< ယေဇကျေလ 30 >

1 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
And the word of the Lord came to me, saying:
2 အချင်းလူသား ၊ သင်သည် ပရောဖက်ပြု လျက် ၊ အရှင် ထာဝရဘုရား ၏အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ ရောက်ရသောနေ့ သည် အမင်္ဂလာ ရှိသည်ဟု အော်ဟစ် ကြလော့။
“Son of man, prophesy and say: Thus says the Lord God: Wail: ‘Woe, woe to the day!’
3 ထိုနေ့ နီး ပြီ။ ထာဝရဘုရား ၏နေ့ ၊ မိုဃ်းအုံ့ သောနေ့ ၊ တပါး အမျိုးသားဘို့ ချိန်းချက်သော အချိန် နီး ပြီ။
For the day is near, and the day of the Lord is approaching! It is a day of gloom; it will be the time of the Gentiles.
4 ထား ဘေးသည် အဲဂုတ္တု ပြည်သို့ ရောက် သဖြင့် ၊ သူရဲ တို့သည် လဲ ၍သေကြသောအခါ ၊ အဲသယောပိ ပြည် သည် ပူပန် လိမ့်မည်။ အလုံးအရင်း ကို ပယ်ရှား ၍ မူလ အမြစ်ကို ဖြိုဖျက် ကြလိမ့်မည်။
And the sword will come to Egypt. And there will be dread in Ethiopia, when the wounded will have fallen in Egypt, and its multitude will have been taken away, and its foundations will have been destroyed.
5 အဲသယောပိ ပြည်သား၊ ဖုတ ပြည်သား၊ လုဒ ပြည်သား၊ အမျိုး မစစ်သော လူရှိသမျှ ၊ ခုဘ အမျိုးသား၊ မိဿဟာယ ဖွဲ့သော ပြည်သား တို့သည်၊ အဲဂုတ္တု ပြည်သားတို့နှင့်တကွ ထား ဖြင့် လဲ ၍သေကြလိမ့်မည်။
Ethiopia, and Libya, and Lydia, and all the rest of the common people, and Chub, and the sons of the land of the covenant, will fall with them by the sword.
6 အဲဂုတ္တု ပြည်ကို ထောက်မ သောသူတို့သည် လဲ ၍သေကြသဖြင့် ၊ အဲဂုတ္တု အစွမ်းသတ္တိ ၏ ဂုဏ်အသရေသည် ဆုံး လိမ့်မည်။ မိဂဒေါလ မြို့မှစ၍ သုဏေ မြို့ တိုင်အောင်အဲဂုတ္တုပြည်သားတို့သည် ထား ဖြင့် လဲ ၍ သေကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
Thus says the Lord God: And those who prop up Egypt will fall, and the arrogance of its reign will be brought down. They will fall in it by the sword, before the tower of Syene, says the Lord, the God of hosts.
7 ပျက်စီး သော ပြည် တို့တွင် ပျက်စီး လျက်ရှိကြ၍ ၊ လူဆိတ်ညံ သော မြို့ တို့တွင် အဲဂုတ္တုမြို့တို့သည် ပါဝင် ကြ လိမ့်မည်။
And they will be scattered into the midst of desolate lands, and its cities will be in the midst of cities that have been deserted.
8 ငါသည် အဲဂုတ္တု ပြည်၌ မီးညှိ ၍ ထိုပြည်ကို မစ သမျှ သောသူတို့ သည် ပျက်စီး ကြသောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်။
And they shall know that I am the Lord, when I will have brought a fire into Egypt, and when all its helpers will have been worn away.
9 ထိုအခါစိုးရိမ် ခြင်းမရှိသော အဲသယောပိ ပြည်သားတို့ကို ကြောက် စေခြင်းငှါ၊ ငါစေလွှတ်သော တမန် တို့ သည် သင်္ဘော စီး၍ သွား ကြသဖြင့်၊ အဲဂုတ္တု ပြည်၏ အချိန် ၌ သူတို့သည်လည်း အလွန်ဆင်းရဲ ခြင်းသို့ ရောက် ရကြ လိမ့်မည်။ ထိုအချိန်လည်းနီး ပြီဟု မိန့်တော်မူ၏။
In that day, messengers will go forth from my face in Greek warships, in order to crush the confidence of Ethiopia. And there will be dread among them in the day of Egypt; for without doubt, it will happen.
10 ၁၀ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ အားဖြင့် အဲဂုတ္တု ပြည် ၏ အလုံးအရင်း ကို ငါဖြတ် မည်။
Thus says the Lord God: By the hand of Nebuchadnezzar, the king of Babylon, I will cause the multitude of Egypt to cease.
11 ၁၁ ထိုရှင်ဘုရင် နှင့်တကွ သူ ၏လူ များ၊ ကြောက်မက် ဘွယ်သော လူမျိုး များတို့သည် အဲဂုတ္တုပြည် ကို ဖျက်ဆီး ခြင်းငှါ လာ ၍ ၊ ထား ကိုင် လျက် တပြည်လုံး ကို သူရဲ တို့နှင့် ပြည့် စေကြလိမ့်မည်။
He, and his people with him, the strongest of the Gentiles, will be brought forth in order to destroy the land. And they will draw their swords over Egypt. And they will fill the land with the slain.
12 ၁၂ မြစ် တို့ကို ငါခန်းခြောက် စေ၍ ၊ အဓမ္မ လူတို့အား ပြည် ကို ရောင်း လိုက်မည်။ တကျွန်း တနိုင်ငံသားတို့ လက် ဖြင့် ပြည် နှင့်တကွ ပြည် ၌ ပါသမျှ ကို ငါဖျက်ဆီး မည်။ ငါ ထာဝရဘုရား ပြော ပြီ။
And I will cause the channels of the rivers to dry up. And I will deliver the land into the hand of the most wicked. And by the hands of foreigners, I will utterly destroy the land and its plenitude. I, the Lord, have spoken.
13 ၁၃ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ရုပ်တု တို့ကို ငါဖျက်ဆီး ၍ ၊ နောဖ ပြည်၌ ဆင်းတု တို့ကိုလည်း ပယ်ဖြတ် မည်။ နောက် တဖန် အဲဂုတ္တု မင်း မျိုးမ ရှိ ရ။ အဲဂုတ္တု ပြည် သည် ကြောက်ရွံ့ မည်အကြောင်းကို ငါပြု မည်။
Thus says the Lord God: And I will destroy the graven images, and I will cause the idols of Memphis to cease. And there will no longer be a commander of the land of Egypt. And I will send terror upon the land of Egypt.
14 ၁၄ ပါသရု ပြည်ကို ငါဖျက် မည်။ ဇောန မြို့ကိုလည်း မီး ရှို့မည်။ နော မြို့ကိုလည်း အပြစ်ဒဏ် စီရင် မည်။
And I will destroy the land of Pathros, and I will send a fire upon Tahpanhes, and I will execute judgments in Alexandria.
15 ၁၅ အဲဂုတ္တု ပြည်၏ အစွမ်းသတ္တိ ဖြစ်သော သိန် မြို့ အပေါ်သို့ ငါသည် အမျက် ကို သွန်းလောင်း ၍ ၊ နော မြို့သားအလုံးအရင်း ကို ပယ်ဖြတ် မည်။
And I will pour out my indignation upon Pelusium, the strength of Egypt, and I will kill the multitude of Alexandria.
16 ၁၆ အဲဂုတ္တု ပြည်၌ မီးညှိ ၍ သိန် မြို့သည် တုန်လှုပ် ခြင်း၊ နော မြို့ရိုးသည် ပြို ပေါက်ခြင်း၊ နောဖ မြို့သည် နေ့ အချိန်၌ပင် စစ်တိုက် ခြင်းကိုခံရ လိမ့်မည်။
And I will send a fire upon Egypt. Pelusium will be in pain, like a woman giving birth. And Alexandria will be utterly destroyed. And in Memphis, there will be anguish every day.
17 ၁၇ အာဝင် မြို့၊ ဖိဗေသက် မြို့သားလုလင် တို့သည် ထား ဖြင့် လဲ ၍ သေကြသဖြင့်၊ မိန်းမတို့သည် သိမ်း သွား ခြင်းကိုခံရ ကြလိမ့်မည်။
The young men of Heliopolis and Pibeseth will fall by the sword, and the young women will be led into captivity.
18 ၁၈ တာပနက် မြို့၌ အဲဂုတ္တု လှံတံ တို့ကို ငါ ချိုး ၍ ၊ သူ့ အစွမ်းသတ္တိ ၏ ဂုဏ် အသရေဆုံး သောအခါ နေ့ အချိန် ၌ အလင်းကွယ် လိမ့်မည်။ မိုဃ်းအုံ ၍ မြို့ သမီး တို့သည် သိမ်း သွားခြင်းကိုခံရ ကြလိမ့်မည်။
And in Tahpanhes, the day will grow black, when, in that place, I will break the scepters of Egypt. And the arrogance of her authority will fail within her; a gloom will cover her. Then her daughters will be led into captivity.
19 ၁၉ ထိုသို့ အဲဂုတ္တု ပြည်၌ ငါသည် အပြစ်ဒဏ် စီရင် ၍ ၊ ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
And I will execute judgments in Egypt. And they shall know that I am the Lord.”
20 ၂၀ သက္ကရာဇ် တဆယ် တခု ၊ ပဌမ လ ခုနစ် ရက်နေ့ တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
And it happened that, in the eleventh year, in the first month, on the seventh of the month, the word of the Lord came to me, saying:
21 ၂၁ အချင်းလူသား ၊ အဲဂုတ္တု ရှင်ဘုရင် ဖာရော မင်း၏ လက်ရုံး ကို ငါချိုး ပြီ။ ဆေးကု ၍မ ထုပ် ရ။ ထား ကိုင် စေ ဘို့ ပကတိခွန်အား ရှိစေခြင်းငှါအဝတ် နှင့်မစည်းရ။
“Son of man, I have broken the arm of Pharaoh, the king of Egypt. And behold, it has not been wrapped, so that it might be restored to health; it has not been bound with cloths, or bandaged with linen, so that, having recovered strength, it would be able to hold the sword.
22 ၂၂ ဤ အမှု၌ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ ငါ သည် အဲဂုတ္တု ရှင်ဘုရင် ဖာရော မင်းတဘက် ၌ နေသဖြင့် ၊ သူ ၏လက်ရုံး တည်းဟူသော၊ ခိုင်မာ သော လက်ရုံးနှင့် အရင်ချိုး သောလက်ရုံးကို ငါချိုး ၍ ထား ကို သူ့ လက် မှ ကျ စေမည်။
Because of this, thus says the Lord God: Behold, I am against Pharaoh, the king of Egypt, and I will shatter his strong arm, which has already been broken. And I will cast the sword away from his hand.
23 ၂၃ အဲဂုတ္တု လူတို့ကို အတိုင်းတိုင်း အပြည်ပြည် တို့ တွင် ကွဲပြား ပြန့်လွင့် စေမည်။
And I will disperse Egypt among the nations, and I will scatter them among the lands.
24 ၂၄ ဗာဗုလုန် ရှင်ဘုရင် ကို ငါခိုင်မာ စေ၍ ၊ ငါ့ ထား ကို သူ့ လက် ၌ အပ် မည်။ ဖာရော မင်း၏ လက်ရုံး တို့ကို ငါချိုး သဖြင့် ၊ သူသည် အသေ သတ်ခြင်းကို ခံရသောသူ အော်ဟစ် သကဲ့သို့၊ ဗာဗုလုန် ရှင်ဘုရင်ရှေ့မှာ အော်ဟစ် ရလိမ့်မည်။
And I will strengthen the arms of the king of Babylon. And I will put my sword into his hand. And I will break the arms of Pharaoh. And they will groan acutely, when they are slain before his face.
25 ၂၅ ဗာဗုလုန် ရှင်ဘုရင် ၏ လက်ရုံး တို့ကို ငါခိုင်မာ စေမည် ။ ဖာရော ဘုရင်၏ လက် မူကား ၊ အောက်သို့ကျ လိမ့်မည်။ ငါ့ ထား ကို ဗာဗုလုန် ရှင်ဘုရင် လက် ၌ ငါ အပ် ၍၊ သူသည် အဲဂုတ္တ ပြည် ကို ထိုထားနှင့်ခုတ် သောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့ သိ ရကြလိမ့်မည်။
And I will strengthen the arms of the king of Babylon. And the arms of Pharaoh will fall. And they shall know that I am the Lord, when I will have given my sword into the hand of the king of Babylon, and when he will have extended it over the land of Egypt.
26 ၂၆ ထိုသို့ အဲဂုတ္တု လူတို့ကို အတိုင်းတိုင်း အပြည်ပြည် တို့၌ ငါကွဲပြား ပြန့်လွင့် စေမည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
And I will disperse Egypt among the nations, and I will scatter them among the lands. And they shall know that I am the Lord.”

< ယေဇကျေလ 30 >