< ယေဇကျေလ 38 >

1 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
2 အချင်းလူသား ၊ ရောရှပြည်၊ မေရှက် ပြည်၊ တုဗလ ပြည်ကို အစိုးရ သောမာဂေါဂ ပြည်သား ဂေါဂ မင်းတဘက် ၌ မျက်နှာ ထား ၍ ပရောဖက်ပြု လျက်၊
အချင်းလူသား၊ ရောရှပြည်၊ မေရှက်ပြည်၊ တုဗလပြည်ကို အစိုးရသော မာဂေါဂပြည်သား ဂေါဂမင်းတဘက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊
3 အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ ရောရှ၊ မေရှက် ၊ တုဗလ ပြည်တို့ကို အစိုးရသောအိုဂေါဂ မင်း၊ သင့် တဘက် ၌ ငါ နေ၏။
အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆို ရမည်မှာ၊ ရောရှ၊ မေရှက်၊ တုဗလပြည်တို့ကို အစိုးရသော အိုဂေါဂမင်း၊ သင့်တဘက်၌ ငါနေ၏။
4 သင့် ကို ငါပြန်လာ စေမည်။ သင့် ပါးရိုး ကို သံချိတ် နှင့်ချိတ် ပြီးလျှင် ၊ သင် မှစ၍ထူးဆန်းသော လက်နက် စုံ အမျိုးမျိုး ကို ဆောင်သောသူ၊ ဒိုင်း လွှား ပါ၍ ထား ကို လက်စွဲ သောလူ အလုံးအရင်းများ နှင့် မြင်း ၊ မြင်းစီး သူရဲ ဗိုလ်ခြေ အပေါင်း တို့ကို ငါဆောင် ခဲ့မည်။
သင့်ကို ငါပြန်လာစေမည်။ သင့်ပါးရိုးကို သံချိတ် နှင့်ချိတ်ပြီးလျှင်၊ သင်မှစ၍ထူးဆန်းသော လက်နက်စုံ အမျိုးမျိုးကို ဆောင်သောသူ၊ ဒိုင်းလွှားပါ၍ ထားကို လက်စွဲသောလူအလုံးအရင်းများနှင့် မြင်း၊ မြင်းစီးသူရဲ ဗိုလ်ခြေ အပေါင်းတို့ကို ငါဆောင်ခဲ့မည်။
5 အသီးအသီး ဒိုင်း လွှားကိုင်၍ သံခမောက်လုံး ကို ဆောင်းသောပေရသိ ပြည်သား၊ ကုရှ ပြည်သား၊ ဖုတ ပြည်သား၊
အသီးအသီး ဒိုင်လွှားကိုင်၍ သံခမောက်လုံးကို ဆောင်းသောပေရသိပြည်သား၊ ကုရှပြည်သား၊ ဖုတပြည်သား၊
6 ဂေါမာ နှင့်သူ ၏တပ် များ၊ မြောက် ပြည်သားတောဂါမ အမျိုးနှင့် သူ ၏တပ် များအလုံးအရင်း အပေါင်း တို့သည် သင် နှင့်အတူ လိုက်လာကြလိမ့်မည်။
ဂေါမာနှင့်သူ၏တပ်များ၊ မြောက်ပြည်သား တောဂါမအမျိုးနှင့် သူ၏တပ်များအလုံးအရင်း အပေါင်း တို့သည် သင်နှင့်အတူ လိုက်လာကြလိမ့်မည်။
7 သင် သည် မိမိ ၌ စုဝေး သောလူ အလုံးအရင်းများ နှင့်တကွကိုယ် ကိုပြင်ဆင် လော့။ ပြင်ဆင် လျက်နေလော့။ သူ တို့ကို စောင့် လျက်နေလော့။
သင်သည် မိမိ၌ စုဝေးသောလူအလုံးအရင်းများ နှင့်တကွ ကိုယ်ကိုပြင်ဆင်လော့။ ပြင်ဆင်လျက်နေလော့။ သူတို့ကို စောင့်လျက်နေလော့။
8 ကြာမြင့် စွာ ကာလ လွန် ပြီးမှသင်သည် အုပ်ချုပ်ရသောအခွင့်ရှိလိမ့်မည်။ ထား ဘေးနှင့်လွတ် ၍ လူ အမျိုးမျိုး ထဲက နှုတ် သောပြည်သား၊ ကြာမြင့် စွာ ဆိတ်ညံ လျက်နေသော ဣသရေလ တောင် တို့အပေါ်သို့ ၊ တဖန်ဆောင်ခဲ့သော ပြည်သား တို့ရှိရာသို့ နောင် ကာလ ၌ သင်သည်စစ်ချီ ၍လာ လိမ့်မည်။ ထိုပြည်သားတို့သည် လူ အမျိုးမျိုးထဲက နှုတ်ဆောင် သောသူဖြစ်၍၊ တပြည်လုံး ငြိမ်ဝပ် လျက်ရှိနေ သောအခါ ၊
ကြာမြင့်စွာ ကာလလွန်ပြီးမှ သင်သည် အုပ်ချုပ် ရသောအခွင့်ရှိလိမ့်မည်။ ထားဘေးနှင့်လွတ်၍ လူ အမျိုးမျိုးထဲက နှုတ်သောပြည်သား၊ ကြာမြင့်စွာ ဆိတ်ညံ လျက်နေသော ဣသရေလတောင်တို့အပေါ်သို့၊ တဖန်ဆောင်ခဲ့သော ပြည်သားတို့ရှိရာသို့ နောင်ကာလ၌ သင်သည်စစ် ချီ၍လာလိမ့်မည်။ ထိုပြည်သားတို့သည် လူအမျိုးမျိုးထဲက နှုန်ဆောင်သောသူဖြစ်၍၊ တပြည်လုံး ငြိမ်ဝပ်လျက်ရှိနေသောအခါ၊
9 သင်သည်မိုဃ်းသက် မုန်တိုင်းကဲ့သို့ တက် လာ၍၊ သင် ၌ ပါသောသမျှသောတပ်သား အလုံးအရင်း နှင့်တကွ ၊ ထိုပြည် ကို မိုဃ်းအုံ့ သကဲ့သို့ ဖြစ် လိမ့်မည်။
သင်သည်မိုဃ်းသက်မုန်တိုင်းကဲ့သို့တက်လာ၍၊ သင်၌ပါသော သမျှသော တပ်သားအလုံးအရင်းနှင့် တကွ၊ ထိုပြည်ကို မိုဃ်းအုံ့သကဲ့သို့ ဖြစ်လိမ့်မည်။
10 ၁၀ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုအခါ သင်သည် အရာရာတို့ကို အောက်မေ့ ၍ မကောင်း သော အကြံ ကိုကြံစည် လျက်၊
၁၀အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုအခါ သင်သည် အရာရာတို့ကို အောက်မေ့၍ မကောင်းသော အကြံကိုကြံစည်လျက်၊
11 ၁၁ ရွာ ဇနပုဒ်များသောပြည် ၊ မြို့ရိုး မ ရှိ၊ တံခါးကျင် နှင့် တံခါး မ ရှိ၊ စိုးရိမ် စရာအကြောင်းအလျှင်း မရှိ၊ ငြိမ်ဝပ် သောပြည်သားတို့ရှိရာသို့ ငါချီသွား ၍ ၊
၁၁ရွာဇနပုဒ်များသောပြည်၊ မြို့ရိုးမရှိ၊ တံခါး ကျင်နှင့်တံခါးမရှိ၊ စိုးရိမ်စရာအကြောင်းအလျှင်းမရှိ၊ ငြိမ်ဝပ်သောပြည်သားတို့ရှိရာသို့ ငါချီသွား၍၊
12 ၁၂ သူတို့ဥစ္စာ ကို လုယက် သိမ်းယူမည်။ အရင် ဆိတ်ညံ ၍ ယခုလူနေ သောအရပ်တို့ကို၎င်း၊ လူ အမျိုးမျိုးထဲက စုဝေး သဖြင့် တိရစ္ဆာန် များနှင့် ဥစ္စာ များကိုရ တတ်၍၊ ပြည် အလယ် ၌ နေ သောသူတို့ကို၎င်းတိုက်မည်ဟု ကြံစည်လိမ့်မည်။
၁၂သူတို့ဥစ္စာကို လုယက်သိမ်းယူမည်။ အရင် ဆိတ်ညံ၍ ယခုလူနေသောအရပ်တို့ကို၎င်း၊ လူအမျိုးမျိုးထဲက စုဝေးသဖြင့် တိရစ္ဆာန်များနှင့် ဥစ္စာများကိုရတတ်၍၊ ပြည်အလယ်၌နေသောသူတို့ကို၎င်း တိုက်မည်ဟု ကြံစည်လိမ့်မည်။
13 ၁၃ ရှေဘ ပြည်သား၊ ဒေဒန် ပြည်သား၊ တာရှု ကုန်သည် များ၊ ခြင်္သေ့ ပျိုအပေါင်း တို့ကကိုယ်တော် သည်သူ့ဥစ္စာ ကိုလုယူ ခြင်းငှါ လာ သလော ။ သူ့ ဥစ္စာကို ဝေငှ၍ရွှေ ငွေ ကို၎င်း တိရစ္ဆာန် များနှင့် ဥစ္စာ များကို၎င်းသိမ်း သွားလျက်၊ များစွာလုယက် ဖျက်ဆီးခြင်းငှါ အပေါင်းအသင်း ကို စုဝေး စေပြီ လောဟု မေးမြန်း ကြလိမ့်မည်။
၁၃ရှေဘပြည်သား၊ ဒေဒန်ပြည်သား၊ တာရှု ကုန်သည်များ၊ ခြင်္သေ့ပျိုယူခြင်းငှါ လာသလော။ သူ့ ဥစ္စာကို ဝေငှ၍၎င်း သိမ်းသွားလျက်၊ များစွာသော လုယက်ဖျက်ဆီးခြင်းငှါ အပေါင်းအသင်းကို စုဝေးစေပြီ လောဟု မေးမြန်းကြလိမ့်မည်။
14 ၁၄ သို့ဖြစ်၍ ၊ အချင်းလူသား ၊ ပရောဖက်ပြု ၍ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဂေါဂ အား ဆင့်ဆို ရမည်မှာ၊ ငါ ၏လူ ဣသရေလ အမျိုးသားတို့သည် ငြိမ်ဝပ် စွာနေ သောအခါ သင်သည်သိ ၍၊
၁၄သို့ဖြစ်၍၊ အချင်းလူသား၊ ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဂေါဂအားဆင့်ဆို ရမည်မှာ၊ ငါ၏လူ ဣသရေလအမျိုးသားတို့သည် ငြိမ်ဝပ် စွာနေသောအခါ သင်သည်သိ၍၊
15 ၁၅ မြင်း စီး သောသူ အလုံးအရင်း အပေါင်း ၊ အားကြီး သောစစ်သူရဲ အပေါင်းတို့နှင့်တကွမြောက် မျက်နှာမှ ချီ လာမည်။
၁၅မြင်းစီးသောသူ အလုံးအရင်းအပေါင်း၊ အားကြီး သောစစ်သူရဲအပေါင်းတို့နှင့်တကွ မြောက်မျက်နှာမှ ချီလာမည်။
16 ၁၆ ပြည် ကို မိုဃ်းအုံ့ သကဲ့သို့ ငါ ၏လူ ဣသရေလ အမျိုးသားတို့ကို တက် ၍တိုက်လာမည်။ နောင် ကာလ တွင် ငါ ၏ပြည် တဘက် ၌ သင့် ကို ငါဆောင် ခဲ့မည်မဟုတ်လော။ အကြောင်းမူကား၊ အိုဂေါဂ ၊ လူအမျိုးမျိုးတို့ မျက်မှောက် ၌ သင့် အားဖြင့် ငါ သည်ချီးမြှောက် ရာသို့ ရောက်သောအခါ ၊ သူတို့သည် ငါ့ ကိုသိ ရကြမည်အကြောင်း တည်း။
၁၆ပြည်ကို မိုဃ်းအုံ့သကဲ့သို့ ငါ၏လူဣသရေလ အမျိုးသားတို့ကို တက်၍တိုက်လာမည်။ နောင်ကာလတွင် ငါ၏ပြည်တဘက်၌ သင့်ကို ငါဆောင်ခဲ့မည်မဟုတ်လော။ အကြောင်းမူကား၊ အိုဂေါဂ၊ လူအမျိုးမျိုးတို့ မျက်မှောက်၌ သင့်အားဖြင့် ငါသည်ချီးမြှောက်ရာသို့ ရောက်သောအခါ၊ သူတို့သည် ငါ့ကိုသိရကြမည်အကြောင်းတည်း။
17 ၁၇ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါသည် စစ်ချီ စေမည် ဟု၊ လွန်လေပြီးသောရှေး ကာလ ၌ ပရောဖက်ပြု သောငါ ၏ ကျွန် ဣသရေလ ပရောဖက် တို့ အား ငါသည်ဗျာဒိတ် ပေးသောအခါ၊ သင့် ကိုရည်မှတ်သည်မဟုတ်လော ။
၁၇အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် စစ်ချီစေမည် ဟု၊ လွန်လေပြီးသောရှေးကာလ၌ ပရောဖက်ပြုသောငါ၏ ကျွန်ဣသရေလ ပရောဖက်တို့ အား ငါသည်ဗျာဒိတ်ပေးသောအခါ၊ သင့်ကိုရည်မှတ် သည်မဟုတ်လော။
18 ၁၈ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ တွင် ဂေါဂ သည် ဣသရေလ ပြည် ကို တိုက်လာ သောကာလ အခါ၊ ငါ သည်ဒေါသ အရှိန် ထ ၍ အမျက် ထွက် လိမ့်မည် ။
၁၈အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလတွင်ဂေါဂသည် ဣသရေလပြည်ကို တိုက်လာ သောကာလအခါ၊ ငါသည်ဒေါသအရှိန် ထ၍ အမျက် ထွက်လိမ့်မည်။
19 ၁၉ အကယ်စင်စစ် ထိုအခါ ဣသရေလ ပြည် ၌ ကြီးစွာ သော လှုပ်ရှား ခြင်းဖြစ် လိမ့်မည်ဟု ငါ ၏ဒေါသ မီး လောင် လျက် ငါပြော ပြီ။
၁၉အကယ်စင်စစ် ထိုအခါ ဣသရေလပြည်၌ကြီးစွာ သော လှုပ်ရှားခြင်းဖြစ်လိမ့်မည်ဟု ငါ၏ဒေါသမီးလောင် လျက် ငါပြောပြီ။
20 ၂၀ ပင်လယ် ငါး ၊ မိုဃ်း ကောင်းကင်ငှက် ၊ တော တိရစ္ဆာန် နှင့် မြေ ၌ တွား တတ်သောတိရစ္ဆာန် ၊ မြေ ပေါ်မှာ ရှိသော လူ အပေါင်း တို့သည် ငါ့ ရှေ့မှာ တုန်လှုပ် ကြ လိမ့်မည်။ တောင် တို့သည်ပြို လျက် ၊ အစောက် မြင့်သော အရပ်တို့သည် လဲ လျက် ၊ အလုံးစုံ သောအုတ်ရိုး ပြုတ် လျက် ရှိကြလိမ့်မည်။
၂၀ပင်လယ်ငါး၊ မိုဃ်းကောင်းကင်ငှက်၊ တော တိရစ္ဆာန်နှင့် မြေ၌တွားတတ်သောတိရစ္ဆာန်၊ မြေပေါ်မှာ ရှိသော လူအပေါင်းတို့သည် ငါ့ရှေ့မှာ တုန်လှုပ်ကြ လိမ့်မည်။ တောင်တို့သည်ပြိုလျက်၊ အစောက်မြင့်သော အရပ်တို့သည် လဲလျက်၊ အလုံးစုံသောအိုတ်ရိုး ပြုတ်လျက် ရှိကြလိမ့်မည်။
21 ၂၁ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ့ တောင် များ အရပ်ရပ် တို့တွင် သူ့ တဘက် ၌ထား ကို ငါမှာလိုက် သဖြင့် ၊ လူအပေါင်းတို့သည် တယောက်ကို တယောက်ထား နှင့် ခုတ်ကြလိမ့်မည်။
၂၁အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ့တောင်များ အရပ်ရပ်တို့တွင် သူ့တဘက်၌ထားကို ငါမှာလိုက်သဖြင့်၊ လူအပေါင်းတို့သည် တယောက်ကို တယောက်ထားနှင့် ခုတ်ကြလိမ့်မည်။
22 ၂၂ ငါသည်ကာလနာ ဘေး၊ အသေ သတ်ခြင်းဘေး အားဖြင့် သူ့ ကို ဒဏ် ပေးမည်။ သူ နှင့် သူ၌ပါသောတပ် များ၊ အလုံးအရင်း များအပေါ်မှာ လွှမ်းမိုး သောမိုဃ်း ရေ၊ ကြီး သောမိုဃ်းသီး၊ ကန့် နှင့်ရောသောမီး မိုဃ်း ကို ရွာစေမည်။
၂၂ငါသည်ကာလနာဘေး၊ အသေသတ်ခြင်းဘေး အားဖြင့် သူ့ကိုဒဏ်ပေးမည်။ သူနှင့်သူ၌ပါသောတပ်များ၊ အလုံးအရင်းများအပေါ်မှာ လွှမ်းမိုးသောမိုဃ်းရေ၊ ကြီး သောမိုဃ်းသီး၊ ကန့်နှင့်ရောသောမီးမိုဃ်းကို ရွာစေမည်။
23 ၂၃ ထိုသို့ ငါသည် ကိုယ်ကိုချီးမြောက် ၍ ရိုသေ ဘွယ် သော ဂုဏ်လက္ခဏာတို့ကိုပြလျက်၊ များစွာ သောလူမျိုး တို့ ရှေ့မှာ ထင်ရှား သောအခါ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
၂၃ထိုသို့ငါသည် ကိုယ်ကိုချီးမြော်က၍ ရိုသေဘွယ် သော ဂုဏ်လက္ခဏာတို့ကိုပြလျက်၊ များစွာသောလူမျိုးတို့ ရှေ့မှာ ထင်ရှားသောအခါ၊ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

< ယေဇကျေလ 38 >