< ယေဇကျေလ 4 >
1 ၁ တဖန်တုံ ၊ အချင်းလူသား ၊ အုတ် ပြားကိုယူ ၍ သင့် ရှေ့ မှာထား ပြီးလျှင် ၊ ယေရုရှလင် မြို့ ပုံကို ရေး လော့။
၁တဖန်တုံ၊ အချင်းလူသား၊ အုတ်ပြားကိုယူ၍ သင့်ရှေ့မှာ ထားပြီးလျှင်၊ ယေရုရှလင်မြို့ပုံကို ရေးလော့။
2 ၂ မြို့ ကို ဝိုင်း ၍ မြို့ ပြင် ၌ တပ် တည် လော့။ မြေရိုး ကိုလည်း ဖို့ လော့။ တပ် သားတို့ကိုလည်း ခင်းကျင်း လော့။ မြို့ ပတ်လည် တွင် ဝက်ခွ တိုင်တို့၌ တုံးတို့ကိုလည်း ဆွဲ ထားလော့။
၂မြို့ကိုဝိုင်း၍မြို့ပြင်၌ တပ်တည်လော့။ မြေရိုး ကိုလည်းဖို့လော့။ တပ်သားတို့ကိုလည်းခင်းကျင်းလော့။ မြို့ပတ်လည်တွင် ဝက်ခွတိုင်တို့၌ တုံးတို့ကိုလည်း ဆွထားလော့။
3 ၃ ထိုမှတပါး ၊ သံ ပြား ကိုယူ ၍ ၊ သင် နှင့် မြို့ စပ်ကြား မှာ သံ ရိုး ဖြစ်စေခြင်းငှါ ထောင် ပြီးလျှင် ၊ မြို့ တဘက် ၌ သင် ၏မျက်နှာ ကိုထား လော့။ ထိုသို့ ဝိုင်း ထားသဖြင့် ၊ ထိုမြို့ သည်ဝိုင်း ထားခြင်းကိုခံရမည်။ ဤ သည်ကား ဣသရေလ အမျိုး အား နိမိတ် လက္ခဏာဖြစ် လိမ့်မည်။
၃ထိုမှတပါး၊ သံပြားကိုယူ၍၊ သင်နှင့်မြို့စပ်ကြား မှာ သံရိုးဖြစ်စေခြင်းငှါ ထောင်ပြီးလျှင်၊ မြို့တဘက်၌ သင်၏မျက်နှာကိုထားလော့။ ထိုသို့ ဝိုင်းထားသဖြင့်၊ ထိုမြို့သည်ဝိုင်းထားခြင်းကို ခံရမည်။ ဤသည်ကား ဣသရေလအမျိုးအား နိမိတ်လက္ခဏာဖြစ်လိမ့်မည်။
4 ၄ ထိုမှတပါး ၊ သင် သည် လက်ဝဲ နံစောင်း ဖြင့် အိပ် ၍ ၊ ဣသရေလ အမျိုး ၏အပြစ် ကို ထိုနံစောင်း၌ တင် ထား လော့။ ထိုသို့ အိပ် ရသော နေ့ရက် အရေအတွက် အတိုင်း သူ တို့အပြစ် ကိုခံရ မည်။
၄ထိုမှတပါး၊ သင်သည် လက်ဝဲနံစောင်းဖြင့် အိပ် ၍၊ ဣသရေလအမျိုး၏အပြစ်ကို ထိုနံစောင်း၌ တင်ထား လော့။ ထိုသို့အိပ်ရသော နေ့ရက်အရေအတွက်အတိုင်း သူတို့အပြစ်ကို ခံရမည်။
5 ၅ အကြောင်း မူကား၊ အရက် သုံး ရာ ကိုး ဆယ် အရေအတွက် အတိုင်း ၊ သူ တို့အပြစ် နှင့်ယှဉ်သော နှစ် ပေါင်းကိုသင် ၏အပေါ် ၌ ငါ တင် ထားပြီ။ ထိုသို့ ဣသရေလ အမျိုး ၏ အပြစ် ကို သင်သည် ခံရ မည်။
၅အကြောင်းမူကား၊ အရက်သုံးရာကိုးဆယ် အရေအတွက်အတိုင်း၊ သူတို့အပြစ်နှင့်ယှဉ်သော နှစ်ပေါင်းကိုသင်၏အပေါ်၌ ငါတင်ထားပြီ။ ထိုသို့ ဣသရေလအမျိုး၏ အပြစ်ကို သင်သည် ခံရမည်။
6 ၆ ထို နေ့ရက်စေ့ ပြီးမှ ၊ တဖန် လက်ျာ နံစောင်း ဖြင့် အိပ် ၍၊ အရက် လေးဆယ် ပတ်လုံးယုဒ အမျိုး ၏ အပြစ် ကိုခံ ဦးလော့။ နှစ် အစား ၌ ရက် ကို ငါထား ပြီ။
၆ထိုနေ့ရက်စေ့ပြီးမှ၊ တဖန်လက်ျာနံစောင်းဖြင့် အိပ်၍၊ အရက်လေးဆယ်ပတ်လုံးယုဒအမျိုး၏ အပြစ်ကို ခံဦးလော့။ နှစ်အစား၌ ရက်ကို ငါထားပြီ။
7 ၇ သင်သည် ယေရုရှလင် မြို့ကို ဝိုင်း ထားသည် အမှုမှာ၊ မျက်နှာ ထား ၍ လက်ရုံး ကိုဆန့် လျက် ၊ မြို့ တဘက် ၌ ပရောဖက် ပြုရမည်။
၇သင်သည် ယေရုရှလင်မြို့ကို ဝိုင်းထားသည် အမှုမှာ၊ မျက်နှာထား၍ လက်ရုံးကိုဆန့်လျက်၊ မြို့တဘက် ၌ ပရောဖက်ပြုရမည်။
8 ၈ ငါသည် သင့် ကို ချည်နှောင် ၍ ဝိုင်း ထားခြင်းအမှုကို ပြုရသော ကာလ မ စေ့ မှီ၊ သင် သည် တဘက် မှ တဘက် သို့ မ စောင်း ရ။
၈ငါသည် သင့်ကိုချည်နှောင်၍ ဝိုင်းထားခြင်းအမှု ကို ပြုရသော ကာလမစေ့မှီ၊ သင်သည် တဘက်မှ တဘက်သို့ မစောင်းရ။
9 ၉ ထို မှတပါး၊ ဂျုံ ဆန်၊ မုယော ဆန်၊ ပဲ ဆန်နှစ်မျိုးနှင့် ပြောင်းဆန်၊ ကောက် ဆန်တို့ကို ယူ၍ အိုး တလုံး ၌ ရောနှော လျက်ထားရမည်။ နံစောင်း တဘက်ဖြင့် အိပ် ရသော နေ့ရက် သုံးရာ ကိုးဆယ်ပတ်လုံး၊ ထို ရောနှောသောဆန်ကို မုန့် လုပ် ၍ စား ရမည်။
၉ထိုမှတပါး၊ ဂျုံဆန်၊ မုယောဆန်၊ ပဲဆန်နှစ်မျိုးနှင့် ပြောင်းဆန်၊ ကောက်ဆန်တို့ကို ယူ၍ အိုးတလုံး၌ ရောနှောလျက်ထားရမည်။ နံစောင်းတဘက်ဖြင့် အိပ်ရသောနေ့ရက် သုံးရာကိုးဆယ်ပတ်လုံး၊ ထိုရောနှော သောဆန်ကို မုန့်လုပ်၍ စားရမည်။
10 ၁၀ ထို မုန့် ကို တနေ့ တနေ့လျှင် အကျပ် နှစ်ဆယ် စီ ချိန် ၍ စား ရမည်။
၁၀ထိုမုန့်ကို တနေ့တနေ့လျှင် အကျပ်နှစ်ဆယ်စီ ချိန်၍ စားရမည်။
11 ၁၁ ရေ ကိုလည်း တနေ့ တနေ့လျှင် တဗတ် စီခြင် ၍ သောက် ရမည်။
၁၁ရေကိုလည်းတနေ့တနေ့လျှင် တဗတ်စီခြင်၍ သောက်ရမည်။
12 ၁၂ မုယော မုန့်ပြား ကို စားသကဲ့သို့စားအံ့သောငှါ၊ လူ များရှေ့ တွင် လူ ၏မစင် နှင့် ဖုတ် ရမည်။
၁၂မုယောမုန့်ပြားကို စားသကဲ့သို့ စားအံ့သောငှါ၊ လူများရှေ့တွင် လူ၏မစင်နှင့်ဖုတ်ရမည်။
13 ၁၃ ထိုသို့ ငါနှင်ထုတ် ရာအရပ် ၊ တပါးအမျိုးသား တို့ နေရာ ၌ ၊ ဣသရေလ အမျိုး တို့သည် ညစ်ညူး သောမုန့် ကို စား ရကြမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
၁၃ထိုသို့ ငါနှင်ထုတ်ရာအရပ်၊ တပါးအမျိုးသားတို့ နေရာ၌၊ ဣသရေလအမျိုးတို့သည် ညစ်ညူးသောမုန့်ကို စားရကြမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
14 ၁၄ ငါကလည်း၊ အိုအရှင် ထာဝရဘုရား ၊ အကျွန်ုပ် သည် ညစ်ညူး ခြင်းသို့ မ ရောက်ပါသေး။ အလိုလို သေ သောအကောင်၊ သားရဲ ကိုက်၍ သေသောအကောင်၊ ရွံ့ရှာဘွယ် သောအကောင်၏ အသား ကို ငယ် သော အသက်အရွယ်မှစ၍ ယခု တိုင်အောင် အကျွန်ုပ် သည် မ စား ပါဟု လျှောက် လျှင် ၊
၁၄ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ အကျွန်ုပ် သည် ညစ်ညူးခြင်းသို့ မရောက်ပါသေး။ အလိုလို သေသောအကောင်၊ သားရဲကိုက်၍ သေသောအကောင်၊ ရွံ့ရှာဘွယ်သောအကောင်၏ အသားကို ငယ်သော အသက်အရွယ်မှစ၍ ယခုတိုင်အောင် အကျွန်ုပ်သည် မစားပါဟု လျှောက်လျှင်၊
15 ၁၅ လူ ၏မစင် အရာ ၌ နွား ချေး ကို ငါပေး ၏။ နွားချေးနှင့်သင့် မုန့် ကို ဖုတ် ရမည်ဟု မိန့် တော်မူ၏။
၁၅လူ၏မစင်အရာ၌ နွားချေးကို ငါပေး၏။ နွားချေးနှင့်သင့်မုန့်ကို ဖုတ်ရမည်ဟု မိန့်တော်မူ၏။
16 ၁၆ တဖန်တုံ ၊ အချင်းလူသား ၊ ယေရုရှလင် မြို့၌ မုန့် အထောက် အပင့်ကို ငါ ချိုး မည်။ မြို့သားတို့သည် မုန့် ကိုချိန် လျက် ၊ စိုးရိမ် သောစိတ် နှင့် စား ရကြမည်။ ရေ ကိုလည်း ခြင် လျက် ၊ မိန်းမော တွေဝေခြင်းနှင့် သောက် ရကြမည်။
၁၆တဖန်တုံ၊ အချင်းလူသား၊ ယေရုရှလင်မြို့၌ မုန့်အထောက်အပင့်ကို ငါချိုးမည်။ မြို့သားတို့သည် မုန့်ကိုချိန်လျက်၊ စိုးရိမ်သော စိတ်နှင့်စားရကြမည်။ ရေကိုလည်း ခြင်လျက်၊ မိန်းမောတွေဝေခြင်းနှင့် သောက် ရကြမည်။
17 ၁၇ မုန့် နှင့် ရေ ခေါင်းပါး သဖြင့် ၊ မြို့သားတို့သည် တညီတညွတ်တည်းမိန်းမော တွေဝေ၍ ၊ မိမိ တို့အပြစ် ကြောင့် ပိန်ကြုံ ခြင်းသို့ ရောက်ရကြမည်ဟု မိန့်တော်မူ၏။
၁၇မုန့်နှင့်ရေခေါင်းပါးသဖြင့်၊ မြို့သားတို့သည် တညီတညွတ်တည်း မိန်းမောတွေဝေ၍၊ မိမိတို့အပြစ် ကြောင့် ပိန်ကြုံခြင်းသို့ ရောက်ရကြမည်ဟု မိန့်တော်မူ၏။