< ယေဇကျေလ 40 >

1 ငါတို့သည် သိမ်း သွားခြင်းကိုခံရာသက္ကရာဇ် နှစ်ဆယ် ငါး ခု၊ ပဌမ လ ဆယ် ရက်နေ့၊ မြို့ တော်ကို လုပ်ကြံ ၍၊ တဆယ် လေး နှစ် စေ့သောနေ့ တွင် ၊ ထာဝရဘုရား ၏ လက် တော်သည် ငါ့ အပေါ်မှာ ရှိ ၍ ထို မြို့သို့ ဆောင် သွားတော်မူ၏။
In the five and twentieth year of our captivity, in the beginning of the year, in the tenth [day] of the month, in the fourteenth year after the city was smitten, in the same day the hand of the LORD was upon me, and brought me thither.
2 ဘုရားသခင် ၏ ဗျာဒိတ် ရူပါရုံအားဖြင့် ငါ့ ကို ဣသရေလ ပြည် သို့ ဆောင် သွား၍ ၊ အလွန် မြင့် သော တောင် ပေါ်မှာ တင် ထားတော်မူ၏။ ထိုတောင်အနားမှာ တောင် ဘက်၌ မြို့ ပုံသဏ္ဌာန် ရှိ၏။
In the visions of God he brought me into the land of Israel, and set me upon a very high mountain, by which [was] as the frame of a city on the south.
3 ထို အရပ်သို့ ငါ့ ကိုဆောင် သွားတော်မူသောအခါ ၊ ကြေးဝါ ကဲ့သို့ အဆင်းအရောင် ရှိသောလူ တဦးသည် တိုင်း စရာကျူလုံး နှင့် ချည် ကြိုး ကို ကိုင်လျက်မြို့တံခါးဝ မှာ ရပ် နေ၏။
And he brought me thither, and behold, [there was] a man, whose appearance [was] like the appearance of brass, with a line of flax in his hand, and a measuring reed; and he stood in the gate.
4 ထိုသူက၊ အချင်းလူသား ၊ စေ့စေ့ကြည့်ရှု လော့။ စေ့စေ့နားထောင် လော့။ ငါ ပြ လတံ့သမျှ တို့ကို နှလုံး သွင်း လော့။ သင့် အား ငါပြ အံ့သောငှါ သင့်ကိုဤ အရပ်သို့ ဆောင် ခဲ့တော်မူပြီ၊ မြင် သမျှ တို့ကိုလည်းဣသရေလ အမျိုး အား ပြ ရမည်ဟုဆို ၏။
And the man said to me, Son of man, behold with thy eyes, and hear with thy ears, and set thy heart upon all that I shall show thee; for, to the intent that I might show [them] to thee [art] thou brought hither: declare all that thou seest to the house of Israel.
5 အိမ် တော်ပြင် ပတ်လည် ၌ တန်တိုင်း ရှိ၏။ ထိုသူသည် သံတောင်အားဖြင့်အရှည်ခြောက် တောင် ရှိသောကျူလုံး ကို ကိုင် လျက်၊ ထိုတန်တိုင်း ကိုတိုင်း ၍ အထု ကျူ တပြန်၊ အမြင့် လည်း ကျူ တပြန်ရှိ၏။
And behold a wall on the outside of the house around, and in the man's hand a measuring reed of six cubits [long] by the cubit and a hand-breadth: so he measured the breadth of the building, one reed: and the hight, one reed.
6 ထိုနောက် ၊ အရှေ့ တံခါး သို့ သွား ၍ လှေကား ကို တက် ပြီးမှ ၊ တံခါး ထုပ် နှင့် တံခါး ခုံကိုတိုင်း ၍ အနံ ကျူ တပြန်စီရှိ၏။
Then he came to the gate which looketh towards the east, and ascended its stairs, and measured the threshhold of the gate, [which was] one reed broad; and the other threshhold [of the gate], [which was] one reed broad.
7 အခန်းငယ် တို့သည် တခန်းနှင့်တခန်း ငါး တောင် ကွာလျက် အလျား ကျူ တပြန်၊ အနံ လည်း ကျူ တပြန်စီရှိကြ၏။
And [every] little chamber [was] one reed long, and one reed broad; and between the little chambers [were] five cubits; and the threshhold of the gate by the porch of the gate within [was] one reed.
8 အတွင်းတံခါးခုံလည်း အနံကျူတပြန်ရှိ၏။
He measured also the porch of the gate within, one reed.
9 တံခါး မုတ် ကိုလည်း တိုင်း ၍အလျားရှစ် တောင် ရှိ၏။ မုတ်တိုင် အမြင့် နှစ် တောင် စီရှိ၏။ တံခါး မုတ် သည် တံခါးအတွင်း ဘက်၌ ရှိသတည်း။
Then he measured the porch of the gate, eight cubits; and its posts, two cubits; and the porch of the gate [was] inward.
10 ၁၀ အရှေ့ တံခါး တဘက်တချက်၌ အခန်းငယ် သုံး ခန်းစီရှိ၍၊ အလျား အနံတညီတည်း ၊ တဖက်တချက်၌ တိုင် အမြင့်လည်း တညီတည်း ရှိကြ၏။
And the little chambers of the gate eastward [were] three on this side, and three on that side; they three [were] of one measure: and the posts had one measure on this side and on that side.
11 ၁၁ တံခါး ဝ ကိုလည်းတိုင်း ၍ အနံ ဆယ် တောင် ၊ အမြင့် တဆယ် သုံး တောင် ရှိ၏။
And he measured the breadth of the entry of the gate, ten cubits; [and] the length of the gate, thirteen cubits.
12 ၁၂ အခန်းငယ် တို့ရှေ့မှာ တဘက်တချက်၌ ကြမ်းပြင် အနံတ တောင် ရှိ၏။ တဘက်တချက်၌ရှိသောအခန်းငယ် တို့သည် အလျားအနံခြောက် တောင် စီရှိ၏။
The space also before the little chambers [was] one cubit [on this side], and the space [was] one cubit on that side: and the little chambers [were] six cubits on this side, and six cubits on that side.
13 ၁၃ ထိုနောက် ၊ အခန်းငယ် အမိုး စွန်းတခုမှ သည် တခုတိုင်အောင် တိုင်း ၍အကျယ် နှစ်ဆယ် ငါး တောင် ရှိ၏။ တံခါးတို့ သည် မျက်နှာချင်းဆိုင် ကြ၏။
He measured then the gate from the roof of [one] little chamber to the roof of another: the breadth [was] five and twenty cubits, door against door.
14 ၁၄ တံခါး ပတ်လည် တန်တိုင်း အတွင်း၊ ထောင့် တိုင် အထိ ၊ အတောင် ခြောက်ဆယ် ကျယ်အောင် တိုင် များကို ထား လေ၏။
He made also posts of sixty cubits; even to the post of the court around the gate.
15 ၁၅ ပြင်တံခါးဝ မှ သည် အတွင်းတံခါး မုတ်ဝ တိုင်အောင် အတောင် ငါးဆယ် ရှိ၏။
And from the face of the gate of the entrance to the face of the porch of the inner gate [were] fifty cubits.
16 ၁၆ အခန်း များ၊ တံခါး အတွင်း ပတ်လည် တိုင် များ၊ တံခါးမုတ် များ အတွင်း ဘက် ၌ ကျဉ်းသောပြတင်းပေါက် များရှိ၏။ တိုင် များ၌ စွန်ပလွန် ပင်ပုံထုလျက်ရှိ၏။
And [there were] narrow windows to the little chambers, and to their posts within the gate around, and likewise to the arches: and windows [were] around inward: and upon [each] post [were] palm-trees.
17 ၁၇ ထိုနောက် ၊ ငါ့ ကိုပြင် တန်တိုင်း ထဲသို့ သွင်း ၍ အခန်း များကို ငါမြင်၏။ ကျောက် ခင်းလည်း ရှိ ၏။ ကျောက် ခင်းအပေါ်မှာ အခန်း သုံးဆယ် ရှိ၏။
Then he brought me into the outward court, and lo, [there were] chambers, and a pavement made for the court around: thirty chambers [were] upon the pavement.
18 ၁၈ တံခါး များအစဉ်အတိုင်းလိုက်၍၊ တံခါး အနားမှာ ရှိသောကျောက် ခင်းသည် အောက် ကျောက် ခင်းဖြစ်၏။
And the pavement by the side of the gates over against the length of the gates [was] the lower pavement.
19 ၁၉ ထိုနောက် ၊ အောက် တံခါး ဦး မှ သည် အတွင်း တန်တိုင်း ပြင် ဘက် ဦး တိုင်အောင် တိုင်း ၍၊ အရှေ့ မျက်နှာ၌ အတောင် တရာ ကွာ ၏။
Then he measured the breadth from the front of the lower gate to the front of the inner court without, a hundred cubits eastward and northward.
20 ၂၀ တဖန် မြောက် မျက်နှာသို့ ခေါ်သွား၍၊ ပြင် တန်တိုင်း မြောက် ဘက်သို့ မျက်နှာ ပြုသောတံခါး အမြင့် နှင့် အနံ ကိုတိုင်း လေ၏။
And the gate of the outward court that looked towards the north, he measured its length, and its breadth.
21 ၂၁ အခန်း တို့သည် တဘက်တချက်၌ သုံး ခန်းစီ ရှိ၏။ တိုင် များ၊ မုတ် များတို့သည် အရင် တံခါး ကဲ့သို့ ဖြစ် ၍၊ အလျား အတောင် ငါးဆယ် ၊ အနံ နှစ်ဆယ် ငါး တောင် ရှိ၏။
And the little chambers of it [were] three on this side and three on that side; and its posts and its arches were after the measure of the first gate; its length [was] fifty cubits, and its breadth five and twenty cubits.
22 ၂၂ ပြတင်းပေါက် ၊ မုတ် ၊ စွန်ပလွံ ပင်များတို့သည် အရှေ့ တံခါး ကဲ့သို့ ဖြစ်ကြ၏။ လှေကား ခုနစ် ထစ်ဖြင့် တံခါး သို့ တက် ရ၏။ မုတ် တို့သည် လှေကားနှင့် တတန်း တည်း ရှိကြ၏။
And their windows, and their arches, and their palm-trees, [were] after the measure of the gate that looketh towards the east; and they went up to it by seven steps; and its arches [were] before them.
23 ၂၃ အရှေ့ ဘက်၌ ရှိသကဲ့သို့မြောက် တံခါး မျက်နှာချင်းဆိုင် အတွင်း တန်တိုင်း တံခါးဝ ရှိ၏။ တံခါးဝ တခုနှင့် တခု အတောင် တရာ ကွာ၏။
And the gate of the inner court [was] over against the gate towards the north, and towards the east; and he measured from gate to gate a hundred cubits.
24 ၂၄ ထိုနောက် ၊ တောင် မျက်နှာသို့ခေါ်သွား ၍ တောင် တံခါး ကို ငါမြင် ၏။ တိုင် များ၊ မုတ် များကိုတိုင်း ၍ အရင်ပမာဏ နှင့်တညီတည်း ရှိကြ၏။
After that he brought me towards the south, and behold a gate towards the south: and he measured its posts and its arches according to these measures.
25 ၂၅ အရင်ပြတင်းပေါက် ကဲ့သို့ ပြတင်းပေါက် များ၊ မုတ် များရှိ၍၊ အလျား အတောင် ငါးဆယ် ၊ အနံ နှစ်ဆယ် ငါး တောင် ရှိ၏။
And [there were] windows in it and in its arches around, like those windows: the length [was] fifty cubits, and the breadth five and twenty cubits.
26 ၂၆ လှေကား ခုနစ် ထစ်ဖြင့် တံခါးသို့တက် ရ၏။ မုတ် တို့သည် လှေကားနှင့် တတန်းတည်းရှိကြ၏။ တဘက်တချက်တိုင် များ၌ စွန်ပလွံ ပင်ပုံ ထုလျက်ရှိ၏။
And [there were] seven steps to go up to it, and its arches [were] before them: and it had palm-trees, one on this side, and another on that side, upon its posts.
27 ၂၇ တောင် မျက်နှာ၌ အတွင်း တန်တိုင်း တံခါးဝ ရှိ၏။ ထိုမျက်နှာ၌ တံခါးဝ တခုမှ သည် တခုတိုင်အောင် တိုင်း ၍ အတောင် တရာ ကွာ၏။
And [there was] a gate in the inner court towards the south: and he measured from gate to gate towards the south a hundred cubits.
28 ၂၈ တဖန် အတွင်း တန်တိုင်း ထဲသို့ တောင် တံခါး ဖြင့် သွင်း ၍၊ အရင် ပမာဏ နှင့်အညီ ထိုတံခါး ကိုတိုင်း လေ၏။
And he brought me to the inner court by the south gate; and he measured the south gate according to these measures;
29 ၂၉ အခန်းငယ် များ၊ တိုင် များ၊ မုတ် များတို့သည် အရင် ပမာဏ နှင့်တညီတည်း ရှိကြ၏။ တံခါးဝပတ်လည် ၌၎င်း ၊ မုတ် များ၌၎င်း ပြတင်းပေါက် ရှိ၍၊ အလျား အတောင် ငါးဆယ် ၊ အနံ နှစ်ဆယ် ငါး တောင် ရှိ၏။
And its little chambers, and its posts, and its arches, according to these measures; and [there were] windows in it and in its arches around: [it was] fifty cubits long, and five and twenty cubits broad.
30 ၃၀ ပတ်လည် ၌ရှိသောမုတ် တို့သည်လည်း အလျား အတောင်နှစ်ဆယ် ငါး တောင် ၊ အနံ ငါး တောင် ရှိ၏။
And the arches around [were] five and twenty cubits long, and five cubits broad.
31 ၃၁ မုတ် တို့သည် ပြင် တန်တိုင်း သို့မျက်နှာပြု ၍ ၊ တိုင် များအပေါ်မှာ စွန်ပလွံ ပင်ပုံ ထုလျက်ရှိ၏။ လှေကား ရှစ် ထစ်ဖြင့်တက် ရ၏။
And its arches [were] towards the outer court; and palm-trees [were] upon its posts: and the ascent to it [had] eight steps.
32 ၃၂ အရှေ့ ဘက်၌လည်း အတွင်း တန်တိုင်း ထဲသို့ သွင်း ၍ ၊ ထိုတံခါးကို အရင် ပမာဏ နှင့်အညီ တိုင်း လေ၏။
And he brought me into the inner court towards the east: and he measured the gate according to these measures.
33 ၃၃ အခန်းငယ် များ၊ တိုင် များ၊ မုတ် များတို့သည် အရင်ပမာဏ နှင့် တညီတည်း ရှိကြ၏။ တံခါးဝပတ်လည် ၌၎င်း ၊ မုတ် များ၌ ၎င်း ပြတင်းပေါက် ရှိ၍၊ အလျား အတောင် ငါးဆယ် ၊ အနံ နှစ်ဆယ် ငါး တောင် ရှိ၏။
And its little chambers, and its posts, and its arches, [were] according to these measures; and [there were] windows in it and in its arches around: [it was] fifty cubits long, and five and twenty cubits broad.
34 ၃၄ မုတ် တို့သည် ပြင် တန်တိုင်း သို့ မျက်နှာပြု ၍၊ တဘက်တချက်တိုင် များပေါ်မှာ စွန်ပလွံ ပင် ပုံထုလျက် ရှိ၏။ လှေကား ရှစ် ထစ်ဖြင့် တက် ရ၏။
And its arches [were] towards the outward court; and palm-trees were upon its posts, on this side, and on that side: and the ascent to it [had] eight steps.
35 ၃၅ တဖန် မြောက် တံခါး သို့ ခေါ် သွား၍ အရင် ပမာဏ နှင့်အညီ တိုင်း လေ၏။
And he brought me to the north gate, and measured [it] according to these measures;
36 ၃၆ အခန်းငယ် များ၊ တိုင် များ၊ မုတ် များ၊ ပတ်လည် ၌ ပြတင်းပေါက် များတို့နှင့် ပြည့်စုံ၍၊ အလျား အတောင် ငါးဆယ် ၊ အနံ နှစ်ဆယ် ငါး တောင် ရှိ၏။
Its little chambers, its posts, and its arches, and the windows to it around: the length [was] fifty cubits, and the breadth five and twenty cubits.
37 ၃၇ မုတ် တို့သည် ပြင် တန်တိုင်း သို့မျက်နှာပြု ၍၊ တဘက်တချက်တိုင် များအပေါ်မှာ စွန်ပလွံ ပင်ပုံ ထုလျက် ရှိ၏။ လှေကား ရှစ် ထစ်ဖြင့်တက် ရ၏။
And its posts [were] towards the outer court; and palm-trees [were] upon its posts, on this side, and on that side: and the ascent to it [had] eight steps.
38 ၃၈ မီးရှို့ သော ယဇ်ကောင်ကိုရေနှင့် ဆေးကြော စရာအခန်း များ၊ အခန်း ဝင်ဝများတို့သည် ထို တံခါး မုတ် ၌ ရှိကြ၏။
And the chambers and its entries [were] by the posts of the gates, where they washed the burnt-offering.
39 ၃၉ မီးရှို့ ရာယဇ်၊ အပြစ် ဖြေရာယဇ်၊ ဒုစရိုက် ဖြေရာ ယဇ်ကောင်ကိုသတ် စရာဘို့ ၊ တံခါး မုတ် အတွင်း တဘက် တချက်၌ စားပွဲ နှစ် ခုစီရှိကြ၏။
And in the porch of the gate [were] two tables on this side, and two tables on that side, to slay upon it the burnt-offering and the sin-offering and the trespass-offering.
40 ၄၀ မြောက် တံခါး ဝ သို့ တက် ရာတံခါးမုတ်၊ ပြင် အနား တဘက်တချက်၌လည်း စားပွဲ နှစ် ခုစီရှိသည်ဖြစ်၍၊
And at the side without, as one goeth up to the entry of the north gate, [were] two tables; and on the other side, which [was] at the porch of the gate, [were] two tables.
41 ၄၁ တံခါးဝ တဘက်တချက်၌ ယဇ်ကောင်ကိုသတ် စရာစားပွဲ လေး ခုစီ၊ ပေါင်းရှစ် ခုရှိကြ၏။
Four tables [were] on this side, and four tables on that side, by the side of the gate; eight tables, upon which they slew [their sacrifices].
42 ၄၂ မီးရှို့ ရာယဇ်ဘို့ စားပွဲ လေး ခုတို့သည် ဆစ် သော ကျောက် ဖြင့်ပြီး၍၊ အလျား တတောင် တထွာ၊ အနံ တတောင် တထွာ၊ အမြင့် တ တောင် ရှိ၏။ ထို စားပွဲ ပေါ်မှာ မီးရှို့ ရာယဇ်ကောင်ကိုသတ် စရာတန်ဆာ များကို တင် ထားရကြ၏။
And the four tables [were] of hewn stone for the burnt-offering, of a cubit and a half long, and a cubit and a half broad, and one cubit high: upon which also they laid the instruments with which they slew the burnt-offering and the sacrifice.
43 ၄၃ စားပွဲ အပေါ် ပတ်လည် ၌ အကျယ်လက် တ ဝါးရှိသောအနားပတ် တပ် လျက်ရှိ၍၊ ပူဇော် စရာယဇ်သား ကို တင်ထားရကြ၏။
And within [were] hooks, a hand broad, fastened around: and upon the tables [was] the flesh of the offering.
44 ၄၄ အတွင်း တံခါး ပြင် မှာ အတွင်း တန်တိုင်း ၌ အခန်း နှစ်ခုကို ငါမြင်၏။ တခန်းကား၊ မြောက် တံခါး အနား မှာ ရှိ၍ တောင် ဘက်သို့ မျက်နှာပြု ၏။ တခန်းကား၊ တောင် တံခါး အနား မှာ ရှိ၍ မြောက် ဘက်သို့ မျက်နှာပြု ၏။
And without the inner gate [were] the chambers of the singers in the inner court, which [was] at the side of the north gate; and their prospect [was] towards the south: one at the side of the east gate [having] the prospect towards the north.
45 ၄၅ တောင် ဘက်သို့မျက်နှာပြု သော ဤ အခန်း ကား၊ အိမ် တော် အမှု ကိုဆောင် သော ယဇ်ပုရောဟိတ် နေစရာ ဘို့၊
And he said to me, This chamber, whose prospect [is] towards the south, [is] for the priests, the keepers of the charge of the house.
46 ၄၆ မြောက် ဘက်သို့မျက်နှာပြု သော ဤအခန်း ကား၊ ယဇ်ပလ္လင် အမှု ကို ဆောင် သောယဇ်ပုရောဟိတ် နေစရာ ဘို့ ဖြစ်၏။ ထိုသူတို့ကား၊ ထာဝရဘုရား ထံ တော်သို့ ချဉ်းကပ် ၍ အမှုတော်ကို ဆောင် စေခြင်းငှါ ၊ လေဝိ သား တို့တွင် ရွေးကောက်သောဇာဒုတ် သား ပေတည်းဟု ငါ့အား ပြောဆို၏။
And the chamber whose prospect [is] towards the north [is] for the priests, the keepers of the charge of the altar: these [are] the sons of Zadok among the sons of Levi, who come near to the LORD to minister to him.
47 ၄၇ ထိုအခါ တန်တိုင်း ကိုတိုင်း ၍ အလျား အတောင် တရာ ၊ အနံ အတောင် တရာ စတုရန်း ရှိ၏။ ယဇ်ပလ္လင် သည် အိမ် တော်ရှေ့မှာ တည်၏။
So he measured the court, a hundred cubits long, and a hundred cubits broad, foursquare; and the altar [that was] before the house.
48 ၄၈ အိမ် တော်ဦး သို့ ခေါ် ၍ တံခါးဝနှစ်ဘက်ကို တိုင်း လျှင်၊ အကျယ်ငါး တောင် စီရှိ၏။ တံခါးရွက် နှစ်ဘက်၊ အနံ သုံး တောင် စီရှိ၏။
And he brought me to the porch of the house, and measured [each] post of the porch, five cubits on this side, and five cubits on that side: and the breadth of the gate [was] three cubits on this side, and three cubits on that side.
49 ၄၉ အိမ်တော်ဦး အလျား ကား အတောင် နှစ်ဆယ် ၊ အနံ ကားတဆယ် တ တောင် ရှိ၏။ လှေကား ဆယ်ထစ်ဖြင့် တက် ရ၏။ အိမ်တော်ဦး အနား ၊ တဘက်တချက်၌ တိုင် တ လုံးစီတည်လျက်ရှိ၏။
The length of the porch [was] twenty cubits, and the breadth eleven cubits; and [he brought me] by the steps by which they went up to it: and [there were] pillars by the posts, one on this side, and another on that side.

< ယေဇကျေလ 40 >