းငယ်ကိုယူ ၍ယဇ်ပလ္လင်ထိပ်ထောင့်ချွန်များ၊ အလယ်ဆင့် ထောင့်များနှင့်ယဇ်ပလ္လင်ပတ်လည်အနားတို့ အပေါ်မှာတင်ရမည်။ ဤနည်းအားဖြင့်သင် သည်ယဇ်ပလ္လင်ကိုသန့်စင်စေ၍ဆက်ကပ် ရမည်။-
21 ၂၁ အပြစ် ဖြေရာ ယဇ်ဘို့နွား ကောင်ကို ယူ ၍ သန့်ရှင်း ရာဌာနပြင် ၊ ဗိမာန် တော်အတွင်းတွင် ခန့်ထား သော အရပ်၌ မီးရှို့ ရမည်။
၂၁အပြစ်ဖြေရာယဇ်အဖြစ်ဖြင့်ပူဇော်သည့် နွားကိုယူ၍ဗိမာန်တော်အပြင်ဘက်သတ် မှတ်ထားသည့်အရပ်တွင်မီးရှို့ရမည်။-
22 ၂၂ ဒုတိယ နေ့ ၌ လည်း အပြစ် မရှိသော ဆိတ် သငယ် ကို ယူ၍၊ အပြစ် ဖြေရာ ယဇ်ဘို့ ပူဇော် ရမည်။ ယဇ်ပလ္လင် ကို နွား အသွေးနှင့်သန့်ရှင်း စေသကဲ့သို့ ဆိတ်အသွေးနှင့် သန့်ရှင်း စေရမည်။
၂၂နောက်တစ်နေ့၌အပြစ်အနာအဆာကင်း သည့်ဆိတ်ထီးတစ်ကောင်ကိုယူ၍အပြစ် ဖြေရာယဇ်အဖြစ်ဖြင့်ပူဇော်ရမည်။-
23 ၂၃ ထိုသို့ယဇ်ပလ္လင်ကို သန့်ရှင်း စေပြီး သည်နောက် ၊ အပြစ် မရှိ၊ ပျို သောနွားထီး နှင့် အပြစ် မရှိသော ဆိတ်ထီး ကိုထာဝရဘုရား ရှေ့တော်၌ပူဇော် ရမည်။
၂၃ဤအမှုကိုပြုပြီးသောအခါအပြစ် အနာအဆာကင်းသောနွားပျိုတစ်ကောင် နှင့်သိုးထီးပျိုတစ်ကောင်ကိုယူ၍၊-
24 ၂၄ ယဇ်ပုရောဟိတ် တို့သည် ဆား ကိုတင် လျက်၊ ထိုယဇ်ကောင် တို့ကို ထာဝရဘုရား အဘို့ မီးရှို့၍ ပူဇော် ရကြမည်။
၂၄ထာဝရဘုရားထံသို့ဆောင်ခဲ့လော့။ ယဇ် ပုရောဟိတ်တို့သည်ထိုယဇ်ကောင်များကို ထာဝရဘုရားအားမီးရှို့ရာယဇ်ပူဇော် ရန်ဆားပက်၍မီးရှို့ကြလိမ့်မည်။-
25 ၂၅ ခုနစ် ရက် ပတ်လုံးတနေ့ တနေ့လျှင်၊ ဆိတ် တကောင်ကို အပြစ် ဖြေရာယဇ်ပြု၍ ပူဇော် ရမည်။ အပြစ် မရှိ၊ ပျို သောနွားထီး တကောင်နှင့် သိုးထီး တကောင်ကိုလည်း ပူဇော် ရမည်။
၂၅သင်သည်ခုနစ်ရက်တိုင်တိုင်နေ့စဉ်နေ့တိုင်း ဆိတ်ထီးတစ်ကောင်၊ နွားထီးတစ်ကောင်နှင့်သိုး ထီးတစ်ကောင်ကိုအပြစ်ဖြေရာယဇ်အဖြစ် ဖြင့်ပူဇော်ရမည်။ ထိုသတ္တဝါအားလုံးတွင် အပြစ်အနာအဆာမရှိစေရ။-
26 ၂၆ ခုနစ် ရက် ပတ်လုံးယဇ်ပလ္လင် ကို သန့်ရှင်း စင်ကြယ် စေ၍၊ ကိုယ်ကိုလည်း ယဇ်ပုရောဟိတ်အရာ၌ ခန့်ထား ရကြမည်။
၂၆ယဇ်ပုရောဟိတ်တို့သည်ခုနစ်ရက်တိုင်တိုင် ယဇ်ပလ္လင်ကိုသန့်စင်စေပြီးနောက်အသုံး ပြုနိုင်ရန်အသင့်ထားရှိရကြမည်။-
27 ၂၇ ခုနစ်ရက် စေ့ သောနောက် အဋ္ဌမ နေ့ ၌ ၎င်း ၊ ထို နေ့မှစ၍၎င်း ၊ ယဇ်ပုရောဟိတ် တို့သည် ယဇ်ပလ္လင် ပေါ်မှာ သင် တို့မီးရှို့ ရာယဇ်များနှင့် မိဿဟာယ ယဇ်များ ကို ပူဇော် ရကြမည်။ ငါသည်လည်း ၊ သင် တို့ကိုလက်ခံ မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
၂၇သီတင်းတစ်ပတ်ကုန်ဆုံးသွားသောအခါ ယဇ်ပုရောဟိတ်တို့သည် လူတို့အတွက်မီးရှို့ ပူဇော်ရာယဇ်များ၊ မိတ်သဟာယယဇ်များ ကိုယဇ်ပလ္လင်ပေါ်တွင်စတင်ပူဇော်ရကြ မည်။ ထိုအခါငါသည်သင်တို့အပေါင်းကို နှစ်သက်တော်မူလိမ့်မည်။ ဤကားငါအရှင် ထာဝရဘုရားမြွက်ဟတော်မူသော စကားဖြစ်၏'' ဟုမိန့်တော်မူ၏။