< ယေဇကျေလ 37 >

1 တဖန်ထာဝရဘုရား ၏ လက် တော်သည် ငါ့ အပေါ်မှာ ရှိ ၍ ဝိညာဉ် တော်အားဖြင့် ငါ့ ကိုပြင်သို့ ဆောင် သွား လျက်၊ အရိုး တို့နှင့် ပြည့် သောချိုင့် အလယ် ၌ ထား ပြီးလျှင် ၊
တဖန်ထာဝရဘုရား၏ လက်တော်သည် ငါ့ အပေါ်မှာရှိ၍ ဝိညာဉ်တော်အားဖြင့် ငါ့ကိုပြင်သို့ ဆောင် သွားလျက်၊ အရိုးတို့နှင့် ပြည့်သောချိုင့်အလယ်၌ ထားပြီး လျှင်၊
2 ထိုအရိုးတို့ပတ်လည် ၌ ရှောက်သွား စေတော်မူ ၏။ ထိုချိုင့် မျက်နှာပြင် ၌ များစွာ သောအရိုးတို့သည်ရှိ၍ အလွန် သွေ့ခြောက် ကြ၏။
ထိုအရိုးတို့ပတ်လည်၌ ရှောက်သွားစေတော် မူ၏။ ထိုချိုင့်မျက်နှာပြင်၌ များစွားသောအရိုးတို့သည်ရှိ၍ အလွန်သွေ့ခြောက်ကြ၏။
3 ထာဝရဘုရားကလည်း၊ အချင်းလူသား ၊ ဤ အရိုး တို့သည် အသက်ရှင် နိုင်သလောဟုမေး တော်မူလျှင် ၊ ငါက၊ အိုအရှင် ထာဝရဘုရား ၊ ကိုယ်တော် သိ တော်မူသည် ဟု လျှောက် လေ၏။
ထာဝရဘုရားကလည်း၊ အချင်းလူသား၊ ဤ အရိုးတို့သည် အသက်ရှင်နိုင်သလောဟု မေးတော်မူလျှင်၊ ငါက၊ အိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သိတော်မူသည် ဟု လျှောက်လေ၏။
4 ထာဝရဘုရားကလည်း၊ ဤ အရိုး တို့အပေါ်မှာ ပရောဖက်ပြု ၍ ဟောပြော ရမည်မှာ၊ အိုသွေ့ခြောက် သော အရိုး တို့၊ ထာဝရဘုရား ၏အမိန့် တော်ကိုနားထောင် ကြလော့။
ထာဝရဘုရားကလည်း၊ ဤအရိုးတို့အပေါ်မှာ ပရောဖက်ပြု၍ ဟောပြောရမည်မှာ၊ အိုသွေ့ခြောက် သော အရိုးတို့၊ထာဝရဘုရား၏အမိန့်တော်ကိုနားထောင် ကြလော့။
5 ဤ သွေ့ခြောက်သော အရိုး တို့အား အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ သည် သင် တို့အထဲသို့ အသက် ကိုသွင်း ၍ သင်တို့သည် အသက်ရှင် ရကြမည် ။
ဤသွေ့ခြောက်သော အရိုးတို့အား အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သင်တို့ အထဲသို့ အသက်ကိုသွင်း၍ သင်တို့သည် အသက်ရှင်ရ ကြမည်။
6 သင် တို့အပေါ်မှာ အကြော တို့ကို ငါတင် ၍ အသား ကို တက် စေမည်။ အရေ နှင့် ဖုံးလွှမ်း ၍ ၊ အသက် ကို သွင်း သဖြင့် သင်တို့သည် အသက်ရှင် ၍ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု၊
သင်တို့အပေါ်မှာ အကြောတို့ကို ငါတင်၍ အသားကို တက်စေမည်။ အရေနှင့် ဖုံးလွှမ်း၍၊ အသက် ကို သွင်းသဖြင့် သင်တို့သည် အသက်ရှင်၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု၊
7 မှာထား တော်မူသည်အတိုင်း ငါသည် ပရောဖက်ပြု ၏။ ပရောဖက်ပြု စဉ်တွင် အသံ မြည်၏။ လှုပ်ရှား ခြင်းလည်း ရှိ၏။ အရိုး တို့သည် တခုအနီးသို့တခု ချဉ်း ကြ ၏။
မှာထားတော်မူသည်အတိုင်း ငါသည် ပရော ဖက်ပြု၏။ ပရောဖက်ပြုစဉ်တွင် အသံမြည်၏။ လှုပ်ရှား ခြင်းလည်း ရှိ၏။ အရိုးတို့သည် တခုအနီးသို့တခု ချဉ်းကြ ၏။
8 ငါကြည့်ရှု စဉ်တွင် အကြော တို့သည်ပေါ်လာ ၍ အသား လည်း တက် ၏။ အရေ လည်းဖုံးလွှမ်း ၏။ သို့ရာတွင် ၊ အသက် မ ရှိသေး။
ငါကြည့်ရှုစဉ်တွင် အကြောတို့သည်ပေါ်လာ၍ အသားလည်း တတ်၏။ အရေလည်းဖုံးလွှမ်း၏။ သို့ရာ တွင်၊ အသက်မရှိသေး။
9 ထာဝရဘုရားကလည်း၊ အချင်းလူသား ၊ လေ အား ပရောဖက်ပြု လော့။ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို လေ အား ဆင့်ဆို ရမည်မှာ၊ အိုလေ ၊ အရပ် လေးမျက်နှာတို့မှ လာ ၍၊ ဤ အသေကောင် တို့သည် အသက်ရှင် မည်အကြောင်း သူတို့အပေါ်မှာမှုတ် လော့ဟု၊
ထာဝရဘုရားကလည်း၊ အချင်းလူသား၊ လေ အား ပရောဖက်ပြုလော့။ အရှင်ထာဝရဘုရား၏ အမိန့် တော်ကို လေအားဆင့်ဆိုရမည်မှာ၊ အိုလေ၊ အရပ် လေးမျက်နှာတို့မှ လာ၍၊ ဤအသေကောင်တို့သည် အသက်ရှင်မည်အကြောင်း သူတို့အပေါ်မှာ မှုတ်လော့ဟု၊
10 ၁၀ မှာထား တော်မူသည်အတိုင်း ငါသည် ပရောဖက်ပြု ၍ ၊ လေ သည် သူ တို့အထဲသို့ ဝင် သဖြင့် သူတို့သည် အသက်ရှင် ၍ ၊ အလွန် များ သော ဗိုလ်ခြေ ဖြစ်လျက် မတ်တတ် နေကြ၏။
၁၀မှာထားတော်မူသည်အတိုင်း ငါသည် ပရော ဖက်ပြု၍၊ လေသည် သူတို့အထဲသို့ဝင်သဖြင့် သူတို့သည် အသက်ရှင်၍၊ အလွန်များသော ဗိုလ်ခြေဖြစ်လျက် မတ်တတ်နေကြ၏။
11 ၁၁ ထာဝရဘုရားကလည်း၊ အချင်းလူသား ၊ ဤ အရိုး တို့သည် ဣသရေလ အမျိုး အပေါင်း ဖြစ်ကြ၏။ ငါ တို့အရိုး များသည် သွေ့ခြောက် ကြ၏။ မြော်လင့် စရာ မ ရှိ။ ငါတို့သည် ဆုံးရှုံး ကြပြီဟု သူ တို့ဆို တတ်ကြ၏။
၁၁ထာဝရဘုရားကလည်း၊ အချင်းလူသား၊ ဤအရိုးတို့သည် ဣသရေလအမျိုးအပေါင်းဖြစ်ကြ၏။ ငါတို့အရိုးများသည် သွေ့ခြောက်ကြ၏။ မြော်လင့်စရာ မရှိ။ ငါတို့သည် ဆုံးရှုံးကြပြီဟု သူတို့ဆိုတတ်ကြ၏။
12 ၁၂ သို့ဖြစ်၍ ၊ ပရောဖက်ပြု လျက် အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို သူ တို့အား ဆင့်ဆို ရမည်မှာ၊ အချင်းငါ ၏လူ တို့၊ သင် တို့သင်္ချိုင်း တွင်းများကို ငါ ဖွင့် ၍ သင် တို့ကို ထုတ် ပြီးလျှင် ဣသရေလ ပြည် သို့ ပို့ဆောင် မည်။
၁၂သို့ဖြစ်၍၊ ပရောဖက်ပြုလျက် အရှင်ထာဝရ ဘုရား၏ အမိန့်တော်ကို သူတို့အား ဆင့်ဆိုရမည်မှာ၊ အချင်းငါ၏လူတို့၊ သင်တို့သင်္ချိုင်းတွင်းများကို ငါဖွင့်၍ သင်တို့ကို ထုတ်ပြီးလျှင် ဣသရေလပြည်သို့ ပို့ဆောင် မည်။
13 ၁၃ အချင်းငါ ၏လူ တို့၊ သင် တို့သင်္ချိုင်း တွင်းများကို ငါ ဖွင့် ၍ သင် တို့ကို ထုတ် ပြီးလျှင် ၊
၁၃အချင်းငါ၏လူတို့၊ သင်တို့သင်္ချိုင်းတွင်းများကို ငါဖွင့်၍သင်တို့ ကို ထုတ်ပြီးလျှင်၊
14 ၁၄ အသက်ရှင် စေခြင်းငှါငါသည် ကိုယ် အသက် ကို သွင်း ပေး၍ ၊ သင် တို့ကို နေရင်းပြည် ၌ နေရာ ချသောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ရကြလိမ့်မည်။ ငါထာဝရဘုရားပြော သည်အတိုင်း ပြည့်စုံ ကြောင်း ကိုလည်း သိရကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
၁၄အသက်ရင်စေခြင်းငှါ ငါသည် ကိုယ်အသက်ကို သွင်းပေး၍၊ သင်တို့ကို နေရင်းပြည်၌ နေရာချသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့် မည်။ ငါထာဝရဘုရားပြောသည်အတိုင်း ပြည့်စုံကြောင်း ကိုလည်း သိရကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
15 ၁၅ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍ ၊
၁၅တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
16 ၁၆ အချင်းလူသား ၊ တုတ် တ ချောင်းကိုယူ ၍ ၊ ယုဒ အမျိုးနှင့် သူ ၏အပေါင်းအဘော် ဣသရေလ အမျိုးသား အဘို့ ဟု ရေးမှတ် လော့။ တဖန် တုတ် တ ချောင်းကိုယူ ၍ ၊ ယောသပ် အမျိုးနှင့်သူ ၏ အပေါင်းအဘော် ဣသရေလ အမျိုးသား များအဘို့၊ ဧဖရိမ် တုတ် ပေတည်းဟု ရေးမှတ် လော့။
၁၆အချင်းလူသား၊ တုတ်တချောင်းကိုယူ၍၊ ယုဒ အမျိုးနှင့် သူ၏အပေါင်းအဘော် ဣသရေလ အမျိုးသားအဘို့ ဟု ရေးမှတ်လော့။ တဖန် တုတ်တချောင်းကိုယူ၍၊ ယောသပ်အမျိုးနှင့်သူ၏ အပေါင်းအဘော် ဣသရေလ အမျိုးသားများအဘို့၊ ဧဖရိမ်တုတ်ပေတည်းဟု ရေးမှတ် လော့။
17 ၁၇ ထိုတုတ်နှစ်ချောင်းကို တ ချောင်းတည်းဖြစ် စေခြင်းငှါ ပူး ထား၍၊ ထိုတချောင်းတည်းသော တုတ်ကို လက် စွဲလော့။
၁၇ထိုတုတ်နှစ်ချောင်းကို တချောင်းတည်းဖြစ်စေ ခြင်းငှါ ပူးထား၍၊ ထိုတချောင်းတည်းသော တုတ်ကို လက်စွဲလော့။
18 ၁၈ သင် ၏အမျိုးသား ချင်းတို့က၊ ထိုသို့ ပြုသော်၊ အဘယ်သို့ ဆိုလိုသည်ကို ငါ တို့အား မ ပြော သင့်သလော ဟုမေး လျှင် ၊
၁၈သင်၏အမျိုးသားချင်းတို့က၊ ထိုသို့ပြုသော်၊ အဘယ်သို့ဆိုလိုသည်ကို ငါတို့အားမပြောသင့်သလောဟု မေးလျှင်၊
19 ၁၉ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကိုသူ တို့ အား ဆင့်ဆို ရမည်မှာ၊ ဧဖရိမ် ကိုင် သော ယောသပ် ၏ တုတ် နှင့် ၊ သူ ၏အပေါင်းအဘော် ဣသရေလ အမျိုးအနွယ် တို့ကိုငါ ယူ ၍ ယုဒ တုတ် နှင့်အတူပူး ထားပြီးလျှင် ၊ တ ချောင်းတည်းဖြစ်သော တုတ် ကိုငါ လက် စွဲမည်ဟု ဆင့်ဆိုလျက်၊
၁၉အရှင်ထာဝရဘုရား၏ အမိန့်တော်ကိုသူတို့ အား ဆင့်ဆိုရမည်မှာ၊ ဧဖရိမ်ကိုင်သော ယောသပ်၏ တုတ်နှင့်၊ သူ၏အပေါင်းအဘော် ဣသရေလအမျိုး အနွယ်တို့ကိုငါယူ၍ ယုဒတုတ်နှင့်အတူ ပူးထားပြီးလျှင်၊ တချောင်းတည်းဖြစ်သော တုတ်ကိုငါလက်စွဲမည်ဟု ဆင့်ဆိုလျက်၊
20 ၂၀ သင်ရေးမှတ် သော ထိုတုတ် ကိုသူ တို့မျက်မှောက် ၌ လက် စွဲလျက် နေ လော့။
၂၀သင်ရေးမှတ်သော ထိုတုတ်ကိုသူတို့မျက်မှောက်၌ လက်စွဲလျက် နေလော့။
21 ၂၁ အရှင် ထာဝရ ဘုရား၏ အမိန့် တော်ကိုလည်း ဆင့်ဆို ရမည်မှာ၊ ဣသရေလ အမျိုးသား တို့ရောက် သော တပါး အမျိုးသား နေရာအရပ်ရပ် တို့မှ သူ တို့ကိုငါ ခေါ် ခဲ့၍ စုဝေး စေပြီးလျှင် ၊ သူ တို့ကို နေရင်းပြည် သို့ ပို့ဆောင် မည်။
၂၁အရှင်ထာဝရဘုရား၏ အမိန့်တော်ကိုလည်း ဆင့်ဆို ရမည်မှာ၊ ဣသရေလအမျိုးသားတို့ရောက်သော တပါး အမျိုးသားနေရာအရပ်ရပ်တို့မှ သူတို့ကိုငါခေါ်ခဲ့၍ စုဝေး စေပြီးလျှင်၊ သူတို့ကို နေရင်းပြည်သို့ ပို့ဆောင်မည်။
22 ၂၂ ထိုပြည်တွင် ဣသရေလ တောင် တို့အပေါ်၌ လူ တ မျိုးတည်းဖြစ်စေ ၍၊ ရှင်ဘုရင် တ ပါးတည်းသာလျှင်ထိုသူ အပေါင်း တို့ကို စိုးစံ ရလိမ့်မည်။ နောင် တဖန် သူတို့ သည် လူ နှစ် မျိုးမ ဖြစ် ရ။ နှစ် တိုင်း နှစ်ပြည်ကွဲပြား လျက် မ ရှိရ။
၂၂ထိုပြည်တွင် ဣသရေလ တောင်တို့အပေါ်၌ လူတမျိုးတည်းဖြစ် စေ၍၊ ရှင်ဘုရင်တပါးတည်းသာလျှင် ထိုသူအပေါင်းတို့ကို စိုးစံရလိမ့်မည်။ နောင်တဖန် သူတို့ သည် လူနှစ်မျိုးမဖြစ်ရ။ နှစ်တိုင်းနှစ်ပြည်ကွဲပြားလျက် မရှိရ။
23 ၂၃ နောက် တဖန် သူ တို့ရုပ်တု များ၊ စက်ဆုပ် ရွံရှာဘွယ်သော အမှုများ၊ လွန်ကျူး ခြင်းအမှုများနှင့် ကိုယ်ကိုမ ညစ်ညူး စေရကြ။ သူတို့ပြစ်မှား လေရာရာ အရပ် တို့မှ ငါကယ်နှုတ် ၍ သန့်ရှင်း စေမည်။ သူတို့သည် ငါ ၏ လူ ဖြစ် ကြလိမ့်မည်။ ငါ သည်လည်း သူ တို့၏ဘုရားသခင် ဖြစ် မည်။
၂၃နောက်တဖန် သူတို့ရုပ်တုများ၊ စက်ဆုပ်ရွံရှာ ဘွယ်သော အမှုများ၊ လွန်ကျူးခြင်းအမှုများနှင့် ကိုယ်ကို မညစ်ညူးစေရကြ။ သူတို့ပြစ် မှားလေရာရာ အရပ်တို့မှ ငါကယ်နှုတ်၍ သန့်ရှင်းစေမည်။ သူတို့သည် ငါ၏ လူဖြစ်ကြလိမ့်မည်။ ငါသည်လည်း သူတို့၏ဘုရားသခင် ဖြစ်မည်။
24 ၂၄ ငါ ၏ကျွန် ဒါဝိဒ် သည် သူ တို့၏ရှင်ဘုရင် ဖြစ်၍ ၊ ထိုသူ အပေါင်း တို့သည် သိုးထိန်း တဦးတည်း ရှိ ကြလိမ့်မည်။ ငါ စီရင် ထုံးဖွဲ့ချက် တရား လမ်းသို့ လိုက် ၍ စောင့်ရှောက် ကြလိမ့်မည်။
၂၄ငါ၏ကျွန်ဒါဝိဒ်သည် သူတို့၏ရှင်ဘုရင်ဖြစ်၍၊ ထိုသူအပေါင်းတို့သည် သိုးထိန်းတဦးတည်း ရှိကြလိမ့် မည်။ ငါစီရင်ထုံးဖွဲ့ချက် တရားလမ်းသို့ လိုက်၍ စောင့် ရှောက်ကြလိမ့်မည်။
25 ၂၅ ငါ ၏ကျွန် ယာကုပ် အား ငါပေး ၍၊ သင် တို့ဘိုးဘေး များနေ ဘူးသော ပြည် ၌ သူ တို့နှင့် သား မြေး အစဉ်အဆက် တို့သည် နေ ကြလိမ့်မည်။ ငါ ၏ကျွန် ဒါဝိဒ် သည် လည်း သူ တို့ကို အစဉ်အမြဲ စိုးစံလိမ့်မည်။
၂၅ငါ၏ကျွန်ယာကုပ်အား ငါပေး၍၊ သင်တို့ ဘိုးဘေးများနေဘူးသော ပြည်၌သူတို့နှင့်သားမြေး အစဉ် အဆက်တို့သည် နေကြလိမ့်မည်။ ငါ၏ကျွန်ဒါဝိဒ်သည် လည်း သူတို့ကို အစဉ်အမြဲစိုးစံလိမ့်မည်။
26 ၂၆ ထိုမှတပါး ၊ သူ တို့နှင့် မိဿဟာယ ပဋိညာဉ် ကို ငါဖွဲ့ ၍၊ ထိုပဋိညာဉ်သည် နိစ္စ ထာဝရပဋိညာဉ် ဖြစ် လိမ့်မည် ။ သူ တို့ကိုနေရာချ ၍ များပြား စေမည်။ ငါ ၏ သန့်ရှင်း ရာဌာနကို သူ တို့အလယ် ၌ အစဉ်အမြဲ ထား မည်။
၂၆ထိုမှတပါး၊ သူတို့နှင့်မိဿဟာယ ပဋိညာဉ်ကို ငါဖွဲ့၍၊ ထိုပဋိညာဉ်သည် နိစ္စထာဝရပဋိညာဉ် ဖြစ်လိမ့် မည်။ သူတို့ကိုနေရာချ၍ များပြားစေမည်။ ငါ၏ သန့်ရှင်းရာဌာနကို သူတို့အလယ်၌ အစဉ်အမြဲထားမည်။
27 ၂၇ ငါ ၏ဗိမာန် တော်သည်လည်း သူ တို့၌ ရှိ ၍ ၊ ငါသည် သူ တို့၏ ဘုရားသခင် ဖြစ် မည်။ သူ တို့သည်လည်း ငါ ၏လူ ဖြစ် ကြလိမ့်မည်။
၂၇ငါ၏ဗိမာန်တော်သည်လည်း သူတို့၌ရှိ၍၊ ငါသည် သူတို့၏ ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်လိမ့်မည်။
28 ၂၈ ထိုသို့ ငါ ၏ သန့်ရှင်း ရာဌာနသည် သူ တို့အလယ် ၌ အစဉ်အမြဲ တည် သောအခါ ၊ ငါ ထာဝရဘုရား သည် ဣသရေလ အမျိုးကို သန့်ရှင်း စေသည်ဟု တပါး အမျိုးသား တို့သည် သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
၂၈ထိုသို့ငါ၏ သန့်ရှင်းရာဌာနသည် သူတို့အလယ် ၌အစဉ်အမြဲတည်သောအခါ၊ ငါထာဝရဘုရားသည် ဣသရေလအမျိုးကို သန့်ရှင်းစေသည်ဟု တပါး အမျိုးသားတို့သည် သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

< ယေဇကျေလ 37 >