< ယေဇကျေလ 31 >
1 ၁ သက္ကရာဇ် တဆယ် တခု ၊ တတိယ လ တ ရက်နေ့ တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
Then it came about in the eleventh year, in the third month, on the first day of the month, that the word of Yahweh came to me, saying,
2 ၂ အချင်းလူသား ၊ သင်သည် အဲဂုတ္တု ရှင်ဘုရင် ဖာရော မင်းနှင့် သူ ၏အလုံးအရင်း အား ဟောပြော ရမည် မှာ၊ သင်သည် ဘုန်း တန်ခိုးကြီး၍ အဘယ်သူ နှင့် တူသနည်း။
“Son of man, say to Pharaoh, the king of Egypt, and to his multitudes around him, 'In your greatness, who are you like?
3 ၃ အာရှုရိ လူသည် အဆင်းလှ ၍ လွှမ်းမိုး သော အကိုင်း ၊ မြင့် သောအရပ် ၊ ထူထပ် သောအခက်အလက်တို့နှင့် ပြည့်စုံသော ထိပ်ဖျား ရှိ သောလေဗနုန် အာရဇ် ပင်ဖြစ်၏။
Behold! Assyria was a cedar in Lebanon with beautiful branches, giving shade to the forest, and the tallest in height, and the branches formed its treetop.
4 ၄ မြစ်ရေ ၏ကျေးဇူးကြောင့် ကြီးမား ခြင်း၊ နက်နဲ သောရေ၏ကျေးဇူးကြောင့် အရပ် မြင့်ခြင်းရှိ၏။ သူစိုက် ရာ အရပ်ရပ် တို့၌ ရေ စီး ၍ ၊ ခပ်သိမ်း သော တော ပင် ရှိရာသို့ မြစ် ရေသည် နှံ့ပြား လေ၏။
Many waters made it tall; the deep waters made it huge. Rivers flowed all around its area, for their channels stretched out to all the trees in the field.
5 ၅ ထိုသို့ သောအားဖြင့် တော သစ်ပင် တကာ တို့ ထက် အရပ် မြင့်လေ၏။ တိုးပွားသောအခါ ရေ များ သောကြောင့် အကိုင်းအခက် များပြား ၍၊ အလက် တို့သည် ရှည်လျား ကြ၏။
Its great height was more than any of the other trees in the field, and its branches became very many; its branches grew long because of many waters as they grew.
6 ၆ မိုဃ်း ကောင်းကင်ငှက် အပေါင်း တို့သည် အကိုင်းအခက် တို့၌ အသိုက် လုပ်ကြ၏။ တော တိရစ္ဆာန် အပေါင်း တို့သည် အကိုင်းအခက် တို့ အောက်၌ သာ ဘွား ကြ၏။ ထိုအပင် ၏ အရိပ် ၌ ကြီးမား သော လူမျိုး အပေါင်း တို့ သည် နေ ကြ၏။
Every bird of the heavens nested in its branches, while every living thing of the field gave birth to its young under its foliage. All of the many nations lived under its shade.
7 ၇ ထိုသို့ ရေ များ သောအရပ်၌ အမြစ် စွဲ သောကြောင့် ၊ ကြီးမြင့် ၍ အခက်အလက် ရှည်လျား သဖြင့် လှ သောအဆင်းနှင့် ပြည့်စုံ၏။
For it was beautiful in its greatness and the length of its branches, for its roots were in many waters.
8 ၈ ဘုရားသခင် ၏ ဥယျာဉ် တော်၌ အာရဇ် ပင်တို့ သည် ထိုအပင် ကို မ ကွယ် နိုင်။ ထင်းရူး ပင်နှင့် အာရမုန် ပင်တို့သည် ထိုသို့သော အကိုင်းအခက် နှင့်မ ပြည့်စုံ ကြ။ ဘုရားသခင် ၏ ဥယျာဉ် တော်၌ သစ်ပင် တပင် မျှ ထိုအပင် ကဲ့သို့ အဆင်း မ လှ။
Cedars in the garden of God could not equal it. None among the cypress trees matched its branches, and the plane tree could not equal its boughs. There was no other tree in the garden of God that was like it in its beauty.
9 ၉ ဧဒင် အရပ်၊ ဘုရားသခင် ၏ဥယျာဉ် တော်၌ ရှိသမျှ သော သစ်ပင် တို့သည် ထိုအပင် ကို ငြူစူ သည်တိုင်အောင်၊ အခက်အလက် များပြား သောအားဖြင့် သူ၏အဆင်းကို ငါလှ စေ ၏။
I made it beautiful with its many branches and all the trees of Eden that were in the garden of God envied it.
10 ၁၀ တဖန်အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ ထိုအာရဇ်ပင်သည် အရပ် မြင့် လျက်၊ ထူထပ် သော အခက်အလက်တို့နှင့် ပြည့်စုံသော မိမိ ထိပ်ဖျား ကို ချီးမြှောက် လျက်၊ စိတ် လည်း မြင့် ၍ ဝါကြွား လျက်ရှိသောကြောင့် ၊
Therefore the Lord Yahweh says this: Because it was tall in height, and it set its treetop between its branches, it lifted up its heart because of its height.
11 ၁၁ လူမျိုး တို့တွင် တန်ခိုး ကြီး၍ သူ့ ကိုကျပ်တည်း စွာ စီရင်သောသူ ၏လက် သို့ ငါအပ် လေပြီ။ သူ ပြုသော အဓမ္မ အမှုကြောင့် နှင်ထုတ် လေပြီ။
I have given it into the hand of a mighty one of the nations, to deal with it according to what its wickedness deserves. I have thrown it out.
12 ၁၂ ကြောက်မက် ဘွယ်သော တကျွန်း တနိုင်ငံသား တို့သည် သူ့ ကို ခုတ်လှဲ ၍ ပစ်ထား ကြပြီ။ အကိုင်းအခက် တို့သည် တောင် ပေါ် နှင့် ချိုင့် ထဲမှာ ကျ ၍ တပြည်လုံး မြစ် နားမှာ ကျိုးပဲ့ လျက်နေကြ၏။ မြေကြီး သားအပေါင်း တို့သည် သူ့ အရိပ် ထဲက ထွက် ၍ သူ့ ကိုစွန့် သွားကြ၏။
Foreigners who were the terror of all the nations cut it off and left it to die. Its branches fell on the mountains and all the valleys, and its boughs lay broken in all the ravines of the land. Then all the nations on earth came out from under its shade and they went away from it.
13 ၁၃ မိုဃ်း ကောင်းကင်ငှက် နှင့် တော တိရစ္ဆာန် အပေါင်း တို့သည် ကျိုးပဲ့ သော အကိုင်းအခက် တို့ အပေါ်မှာ နေ ရကြ၏။
All the birds of the sky rested on the trunk of the fallen tree, and every animal of the field came to its branches.
14 ၁၄ အကြောင်းမူကား၊ ရေ နားမှာရှိသမျှ သော သစ်ပင် တို့တွင် တပင်မျှအရပ် မြင့်သောကြောင့် မ ဝါကြွား ။ ထူထပ် သော အခက်အလက်တို့တွင် မိမိ ထိပ်ဖျား ကို မ ချီးမြှောက် မည်အကြောင်း၊ ရေ ကိုသောက် သမျှ သောအပင်တပင်မျှအရပ် မြင့်လျက် မ ပြိုင် ဝံ့မည်အကြောင်းတည်း။ ထိုအပင် အပေါင်း တို့သည် မြေတွင်း ထဲသို့ ဆင်း တတ်သောလူသား တို့နှင့်အတူသေ ခြင်းသို့ ၎င်း ၊ မြေ အောက် အရပ်သို့ ၎င်း ရောက်စေခြင်းငှါငါအပ် လေပြီ။
This happened so that no other trees that grow by the waters will lift up their foliage to the height of the tallest trees, and that no other trees that grow beside the waters will reach up to that height. All of them have been assigned to death, to the earth below, among the children of humanity, with those that go down to the pit.
15 ၁၅ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သူသည် မရဏာ နိုင်ငံထဲသို့ ဆင်း သွားသောနေ့ ၌ နက်နဲ သောအရပ်ကို သူ့ အဘို့ မသာ အဝတ်နှင့် ငါဖုံးလွှမ်း ၏။ လှိုင်း တံပိုးတို့ကို ငါကန့်ကွက် ၍ ကြီးစွား သော ရေ ကို ချုပ်ထား ၏။ လေဗနုန် တောင်ကို သူ့ အဘို့ မသာ အဝတ် ကို ဝတ်စေ၍ ၊ တော သစ်ပင် အပေါင်း တို့သည် စိတ်ပျက် ကြ၏။ (Sheol )
The Lord Yahweh says this: On the day when the cedar went down to Sheol I brought mourning to the earth. I covered the deep waters over it, and I held back the ocean waters. I kept back the great waters, and I brought mourning to Lebanon for him. So all the trees of the field mourned because of it. (Sheol )
16 ၁၆ မြေတွင်း ထဲသို့ ဆင်း သွားသောသူတို့နှင့်အတူ သူ့ ကို မရဏာ နိုင်ငံထဲသို့ ငါ နှိမ့်ချ သောအခါ ၊ နှိမ့်ချ သံ အားဖြင့် လူ အမျိုးမျိုးတို့ကို ငါတုန်လှုပ် စေ၏။ ဧဒင် သစ်ပင် ရှိသမျှ တို့နှင့် အကောင်းဆုံး ။ အမြတ်ဆုံး သော လေဗနုန် သစ်ပင်မှစ၍၊ ရေ ကိုသောက် သမျှ သောသစ်ပင်တို့သည် မြေ အောက် အရပ်တို့၌ သက်သာ ခြင်းသို့ ရောက်ကြ၏။ (Sheol )
I brought shuddering to the nations at the sound of its downfall, when I threw it down to Sheol with those who went down into the pit. So I comforted all the trees of Eden in the lowest parts of the earth. These had been the choicest and best trees of Lebanon; the trees that drank the waters. (Sheol )
17 ၁၇ ထိုသူ နှင့်တကွ သူ့ လက်ရုံး ဖြစ်၍၊ လူမျိုး တို့တွင် သူ့ အရိပ် ကို ခို သောသူတို့သည် ထား ဖြင့် အသေ ခံရသောသူတို့ နေရာ၊ မရဏာ နိုင်ငံထဲသို့ လိုက် သွားကြ၏။ (Sheol )
For they also went down with it to Sheol, to the ones who had been killed by the sword. These were its strong arm, those nations who had lived in its shade. (Sheol )
18 ၁၈ သင်သည် ဘုန်း တန်ခိုးအာနုဘော် အားဖြင့် အဘယ်မည် သော ဧဒင် သစ်ပင် နှင့် တူသနည်း။ သင် သည် ဧဒင် သစ်ပင် တို့နှင့်အတူ မြေ အောက် အရပ်သို့ နှိမ့်ချ ခြင်းကိုခံရမည်။ အရေဖျား လှီးခြင်းကို မခံသောလူ၊ ထား ဖြင့်အသေ ခံရသောသူတို့နှင့်အတူ လဲ ၍နေရမည်။ ထိုသို့ ဖာရော ဘုရင်နှင့် သူ့ အလုံးအရင်း ရှိသမျှ တို့သည် ဖြစ်ရကြမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
Which of the trees in Eden was your equal in glory and greatness? For you will be brought down with the trees of Eden to the lowest parts of the earth among the uncircumcised; you will live with those who were killed by the sword.' This is Pharaoh and all of his multitudes—this is the Lord Yahweh's declaration.”