< ယေဇကျေလ 3 >

1 တဖန် ၊ အချင်းလူသား ၊ သင်တွေ့ သောအရာ ကို စား လော့။ ဤ စာလိပ် ကိုစားပြီးလျှင်၊ ဣသရေလ အမျိုးသား တို့ရှိရာသို့ သွား ၍ ဟောပြော လော့ဟု မိန့် တော်မူသည်အတိုင်း ၊
Naye akaniambia, “Mwanadamu, kula kile kilichoko mbele yako, kula huu ukurasa wa kitabu, kisha uende ukaseme na nyumba ya Israeli.”
2 ငါ သည်ပစပ် ကိုဖွင့် စဉ် ထို စာလိပ် ကို ခွံ့ တော်မူလျက် ၊
Ndipo nikafungua kinywa changu, naye akanilisha ule ukurasa wa kitabu.
3 အချင်းလူသား ၊ ငါ ပေး သော ဤ စာလိပ် ကို စား ၍ ဝမ်း ပြည့် စေလော့ဟု မိန့် တော်မူသည်အတိုင်း ၊ ငါသည် စား ၍ ပစပ် ၌ ပျားရည် ကဲ့သို့ ချို ၏။
Ndipo akaniambia, “Mwanadamu, kula ukurasa huu wa kitabu ninaokupa ujaze tumbo lako.” Kwa hiyo nikaula, ulikuwa mtamu kama asali kinywani mwangu.
4 တဖန် ၊ အချင်းလူသား ၊ ဣသရေလ အမျိုးသား တို့ ရှိရာသို့ သွား ၍ ငါ့ စကား ကို ဟောပြော လော့။
Kisha akaniambia, “Mwanadamu, sasa nenda katika nyumba ya Israeli ukaseme nao maneno yangu.
5 သင် မသိမကျွမ်း၊ နားလည်ခဲသော စကားကို ပြောတတ်သော လူမျိုး ရှိရာသို့ သင့်ကို ငါစေလွှတ်သည် မဟုတ်။ ဣသရေလ အမျိုး ရှိရာသို့ စေလွှတ် ၏။
Hukutumwa kwa taifa lenye maneno ya kutatiza na lugha ngumu, bali kwa nyumba ya Israeli.
6 သင်မ သိ မကျွမ်း၊ နားလည် ခဲသောစကား၊ အလျှင်း နား မလည်နိုင်သော စကား ကို ပြောတတ်သော လူ အမျိုးမျိုး တို့ ရှိရာသို့ စေလွှတ်သည်မဟုတ်။ အကယ်၍ ထိုသို့ သောသူ တို့ ရှိရာသို့ စေလွှတ် လျှင်၊ သင့် စကားကို နားထောင် ကြလိမ့်မည်။
Sikukutuma kwa mataifa mengi yenye maneno ya kutatiza na lugha ngumu ambao maneno yao hutayaelewa. Hakika ningekutuma kwa watu hao, wangekusikiliza.
7 ဣသရေလ အမျိုး တို့မူကား ၊ သင့် စကားကို နား မ ထောင်ကြ။ ငါ့ စကားကို ပင် နား မ ထောင်ကြ။ ဣသရေလ အမျိုးသား အပေါင်း တို့သည် ခိုင်မာ သော နဖူး နှင့် ခိုင်မာ သော နှလုံး ရှိကြ၏။
Lakini nyumba ya Israeli haitakusikiliza kwa kuwa hawako radhi kunisikiliza mimi, kwa kuwa nyumba yote ya Israeli ni wenye vipaji vya nyuso vigumu na mioyo ya ukaidi.
8 သို့ရာတွင်၊ သူ တို့မျက်နှာ တဘက် ၌ သင် ၏ မျက်နှာ ကို၎င်း ၊ သူ တို့နဖူး တဘက် ၌ သင် ၏နဖူး ကို၎င်းငါခိုင်ခံ့ စေ ပြီ။
Tazama nimefanya uso wako mgumu dhidi ya nyuso zao na kipaji cha uso wako kigumu dhidi ya vipaji vya nyuso zao.
9 သင် ၏နဖူး ကို ကျောက် ထက် မက၊ စိန် ထက် သာ၍ခိုင်မာ စေ ပြီ။ သူ တို့သည် ပုန်ကန် တတ်သော အမျိုး ဖြစ်၍ ၊ သင်သည်မ ကြောက် နှင့်။ သူ တို့မျက်နှာရည်ကြောင့် စိတ် မ ပျက်နှင့်ဟု မိန့်တော်မူ၏။
Kama vile almasi ilivyo ngumu kuliko gumegume, ndivyo nilivyokifanya kipaji cha uso wako. Usiwaogope wala usiwahofu, ijapokuwa ni nyumba ya kuasi.”
10 ၁၀ တဖန် ၊ အချင်းလူသား ၊ သင့် အား ငါပြော လတံ့ သမျှ သော စကား တို့ကို နားထောင် ၍ နှလုံး သွင်း လော့။
Naye akaniambia, “Mwanadamu, sikiliza kwa makini na uyatie moyoni mwako maneno yote nitakayosema nawe.
11 ၁၁ သိမ်းသွား ခြင်းကို ခံရသောသင် ၏အမျိုးသား ချင်းတို့ရှိရာသို့ သွား ၍ ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ဟု၊ သူတို့နားထောင် သည်ဖြစ်စေ ၊ နား မထောင်သည်ဖြစ်စေ ၊ ဟောပြောလော့ဟု မိန့်တော်မူ၏။
Kisha nenda kwa watu wa taifa lako walio uhamishoni, ukaseme nao. Waambie, ‘Hivi ndivyo Bwana Mwenyezi asemavyo,’ kwamba watasikiliza au hawatasikiliza.”
12 ၁၂ ထိုအခါ ဝိညာဉ် တော်သည် ငါ့ ကိုချီ ၍ ၊ ထာဝရဘုရား ကျိန်းဝပ် တော်မူရာ အရပ်မှ ဘုန်း တော်သည် မင်္ဂလာ ရှိစေသတည်းဟု၊ ငါ့ နောက် ၌ ကြီးစွာ သော လှုပ်ရှား ခြင်းအသံ ကို ငါကြား ၏။
Ndipo Roho akaniinua, nikasikia sauti kubwa nyuma yangu ya ngurumo. (Utukufu wa Bwana na utukuzwe katika mahali pa makao yake!)
13 ၁၃ တခု နှင့်တခုစပ်လျက်ရှိသောသတ္တဝါ တို့၏ အတောင် များမြည်သံ ကို၎င်း ၊ သူ တို့အနား မှာ ဘီး များ မြည်သံ ကို၎င်း၊ ကြီးစွာ သော လှုပ်ရှား ခြင်းအသံ ကို၎င်း ငါကြားရ၏။
Ilikuwa ni sauti ya mabawa ya wale viumbe hai yakisuguana moja kwa jingine, sauti kama ya ngurumo.
14 ၁၄ ဝိညာဉ် တော်သည် ငါ့ ကိုချီသွား တော်မူ၍ ၊ ငါ သည်ခါး သောစိတ်၊ ပူပန် သောစိတ် နှင့်လိုက် ရ၏။ ထာဝရဘုရား ၏လက် တော်သည် ငါ့ အပေါ် မှာ လေးလံ စွာ တင် လျက်ရှိ၏။
Ndipo Roho aliponiinua na kunipeleka mbali. Nikaenda nikiwa na uchungu na hasira moyoni mwangu, nao mkono wa Bwana ukiwa juu yangu.
15 ၁၅ သိမ်းသွား ခြင်းကိုခံရ၍ ၊ ခေဗာ မြစ် နား ၊ တေလဗိဗ ရွာမှာ နေရာ ကျသောသူတို့ ရှိရာသို့ ငါရောက် ၍ ၊ သူ တို့နေရာ အရပ်၌ ခုနစ် ရက် ပတ်လုံးမိန်းမောတွေဝေလျက်နေ၏။
Nikafika kwa wale watu waliokuwa uhamishoni huko Tel-Abibu karibu na Mto Kebari. Nikakaa miongoni mwao kwa muda wa siku saba, nikiwa nimejawa na mshangao.
16 ၁၆ ခုနစ် ရက် လွန် မှ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍ ၊
Mwishoni mwa hizo siku saba neno la Bwana likanijia kusema:
17 ၁၇ အချင်းလူသား ၊ သင့် ကိုဣသရေလ အမျိုး တွင် ကင်း စောင့်အရာ၌ ငါခန့်ထား သောကြောင့် ၊ ငါ သတိ ပေးသောစကား ကို နားထောင် ၍ သူ တို့အား ဆင့်ဆိုလော့။
“Mwanadamu, nimekufanya uwe mlinzi wa nyumba ya Israeli, kwa hiyo sikia neno nisemalo, ukawape onyo litokalo kwangu.
18 ၁၈ သင်သည် အမှန်သေ လိမ့်မည်ဟု၊ လူဆိုး အား ငါ ပြော လျက် နှင့် သင်သည်သတိ မ ပေး၊ လူဆိုး ၏ အသက် ကို ချမ်းသာစေခြင်းငှါ ၊ လူဆိုး အား သတိ ပေးသောစကား ကို မ ပြော ဘဲနေလျှင် ထို လူဆိုး သည် မိမိ အပြစ် ၌ သေ လိမ့်မည်။ သူ ၏အသက် ကိုကား ၊ သင် ၌ ငါတောင်း မည်။
Nimwambiapo mtu mwovu, ‘Hakika utakufa,’ na wewe usipomwonya mtu huyo au kumshauri aache njia zake mbaya ili kuokoa maisha yake, huyo mtu mwovu atakufa katika dhambi yake na damu yake nitaidai mkononi mwako.
19 ၁၉ သို့မဟုတ် ၊ သင် သည် လူဆိုး ကို သတိ ပေးလျက် နှင့်သူ သည် မိမိ ပြုသော ဒုစရိုက် ကို ၎င်း ၊ မိမိ လိုက်သော အဓမ္မ လမ်း ကို ၎င်းမ ရှောင် ဘဲနေလျှင် ၊ မိမိ အပြစ် ၌ သေ လိမ့်မည်။ သင် မူကား ၊ ကိုယ် အသက် ဝိညာဉ်ကို ကယ်နှုတ် လေပြီ။
Lakini ukimwonya mtu mwovu naye akakataa kuacha uovu wake na njia zake mbaya, atakufa katika dhambi yake, lakini wewe utakuwa umejiokoa nafsi yako.
20 ၂၀ တဖန်တုံ ၊ ဖြောင့်မတ် သောသူသည်ဖေါက်ပြန် ၍ ဒုစရိုက် ကိုပြု လျှင် ၎င်း ၊ ထိမိ ၍ လဲစရာအကြောင်းကို သူ့ ရှေ့ မှာငါထား လျှင် ၎င်း သူ သည် သေ လိမ့်မည်။ သင်သည်သတိ မ ပေးသောကြောင့် ၊ သူသည်မိမိ အပြစ် ၌ သေ လိမ့်မည်။ သူကျင့် ဘူးသော တရား ကို ပမာဏ မ ပြုရ။ သူ ၏ အသက် ကိုကား ၊ သင် ၌ ငါတောင်း မည်။
“Tena, mtu mwenye haki akiacha haki yake na kutenda maovu, nami nikaweka kikwazo mbele yake mtu huyo atakufa. Kwa kuwa hukumwonya, atakufa katika dhambi yake. Mambo ya haki aliyotenda, hayatakumbukwa, damu yake nitaidai mkononi mwako.
21 ၂၁ သို့မဟုတ် ၊ ဖြောင့်မတ် သောသူသည် ဒုစရိုက် ကို မ ပြုမည်အကြောင်း ၊ သင် သည်သတိ ပေး၍ သူ သည် ဒုစရိုက် ကို မ ပြုဘဲနေလျှင် ၊ သတိ ပေးသောကျေးဇူးကြောင့် စင်စစ်အသက် ချမ်းသာလိမ့်မည်။ သင် သည် လည်း ၊ ကိုယ် အသက် ဝိညာဉ်ကို ကယ်နှုတ် လေပြီဟု မိန့်တော်မူ၏။
Lakini ukimwonya mwenye haki asitende dhambi na akaacha kutenda dhambi, hakika ataishi kwa sababu alipokea maonyo na utakuwa umejiokoa nafsi yako.”
22 ၂၂ တဖန် ထာဝရဘုရား ၏လက် တော်သည် ငါ့ အပေါ် မှာ တင် ပြီးလျှင် ၊ သင်ထ ၍ လွင်ပြင် သို့ သွား လော့။ ထို အရပ်၌ ငါပြော မည်ဟု မိန့် တော်မူသည် အတိုင်း ၊
Mkono wa Bwana ulikuwa juu yangu huko, naye akaniambia, “Simama uende mpaka sehemu tambarare, nami nitasema nawe huko.”
23 ၂၃ ငါသည် ထ ၍ လွင်ပြင် သို့ သွား ၏။ ရောက်သောအခါ ခေဗာ မြစ် နား မှာ ငါမြင် ဘူးသော ထာဝရဘုရား ၏ ဘုန်း တော်သည် ရပ် တော်မူ၍ ၊ ငါသည် ပြပ်ဝပ်လျက် နေ၏။
Kwa hiyo niliinuka nikaenda mpaka mahali pa tambarare. Utukufu wa Bwana ulikuwa umesimama huko, kama utukufu ule niliouona kando ya Mto Kebari, nami nikaanguka kifudifudi.
24 ၂၄ ဝိညာဉ် တော်သည် ငါ့ အထဲ သို့ဝင် ၍ မတ်တတ် နေစေလျက် ၊ သင်သွား လော့။ ကိုယ် အိမ် ၌ ပုန်းရှောင် ၍ နေလော့။
Ndipo Roho akaja ndani yangu akanisimamisha kwa miguu yangu. Akasema nami akaniambia: “Nenda ukajifungie ndani ya nyumba yako.
25 ၂၅ အချင်းလူသား ၊ သင် သည်ကြိုး နှင့် ချည်နှောင် ခြင်းကိုခံ ၍ သူ တို့တွင် မ ထွက် ရ။
Nawe, ee mwanadamu, watakufunga kwa kamba, watakufunga ili usiweze kutoka na kuwaendea watu.
26 ၂၆ သင် သည် သူ တို့ကို မ ဆုံးမ ဘဲနေ စေခြင်းငှါ ၊ စကား အလျက် သင့် လျှာ ကိုအာခေါင် ၌ ကပ် စေမည်။ အကြောင်း မူကား၊ သူ တို့သည်ပုန်ကန် တတ်သောအမျိုး ဖြစ်ကြ၏။
Nitaufanya ulimi wako ushikamane kwenye kaa la kinywa chako, ili uwe kimya usiweze kuwakemea, wajapokuwa ni nyumba ya kuasi.
27 ၂၇ သို့ရာတွင် ၊ သင့် အားငါ ပြော သောအခါ သင့် နှုတ် ကို ငါဖွင့် မည်။ သင်က၊ အရှင် ထာဝရဘုရား မိန့် တော်မူ၏ ဟု သူ တို့အား ဟောပြော ရမည်။ နားထောင် သောသူသည် နားထောင် စေ၊ နား မထောင်သောသူသည် နား မထောင်ဘဲနေစေ။ သူ တို့သည်ပုန်ကန် တတ်သော အမျိုး ဖြစ်ကြသည် ဟုမိန့်တော်မူ၏။
Lakini nitakaposema nawe, nitafungua kinywa chako nawe utawaambia, ‘Hili ndilo Bwana Mwenyezi asemalo.’ Yeyote atakayesikiliza na asikilize, na yeyote atakayekataa na akatae; kwa kuwa wao ni nyumba ya kuasi.

< ယေဇကျေလ 3 >