< ယေဇကျေလ 41 >
1 ၁ ထိုနောက်မှ ဗိမာန် တော်သို့ ခေါ် ၍ တံခါး တိုင် တို့ကို တိုင်း လျှင်၊ နှစ်ဘက်၌ တံခါးတိုင်ထု သည် ဗိမာန် တော်ထု နှင့်အမျှခြောက် တောင် ရှိ၏။
၁ထိုနောက်ထိုလူသည်ငါ့အားသန့်ရှင်းရာ ဌာနတည်းဟူသော ဗိမာန်တော်အလယ်ခန်း သို့ခေါ်ဆောင်သွားကာ ဗိမာန်တော်မုခ်ပေါက် လမ်းကိုတိုင်းတာ၍ကြည့်၏။ ထိုလမ်းသည် ထုဆယ်ပေ၊-
2 ၂ ဗိမာန်တော်တံခါးဝ အကျယ် ကား ဆယ် တောင် ရှိ၏။ တံခါးဝ တဘက်နှင့်တဘက်လည်း ငါး တောင် စီ ကျယ်၏။ ဗိမာန်တော်ကိုတိုင်း ၍၊ အလျား ကား အတောင် လေးဆယ် ၊ အနံ ကားအတောင် နှစ်ဆယ် ရှိ၏။
၂အနံတစ်ဆယ့်ခုနစ်ပေရှိ၏။ ယင်း၏ဝဲယာ နံရံများသည်ထုရှစ်ပေစီရှိ၏။ အလယ် ခန်းကိုတိုင်းတာကြည့်သောအခါအလျား ခြောက်ဆယ့်ရှစ်ပေ၊ အနံသုံးဆယ့်လေးပေ ရှိသည်ကိုတွေ့ရ၏။
3 ၃ ထိုနောက် ၊ အထဲ သို့ ဝင် ၍ အရာရာတို့ကို တိုင်း လျှင်၊ တံခါး တိုင် နှစ် တောင် ၊ တံခါးဝ ခြောက် တောင် ၊ တံခါးဝ တဘက်တချက် ခုနစ် တောင် စီရှိ၏။
၃ထိုနောက်သူသည်အတွင်းဆုံးအခန်းသို့ ဝင်၏။ ထိုအခန်းအဝင်လမ်းကိုတိုင်းတာ ကြည့်ရာထုသုံးပေ၊ အနံဆယ်ပေရှိလေ သည်။ ဝဲယာရှိနံရံများမှာထုတစ်ဆယ့် နှစ်ပေရှိသတည်း။-
4 ၄ ထိုအခန်းသည် ဗိမာန် တော်အနံနှင့်တညီတည်းဖြစ်လျက်၊ အလျား အတောင် နှစ်ဆယ် ၊ အနံ လည်း အတောင် နှစ်ဆယ် ရှိသည်ကို တိုင်း ၍၊ ဤ အခန်းကား အလွန် သန့်ရှင်းရာဌာနဖြစ်သည်ဟု ငါ့ အား ပြောဆို ၏။
၄ထိုသူသည်ဤအခန်းကိုတိုင်း၍ကြည့် ၏။ ယင်းသည်အလျားအနံသုံးဆယ့်လေး ပေစီရှိ၏။ ထိုနောက်သူသည်ငါ့အား``ဤ အခန်းကားအလွန်သန့်ရှင်းရာဌာန တော်ပင်တည်း'' ဟုဆို၏။
5 ၅ ထိုနောက် ၊ အိမ် တော်ထရံ ကိုတိုင်း ၍ အထု ခြောက် တောင် ရှိ၏။ အိမ် တော်ပတ်လည် ထရံ အခန်းတို့ သည် အနံ လေး တောင် စီရှိ၏။
၅ထိုလူသည်ဗိမာန်တော်အဆောက်အအုံ အတွင်းနံရံ၏ထုကိုတိုင်း၍ကြည့်ရာ ဆယ်ပေရှိ၏။ ထိုနံရံကိုကပ်၍ဗိမာန် တော်ပတ်လည်၌အကျယ်ခုနစ်ပေရှိ အခန်းငယ်များရှိ၏။-
6 ၆ ထရံ အခန်းတို့သည် အစဉ်အတိုင်းသုံးဆယ် ၊ အဆင့်သုံး ဆင့်ပေါင်းသုံးဆယ်သုံးလီ ရှိကြ၏။ ထိုအခန်း တို့သည် အိမ် တော်ထရံ ထဲသို့ မ ဝင် ဘဲထရံအောက်ပိုင်း ထွက်သောခြေအပေါ်မှာ မှီ နေ ကြ၏။
၆ထိုအခန်းများသည်အထပ်သုံးထပ်ရှိ ၍တစ်ထပ်လျှင် အခန်းငယ်ပေါင်းသုံးဆယ် စီရှိ၏။ ဗိမာန်တော်ဘက်မှနံရံများသည် တစ်ထပ်နှင့်တစ်ထပ်ထုချင်းမတူကြ။ အောက် ထပ်နံရံကအထက်ထပ်နံရံထက်ပို၍ ထူ၏။ ဤနည်းအားဖြင့်အခန်းငယ်များ ကိုနံရံနှင့်ချိတ်ဆက်၍ဆောက်မည့်အစား၊ ထုထည်ကြီးသောနံရံချွန်းပေါ်တွင် တင်၍ဆောက်လုပ်ထားလေသည်။-
7 ၇ ထရံအခန်း အောက်ဆင့်မှသည် ဒုတိယအဆင့် သို့၎င်း ၊ ဒုတိယ အဆင့်မှ သည် တတိယ အဆင့်သို့ ၎င်း တက်သည်အတိုင်း၊ အိမ်တော် ထရံ ပတ်လည် တရှောက်လုံး ဆက်ကာ ဆက်ကာ ဆုတ်၍၊ အခန်းနေရာသည် အစဉ်အတိုင်း ကျယ်လျက် အဆင့်ဆင့် တက်၏။
၇သို့ဖြစ်၍အောက်ထပ်မှအလယ်ထပ်သို့ လည်းကောင်း၊ အလယ်ထပ်မှအထက်ထပ် သို့လည်းကောင်းသွားလာနိုင်ကြ၏။ ဗိမာန် တော်နံရံပတ်လည်မှအခန်းများ၏ရှေ့ တွင်လှေကားကျယ်နှစ်ခုရှိ၏။ ထိုအခန်း ရှိနေခြင်းကြောင့်ဗိမာန်တော်နံရံများ ၏ထုထည်ကိုအောက်ဆုံးမှအထက်ဆုံး အထိတစ်ညီတည်းဟုထင်မှတ်ရ၏။-
8 ၈ အိမ် တော်အထက် ပိုင်း ပတ်လည် ၌ အမြင့်ဆုံး သော ထရံ အခန်းတို့သည် ခြောက် တောင် ရှည်သော ကျူတပြန် မျှ ကျယ် ကြ၏။
၈ငါသည်ဗိမာန်တော်ပတ်လည်တွင်လှေကား ထစ်မြေပြန့်ရှိသည်ကိုတွေ့မြင်ရ၏။ ယင်း သည်ပတ်ဝန်းကျင်မြေရာထက်ဆယ်ပေ ပို၍မြင့်ပြီးလျှင် ဗိမာန်တော်နံရံတွင် ဆောက်လုပ်ထားသည့်အခန်းများ၏အုတ် မြစ်နှင့်တပြေးတည်းဖြစ်၍နေလေသည်။ ထိုအခန်းများ၏အပြင်နံရံသည်ရှစ်ပေ ထူ၏။ လှေကားထစ်မြေပြန့်နှင့်ယဇ်ပုရော ဟိတ်တို့၏အခန်းများစပ်ကြားဗိမာန် တော်ပတ်လည်တွင်သုံးဆယ့်လေးပေ ကျယ်သောမြေလွတ်ရှိ၏။ ဗိမာန်တော်၏ မြောက်ဘက်၌ရှိအခန်းများသို့ဝင်ရန် တံခါးတစ်ပေါက်၊ တောင်ဘက်၌ရှိသော အခန်းများသို့ဝင်ရန်တံခါးတစ်ပေါက် ရှိ၏။ ဗိမာန်တော်ပတ်လည်၌ရှိသော လှေကားထစ်မြေပြန့်သည်အနံရှစ် ပေရှိသတည်း။
9 ၉ ထရံ အခန်းပြင် ဘက်၌ ကာသော ထရံ သည် အထု ငါး တောင် ရှိ၏။ ကျန်ကြွင်း သောအရပ်သည် ထရံ အခန်းတို့နှင့် ဆိုင်၏။
၉
10 ၁၀ အိမ် တော်ပတ်လည် ၌ ထရံအခန်းတို့သည် အိမ်တော်တန်တိုင်းအခန်း တို့နှင့် အတောင် နှစ်ဆယ် ကွာလျက်ရှိကြ၏။
၁၀
11 ၁၁ ထရံ အခန်းတို့သည် ကျန်ကြွင်း သောအရပ်သို့ ဖွင့်၍ မြောက် ဘက်သို့၎င်း ၊ တောင် ဘက်သို့၎င်း မျက်နှာပြုကြ၏။ ကျန်ကြွင်း သော အရပ်သည် ပတ်လည် ၌ အနံ ငါး တောင် ရှိ၏။
၁၁
12 ၁၂ လွတ်လပ် သော အရပ်ကိုပိတ်၍ အနောက် ဘက်၌ရှိသောတန်တိုင်းသည် အလျား အတောင် ခုနစ်ဆယ် ရှိ၍၊ အိမ် တော်ပတ်လည် တန်တိုင်း သည်လည်း အထု ငါး တောင် ၊ အလျား အတောင် ကိုးဆယ် ရှိ၏။
၁၂ဗိမာန်တော်အနောက်ဘက်မြေလွတ်အစွန်း တွင်အဆောက်အအုံတစ်ခုရှိ၏။ ယင်း သည်အလျားတစ်ရာ့ငါးဆယ်ပေ၊ အနံ တစ်ရာတစ်ဆယ့်ခုနစ်ပေရှိ၏။ ထိုအဆောက် အအုံ၏နံရံတစ်လျှောက်လုံးသည်ထု ရှစ်ပေရှိ၏။
13 ၁၃ ထိုသို့ အိမ် တော်ကိုတိုင်း ၍ လွတ်လပ် သောအရပ်၊ အိမ် တော်ထရံ ၊ တန်တိုင်းပါလျက်အလျား အတောင် တရာ ရှိ၏။
၁၃ထိုလူသည်ဗိမာန်တော်အပြင်ပိုင်းကိုတိုင်း တာ၍ကြည့်၏။ ယင်းသည်အလျားပေတစ် ရာခုနစ်ဆယ်ရှိ၏။ ဗိမာန်တော်ကျောဘက် မှနေ၍မြေလွတ်ကိုဖြတ်ကာအနောက် ဘက်ဗိမာန်တော်အစွန်းဆုံးအပိုင်းအထိ ပေတစ်ရာခုနစ်ဆယ်ရှိ၏။-
14 ၁၄ အရှေ့ မျက်နှာ၌ လွတ်လပ် သောအရပ်ပါလျက်၊ အိမ် တော်ဦး အတိုင်းအရှည် လည်း အတောင် တရာ ရှိ၏။
၁၄ဝဲယာမှမြေလွတ်အပါအဝင်ဗိမာန်တော် မျက်နှာစာကိုဖြတ်၍တိုင်းတာကြည့်ရာ ပေတစ်ရာခုနစ်ဆယ်ရှိလေသည်။-
15 ၁၅ လွတ်လပ် သောအရပ်၌ ကာသောရှေ့ တန်တိုင်း နှင့် နောက် တန်တိုင်းကိုတိုင်း ၍၊ တဘက်တချက်၌ရှိသောထရံ အခန်းပါလျက် အလျားအတောင် တရာ ရှိ၏။
၁၅ထိုလူသည်ဝဲယာရှိစင်္ကြံများအပါအဝင် ဗိမာန်တော်၏အနောက်ဘက်ကိုတိုင်းတာ ကြည့်ရာ ပေတစ်ရာခုနစ်ဆယ်ရှိသည်ကို တွေ့ရ၏။ ဗိမာန်တော်မုခ်ဦးခန်း၊ ခန်းမဆောင်ကြီးနှင့် အလွန်သန့်ရှင်းရာဌာနတော်တို့၏နံရံ များကို၊-
16 ၁၆ အတွင်း ဗိမာန် နှင့် တန်တိုင်း မုတ် များ၊ တံခါးခုံ များ၊ ကျဉ်း သော ပြတင်းပေါက် များ၊ တံခါးခုံ ရှိသမျှ တဘက်တချက်သုံး ဆင့်ရှိသောထရံ အခန်းနံရံများတို့ သည် မြေ မှပြတင်းပေါက် တိုင်အောင် ပျဉ်ပြား နှင့်ဖုံးအုပ် လျက်ရှိ၏။ ပြတင်းပေါက် တို့သည်လည်း ကွယ်ကာ လျက် ရှိကြ၏။
၁၆ကြမ်းပြင်မှပြူတင်းပေါက်များအထိ သစ် သားမှန်ကွက်ပုံများဖြင့်တပ်ဆင်ထား၏။ ဤပြူတင်းပေါက်များကိုလည်း ဖုံးအုပ်၍ ထားနိုင်၏။-
17 ၁၇ တံခါးပေါက် ရှိသမျှအထက် ၊ အတွင်း ဗိမာန် ပြင် ဘက်၊ အိမ်တော်အတွင်း ပြင် ထရံ ပတ်လည် ၌ ခေရုဗိမ် နှင့် စွန်ပလွံ ပင်ပုံထု ၍၊
၁၇ဗိမာန်တော်အတွင်းနံရံများကားတံခါး ပေါက်အထက်အထိ
18 ၁၈ ခေရုဗိမ် နှစ်ခုကြားမှာ စွန်ပလွံ ပင်တခုစီရှိ၏။ ခေရုဗိမ် တခု၌ မျက်နှာ နှစ် ခုစီပါလျက်၊
၁၈စွန်ပလွံပင်ပုံများ၊ ခေရုဗိမ်ရုပ်ပုံများကို ထုလုပ်၍တန်ဆာဆင်ထားလေသည်။ အခန်း ပတ်လည်တစ်လျှောက်လုံးဦးစွာစွန်ပလွံ ပင်ပုံ၊ ထိုနောက်ခေရုဗိမ်ရုပ်ပုံ၊ ထိုနောက် စွန်ပလွံပင်ပုံစသည်ဖြင့်ထုလုပ်ထား သတည်း။ ခေရုဗိမ်တစ်ပါးစီတွင်မျက်နှာ နှစ်မျိုးရှိ၏။-
19 ၁၉ စွန်ပလွံ ပင်နှစ်ခုကြားမှာ တဘက်၌လူ မျက်နှာ ၊ တဘက်၌ ခြင်္သေ့ မျက်နှာ ကို ပြကြ၏။
၁၉လူမျက်နှာနှင့်ခြင်္သေ့မျက်နှာဖြစ်၍ လူမျက် နှာသည်စွန်ပလွံပင်တစ်ပင်ဘက်သို့လှည့် ၍ ခြင်္သေ့မျက်နှာကအခြားစွန်ပလွံပင် တစ်ပင်ဘက်သို့လှည့်၍နေ၏။-
20 ၂၀ ထိုသို့ အိမ် တော်ပတ်လည် ၊ မြေ မှ သည်တံခါးပေါက် အထက် တိုင်အောင် ဗိမာန် တော်ထရံ ၌ ခေရုဗိမ် နှင့် စွန်ပလွံ ပင် အရုပ်ထု လျက်ရှိ၏။
၂၀ဤနည်းအတိုင်းနံရံတစ်လျှောက်လုံးတွင် ကြမ်းပြင်မှတံခါးပေါက်အထက်တိုင် အောင်အရုပ်များထွင်းထုလုပ်၍ထား လေသည်။-
21 ၂၁ ဗိမာန် တော်တိုင် တို့သည် လေးထောင့် ဖြစ်ကြ၏။ သန့်ရှင်း ရာဌာနနှင့်မျက်နှာ ချင်းတူ ကြ၏။
၂၁သန့်ရှင်းရာဌာန၏တံခါးတိုင်များ သည်လေးထောင့်တိုင်များဖြစ်ကြ၏။ အလွန်သန့်ရှင်းရာဌာနအဝင်ဝ၏ရှေ့ ၌သစ်သားယဇ်ပလ္လင်နှင့်တူသောအရာ တစ်ခုရှိ၏။-
22 ၂၂ သစ်သား ယဇ်ပလ္လင် သည် အမြင့် သုံး တောင် ၊ အလျား နှစ် တောင် ၊ အနံနှစ်တောင်ရှိ၏။ ပလ္လင်ထောင့် ၊ ဘိနပ်၊ နံရံ တို့သည်သစ်သား ဖြင့်ပြီးကြ၏။ ဤ စားပွဲ ကား၊ ထာဝရဘုရား ရှေ့ တော်မှာတင်သော စားပွဲပေတည်းဟု ငါ့ အား ပြောဆို ၏။
၂၂ထိုအရာသည်ငါးပေမြင့်၍လေးပေကျယ် ၏။ ယင်း၏ထောင့်တိုင်များ၊ အောက်အခြေခံ ဖိနပ်နှင့်နံရံများသည်သစ်သားဖြင့်ပြီး ကြ၏။ ထိုလူက``ဤကားထာဝရဘုရား ၏ရှေ့တော်စားပွဲဖြစ်သည်'' ဟုငါ့အား ဆို၏။
23 ၂၃ ဗိမာန် တော်နှင့် သန့်ရှင်း ရာဌာန၌ တံခါးပေါက် တပေါက်စီ ရှိ၍၊
၂၃သန့်ရှင်းရာဌာနသို့ဝင်ရာလမ်းအဆုံး ၌လည်းကောင်း၊ အလွန်သန့်ရှင်းရာဌာန တော်သို့ဝင်ရာလမ်းအဆုံး၌လည်းကောင်း တံခါးတစ်ခုစီရှိ၏။-
24 ၂၄ တံခါး တို့သည်လည်း တပ် သော တံခါးရွက် နှစ် ရွက်စီရှိ၏။
၂၄ယင်းတို့သည်အလယ်မှဖွင့်ရသောနှစ် ရွက်တံခါးများဖြစ်ကြ၏။-
25 ၂၅ ဗိမာန် တော်ထရံ ၌ ထု သကဲ့သို့ တံခါးရွက် တို့၌ ခေရုဗိမ် နှင့် စွန်ပလွံ ပင်ပုံ ထု လျက်ရှိ၏။ မုတ်ဦး အထက် မှာ ထုပ် တင်လျက်ရှိ၏။
၂၅သန့်ရှင်းရာဌာနသို့ဝင်ရာတံခါးများတွင် လည်းနံရံများကဲ့သို့ပင်စွန်ပလွံပင်ပုံ များနှင့်ခေရုဗိမ်ရုပ်များထုလုပ်၍ထား၏။ ထို့ပြင်မုခ်ဦးခန်းအဝင်တံခါးအပြင် ဘက်၌လည်းသစ်သားဖောင်းရစ်တစ်ခုရှိ၏။-
26 ၂၆ မုတ် နံရံ ၊ အိမ် တော်အခန်း ထရံတို့သည် ထုပ် များ၊ ကျဉ်း သော ပြတင်းပေါက် များ၊ စွန်ပလွံ ပင်များနှင့် ပြည့်စုံကြ၏။
၂၆ထိုအခန်းတွင်ဘေးပြူတင်းပေါက်များရှိ၍ နံရံများ၌လည်းစွန်ပလွံပင်ပုံများထု လုပ်ထားလေသည်။ ဗိမာန်တော်၏ဘေးခန်း တွင်လည်း သစ်သားဖောင်းရစ်များရှိသည်။