< ယေဇကျေလ 43 >

1 ထိုနောက်မှ အရှေ့ ဘက်သို့ မျက်နှာပြု သော တံခါးဝ သို့ တဖန်ခေါ်သွား ၏။
וַיּוֹלִכֵנִי אֶל־הַשָּׁעַר שַׁעַר אֲשֶׁר פֹּנֶה דֶּרֶךְ הַקָּדִֽים׃
2 ဣသရေလ အမျိုး၏ ဘုရားသခင် ဘုန်း တော် သည် အရှေ့ မျက်နှာမှ လာ ၍ ၊ အသံသည် သမုဒ္ဒရာ သကဲ့သို့ ဖြစ်၏။ ရောင်ခြည် တော်အားဖြင့် မြေ တပြင်လုံးလင်း ၏။
וְהִנֵּה כְּבוֹד אֱלֹהֵי יִשְׂרָאֵל בָּא מִדֶּרֶךְ הַקָּדִים וְקוֹלוֹ כְּקוֹל מַיִם רַבִּים וְהָאָרֶץ הֵאִירָה מִכְּבֹדֽוֹ׃
3 ငါမြင် သော ရူပါရုံ သည် မြို့ တော်ကိုဖျက်ဆီး ခြင်းငှါ လာ သောအခါ ၊ ငါမြင် သော ရူပါရုံ နှင့် တူ၏။ ထင်ရှားသောအရာတို့သည် ခေဗာ မြစ် နားမှာ ငါမြင် ဘူးသော အရာများကဲ့သို့ ဖြစ်၍ ၊ ငါသည် ပြပ်ဝပ် လျက်နေ၏။
וּכְמַרְאֵה הַמַּרְאֶה אֲשֶׁר רָאִיתִי כַּמַּרְאֶה אֲשֶׁר־רָאִיתִי בְּבֹאִי לְשַׁחֵת אֶת־הָעִיר וּמַרְאוֹת כַּמַּרְאֶה אֲשֶׁר רָאִיתִי אֶל־נְהַר־כְּבָר וָאֶפֹּל אֶל־פָּנָֽי׃
4 ထာဝရဘုရား ၏ ဘုန်း တော်သည် အရှေ့ ဘက် သို့ မျက်နှာ ပြုသော တံခါး လမ်း ဖြင့် အိမ် တော်ထဲသို့ ဝင် တော်မူ၏။
וּכְבוֹד יְהוָה בָּא אֶל־הַבָּיִת דֶּרֶךְ שַׁעַר אֲשֶׁר פָּנָיו דֶּרֶךְ הַקָּדִֽים׃
5 ထိုအခါ ဝိညာဉ် တော်သည် ငါ့ ကိုချီ လျက် အတွင်း တန်တိုင်း ထဲသို့ ဆောင်သွား ၍ ၊ ထာဝရဘုရား ၏ ဘုန်း တော်သည် တအိမ်လုံး ကို ဖြည့် တော်မူ၏။
וַתִּשָּׂאֵנִי רוּחַ וַתְּבִיאֵנִי אֶל־הֶֽחָצֵר הַפְּנִימִי וְהִנֵּה מָלֵא כְבוֹד־יְהוָה הַבָּֽיִת׃
6 အရင်လူ သည် ငါ့ အနား မှာရပ် နေလျက်၊ အိမ် တော်ထဲက ငါ့ အား မိန့် တော်မူသောအသံကို ငါကြား သည်ကား၊
וָאֶשְׁמַע מִדַּבֵּר אֵלַי מֵהַבָּיִת וְאִישׁ הָיָה עֹמֵד אֶצְלִֽי׃
7 အချင်းလူသား ၊ ဤအရပ်သည် ငါ့ ပလ္လင် တည်ရာအရပ် ၊ ငါ့ ခြေဘဝါး နင်းမြဲအရပ် ၊ ဣသရေလ အမျိုးသား တို့တွင် အစဉ်အမြဲ ငါ့နေ ရာအရပ် ဖြစ်၏။ ဣသရေလ ရှင်ဘုရင် များနှင့် အမျိုးသား များတို့သည် မှားယွင်း ခြင်းအားဖြင့် ၎င်း ၊ ရှင်ဘုရင် ၏အသေကောင် အားဖြင့် ၎င်း ၊ မြင့် ရာအရပ် တို့၌ငါ ၏နာမ တော်မြတ် ကို နောက် တဖန် မ ရှုတ်ချ ရကြ။
וַיֹּאמֶר אֵלַי בֶּן־אָדָם אֶת־מְקוֹם כִּסְאִי וְאֶת־מְקוֹם כַּפּוֹת רַגְלַי אֲשֶׁר אֶשְׁכָּן־שָׁם בְּתוֹךְ בְּנֵֽי־יִשְׂרָאֵל לְעוֹלָם וְלֹא יְטַמְּאוּ עוֹד בֵּֽית־יִשְׂרָאֵל שֵׁם קָדְשִׁי הֵמָּה וּמַלְכֵיהֶם בִּזְנוּתָם וּבְפִגְרֵי מַלְכֵיהֶם בָּמוֹתָֽם׃
8 သူ တို့တံခါးခုံ ကိုလည်း ငါ့ တံခါးခုံ အနား မှာ၎င်း ၊ သူ တို့တိုင် ကိုလည်း ငါ့ တိုင် အနား မှာ၎င်း တည် စိုက်လျက်၊ ငါ နှင့် သူ တို့စပ်ကြား မှာ နံရံ တခုတည်းသာရှိလျက်၊ သူတို့ ပြု မိသော စက်ဆုပ် ရွံရှာဘွယ်အမှုတို့ဖြင့် ၊ ငါ ၏နာမ တော်မြတ် ကို ရှုတ်ချ သောကြောင့် ၊ ငါသည်အမျက်ထွက် ၍ သူ တို့ကို ဖျက်ဆီး ပြီ။
בְּתִתָּם סִפָּם אֶת־סִפִּי וּמְזֽוּזָתָם אֵצֶל מְזוּזָתִי וְהַקִּיר בֵּינִי וּבֵֽינֵיהֶם וְטִמְּאוּ ׀ אֶת־שֵׁם קָדְשִׁי בְּתֽוֹעֲבוֹתָם אֲשֶׁר עָשׂוּ וָאֲכַל אֹתָם בְּאַפִּֽי׃
9 ယခု မူကား၊ သူ တို့မှားယွင်း ခြင်းအမှုများနှင့် ရှင်ဘုရင် ၏အသေကောင် များကို ငါ မှ ဝေး စွာ ပယ်ရှားကြစေ။ ငါသည်လည်း သူ တို့တွင် အစဉ်အမြဲ နေ မည်။
עַתָּה יְרַחֲקוּ אֶת־זְנוּתָם וּפִגְרֵי מַלְכֵיהֶם מִמֶּנִּי וְשָׁכַנְתִּי בְתוֹכָם לְעוֹלָֽם׃
10 ၁၀ အချင်းလူသား ၊ ဣသရေလ အမျိုးသား တို့သည် ကိုယ် ဒုစရိုက် အပြစ်ကြောင့် ရှက်ကြောက် စေခြင်းငှါ အိမ် တော်ကိုပြ လော့။ အိမ်တော်ပုံ ကို သူတို့ တိုင်း ကြ စေလော့။
אַתָּה בֶן־אָדָם הַגֵּד אֶת־בֵּֽית־יִשְׂרָאֵל אֶת־הַבַּיִת וְיִכָּלְמוּ מֵעֲוֺנֽוֹתֵיהֶם וּמָדְדוּ אֶת־תָּכְנִֽית׃
11 ၁၁ သူတို့သည် ကိုယ်ပြု မိသောအမှုများကြောင့် အမှန်ရှက်ကြောက် လျှင် ၊ အိမ် ပုံသဏ္ဌာန် နှင့် ထွက် ရာ ဝင် ရာတံခါးဝများ၊ ကျင့်ရသမျှသော ထုံးစံ များ၊ စီရင် ထုံးဖွဲ့ချက်တရား အလုံးစုံ တို့ကိုပြ လော့။ သူတို့သည် ထုံးစံ များနှင့် စီရင် ထုံးဖွဲ့ချက်အလုံးစုံ တို့ကို ကျင့် စောင့် စေခြင်းငှါ သူ တို့ရှေ့မှာ ရေးထား လော့။
וְאִֽם־נִכְלְמוּ מִכֹּל אֲשֶׁר־עָשׂוּ צוּרַת הַבַּיִת וּתְכוּנָתוֹ וּמוֹצָאָיו וּמוֹבָאָיו וְֽכָל־צֽוּרֹתָו וְאֵת כָּל־חֻקֹּתָיו וְכָל־צורתי צוּרֹתָיו וְכָל־תורתו תּוֹרֹתָיו הוֹדַע אוֹתָם וּכְתֹב לְעֵֽינֵיהֶם וְיִשְׁמְרוּ אֶת־כָּל־צוּרָתוֹ וְאֶת־כָּל־חֻקֹּתָיו וְעָשׂוּ אוֹתָֽם׃
12 ၁၂ တောင် ထိပ် ပေါ်မှာ တည်သော အိမ် တော်၏ တရား ဟူမူကား၊ အိမ်တော်နယ်နိမိတ် ရှိသမျှ တို့သည် အလွန် သန့်ရှင်းရကြမည်။ ဤရွေ့ကား ၊ အိမ် တော်၏ တရား ပေတည်း။
זֹאת תּוֹרַת הַבָּיִת עַל־רֹאשׁ הָהָר כָּל־גְּבֻלוֹ סָבִיב ׀ סָבִיב קֹדֶשׁ קָדָשִׁים הִנֵּה־זֹאת תּוֹרַת הַבָּֽיִת׃
13 ၁၃ ယဇ်ပလ္လင် အတိုင်း အရှည်ကား၊ သံတောင် ဖြင့် တိုင်းလျှင်၊ ဘိနပ် အမြင့်တတောင် ၊ အကျယ် တတောင် ၊ ပတ်လည် အနားပတ် အကျယ်တထွာ ရှိ၍၊ ယဇ်ပလ္လင် ပြင်ဘက်၌ တည်ရ၏။
וְאֵלֶּה מִדּוֹת הַמִּזְבֵּחַ בָּֽאַמּוֹת אַמָּה אַמָּה וָטֹפַח וְחֵיק הָאַמָּה וְאַמָּה־רֹחַב וּגְבוּלָהּ אֶל־שְׂפָתָהּ סָבִיב זֶרֶת הָאֶחָד וְזֶה גַּב הַמִּזְבֵּֽחַ׃
14 ၁၄ အောက် အထစ် သည် မြေ နှင့်နှစ် တောင် ကွာ၍ အကျယ် တ တောင် ရှိရမည်။ ငယ် သောအထစ် နှင့် ကြီး သောအထစ် သည် လေး တောင် ကွာ၍ အကျယ် တတောင် ရှိရမည်။
וּמֵחֵיק הָאָרֶץ עַד־הָעֲזָרָה הַתַּחְתּוֹנָה שְׁתַּיִם אַמּוֹת וְרֹחַב אַמָּה אֶחָת וּמֵהֳעֲזָרָה הַקְּטַנָּה עַד־הָעֲזָרָה הַגְּדוֹלָה אַרְבַּע אַמּוֹת וְרֹחַב הָאַמָּֽה׃
15 ၁၅ ယဇ်ပလ္လင် အမြင့်သည်လည်း လေး တောင် ရှိရမည်။ ဦးချို လေး ချောင်းလည်း တက် ရမည်။
וְהַֽהַרְאֵל אַרְבַּע אַמּוֹת וּמֵהָאֲרִאֵיל וּלְמַעְלָה הַקְּרָנוֹת אַרְבַּֽע׃
16 ၁၆ ယဇ်ပလ္လင် သည် စတုရန်း ဖြစ်၍၊ အလျား တဆယ် နှစ် တောင်၊ အနံ လည်း တဆယ် နှစ် တောင် ရှိရမည်။
והאראיל וְהָאֲרִיאֵל שְׁתֵּים עֶשְׂרֵה אֹרֶךְ בִּשְׁתֵּים עֶשְׂרֵה רֹחַב רָבוּעַ אֶל אַרְבַּעַת רְבָעָֽיו׃
17 ၁၇ အောက်အထစ် သည်လည်း စတုရန်းဖြစ်၍အလျား တဆယ် လေး တောင်၊ အနံ လည်းတဆယ် လေး တောင်ရှိရမည်။ အနား ပတ်သည် လည်း အကျယ် တထွာ ရှိရမည်။ ဘိနပ် သည်ယဇ်ပလ္လင်ပတ်လည်၌ တတောင် ထွက်၍၊ တက် ရာလမ်းသည် အရှေ့ သို့ မျက်နှာပြု ရမည်။
וְהָעֲזָרָה אַרְבַּע עֶשְׂרֵה אֹרֶךְ בְּאַרְבַּע עֶשְׂרֵה רֹחַב אֶל אַרְבַּעַת רְבָעֶיהָ וְהַגְּבוּל סָבִיב אוֹתָהּ חֲצִי הָאַמָּה וְהַֽחֵיק־לָהּ אַמָּה סָבִיב וּמַעֲלֹתֵהוּ פְּנוֹת קָדִֽים׃
18 ၁၈ တဖန် အချင်းလူသား ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် အတိုင်း၊ မီးရှို့ ရာယဇ်ကိုပူဇော် ၍ အသွေး ကိုဖြန်း ဘို့ရာ ၊ ယဇ်ပလ္လင် ကိုတည် သောနေ့ ၌ ကျင့်ရသောတရား ဟူမူကား၊
וַיֹּאמֶר אֵלַי בֶּן־אָדָם כֹּה אָמַר אֲדֹנָי יְהוִה אֵלֶּה חֻקּוֹת הַמִּזְבֵּחַ בְּיוֹם הֵעָֽשׂוֹתוֹ לְהַעֲלוֹת עָלָיו עוֹלָה וְלִזְרֹק עָלָיו דָּֽם׃
19 ၁၉ အမှုတော်ကိုဆောင် ၍ ငါ့ ထံသို့ ချဉ်းကပ် သော လေဝိ အမျိုး၊ ဇာဒုတ် သား ယဇ်ပုရောဟိတ် တို့အား အပြစ် ဖြေရာယဇ်ဘို့၊ ပျို သောနွားထီး တကောင်ကို အပ် ရမည်။
וְנָתַתָּה אֶל־הַכֹּהֲנִים הַלְוִיִּם אֲשֶׁר הֵם מִזֶּרַע צָדוֹק הַקְּרֹבִים אֵלַי נְאֻם אֲדֹנָי יְהוִה לְשָֽׁרְתֵנִי פַּר בֶּן־בָּקָר לְחַטָּֽאת׃
20 ၂၀ နွားအသွေး အချို့ကိုယူ ၍ ယဇ်ပလ္လင်ဦးချို လေး ချောင်း၊ အထစ် လေး ထောင့် ၊ အနားပတ် ကိုလူး သော အားဖြင့်သန့်ရှင်း စင်ကြယ်စေရမည်။
וְלָקַחְתָּ מִדָּמוֹ וְנָתַתָּה עַל־אַרְבַּע קַרְנֹתָיו וְאֶל־אַרְבַּע פִּנּוֹת הָעֲזָרָה וְאֶֽל־הַגְּבוּל סָבִיב וְחִטֵּאתָ אוֹתוֹ וְכִפַּרְתָּֽהוּ׃
21 ၂၁ အပြစ် ဖြေရာ ယဇ်ဘို့နွား ကောင်ကို ယူ ၍ သန့်ရှင်း ရာဌာနပြင် ၊ ဗိမာန် တော်အတွင်းတွင် ခန့်ထား သော အရပ်၌ မီးရှို့ ရမည်။
וְלָקַחְתָּ אֵת הַפָּר הַֽחַטָּאת וּשְׂרָפוֹ בְּמִפְקַד הַבַּיִת מִחוּץ לַמִּקְדָּֽשׁ׃
22 ၂၂ ဒုတိယ နေ့ ၌ လည်း အပြစ် မရှိသော ဆိတ် သငယ် ကို ယူ၍၊ အပြစ် ဖြေရာ ယဇ်ဘို့ ပူဇော် ရမည်။ ယဇ်ပလ္လင် ကို နွား အသွေးနှင့်သန့်ရှင်း စေသကဲ့သို့ ဆိတ်အသွေးနှင့် သန့်ရှင်း စေရမည်။
וּבַיּוֹם הַשֵּׁנִי תַּקְרִיב שְׂעִיר־עִזִּים תָּמִים לְחַטָּאת וְחִטְּאוּ אֶת־הַמִּזְבֵּחַ כַּאֲשֶׁר חִטְּאוּ בַּפָּֽר׃
23 ၂၃ ထိုသို့ယဇ်ပလ္လင်ကို သန့်ရှင်း စေပြီး သည်နောက် ၊ အပြစ် မရှိ၊ ပျို သောနွားထီး နှင့် အပြစ် မရှိသော ဆိတ်ထီး ကိုထာဝရဘုရား ရှေ့တော်၌ပူဇော် ရမည်။
בְּכַלּוֹתְךָ מֵֽחַטֵּא תַּקְרִיב פַּר בֶּן־בָּקָר תָּמִים וְאַיִל מִן־הַצֹּאן תָּמִֽים׃
24 ၂၄ ယဇ်ပုရောဟိတ် တို့သည် ဆား ကိုတင် လျက်၊ ထိုယဇ်ကောင် တို့ကို ထာဝရဘုရား အဘို့ မီးရှို့၍ ပူဇော် ရကြမည်။
וְהִקְרַבְתָּם לִפְנֵי יְהוָה וְהִשְׁלִיכוּ הַכֹּהֲנִים עֲלֵיהֶם מֶלַח וְהֶעֱלוּ אוֹתָם עֹלָה לַֽיהוָֽה׃
25 ၂၅ ခုနစ် ရက် ပတ်လုံးတနေ့ တနေ့လျှင်၊ ဆိတ် တကောင်ကို အပြစ် ဖြေရာယဇ်ပြု၍ ပူဇော် ရမည်။ အပြစ် မရှိ၊ ပျို သောနွားထီး တကောင်နှင့် သိုးထီး တကောင်ကိုလည်း ပူဇော် ရမည်။
שִׁבְעַת יָמִים תַּעֲשֶׂה שְׂעִיר־חַטָּאת לַיּוֹם וּפַר בֶּן־בָּקָר וְאַיִל מִן־הַצֹּאן תְּמִימִים יַעֲשֽׂוּ׃
26 ၂၆ ခုနစ် ရက် ပတ်လုံးယဇ်ပလ္လင် ကို သန့်ရှင်း စင်ကြယ် စေ၍၊ ကိုယ်ကိုလည်း ယဇ်ပုရောဟိတ်အရာ၌ ခန့်ထား ရကြမည်။
שִׁבְעַת יָמִים יְכַפְּרוּ אֶת־הַמִּזְבֵּחַ וְטִֽהֲרוּ אֹתוֹ וּמִלְאוּ ידו יָדָֽיו׃
27 ၂၇ ခုနစ်ရက် စေ့ သောနောက် အဋ္ဌမ နေ့ ၌ ၎င်း ၊ ထို နေ့မှစ၍၎င်း ၊ ယဇ်ပုရောဟိတ် တို့သည် ယဇ်ပလ္လင် ပေါ်မှာ သင် တို့မီးရှို့ ရာယဇ်များနှင့် မိဿဟာယ ယဇ်များ ကို ပူဇော် ရကြမည်။ ငါသည်လည်း ၊ သင် တို့ကိုလက်ခံ မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
וִֽיכַלּוּ אֶת־הַיָּמִים וְהָיָה בַיּוֹם הַשְּׁמִינִי וָהָלְאָה יַעֲשׂוּ הַכֹּהֲנִים עַל־הַמִּזְבֵּחַ אֶת־עוֹלֽוֹתֵיכֶם וְאֶת־שַׁלְמֵיכֶם וְרָצִאתִי אֶתְכֶם נְאֻם אֲדֹנָי יְהֹוִֽה׃

< ယေဇကျေလ 43 >