< ယေဇကျေလ 35 >

1 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
Och HERRENS ord kom till mig; han sade:
2 အချင်းလူသား ၊ သင်သည် စိရ တောင် တဘက် ၌ မျက်နှာ ထား ၍ ပရောဖက်ပြု လျက်၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊
Du människobarn, vänd ditt ansikte mot Seirs berg och profetera mot det;
3 အိုစိရ တောင် ၊ သင့် တဘက် ၌ငါ နေ၏။ သင့် ကို ငါတိုက် ၍ သုတ်သင် ပယ်ရှင်းမည်။
säg till det: Så säger Herren, HERREN: Se, jag skall komma över dig, du Seirs berg, och uträcka min hand mot dig och göra dig öde och tomt.
4 သင် ၏မြို့ တို့ကို ငါဖျက်ဆီး သဖြင့် သင် သည် လူဆိတ်ညံ လျက်ရှိ၍ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရလိမ့်မည်။
Jag skall göra dina städer till ruiner, och självt skall du bliva öde; och du skall förnimma att jag är HERREN.
5 သင် သည် အစဉ် ရန်ငြိုး ဖွဲ့၍ ဣသရေလ အမျိုးသား တို့၌ အမှု ရောက်သောကာလ ၊ အပြစ် ကြောင့် ခံရသောကာလ အဆုံး ၌ ၊ သူတို့အသက်ကို ထား နှင့် သတ် သောကြောင့် ၊
Eftersom du har hyst en evig fiendskap mot Israels barn och givit dem till pris åt svärdet under deras ofärds tid, den tid då missgärningen hade nått sin gräns,
6 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက်ရှင် သည်အတိုင်း၊ အသက် သတ်ခြင်းအမှုကို သင် ၌ငါပြု ၍ ၊ ထိုအမှု သည်သင့် ကို လိုက် မည်။ အသက် သတ်ခြင်းအမှုကို သင်မ မုန်း သောကြောင့် ၊ ထိုအမှု သည် သင့် ကိုလိုက် ရလိမ့်မည်။
därför, så sant jag lever, säger Herren, HERREN, skall jag förvandla dig till blod, och blod skall förfölja dig; eftersom du icke har hatat blod, skall blod förfölja dig.
7 ထိုသို့ စိရ တောင် ကို ငါသုတ်သင် ပယ်ရှင်းသဖြင့် ထွက်သွား သောသူ၊ ပြန်လာ သောသူတို့ကို ပယ်ဖြတ် မည်။
Ja, jag skall göra Seirs berg tomt och öde och utrota därifrån envar som färdas där, fram eller tillbaka.
8 သင်၏တောင် တို့ကိုလည်း သင်၏သူရဲ အသေကောင်တို့နှင့် ငါပြည့် စေမည်။ သင့် နေရာကုန်း ၊ ချိုင့် ၊ မြစ် နား၌ထား ဖြင့် အသေ ခံရသောသူတို့ သည် ရှိ ကြ လိမ့်မည်။
Och jag skall uppfylla dess berg med dess slagna män; ja, på dina höjder, i dina dalar och vid alla dina bäckar skola svärdsslagna män falla.
9 သင့် ကိုအစဉ်မပြတ် သုတ်သင် ပယ်ရှင်းသဖြင့် ၊ သင် ၏မြို့ တို့၌ အဘယ်သူမျှမ နေ ရ။ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သင်သိ ရလိမ့်မည်။
Jag skall göra dig till en ödemark för evärdlig tid, och dina städer skola icke mer bliva bebodda; och I skolen förnimma att jag är HERREN.
10 ၁၀ သင် က၊ ဤတိုင်း ပြည် နှစ် ပြည်ကိုငါတို့သည် သိမ်း၍ပိုင် မည်ဟု ထို ပြည်၌ ထာဝရဘုရား ရှိ လျက်နှင့် ဆို မိသောကြောင့် ၊
Eftersom du sade: "De båda folken och de båda länderna skola bliva mina, vi skola taga dem i besittning" -- detta fastän HERREN bodde där --
11 ၁၁ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက်ရှင် သည်အတိုင်း၊ သင်သည်သူ တို့ကို ရန်ငြိုး ဖွဲ့၍ ဒေါသ စိတ်၊ ငြူစူ သောစိတ် တိုက်တွန်းသည် နှင့်အညီ သင်၌ ငါပြု မည်။ သင့် ကို စီရင် သောအခါ သူ တို့တွင် ငါထင်ရှား လိမ့်မည်။
därför, så sant jag lever, säger Herren, HERREN, skall jag utföra mitt verk med samma vrede och nitälskan varmed du i din hätskhet har utfört ditt verk mot dem; och jag skall göra mig känd bland dem, när jag dömer dig.
12 ၁၂ သင်က၊ ဣသရေလ တောင် တို့သည် ပျက်စီး ၍ ငါ တို့စားစရာ ဘို့ဖြစ်ကြ၏ဟု ကဲ့ရဲ့ ၍ပြောဆို သော စကားအလုံးစုံ တို့ကို ငါ ထာဝရဘုရား ကြား ကြောင်း ကို သင်သိ ရလိမ့်မည်။
Och du skall förnimma att jag är HERREN. Jag har hört alla de smädelser som du har talat mot Israels berg, i det du har sagt: "Det är en ödemark; de äro givna åt oss till mat."
13 ၁၃ ထိုသို့ သင်သည် ငါ့ တဘက် ၌ဝါကြွား ၍ ပြောမိ သောစကား အလုံးစုံတို့ကို ငါ ကြား ပြီဟု မိန့်တော်မူ၏။
Ja, I spärraden upp munnen mot mig och togen den full av ord mot mig; jag har väl hört det.
14 ၁၄ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ တပြည်လုံး ရွှင်လန်း သောအခါ သင့် ကိုငါဖျက်ဆီး မည်။
Så säger Herren, HERREN: Till hela jordens glädje skall jag göra dig till en ödemark.
15 ၁၅ ဣသရေလ အမျိုးသား တို့ အမွေ မြေ ပျက်စီး သည်ကို သင် သည် ဝမ်းမြောက် သောကြောင့် ၊ ထိုအတူ သင် ၌ ငါပြု မည်။ အိုစိရ တောင် ၊ သင်နှင့်တကွ ဧဒုံ ပြည် သည် အကုန်အစင် ပျက်စီး ၍ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
Därför att du gladde dig åt att Israels hus' arvedel blev ödelagd, därför skall jag göra likaså med dig. Du skall bliva en ödemark, du Seirs berg, du hela Edom, så långt du sträcker dig; och man skall förnimma att jag är HERREN.

< ယေဇကျေလ 35 >