< ယေဇကျေလ 28 >
1 ၁ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
A message from the Lord came to me, saying,
2 ၂ အချင်းလူသား ၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို တုရု ရှင်ဘုရင် အား ဆင့်ဆို ရမည်မှာ၊ သင်သည် ကိုယ်ကို ဘုရားသခင် ကဲ့သို့ ထင်မှတ် သော်လည်း ဘုရားသခင် မ ဟုတ်၊ လူ သက်သက်ဖြစ်လျက်နှင့် ငါ သည် ဘုရား ဖြစ်၏၊ ပင်လယ် အလယ် ၌ ဘုရား ပလ္လင် ပေါ်မှာငါထိုင် သည်ဟု ဝါကြွား သောစိတ် နှင့် ဆို သည်ဖြစ်၍၊
“Son of man, tell the ruler of Tyre this is what the Lord God says: You are so proud of yourself, saying, ‘I'm a god! I sit on my throne like a god in the middle of the sea.’ But you're only a man. You're not a god, even though you think you are one.
3 ၃ သင် သည် ဒံယေလ ထက် သာ၍ပညာရှိ ပါသည် တကား။ သင် မ သိရအောင် သူတပါးဝှက်ထား နိုင်သော အရာ တစုံတခု မျှမ ရှိ။
You even think you're wiser than Daniel and there's no secret that's hidden from you!
4 ၄ ကိုယ် ဉာဏ်ပညာ အားဖြင့် ဥစ္စာ ရ တတ်၏။ ရွှေ ငွေ ကို ဆည်းပူး ပြီ။
Yes, you have used your wisdom and cleverness to make yourself rich, collecting plenty of gold and silver for your treasury.
5 ၅ ထူးဆန်း သော ပညာ နှင့် ကုန်စလယ် များအားဖြင့် စည်းစိမ် ကြီး ၍၊ ထိုစည်းစိမ် ကြောင့် စိတ် ဝါကြွား ပြီ။
You became wealthy through your superb trading skills, but your wealth only made you proud.
6 ၆ သို့ဖြစ်၍ ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ သင် သည် ကိုယ်ကို ဘုရားသခင် ကဲ့သို့ ထင်မှတ် သောကြောင့် ၊
So this is what the Lord God says: Because you think that you're a god,
7 ၇ ကြောက်မက် ဘွယ်သော တကျွန်း တနိုင်ငံသား တို့ကို သင် ရှိရာသို့ ငါ ပို့ဆောင် သဖြင့် ၊ သူတို့သည် သင် ၏ ပညာ ဂုဏ် ကို ထား နှင့်ခုတ်၍၊ သင် ၏တင့်တယ် ခြင်း အသရေကို ရှုတ်ချ ကြလိမ့်မည်။
watch as I bring foreigners to attack you. They are more cruel than any other nation. They will use their swords to destroy you and your wonderful wisdom; they will humble your proud glory.
8 ၈ သင့် ကို မြေတွင်း ထဲသို့ နှိမ့်ချ ၍ ၊ ပင်လယ် အလယ် ၌ ဆုံးရှုံးသောသူကဲ့သို့သင့်အသက် သည် ဆုံးရှုံးရ လိမ့်မည်။
They will drag you down into the grave. You will die horribly out there in the sea.
9 ၉ သင့် အသက် ကိုသတ် သောသူတို့ လက် တွင် ၊ သင်သည် ဘုရားသခင် မ ဟုတ်၊ လူ သက်သက်ဖြစ်လျက် နှင့်၊ ငါ သည် ဘုရား ဖြစ်သည်ဟု သင့် အသက် ကိုသတ် သောသူတို့ရှေ့မှာ အမှန်ပြော လိမ့်မည်လော။
Are you still going to claim, ‘I'm a god,’ to those who are killing you? You'll just be another human victim, not a god, in the eyes of your attackers.
10 ၁၀ အရေဖျားလှီး ခြင်းမခံသော လူသေ သကဲ့သို့၊ သင်သည် တကျွန်း တနိုင်ငံသားတို့ လက် ဖြင့် သေ ရမည်။ ငါ ပြော ပြီဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
You will be killed like some vile person by these foreigners. I myself have spoken, declares the Lord God.”
11 ၁၁ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
Another message from the Lord came to me, saying,
12 ၁၂ အချင်းလူသား ၊ တုရု ရှင်ဘုရင် အတွက် မြည်တမ်း သော စကားကို မြွက်၍၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ သင် သည် ထူးဆန်း သော တံဆိပ် ဖြစ်၏။ ပညာ နှင့်ပြည့်စုံ ၍ တင့်တယ် ခြင်းအသရေလည်းစုံလင် လျက်ရှိ၏။
“Son of man, sing a funeral song for the king of Tyre and tell him this is what the Lord God says: Once you were complete and perfect, full of wisdom and flawless in beauty.
13 ၁၃ ဧဒင် အရပ်၊ ဘုရားသခင် ၏ ဥယျာဉ် တော်၌ နေ ပြီ။ သင်၏ခေါင်းပေါ်မှာကျောက်နီ ၊ ဥဿဖရား ၊ စိန် ၊ မျက်ရွဲ ၊ ကြောင် ၊ နဂါးသွဲ့ ၊ နီလာ ၊ မြ ၊ ပတ္တမြား အစရှိသော ကျောက် မြတ် အမျိုးမျိုး တို့ကို ဆောင် လေ၏။ ရွှေ ဖြင့် လုပ် သော ပတ်သာ ၊ ပုလွေ တို့သည်လည်း၊ သင် ဘွား သောနေ့ ၌ ပင် သင့် အဘို့ ပြင်ဆင် လျက်ရှိကြ၏။
You were there in Eden, God's garden. You wore all kinds of precious stones: carnelian, topaz, and amethyst; beryl, onyx, and jasper; lapis lazuli, turquoise, and emerald. They were placed in gold mountings and settings using skilled craftsmanship, and were made on the day when you were created.
14 ၁၄ သင် သည် ဖြန့် ၍ လွှမ်းမိုး သော ခေရုဗိမ် ဖြစ်လျက်၊ ငါ့အခွင့်နှင့် ဘုရားသခင် ၏ သန့်ရှင်း သော တောင် ပေါ်မှာ နေရာ ကျ၍ မီး တောက်သော ကျောက် တို့ တွင် သွား လာရ၏။
I gave you the position of guardian cherub, and I anointed you. You lived on God's holy mountain and you walked among the stones of fire.
15 ၁၅ ဘွား သောနေ့ မှစ၍ သင့် အပြစ် ထင်ရှား သောနေ့ တိုင်အောင် ၊ ပြု လေရာရာ၌ စုံလင် လျက်ရှိ၏။
You were innocent in everything you did from the day you were created until you were found to be doing evil.
16 ၁၆ သို့ရာတွင်၊ ကုန်သွယ် ခြင်း များပြား သောအားဖြင့် ၊ အဓမ္မ အမှုတို့နှင့်ပြည့်စုံ ၍ ပြစ်မှား သောအပြစ် ရောက်လေပြီ။ ထိုကြောင့် ၊ ဆိုးယုတ်သော သူကဲ့သို့၊ သင့်ကိုဘုရားသခင် ၏ တောင် တော်ပေါ်က ငါနှင်ထုတ် မည်။ အိုလွှမ်းမိုး သော ခေရုဗိမ် ၊ မီး တောက်သော ကျောက် တို့အထဲ က သင့် ကိုငါ ပယ်ရှင်း မည်။
You were so busy with all your trading schemes that they destroyed you inside, leading you to sin and filling you with violence. So I sent you away in disgrace from God's mountain, and I removed you from your position as guardian cherub from your place among the stones of fire.
17 ၁၇ သင် သည် ကိုယ်၌ တင့်တယ် ခြင်းအသရေကြောင့် ၊ ဝါကြွား သောစိတ် ရှိလျက် ဂုဏ်ထွန်းတောက် သောကြောင့် ၊ သင် ၏ပညာ သည် ဖေါက်ပြန် လျက်ရှိလေပြီ ။ ငါသည်သင့် ကို မြေ တိုင်အောင် နှိမ့်ချ မည်။ ရှင်ဘုရင် တို့သည် သင့် ကိုကြည့်ရှု ၍ ဝမ်းမြောက်စေခြင်းငှါ ၊ သူတို့ ရှေ့မှာ သင့်ကို ငါချထားမည်။
You became proud because of your beauty, you ruined your wisdom because you thought you were so wonderful. So I threw you down to the ground and I made sure kings saw what happened to you.
18 ၁၈ သင့် အပြစ် သည်များပြား ၍ ကုန်သွယ် ခြင်း အဓမ္မ အားဖြင့် ၊ သန့်ရှင်း ရာဌာနတို့ကို ညစ်ညူး စေသောကြောင့် ၊ သင့်ကိုမီးရှို့ဘို့ သင့် အလယ် ၌ မီး ကိုငါညှိ မည်။ သင့် ကိုမြင် သော သူအပေါင်း တို့ရှေ့မှာ ၊ သင်၏ ပြာ ကို မြေ ပေါ်သို့ ငါချထား မည်။
By all your sins and your dishonest trading you have made your sanctuaries unclean. So I had fire come from inside you, and it burned you up. I turned you into ashes on the ground as everybody there watched.
19 ၁၉ သင့် ကိုသိ သောလူ အမျိုးမျိုး တို့သည် သင် ၏ အမှုကြောင့် မိန်းမော တွေဝေကြလိမ့်မည်။ သင်သည် ကြောက်မက် ဘွယ်ဖြစ် လိမ့်မည်။ နောက် တဖန် မပေါ်လာရ ဟု မိန့်တော်မူ၏။
All who know you among the nations are horrified at what happened to you. Disaster has brought you down and you're finished forever.”
20 ၂၀ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
A message from the Lord came to me, saying,
21 ၂၁ အချင်းလူသား ၊ သင်သည် ဇိဒုန် မြို့တဘက် ၌ မျက်နှာ ထား ၍ ပရောဖက်ပြု လျက်၊
“Son of man, face towards Sidon and prophesy against her.
22 ၂၂ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည် မှာ၊ အိုဇိဒုန် မြို့၊ သင့်တဘက်၌ ငါနေ၏။ သင့် အလယ် ၌ ငါ့ဘုန်း တန်ခိုးသည် ထင်ရှားလိမ့်မည်။ သင့်ကိုငါ သည် အပြစ်ဒဏ် ပေး၍ ရိုသေ ခြင်းကိုခံရသောအခါ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို လူများသိ ရကြလိမ့်မည်။
Tell them this is what the Lord God says: Watch out, Sidon, for I'm condemning you, and I will be vindicated by what happens to you. People will know that I am the Lord when I punish her and show my holy character through her experience.
23 ၂၃ သင့်အပေါ်သို့ ကာလနာ ဘေးကို၎င်း၊ သင်၏ လမ်း တို့၌ ထား ဘေးကို၎င်း ငါစေလွှတ် ၍၊ ပတ်လည် ၌ တိုက်သော ထား ဖြင့်သူရဲတို့သည် သင့်အလယ် ၌ လဲ ၍ သေ ကြသောအခါ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်။
I'm going to send a disease to plague her, and have people killed in her streets. Those who are killed will fall inside the city as the enemy attacks with swords from every side. Then they will know that I am the Lord.
24 ၂၄ ထိုအခါ ဣသရေလ အမျိုး ၏ ပတ်လည် ၌နေ၍၊ မထီမဲ့မြင်ပြု သောသူတို့ တွင် စူး တတ်သော ဆူးပင် ၊ နှောက်ရှက် တတ်သောငြောင့် တစုံတခု မျှ မကျန်ကြွင်းရ။ ငါ သည် ထာဝရ ဘုရားဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
The people of Israel will no longer have to put up with these people who are thorns in their side, painful brambles and sharp thorns who treat Israel with contempt. Then they will know that I am the Lord God.
25 ၂၅ တဖန် အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသား တို့သည် ကွဲပြား လျက်နေသောလူ အမျိုးမျိုးထဲက ငါ ခေါ်၍စုဝေး သောအခါ ၊ သူ တို့အားဖြင့် လူမျိုး များရှေ့၌ ရိုသေ ခြင်းကိုငါခံ၍၊ ငါ့ ကျွန် ယာကုပ် အား ငါအရင်ပေး သော ပြည် ၌ သူတို့သည် နေ ကြလိမ့်မည်။
This is what the Lord God says: When I bring back the people of Israel from the nations where they've been scattered. I will show my holy character through them as everyone watches. Then they will live in their own country, which I gave to my servant Jacob.
26 ၂၆ ထိုပြည် ၌ စိုးရိမ် စရာမရှိ။ အိမ် ဆောက် ခြင်း၊ စပျစ် ဥယျာဉ်စိုက် ခြင်းအမှုကိုပြု၍ နေ ကြလိမ့်မည်။ သူ တို့ ပတ်လည် ၌ နေ၍မထီမဲ့မြင်ပြု သောသူအပေါင်း တို့ကို ငါ သည် အပြစ်ဒဏ် စီရင် သောနောက် သူတို့သည် စိုးရိမ် စရာမရှိဘဲနေ ၍၊ ငါ သည် သူ တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
They will live there in safety, building houses and planting vineyards. They will live there in safety when I punish all those around them who treat them with contempt. Then they will know that I am the Lord their God.”