< ယေဇကျေလ 36 >
1 ၁ တဖန် အချင်းလူသား ၊ ဣသရေလ တောင် တို့ အား ပရောဖက်ပြု ၍ ဆင့်ဆို ရမည်မှာ၊ အိုဣသရေလ တောင် တို့၊ ထာဝရဘုရား ၏အမိန့် တော်ကို နားထောင် ကြလော့။
And thou, son of man, prophesy unto the mountains of Israel, and say, Mountains of Israel, hear the word of Jehovah.
2 ၂ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ရန်သူ က၊ အေ့ဟေ ၊ ထာဝရ တောင် တို့သည်ငါ တို့လက်သို့ ရောက် ကြပြီဟု သင် တို့တဘက် ၌ ဆို မိသောကြောင့် ၊
Thus saith the Lord Jehovah: Because the enemy hath said against you, Aha! and, The ancient high places are become ours in possession;
3 ၃ ပရောဖက်ပြု ၍ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကိုဆင့်ဆို ရမည်မှာ၊ သင် တို့သည်ကျန်ကြွင်း သော တပါးအမျိုးသား တို့ သိမ်းယူ ရာဖြစ် ရသည်တိုင်အောင် ၊ သင် တို့ကိုသုတ်သင် ပယ်ရှင်း၍ ပတ်လည် ကိုက်စား သောကြောင့် ၎င်း ၊ သင်တို့သည် လူများပြောဆို ရာ၊ ကဲ့ရဲ့ ရာ ဖြစ်သောကြောင့် ၎င်း ၊
therefore prophesy and say, Thus saith the Lord Jehovah: Because, yea, because they have made [you] desolate, and have swallowed you up on every side, that ye might be a possession unto the remnant of the nations, and ye are taken up in the lips of talkers, and in the defaming of the people:
4 ၄ အိုဣသရေလ တောင် တို့၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့။ အရှင် ထာဝရဘုရား သည် တောင် ကြီး၊ တောင် ငယ်၊ မြစ် ရေစီးရာ၊ ချိုင့် ရာ၊ သုတ်သင် သောလွင်ပြင် မှစ၍၊ ပတ်လည် ၌နေသောတပါးအမျိုးသား အကျန်အကြွင်း တို့သည် လုယူ ကဲ့ရဲ့ ၍၊ မြို့သားစွန့် သွားသော မြို့ တို့အား မိန့် တော်မူသည်ကား၊
therefore, ye mountains of Israel, hear the word of the Lord Jehovah. Thus saith the Lord Jehovah to the mountains and to the hills, to the water-courses and to the valleys, to the desolate wastes and to the cities that are forsaken, which are become a prey and a derision to the remnant of the nations that are round about,
5 ၅ အကယ်စင်စစ်ငါ့ ပြည် ကိုလုယူစရာဘို့ ပစ်ထား ခြင်းငှါအလွန်ဝမ်းမြောက် သောစိတ် ၊ အငြိုး ထားသောစိတ် ရှိ၍၊ ကိုယ်တိုင်လုယူ စရာဘို့ စီရင် သော ဧဒုံ အမျိုးသား အပေါင်း တို့နှင့် ကျန်ကြွင်း သော တပါးအမျိုးသား တို့တဘက် ၌ ငါသည် ဒေါသ မီး ထွက်၍ ပြော ထားပြီ။
— therefore thus saith the Lord Jehovah: Surely in the fire of my jealousy have I spoken against the remnant of the nations, and against the whole of Edom, which have appointed my land unto themselves for a possession with the joy of all [their] heart, with despite of soul, to plunder it by pillage.
6 ၆ သို့ဖြစ်၍ ၊ ဣသရေလ ပြည် ကို ရည်မှတ် ၍ ပရောဖက်ပြု လျက်၊ တောင် ကြီး၊ တောင် ငယ်၊ မြစ် ရေစီး ရာ၊ ချိုင့် ရာတို့အား အရှင် ထာဝရဘုရား ၏ အမိန့် တော် ကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည်တပါးအမျိုးသား တို့ကဲ့ရဲ့ ခြင်းကိုခံရ သောကြောင့် ၊ ငါသည် ဒေါသ အမျက် ထွက်၍ ပြော ပြီ။
Prophesy therefore concerning the land of Israel, and say to the mountains and to the hills, to the water-courses and to the valleys, Thus saith the Lord Jehovah: Behold, I have spoken in my jealousy and in my fury, because ye have borne the ignominy of the nations;
7 ၇ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အကယ်စင်စစ် သင် တို့ပတ်လည် ၌နေသောတပါးအမျိုးသား တို့သည် ကိုယ် အရှက်ကွဲ ခြင်းကိုခံရ ကြလိမ့်မည်ဟု ငါ ကျိန်ဆို ပြီ။
therefore thus saith the Lord Jehovah: I have lifted up my hand, [saying, ] Verily the nations that are about you, they shall bear their shame.
8 ၈ အိုဣသရေလ တောင် တို့၊ သင် တို့မူကား ၊ အပင် ပေါက် ၍ ငါ ၏လူ ဣသရေလ အမျိုးသားတို့အဘို့ အသီး ကိုသီး ရကြလိမ့်မည်။ သူတို့ ပြန်လာ ချိန်နီး ပြီ။
And ye mountains of Israel shall shoot forth your branches, and yield your fruit to my people Israel: for they are at hand to come.
9 ၉ ငါ သည်သင် တို့ဘက်၌ နေ၍ သင် တို့ရှိရာသို့ ပြန်လာ သဖြင့် ၊ သင်တို့အပေါ်မှာလယ်လုပ် ၍ မျိုးစေ့ကြဲ ကြလိမ့်မည်။
For behold, I am for you, and I will turn unto you, and ye shall be tilled and sown.
10 ၁၀ သင် တို့အပေါ်မှာ လူ များတည်းဟူသောဣသရေလ အမျိုးသား အပေါင်း တို့ကို ငါပြန့်ပွါး စေသဖြင့် ၊ သူတို့သည် မြို့ များ၌နေ ၍ ပျက်စီး သော အရပ်များကို ပြုပြင် ကြလိမ့်မည်။
And I will multiply men upon you, all the house of Israel, the whole of it; and the cities shall be inhabited, and the waste places shall be builded.
11 ၁၁ သင် တို့အပေါ်မှာ လူ နှင့် တိရစ္ဆာန် တို့ကို ငါ များပြား စေသဖြင့် ၊ သူတို့သည်ပွားများ ၍ သား မြေးအစဉ်အဆက်ရှိကြလိမ့်မည်။ နေရင်း အရပ်တို့၌ ငါနေရာ ချ၍ ၊ အရင် ပြုသကဲ့သို့ငါကျေးဇူး ပြုမည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ရကြလိမ့်မည်။
And I will multiply upon you man and beast, and they shall increase and bring forth fruit; and I will cause you to be inhabited as [in] your former times, yea, I will make it better than at your beginnings: and ye shall know that I [am] Jehovah.
12 ၁၂ သင် တို့အပေါ်မှာ လူ များတည်းဟူသောငါ ၏ လူ ဣသရေလ အမျိုးသားတို့သည် သွား လာမည် အကြောင်းငါပြုမည်။ သူတို့သည် သင် တို့ကို သိမ်းယူ ၍ အမွေ ခံရ သဖြင့် ၊ နောက် တဖန် သင်တို့ကြောင့် သား မ ဆုံးရှုံးရကြ။
And I will cause men to walk upon you, even my people Israel; and they shall possess thee, and thou shalt be their inheritance, and thou shalt no more henceforth bereave them of children.
13 ၁၃ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အချင်းပြည်၊ သင် သည် လူ တို့ကို ကိုက်စား တတ်၏။ ကိုယ် အမျိုးသား တို့ကို လုယူ ဖျက်ဆီးတတ်၏ဟု သူတပါး ဆို သောကြောင့် ၊
Thus saith the Lord Jehovah: Because they say unto you, Thou devourest men, and hast bereaved thy nation,
14 ၁၄ နောက် တဖန်သင်သည် လူ တို့ကို မ ကိုက် မစားရ။ ကိုယ် အမျိုးသား တို့၌ လုယူ ဖျက်ဆီးခြင်းကို မ ပြုရဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
therefore thou shalt devour men no more, neither bereave thy nation any more, saith the Lord Jehovah;
15 ၁၅ နောက် တဖန် အတိုင်းတိုင်း အပြည်ပြည်ကဲ့ရဲ့ အပြစ်တင် သော စကားကိုမ ကြား ရ။ နောက် တဖန် ကိုယ် အမျိုးသား တို့၌ လုယူ ဖျက်ဆီးခြင်းကို မ ပြုရဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
neither will I cause thee to hear the ignominy of the nations any more, and thou shalt not bear the reproach of the peoples any more, neither shalt thou cause thy nation to fall any more, saith the Lord Jehovah.
16 ၁၆ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
And the word of Jehovah came unto me, saying,
17 ၁၇ အချင်းလူသား ၊ ဣသရေလ အမျိုးသား တို့သည် ကိုယ် ပြည် ၌ နေ သောအခါ ၊ အလိုအလျောက်ကျင့်ကြံ ပြုမူ သောအားဖြင့် ထိုပြည် ကို ညစ်ညူး စေကြ၏။ သူ တို့ အကျင့် ဓလေ့သည် ငါ့ ရှေ့မှာ ဥတု ရောက်သော မိန်းမ၏ အညစ်အကြေး ကဲ့သို့ ဖြစ် ၏။
Son of man, when the house of Israel dwelt in their own land, they defiled it by their way and by their doings: their way was before me as the uncleanness of a woman in her separation.
18 ၁၈ ထိုပြည် ၌ လူအသက် ကိုသတ်သောအပြစ်၊ ရုပ်တု တို့နှင့် ညစ်ညူး စေသော အပြစ်ကြောင့် ၊ ငါသည် ဒေါသ အမျက်ကို သွန်းလောင်း ပြီ။
And I poured out my fury upon them for the blood that they had shed upon the land, and because they had defiled it with their idols.
19 ၁၉ အတိုင်းတိုင်း အပြည်ပြည် သို့ ငါကွဲပြား ပြန့်လွင့် စေပြီ။ သူ တို့ကျင့်ကြံ ပြုမူ သည်အတိုင်း ငါစီရင် ပြီ။
And I scattered them among the nations, and they were dispersed through the countries: according to their way and according to their doings I judged them.
20 ၂၀ သို့ရာတွင် တကျွန်း တနိုင်ငံသို့ ရောက် သောအခါ ဤ သူတို့သည် ထာဝရဘုရား ၏ လူ ဖြစ်ကြ၏။ ကိုယ် ပြည် မှ ထွက်သွား ရကြ၏ဟု သူတပါးပြောဆို သဖြင့်၊ ငါ ၏နာမ မြတ် ကို ရှုတ်ချ သောကြောင့် ၊
And when they came to the nations whither they went, they profaned my holy name, when it was said of them, These are the people of Jehovah, and they are gone forth out of his land.
21 ၂၁ ဣသရေလ အမျိုးသား ရောက် ရာ တကျွန်း တနိုင်ငံအရပ်ရပ်တို့၌ ရှုတ်ချ သော ငါ ၏နာမ မြတ် ကို ငါနှမြော ၏။
But I had pity for my holy name, which the house of Israel had profaned among the nations whither they went.
22 ၂၂ သို့ဖြစ်၍ ၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ အိုဣသရေလ အမျိုး ၊ သင် တို့ကိုထောက်၍ ဤအမှုကို ငါ ပြု သည် မ ဟုတ်။ သင်တို့ရောက် သမျှသော အရပ်တို့၌ လူ အမျိုးမျိုးတို့ ရှေ့မှာရှုတ်ချ သော ငါ ၏နာမ မြတ် ကိုသာ ထောက်၍ပြု၏။
Therefore say unto the house of Israel, Thus saith the Lord Jehovah: I do not this for your sakes, O house of Israel, but for my holy name, which ye have profaned among the nations whither ye went.
23 ၂၃ တပါးအမျိုးသား တို့ အလယ် ၌သင်တို့ရှုတ်ချ သော ငါ ၏မဟာ နာမ တော်ကို ငါချီးမြှောက် မည်။ သူ တို့ မျက်မှောက် ၌ သင် တို့အားဖြင့် ငါ သည် ချီးမြောက် ရာသို့ ရောက်သောအခါ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ရကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
And I will hallow my great name, which was profaned among the nations, which ye have profaned in the midst of them; and the nations shall know that I [am] Jehovah, saith the Lord Jehovah, when I shall be hallowed in you before their eyes.
24 ၂၄ အကြောင်းမူကား ၊ သင် တို့ကို အတိုင်းတိုင်း အပြည်ပြည် တို့က ငါခေါ် ခဲ့၍ စုဝေး စေပြီးလျှင် ၊ သင် တို့နေရင်းပြည် သို့ ပို့ဆောင် မည်။
And I will take you from among the nations, and gather you out of all the countries, and will bring you into your own land.
25 ၂၅ သင် တို့အပေါ်မှာ သန့်ရှင်း သော ရေ ကို ဖြန်း သဖြင့် ၊ သင် တို့ကို ခပ်သိမ်း သော အညစ်အကြေး မှစ၍ ခပ်သိမ်း သော ရုပ်တု တို့နှင့် ကင်းစင် စေမည်။
And I will sprinkle clean water upon you, and ye shall be clean: from all your uncleannesses and from all your idols will I cleanse you.
26 ၂၆ စိတ်နှလုံး သစ် ကို ငါပေး မည်။ သဘော သစ် ကို သွင်း ထားမည်။ သင် တို့ကိုယ်ခန္ဓါ ထဲက ကျောက် နှလုံး ကို နှုတ် ၍ အသား နှလုံး ကိုပေး မည်။
And I will give you a new heart, and I will put a new spirit within you; and I will take away the stony heart out of your flesh, and I will give you a heart of flesh.
27 ၂၇ ငါ့ ဝိညာဉ် ကိုလည်း သင် တို့အထဲ သို့ သွင်း ပေး သဖြင့် ၊ သင်တို့သည် ငါ ၏တရား လမ်းသို့ လိုက် ၍ ၊ ငါ စီရင် တော်မူချက်တို့ကို စောင့်ရှောက် ကြလိမ့်မည်။
And I will put my Spirit within you, and cause you to walk in my statutes and keep mine ordinances, and ye shall do them.
28 ၂၈ ဘိုးဘေး တို့အား ငါပေး သော ပြည် ၌ သင်တို့သည် နေ ရ၍ ငါ ၏လူ ဖြစ် ကြလိမ့်မည်။ ငါ သည်လည်း သင် တို့၏ဘုရားသခင် ဖြစ် မည်။
And ye shall dwell in the land that I gave to your fathers, and ye shall be my people, and I will be your God.
29 ၂၉ သင် တို့ကို အညစ်အကြေး ရှိသမျှ တို့နှင့် ငါ ကင်းလွတ် စေမည်။ အစာ ခေါင်းပါးခြင်းဘေးကို ပယ်ရှား ခြင်းငှါ၊ ဆန် စပါးကို မှာ လိုက်၍ များပြား စေမည်။
And I will save you from all your uncleannesses; and I will call for the corn and will multiply it, and lay no famine upon you.
30 ၃၀ သင်တို့သည် မွတ်သိပ် ၍ တပါးအမျိုးသား တို့ ကဲ့ရဲ့ ခြင်းနှင့် လွတ် စေမည်အကြောင်း ၊ သစ်ပင် အသီး နှင့် မြေ အသီးအနှံ ကို ငါများပြား စေမည်။
And I will multiply the fruit of the trees and the increase of the field, so that ye may receive no more the reproach of famine among the nations.
31 ၃၁ ထိုအခါ သင်တို့သည် ကိုယ် ကျင့်ဘူးသောအကျင့် ဆိုး နှင့် မ ကောင်း သော အမှု တို့ကို အောက်မေ့ ၍၊ ကိုယ် ဒုစရိုက် အပြစ်၊ စက်ဆုပ် ရွံရှာဘွယ်သော အမှုတို့ကြောင့် ကိုယ်ကိုကိုယ် ရွံရှာ ကြလိမ့်မည်။
And ye shall remember your evil ways, and your doings which were not good, and shall loathe yourselves for your iniquities and for your abominations.
32 ၃၂ သင် တို့ကိုထောက်၍ ဤအမှုကို ငါ ပြု သည် မ ဟုတ်ဟု သိမှတ် ကြလော့။ အိုဣသရေလ အမျိုး ၊ ကိုယ် ပြု မိသောအမှုကြောင့် ရှက်ကြောက် လျက် ၊ မိန်မော တွေဝေလျက်နေကြလော့ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
Not for your sakes do I this, saith the Lord Jehovah, be it known unto you: be ashamed and confounded for your ways, O house of Israel.
33 ၃၃ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် တို့ဒုစရိုက် အပြစ်ရှိသမျှ တို့ကို ငါ ရှင်းလင်း သောအခါ ၊ မြို့ များ၌လူနေ စေ၍ ပျက်စီး သော အရပ်တို့သည် ပြုပြင် ခြင်းရှိကြလိမ့်မည်။
Thus saith the Lord Jehovah: In the day that I shall cleanse you from all your iniquities I will also cause the cities to be inhabited, and the waste places shall be builded.
34 ၃၄ ရှောက်သွား သော သူအပေါင်း တို့၏ မျက်မှောက် ၌ စွန့်ပစ် ဘူးသော မြေ တွင် တဖန် လယ်လုပ် ကြ လိမ့်မည်။
And the desolate land shall be tilled, whereas it was a desolation in the sight of all that passed by.
35 ၃၅ ထိုအခါ သူတပါးတို့က၊ အရင်စွန့်ပစ် သော ဤ မြေ သည် ဧဒင် ဥယျာဉ် ကဲ့သို့ ဖြစ် လေပြီ။ သုတ်သင် ပယ်ရှင်း ပျက်စီး သော မြို့ တို့သည်လည်း ခိုင်ခံ့ ၍ မြို့သား တို့နှင့် ပြည့်စုံကြပြီဟု ပြော ကြလိမ့်မည်။
And they shall say, This land that was desolate is become like the garden of Eden; and the waste and desolate and ruined cities [are] fortified [and] inhabited.
36 ၃၆ ထိုအခါ ပျက်စီး သော အရပ်တို့ကို ငါ ထာဝရ ဘုရား ပြုပြင် ကြောင်း ကို၎င်း၊ စွန့်ပစ် သောမြေတွင် လယ် လုပ် ကြောင်းကို၎င်း၊ သင် တို့ပတ်လည် ၌နေရစ် သော တပါးအမျိုးသား တို့သည် သိ ရကြလိမ့်မည်။ ငါ ထာဝရဘုရား သည် မိန့်မြွက် သည်အတိုင်း ပြု မည်။
And the nations that shall be left round about you shall know that I Jehovah build the ruined places [and] plant that which was desolate: I Jehovah have spoken, and I will do [it].
37 ၃၇ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုး အဘို့ ဤ အမှုကို ငါပြု ရမည်အကြောင်း ၊ သူတို့သည် ငါ့ကိုတောင်းပန် ရကြမည်။ သိုး များပြားသကဲ့သို့ ထိုအမျိုးသားချင်းတို့ကို များပြား စေမည်။
Thus saith the Lord Jehovah: I will yet for this be inquired of by the house of Israel, to do it unto them; I will increase them with men like a flock.
38 ၃၈ ပျက်စီး သောမြို့ တို့သည် သန့်ရှင်း သော သိုးစု တည်းဟူသော၊ ဓမ္မ ပွဲခံချိန်တွင် ယေရုရှလင် သိုးစု ကဲ့သို့ သော လူ စုတို့နှင့် ပြည့်စုံ ၍ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
As the holy flock, as the flock of Jerusalem in her set feasts, so shall the waste cities be filled with flocks of men: and they shall know that I [am] Jehovah.