< ယေဇကျေလ 32 >
1 ၁ သက္ကရာဇ် တဆယ် နှစ် ခု၊ ဒွါဒသမ လ တ ရက်နေ့ တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
Then it happened in the twelfth month of the twelfth year, on the first of the month, that the word of Yahweh came to me, saying,
2 ၂ အချင်းလူသား ၊ သင်သည်အဲဂုတ္တု ရှင်ဘုရင် ဖာရော မင်းအတွက် မြည်တမ်း ခြင်းကိုပြု၍ ပြောဆို ရမည်မှာ၊ သင်သည်လူမျိုး တို့တွင် ခြင်္သေ့ပျို ကဲ့သို့ ဖြစ်၏။ အိုင် ၌ နေသောမိကျောင်း ကဲ့သို့ လည်းဖြစ်၍၊ မြစ် တို့ကို ကူး သွားလျက် ၊ ခြေ ဖြင့် ရေ ကိုလှုပ်ရှား လျက် မြစ် ရေကို နောက် စေ၏။
“Son of man, lift up a lament concerning Pharaoh the king of Egypt; say to him, 'You are like a young lion among the nations, but you are like a monster in the seas; you churn up the water, you stir up the waters with your feet and muddy their waters.
3 ၃ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ လူမျိုး များ စုဝေး လျက်၊ ငါသည် ပိုက်ကွန် နှင့်သင့် ကို အုပ်မိ ၍၊ သူတို့သည် ပိုက်ကွန် နှင့်တကွသင့် ကို ဆွဲယူ ကြလိမ့်မည်။
The Lord Yahweh says this: So I will spread my net over you in the assembly of many peoples, and they will lift you up in my net.
4 ၄ ငါသည် သင့် ကိုကုန်း ပေါ်မှာ တင် ၍ လွင်ပြင် ၌ ပစ် ထားမည်။ မိုဃ်း ကောင်းကင်ငှက် အပေါင်း တို့ကို သင့် အပေါ်မှာ နား စေမည်။ မြေ သားအပေါင်း တို့ကို ဝ စွာ ကျွေးမည်။
I will abandon you in the land. I will throw you into a field and cause all the birds of the heavens to settle on you; the hunger of all living animals on earth will be satisfied by you.
5 ၅ သင့် အသား ကို တောင် တို့အပေါ်၌ ငါခင်း မည်။ ချိုင့် တို့ကို သင့် ကိုယ်နှင့် ပြည့် စေမည်။
For I will put your flesh on the mountains, and I will fill the valleys with your worm-filled corpse.
6 ၆ သင် မှ ယို သော အသွေး ဖြင့် မြေ ကိုတောင်ထိပ် တိုင်အောင် စို စေမည်။ မြစ် တို့သည် သင့် အသွေးနှင့် ပြည့် ကြလိမ့်မည်။
Then I will pour your blood over the mountains, and the stream beds will be filled with your blood.
7 ၇ သင့် ကို ငါဆုံး စေသောအခါ မိုဃ်းကောင်းကင် ကို ငါဖုံးလွှမ်း ၍ ကြယ် တို့ကို မိုက် စေမည်။ နေ ကို မိုဃ်းအုံ့ စေ၍ လ သည်လည်း အလင်း ကို မ ပေး ရ။
Then when I extinguish you, I will cover the heavens and darken their stars; I will cover the sun with clouds, and the moon will not shine its light.
8 ၈ သင့်အထက်၊ မိုဃ်း ကောင်းကင်၌ ထွန်းလင်း သော အလင်း အိမ် အလုံးစုံ တို့ကို မိုက် စေ၍၊ သင့် ပြည် ကို မှောင်မိုက် နှင့် ဖုံးလွှမ်း မည်။
All the shining lights in the heavens I will darken over you, and I will put darkness over your land—this is the Lord Yahweh's declaration.
9 ၉ သင်မ သိ ဘူးသော အတိုင်းတိုင်း အပြည်ပြည် တို့ တွင် သင် ပျက်စီး ခြင်းအကြောင်းကို ငါ ကြား စေသောအခါ ၊ လူမျိုး များ တို့ကို စိတ် ပူပန် စေမည်။
So I will terrify the heart of many peoples in lands that you do not know, when I bring about your collapse among the nations, among lands that you have not known.
10 ၁၀ အကယ်စင်စစ်သင့် အမှုကြောင့် လူမျိုး များ တို့ကို ငါမိန်းမော တွေဝေစေမည်။ ငါသည် ရှင်ဘုရင် တို့ ရှေ့မှာထား နှင့်ရွယ် သောအခါ ၊ သူတို့သည် သင့် အမှု ကြောင့် အလွန်ထိတ်လန့် ကြလိမ့်မည်။ သင် ဆုံးရှုံး သောနေ့ ၌ သူတို့သည် အသီးအသီး မိမိ တို့အသက် ကြောင့် ခဏခဏ စိုးရိမ် တုန်လှုပ်ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
I will shock many peoples concerning you; their kings will shudder in horror concerning you when I swing my sword before them. Every moment each one will tremble because of you, on the day of your downfall.
11 ၁၁ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဗာဗုလုန် ရှင်ဘုရင် ၏ ထား သည် သင့် အပေါ်သို့ရောက် လိမ့်မည်။
For the Lord Yahweh says this: The sword of the king of Babylon will come against you.
12 ၁၂ ခွန်အား ကြီးသောသူ၊ ကြောက်မက် ဘွယ်သော လူမျိုး အပေါင်း တို့ဖြင့် သင် ၏အလုံးအရင်း ကို ငါလဲ စေမည်။ သူတို့သည် အဲဂုတ္တု မာန ကို နှိမ့်ချ ၍၊ ပြည်သားအလုံးအရင်း ရှိသမျှ ကို ဖျက်ဆီး ကြလိမ့်မည်။
I will cause your multitudes to fall by warriors' swords—each warrior a terror of nations. These warriors will devastate the pride of Egypt and destroy all of its multitudes.
13 ၁၃ များစွာ သော ရေ အနားမှာ ကျက်စားသမျှ သောတိရစ္ဆာန် တို့ကိုလည်း ငါပယ်ရှင်း မည်။ နောက် တဖန် လူ ခြေ နှင့် တိရစ္ဆာန် ခြေ သည် ထိုရေကို မ နောက် စေရ။
For I will destroy all the livestock from beside the plentiful waters; the foot of man will no longer stir the waters up, neither will the hooves of cattle stir them.
14 ၁၄ ထိုရေ ကို ငါကြည် စေ၍ မြစ် ရေသည် ဆီ ကဲ့သို့ စီး စေမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
Then I will calm their waters and make their rivers run like oil— this is the Lord Yahweh's declaration.
15 ၁၅ ငါ သည် အဲဂုတ္တု ပြည် ၌ ဥစ္စာ ရှိသမျှကို ကုန် စေခြင်းငှါသုတ်သင် ပယ်ရှင်း၍၊ ပြည်သူ ပြည်သားအပေါင်း တို့ကို ဒဏ်ခတ် သောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်။
When I make the land of Egypt an abandoned place, when the land is made bare of all its fullness, when I attack all the inhabitants in her, they will know that I am Yahweh.
16 ၁၆ ဤ ရွေ့ကား၊ အဲဂုတ္တု ပြည်အတွက် ပြုရသော မြည်တမ်း ခြင်းတည်း။ အမျိုးမျိုး သော သတို့သမီး တို့ သည်လည်း မြည်တမ်း ၍၊ အဲဂုတ္တု ပြည်နှင့် ပြည်သားအလုံးအရင်း ရှိသမျှ တို့အတွက် မြည်တမ်း ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
There will be a lament; the daughters of the nations will lament over her; they will lament over Egypt, over all her multitudes they will lament—this is the Lord Yahweh's declaration.'”
17 ၁၇ သက္ကရာဇ် တဆယ် နှစ် ၊ ပဌမလတဆယ် ငါး ရက် နေ့တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
Then it happened in the twelfth year, on the fifteenth day of the month, that the word of Yahweh came to me, saying,
18 ၁၈ အချင်းလူသား ၊ အဲဂုတ္တု ပြည်သားအလုံးအရင်း အတွက် မြည်တမ်း ခြင်းကို ပြုလော့။ မြေတွင်း ထဲသို့ ဆင်း သွားသောသူတို့နေရာ မြေ အောက် အရပ်သို့ တိုင်အောင် ၊ ကျော်စော သောလူမျိုး သတို့သမီး တို့နှင့်တကွ နှိမ့်ချ လျက် မြွက်ဆိုရမည်မှာ၊
“Son of man, weep for the multitudes of Egypt and bring them down— her and the daughters of majestic nations—to the lowest earth with those who have gone down to the pit.
19 ၁၉ သင်သည် သူတပါး ထက် သာ၍လှ သလော။ အရေဖျား လှီးခြင်းကို မခံသော လူတို့နှင့်အတူ ဆင်းသက် ၍ နေရာ ကျလော့။
'Are you really more beautiful than anyone else? Go down and lie down with the uncircumcised.'
20 ၂၀ ထား ဘေး၌ အပ် သည်ဖြစ်၍၊ ထား ဖြင့်သေ သောသူတို့ နှင့်အတူ လဲ ၍သေရသောကြောင့်၊ သူ ကိုယ်တိုင်မှစ၍သူ ၏ လူအလုံးအရင်း ရှိသမျှ တို့ကို ဆွဲ ကြလော့။
They will fall among those who were killed by the sword. The sword has been drawn! She has been given to the sword; they will seize her and her multitudes.
21 ၂၁ ခွန်အား အကြီးဆုံးသော သူရဲ တို့သည် မရဏာ နိုင်ငံထဲက သူ နှင့် သူ ၏အခြံအရံ တို့ကို နှုတ်ဆက် ကြ လိမ့်မည်။ သူတို့သည်လည်း ဆင်း သွားကြပြီ။ ထား နှင့်သေ ၍၊ အရေဖျား လှီးခြင်းမခံသော အဖြစ်၌လဲ နေလျက် ရှိကြ၏။ (Sheol )
The strongest of the warriors in Sheol will declare about Egypt and her allies, 'They have come down here! They will lie with the uncircumcised, with those who were killed by the sword.' (Sheol )
22 ၂၂ ထို အရပ်၌ အာရှုရ နှင့်သူ ၏ လူ အလုံးအရင်းအပေါင်း လည်း ရှိကြ၏။ သူတို့သည် ထား ဖြင့် သေ ၍ လဲ နေလျက်၊ ပတ်လည် အရပ်ရပ်တို့၌ သူ တို့သင်္ချိုင်း များ ရှိကြ၏။
Assyria is there with all her assembly. Her graves surround her; all of them were killed by the sword.
23 ၂၃ ထိုသင်္ချိုင်း တို့သည် ဥမင် အတွင်း အနားမှာ စီ လျက်၊ မင်းသင်္ချိုင်း ၌ ပတ်လည် ခြံရံလျက် ရှိ ကြ၏။ အသက်ရှင် သောသူတို့ ၏နေရာ ၌ သူတပါးကို ကြောက် စေတတ်သောသူ ဖြစ်သော်လည်း၊ ထိုသူ ရှိသမျှ တို့သည် ထား ဖြင့် သေ ၍လဲ နေကြ၏။
Those whose graves are set in the recesses of the pit are there, with all her assembly. Her graves surround all of those who were killed, who fell by the sword, those who brought terror on the land of the living.
24 ၂၄ ထို အရပ်၌ ဧလံ နှင့်သူ ၏ သင်္ချိုင်း ပတ်လည် ၌ သူ ၏လူ အလုံးအရင်းရှိသမျှ တို့သည် ထား ဖြင့် သေ ၍ လဲ လျက်ရှိကြ၏။ အသက်ရှင် သောသူတို့ ၏နေရာ ၌ သူတပါးကို ကြောက် စေတတ်သော်လည်း၊ အရေဖျား လှီး ခြင်းကိုမခံသော လူဖြစ်၍မြေ အောက် အရပ်သို့ ဆင်း သွားရသဖြင့်၊ မြေတွင်း ထဲသို့ ဆင်း သွားသောသူတို့နှင့်အတူ ၊ အရှက်ကွဲ လျက် သေသောသူတို့နှင့်အတူနေရာကျ ကြ၏။
Elam is there with all her multitudes. Her graves surround her; all of them were killed. Those who fell by the sword, who have gone down uncircumcised to the lowest parts of the earth, who brought their terrors on the land of the living and who carry their own shame, together with the ones going down to the pit.
25 ၂၅ မိမိ အလုံးအရင်း နှင့် အိပ် ၍သူ တို့ သင်္ချိုင်း တွင်း တို့သည် ပတ်လည် ၌ ရှိကြ၏။ ထိုသူ ရှိသမျှ တို့သည် အရေဖျား လှီးခြင်းကို မခံသောလူဖြစ်၍ထား ဖြင့် သေ ကြ ၏။ အသက်ရှင် သောသူတို့၏ နေရာ ၌ သူတပါးကို ကြောက် စေတတ်သော်လည်း ၊ မြေတွင်း ထဲသို့ ဆင်း သွား သောသူတို့ နှင့်အတူ အရှက်ကွဲ သဖြင့် ၊ သေ သောသူတို့နှင့်အတူ နေရာ ကျကြ၏။
They set a bedroll for Elam and all her multitudes in the midst of the slain; her graves surround her. All of them are uncircumcised, pierced by the sword, because they had brought their terrors on the land of the living. So they carry their own shame, together with the ones going down to the pit among all those who have been killed, those who are going down to the pit. Elam is among all those who were killed.
26 ၂၆ ထို အရပ်၌ မိမိ အလုံးအရင်း ရှိသမျှ တို့နှင့်အတူ မေရှက် လည်း ရှိ၏။ တုဗလ လည်းရှိ၏။ သင်္ချိုင်း တွင်း တို့သည် ပတ်လည် ၌ရှိကြ၏။ အသက်ရှင် သောသူတို့၏ နေရာ ၌ သူတပါးကိုကြောက် စေတတ်သော်လည်း ၊ ထိုသူ ရှိသမျှ တို့သည် အရေဖျား လှီးခြင်းကို မခံသောသူဖြစ်၍ ထား ဖြင့် သေ လျက်နေကြ၏။
Meshech, Tubal, and all their multitudes are there! Their graves surround them. All of them are uncircumcised, killed by the sword, because they had brought their terrors on the land of the living.
27 ၂၇ သူတို့သည် ရှေးကာလ၌ လဲ ၍သေသော၊ အရေဖျား လှီးခြင်းကို မခံသော လူကြီး တို့နှင့်အတူ အိပ် ၍ နေရကြလိမ့်မည်မ ဟုတ်လော။ ထိုလူကြီးတို့သည် အသက်ရှင် သောသူတို့၏ နေရာ ၌ လူကြီး တို့ကို ကြောက် စေတတ်သော်လည်း ၊ စစ်တိုက် လက်နက် ပါလျက် မရဏာ နိုင်ငံထဲသို့ဆင်း သွား၍ ၊ မိမိ ထား ကို မိမိ ခေါင်း အောက်မှာ ထား လျက်၊ မိမိ တို့အရိုး ပေါ်မှာ မိမိ တို့ အပြစ် တည် လျက် ရှိကြ၏။ (Sheol )
They do not lie with the fallen warriors of the uncircumcised who have gone down to Sheol with all their weapons of war, and with their swords placed under their heads and their iniquities over their bones. For they were the terror of warriors in the land of the living. (Sheol )
28 ၂၈ သင် သည်လည်း၊ အရေဖျား လှီးခြင်းကိုမခံသော လူတို့အလယ် ၌ ကျိုးပျက် ၍ ၊ ထား ဖြင့်သေ သောသူတို့ နှင့်အတူ လဲ လျက်နေရလိမ့်မည်။
So you, Egypt, will be broken in the midst of the uncircumcised! You will lie alongside those who were pierced by the sword.
29 ၂၉ ထို အရပ်၌ ဧဒုံ လည်းရှိ၏။ ဧဒုံ ရှင်ဘုရင် နှင့် မှူး တော် မတ်တော်တို့သည် မိမိ တို့တန်ခိုး ပါလျက်၊ ထား ဖြင့်သေ သောသူတို့ နှင့်အတူ နေရာ ကျ၍၊ အရေဖျား လှီးခြင်းကို မခံသောလူ၊ မြေတွင်း ထဲသို့ ဆင်း သွားသောသူတို့နှင့်အတူ အိပ် ရကြ၏။
Edom is there with her kings and all her leaders. They have been placed in their strength with those killed by the sword. With the uncircumcised they lie, with those who have gone down to the pit.
30 ၃၀ ထို အရပ်၌ မြောက် ပြည်မင်း ၊ ဇိဒုန် မင်းအပေါင်း တို့သည် ရှိကြ၏။ ကိုယ်တန်ခိုး ကို ရှက် လျက်၊ ထိတ်လန့် လျက် သေ သောသူတို့နှင့်အတူ ဆင်း သွားကြပြီ။ ထား ဖြင့် သေ သောသူတို့နှင့်အတူ အရေဖျား လှီးခြင်းကို မခံသော လူဖြစ်၍ အိပ် ကြ၏။ မြေတွင်း ထဲသို့ ဆင်းသက် သောသူတို့ နှင့်အတူအရှက်ကွဲ လျက် နေကြ၏။
The princes of the north are there—all of them and all the Sidonians who went down with the ones who had been pierced. They were powerful and made others to be afraid, but now they are there in shame, uncircumcised with those who were pierced by the sword. They carry their own shame, together with the ones going down to the pit.
31 ၃၁ ဖါရော ဘုရင်သည် ထိုလူ များကိုမြင် ၍ ၊ ထား ဖြင့် သေ သော မိမိ လူအလုံးအရင်း ရှိသမျှတို့ကြောင့် ပူပန် သောစိတ် လျော့၍၊ ဖာရော ဘုရင်နှင့် မိမိ ဗိုလ်ခြေ အပေါင်း တို့သည် သက်သာ ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
Pharaoh will look and be comforted about all his multitudes who were pierced by the sword—Pharaoh and all his army—this is the Lord Yahweh's declaration.
32 ၃၂ အသက်ရှင် သောသူတို့ ၏နေရာ ၌ သူသည် သူတပါးတို့ကို ကြောက် စေသောအခွင့်ကို ငါပေးသော်လည်း ၊ ဖာရော ဘုရင်နှင့် သူ ၏လူ အလုံးအရင်းရှိသမျှ တို့ သည် ထား ဖြင့် သေ သောသူတို့နှင့်အတူ ၊အရေဖျား လှီးခြင်းကိုမခံသောလူတို့အလယ် ၌ လဲ ၍ နေကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
I put him as my terrifying one in the land of the living, but he will be laid down in the midst of the uncircumcised, among those pierced by the sword, Pharaoh and all his multitudes—this is the Lord Yahweh's declaration.”