< ယေဇကျေလ 42 >

1 ထိုနောက်မှ မြောက် လမ်း ဖြင့် ပြင် တန်တိုင်း ထဲသို့ ခေါ်သွား ၍၊ အိမ် တော်မြောက် ဘက်၊ လွတ်လပ် သော အရပ်ရှေ့မှာ ရှိသော အခန်း များကို ပြလေ၏။
ထိုနောက်မှ မြောက်လမ်းဖြင့် ပြင်တန်တိုင်းထဲသို့ ခေါ်သွား၍၊ အိမ်တော်မြောက်ဘက်၊ လွတ်လပ်သော အရပ်ရှေ့မှာရှိသော အခန်းများကို ပြလေ၏။
2 ထိုအခန်းတို့သည် မြောက် တံခါး အထိ၊ အလျား အတောင် တရာ ၊ အနံ အတောင် ငါးဆယ် ရှိကြ၏။
ထိုအခန်းတို့သည် မြောက်တံခါးအထိ၊ အလျား အတောင်တရာ၊ အနံအတောင်ငါးဆယ်ရှိကြ၏။
3 အတောင်နှစ်ဆယ် ရှိသောအတွင်း တန်တိုင်း ရှေ့ ၊ ပြင် တန်တိုင်း ကျောက် ခင်းရှေ့တွင်တဘက် တချက်၌ နံရံ အခန်းသုံး ဆင့်ရှိ၏။
အတောင်နှစ်ဆယ်ရှိသော အတွင်းတန်တိုင်းရှေ့၊ ပြင်တန်တိုင်း ကျောက်ခင်းရှေ့တွင် တဘက်တချက်၌ နံရံ အခန်းသုံးဆင့်ရှိ၏။
4 ထိုအခန်း များရှေ့မှာ တ တောင် ကျယ်သော လမ်း နှင့်တကွအတွင်း ဘက်သို့ ဝင်၍၊ အနံ ဆယ် တောင် ရှိသောစင်္ကြံ ရှိ၏။ အခန်းတံခါးတို့ သည် မြောက် ဘက်သို့ မျက်နှာပြုကြ၏။
ထိုအခန်းများရှေ့မှာ တတောင်ကျယ်သော လမ်းနှင့်တကွ အတွင်းဘက်သို့ဝင်၍၊ အနံဆယ်တောင် ရှိသောစင်္ကြံရှိ၏။ အခန်းတံခါးတို့သည် မြောက်ဘက်သို့ မျက်နှာပြုကြ၏။
5 အထက် ခန်း တို့သည် ကျဉ်း ကြ၏။ သူတို့၏ ကြမ်းပြင်သည် အောက် ခန်းကြမ်းပြင်၊ အလယ် ခန်း ကြမ်းပြင်နှင့်မညီ၊ အထဲသို့ဝင်လျက် ရှိကြ၏။
အထက်ခန်းတို့သည် ကျဉ်းကြ၏။ သူတို့၏ ကြမ်းပြင်သည် အောက်ခန်းကြမ်းပြင်၊ အလယ်ခန်း ကြမ်းပြင်နှင့်မညီ၊ အထဲသို့ဝင်လျက် ရှိကြ၏။
6 အကြောင်းမူကား ၊ အခန်းသုံး ဆင့်ရှိသော်လည်း ၊ ထိုအခန်းတို့သည် အခြားတန်တိုင်း ကဲ့သို့ တိုင် မ ရှိ၊ သို့ဖြစ်၍ ၊ အောက် ခန်းနှင့် အလယ် ခန်းထက် သာ၍ကျဉ်း ကြ၏။
အကြောင်းမူကား၊ အခန်းသုံးဆင့်ရှိသော်လည်း၊ ထိုအခန်းတို့သည် အခြားတန်တိုင်းကဲ့သို့တိုင်မရှိ၊ သို့ဖြစ်၍၊ အောက်ခန်းနှင့် အလယ်ခန်းထက်သာ၍ ကျဉ်းကြ၏။
7 ထိုအခန်း များတဘက် တချက်၊ ပြင် တန်တိုင်း ဘက်မှာ အခန်း များရှေ့၌ ကာသော နံရံ သည် အလျား အတောင် ငါးဆယ် ရှိ၏။
ထိုအခန်းများတဘက်တချက်၊ ပြင်တန်တိုင်း ဘက်မှာ အခန်းများရှေ့၌ကာသော နံရံသည် အလျား အတောင် ငါးဆယ်ရှိ၏။
8 ပြင် တန်တိုင်း နှင့် ဆိုင်သောအခန်း တို့သည် အလျား အတောင် ငါးဆယ် ရှိကြ၏။ ဗိမာန် တော်ရှေ့မှာ အလျားသည် အတောင် တရာ ရှိ၏။
ပြင်တန်တိုင်းနှင့် ဆိုင်သောအခန်းတို့သည် အလျားအတောင်ငါးဆယ် ရှိကြ၏။ ဗိမာန်တော်ရှေ့မှာ အလျားသည် အတောင်တရာရှိ၏။
9 ပြင် တန်တိုင်း မှ လာ ၍၊ ထိုအခန်း များ ခြေရင်း အရှေ့ ဘက်၌ ဝင် ရာလမ်းရှိ၏။
ပြင်တန်တိုင်းမှလာ၍၊ ထိုအခန်းများ ခြေရင်း အရှေ့ဘက်၌ ဝင်ရာလမ်းရှိ၏။
10 ၁၀ အိမ်တော်တောင်ဘက်၊ လွတ်လပ် သော အရပ် ကို ကာသော တန်တိုင်း နံရံ ၌ လည်း အခန်း များရှိကြ၏။
၁၀အိမ်တော်တောင်ဘက်၊ လွတ်လပ်သော အရပ် ကို ကာသော တန်တိုင်းနံရံ၌လည်း အခန်းများရှိကြ၏။
11 ၁၁ ထိုအခန်းစုရှေ့မှာ ရှိသောစင်္ကြံ မှစ၍အခန်း အလျား အနံ ၊ ထွက် ရာဝင်ရာ တံခါးရှိသမျှ တို့ သည် မြောက် အခန်း စုနှင့် ပုံသဏ္ဌာန် တူ ကြ၏။
၁၁ထိုအခန်းစုရှေ့မှာ ရှိသောစင်္ကြံမှစ၍ အခန်း အလျားအနံ၊ ထွက်ရာဝင်ရာ တံခါးရှိသမျှတို့သည် မြောက်အခန်းစုနှင့် ပုံသဏ္ဌာန်တူကြ၏။
12 ၁၂ တောင် ခန်း တံခါးတို့ သည်လည်း မြောက်ခန်း တံခါးတို့နှင့် တူသည်ဖြစ်၍၊ တန်တိုင်း တဘက်တချက်၊ အရှေ့ သို့မျက်နှာပြု သော စင်္ကြံ ဦး ၌ ဝင်ရာတံခါးဝ ရှိ၏။
၁၂တောင်ခန်းတံခါးတို့သည်လည်း မြောက်ခန်း တံခါးတို့နှင့် တူသည် ဖြစ်၍၊ တန်တိုင်းတဘက်တချက်၊ အရှေ့သို့မျက်နှာပြုသော စင်္ကြံဦး၌ ဝင်ရာတတံခါးဝရှိ၏။
13 ၁၃ တိုင်းသောသူကလည်း၊ လွတ်လပ် သော အရပ် ရှေ့မှာ မြောက် ခန်း နှင့် တောင် ခန်း တို့သည် သန့်ရှင်း သောအခန်း ၊ ထာဝရဘုရား ထံ တော်သို့ ချဉ်းကပ် သော ယဇ်ပုရောဟိတ် တို့သည် အလွန် သန့်ရှင်းသောအရာများ ကို စား ရသောအခန်းဖြစ်ကြ၏။ ထိုအရပ်သည် သန့်ရှင်းသောကြောင့်အလွန် သန့်ရှင်းသောအရာ၊ ဘောဇဉ် ပူဇော်သက္ကာ၊ အပြစ် ဖြေရာယဇ်၊ ဒုစရိုက် ဖြေရာယဇ်တို့ကို ထား ရာအရပ် ဖြစ်၏။
၁၃တိုင်းသောသူကလည်း၊ လွတ်လပ်သော အရပ် ရှေ့မှာ မြောက်ခန်းနှင့် တောင်ခန်းတို့သည် သန့်ရှင်း သောအခန်း၊ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်သော ယဇ်ပုရောဟိတ်တို့သည် အလွန်သန့်ရှင်းသောအရာများ ကို စားရသောအခန်းဖြစ်ကြ၏။ ထိုအရပ်သည် သန့်ရှင်း သောကြောင့်အလွန် သန့်ရှင်းသောအရာ၊ ဘောဇဉ်ပူဇော် သက္ကာ၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်တို့ကို ထားရာအရပ်ဖြစ်၏။
14 ၁၄ ယဇ်ပုရောဟိတ် တို့သည် ဝင် သောအခါ အမှု တော် ဆောင် အဝတ် ကိုဝတ်လျက်၊ သန့်ရှင်း သောအရပ်မှ ပြင် တန်တိုင်း သို့ မ ထွက် ရ။ ထိုအဝတ်သန့်ရှင်း သောကြောင့် ချွတ်ထား ၍ အခြား သော အဝတ် ကို ဝတ် ပြီးမှ ၊ လူ များရှိရာသို့ ထွက်သွား ရကြမည်ဟု ငါ့ အား ပြောဆို ၏။
၁၄ယဇ်ပုရောဟိတ်တို့သည် ဝင်သောအခါ အမှု တော်ဆောင် အဝတ်ကိုဝတ်လျက်၊ သန့်ရှင်းသောအရပ်မှ ပြင်တန်တိုင်သို့မထွက်ရ။ ထိုအဝတ်သန့်ရှင်းသောကြောင့် ချွတ်ထား၍အခြားသော အဝတ်ကို ဝတ်ပြီးမှ၊ လူများရှိရာ သို့ ထွက်သွားရကြမည်ဟု ငါ့အားပြောဆို၏။
15 ၁၅ အတွင်း ဗိမာန် တော်ကို တိုင်း ပြီး သည်နောက် ၊ အရှေ့ တံခါး ပြင်သို့ ခေါ်သွား ၍ ၊
၁၅အတွင်းဗိမာန်တော်ကို တိုင်းပြီးသည်နောက်၊ အရှေ့တံခါးပြင်သို့ ခေါ်သွား၍၊
16 ၁၆ တိုင်း စရာကျူလုံး နှင့်အရှေ့ မျက်နှာကို တိုင်း လျှင် ကျူလုံးအပြန် ငါး ရာ ရှိ၏။
၁၆တိုင်းစရာကျူလုံးနှင့်အရှေ့မျက်နှာကို တိုင်းလျှင် ကျူလုံးအပြန် ငါးရာရှိ၏။
17 ၁၇ မြောက် မျက်နှာကိုတိုင်း လျှင်လည်း ကျူလုံး အပြန်ငါး ရာ ရှိ၏။
၁၇မြောက်မျက်နှာကိုတိုင်းလျှင်လည်း ကျူလုံး အပြန်ငါးရာရှိ၏။
18 ၁၈ တောင် မျက်နှာကိုတိုင်း လျှင်လည်း ကျူလုံး အပြန်ငါး ရာ ရှိ၏။
၁၈တောင်မျက်နှာကိုတိုင်းလျှင်လည်း ကျူလုံး အပြန်ငါးရာရှိ၏။
19 ၁၉ အနောက် မျက်နှာကိုတိုင်း လျှင်လည်း ကျူလုံး အပြန်ငါး ရာ ရှိ၏။
၁၉အနောက်မျက်နှာကိုတိုင်းလျှင်လည်း ကျူလုံး အပြန်ငါးရာရှိ၏။
20 ၂၀ လေး မျက်နှာကိုတိုင်း ၍ ပတ်လည် ၌ရှိသောတန်တိုင်း သည် သန့်ရှင်း သောအရပ်၊ မ သန့်ရှင်းသော အရပ်တို့ကို ပိုင်းခြား လျက်၊ အလျား အပြန်ငါး ရာ ၊ အနံ လည်း အပြန်ငါး ရာ ရှိ၏။
၂၀လေးမျက်နှာကိုတိုင်း၍ ပတ်လည်း၌ရှိသော တန်တိုင်သည် သန့်ရှင်းသောအရပ်၊ မသန့်ရှင်းသော အရပ်တို့ကို ပိုင်းခြင်းလျက်၊ အလျားအပြန်ငါးရာ၊ အနံ လည်း အပြန်ငါးရာရှိ၏။

< ယေဇကျေလ 42 >