< ယေဇကျေလ 27 >
1 ၁ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
The word of Jehovah came again to me, saying:
2 ၂ အချင်းလူသား ၊ တုရု မြို့အတွက် မြည်တမ်း ခြင်း ကိုပြု ၍၊ တုရု မြို့အား ဆင့်ဆို ရမည်မှာ၊
Son of man, take up a lamentation over Tyre,
3 ၃ အိုပင်လယ် ဝ ၌ တည် သောမြို့၊ များစွာ သော ကျွန်းသူ ကျွန်းသားတို့အဘို့ ကုန်သွယ် တတ်သောမြို့၊ သင့် ကို အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုတုရု မြို့၊ သင် က၊ ငါ ၏တင့်တယ် ခြင်းစုံလင် ပြီဟု ဆို တတ်၏။
and say to Tyre, O thou that didst dwell at the entrance of the sea, the merchant of the nations to many coasts! thus saith the Lord Jehovah: O Tyre, thou hast said, “I am perfect in beauty.”
4 ၄ သင် ၏နံပါး တို့သည် ပင်လယ် ထဲမှာ ရှိ၏။ သင် ၏ဗိသုကာ တို့သည် သင့် ကိုစုံလင် စွာ တင့်တယ် စေခြင်းငှါပြုကြပြီ။
Thy borders are in the midst of the seas; thy builders have perfected thy beauty.
5 ၅ သင်၏ပျဉ်ပြား ရှိသမျှ တို့ကို စေနိရ ထင်းရူး သစ်သားဖြင့် လုပ် ၍၊ ရွက်တိုင် ဘို့ လေဗနုန် အာရဇ် ပင် တို့ကို ယူ ကြပြီ။
They made all thy ship-boards of cypresses of Senir; they took cedars from Lebanon to make masts for thee.
6 ၆ ဗာရှန် သပိတ် သစ်သားဖြင့် တက် တို့ကို၎င်း၊ ခိတ္တိမ် ကျွန်း တို့မှ ယူခဲ့၍ ဆင်စွယ် နှင့် စီချယ် သော တာရှုရ သစ်သားဖြင့် ကန့် တို့ကို၎င်းလုပ် ကြပြီ။
Of oaks of Bashan they made thine oars; thy benches they made of ivory inlaid in cedar from the coasts of the Chittaeans.
7 ၇ အဲဂုတ္တု ပြည်၌ ချယ်လှယ် သော ပိတ်ချောရွက် တို့ကို ဖြန့် ၍၊ ဧလိရှ ကျွန်း တို့မှ ယူခဲ့သော အထည် ပြာ ၊ အထည်မောင်း ဖြင့် လုပ်သောမျက်နှာကြက် နှင့် ပြည့်စုံ၏။
Fine linen with broidered work from Egypt was that which thou didst spread forth to be thy sail; blue and purple from the coasts of Elisha were thy covering.
8 ၈ ဇိဒုန် မြို့သား ၊ အာဝဒ် မြို့သားတို့သည် သင်္ဘောသား ဖြစ် ၍၊ တုရု ပညာရှိ တို့သည်လမ်းပြ မာလိန်ဖြစ် ကြ၏။
The inhabitants of Zidon and Arvad were thy rowers; thy wise men, O Tyre, that were in thee, were thy pilots.
9 ၉ ဂေဗလ လူကြီး ၊ ပညာရှိ တို့သည် သင့် ကို ပြုပြင် လျက်လိုက်ကြ၏။ ပင်လယ်ကူး တတ်သော သင်္ဘောရှိသမျှ ၊ သင်္ဘောသား တို့နှင့်တကွသင် နှင့် ဖောက်ကား ရောင်းဝယ်ခြင်းငှါပါ ကြ၏။
The ancients of Gebal and the skilful men thereof were in thee, thy calkers; all the ships of the sea, with their mariners, were in thee, to traffic in thy merchandise.
10 ၁၀ ပေရသိ လူ၊ လုဒ လူ၊ ဖုတ လူတို့သည် သင် ၏ တပ်သား ၊ စစ်သူရဲ လုပ် ကြ၏။ ဒိုင်း ၊ လွှား၊ သံခမောက်လုံး တို့ကို ပြင်ဆင် ၍၊ သင်၏ဂုဏ် အသရေကို ထင်ရှား စေကြ၏။
Persians, and Lydians, and Lybians were in thine army, thy men of war; they hung up the shield and helmet in thee; they set forth thy glory.
11 ၁၁ အာဝဒ် အမျိုးသား တို့သည် သင်၏တပ်သား တို့ နှင့်တကွမြို့ရိုး ပတ်လည် ၌ စီးကြ၏။ ဂမ္မဒိမ် လူတို့သည် ပြအိုး တို့ကိုစောင့်၍၊ မြို့ရိုး ပတ်လည် ၌ မြှားတောင့်တို့ကို ပြင်ဆင်သဖြင့်၊ သင် ၏တင့်တယ် ခြင်းကို စုံလင် စေကြ ၏။
The men of Arvad and thine own army were upon thy walls round about, and brave warriors were in thy towers; they hung their shields upon thy walls round about; they made thy beauty perfect.
12 ၁၂ သင် ၌ကုန်သွယ် ရန် ဥစ္စာ များ သောကြောင့် ၊ တာရှု မြို့သည်ငွေ ၊ သံ ၊ သံဖြူ ၊ ခဲ တို့ကို သင့်ဝိုင်းသို့ယူခဲ့၍ သင် နှင့်ကုန်သွယ် ခြင်းကို ပြုလေ၏။
Tarshish trafficked with thee on account of the abundance of all kinds of goods; with silver, iron, tin, and lead they traded in thy fairs.
13 ၁၃ ယာဝန် မြို့၊ တုဗလ မြို့၊ မေရှက် မြို့တို့သည် သင် နှင့်ကုန်သွယ် ၍၊ လူ ကျွန်တို့နှင့် ကြေးနီ ဖလား တို့ကို သင့် ဈေး ၌ ရောင်း ကြ၏။
Javan, Tubal, and Meshech trafficked with thee; the persons of men and vessels of brass they sold in thy market.
14 ၁၄ တောဂါမ အမျိုးသား တို့သည်မြင်း ၊ မြင်းစီး သူ၊ လား တို့ကို သင့် ဝိုင်း ၌ သွင်း ကြ၏။
They of the house of Togarmah traded in thy fairs with horses and horsemen and mules.
15 ၁၅ ဒေဒန် မြို့သား တို့သည်လည်း သင် နှင့်ကုန်သွယ် ကြ၏။ များစွာ သော တကျွန်း တနိုင်ငံအရပ်သားတို့သည် သင် လုပ် သော ဥစ္စာ ကိုဝယ်၍၊ ဦးချို ၊ ဆင်စွယ် ၊ သစ်သားနက် ကို ပြန်ပေး ကြ၏။
The men of Dedan trafficked with thee; many islands were at hand to thee for trade; they brought thee, for payment, horns of ivory, and ebony-wood.
16 ၁၆ သင် လုပ်သော ဥစ္စာ များ သောကြောင့် ရှုရိ ပြည်သည် သင် နှင့်ကုန်သွယ် ၍၊ နပက်ကျောက် ၊ ပြာ သောအထည်၊ ချယ်လှယ် သောအဝတ်၊ ပိတ်ချော ၊ သန္တာ ၊ ကျောက်နီ တို့ကို သင့် ဝိုင်း ၌ သွင်း ကြ၏။
Syria trafficked with thee by reason of the multitude of the wares of thy making; with carbuncles, purple and embroidered work, and fine linen, and corals, and rubies, they traded in thy fairs.
17 ၁၇ ယုဒ ပြည်နှင့် ဣသရေလ ပြည် သည် သင် နှင့်ကုန်သွယ် ၍၊ ဂျုံ စပါး၊ မုရန်စေး၊ ပနက်စေး ၊ ဗာလစံစေး ၊ ဆီ ၊ ပျားရည် တို့ကို သင့် ဈေး ၌ သွင်း ကြ၏။
Judah and the land of Israel trafficked with thee; with wheat of Minnith, and pastry, and syrup, and oil, and balm they traded in thy market.
18 ၁၈ ဒမာသက် မြို့သည် သင် လုပ်သော ဥစ္စာ များ၊ စည်းစိမ် များပြား သောကြောင့် ၊ ဟေလဗုန် စပျစ်ရည် ၊ ဖြူ သောသိုးမွေး ကို ဖယ်လှယ် လျက် ဖေါက်ကားတတ်၏။
Damascus trafficked with thee on account of the multitude of the wares of thy making, on account of the abundance of all kinds of goods, in the wine of Helbon, and in white wool.
19 ၁၉ ဝေဒန် မြို့နှင့် ယာဝန် ပြည် ဥဇာလ မြို့သည် လည်း သံ ပြောင် ကို သင့် ဝိုင်း သို့ ယူ ခဲ့၍၊ သင့် ဈေး ၌ သစ်ကြံပိုး နှင့် ကြံ လည်းရှိ ၏။
Vedan and Javan brought thread to thy market; wrought iron, cassia, and sweet reed were in thy fairs.
20 ၂၀ ဒေဒန် မြို့သည် မြင်းစီး သူရဲ သုံးစရာချော သော အထည် မျိုးကို ရောင်း၍သင် နှင့်ကုန်သွယ် ၏။
Dedan brought cloth for riding, in traffic with thee.
21 ၂၁ အာရပ် ပြည်နှင့် ကေဒါ မင်း အပေါင်း တို့သည် သင် လုပ်သော ဥစ္စာကိုရခြင်းငှါသိုးသငယ် ၊ သိုးထီး ၊ ဆိတ် များတို့နှင့် ဖယ်လှယ် ၍ ကုန်သွယ်ကြ၏။
Arabia and all the princes of Kedar were at hand to traffic with thee; they traded with thee in lambs and rams and goats.
22 ၂၂ ရှေဘ ကုန်သည် ၊ ရာဂမ ကုန်သည်တို့သည် သင် နှင့် ကုန်သွယ် ၍ အမြတ်ဆုံး သော နံ့သာမျိုး ၊ အဘိုးကြီး သော ကျောက် မျိုး၊ ရွှေ မျိုးကိုသင့် ဝိုင်း ၌ သွင်း ကြ၏။
The merchants of Sheba and Raamah trafficked with thee with all kinds of precious spices, and with all kinds of precious stones, and gold.
23 ၂၃ ခါရန် မြို့သား၊ ကန္နေ မြို့သား၊ ဧဒင် မြို့သား၊ ရှေဘ ကုန်သည် ၊ အာရှုရိ ကုန်သည်၊ ခိလမဒ် ကုန်သည်တို့ လည်း၊ သင် နှင့်ကုန်သွယ် ၍၊
Haran, and Canneh, and Eden, the merchants of Sheba, Assyria, and Chilmad,
24 ၂၄ ထူးဆန်း သော ဥစ္စာ၊ ပြာ သောအထည် ၊ ချယ်လှယ် သောအထည်၊ အဘိုးထိုက် သော အဝတ် တန်ဆာပါ၍၊ ကြိုး နှင့်ပတ်ရစ် သော အာရဇ် သေတ္တာတို့ကို သင် ၏ ကုန် ထဲသို့ သွင်းကြ၏။
trafficked with thee in splendid apparel, in mantles of blue and embroidered work, in chests of damask bound with cords and made of cedar, in thy market.
25 ၂၅ တာရှု သင်္ဘော တို့သည် သင် ၏ကုန် ကို ဆောင် လျက်သွား လာသဖြင့် ၊ သင်သည် ပင်လယ် အလယ် ၌ ကြွယ်ဝ ၍ အလွန် ဘုန်းကြီး လေ၏။
The ships of Tarshish were the caravans for thy traffic; and thou wast replenished and made very glorious in the midst of the seas.
26 ၂၆ ယခုမူကား၊ သင် ၏တက်ခတ်သား တို့သည် သင့် ကိုကြီးစွာ သော ရေ ထဲသို့ ဆောင်သွား ၍၊ အရှေ့ လေ သည်လည်း ပင်လယ် အလယ် ၌ ချိုး လေပြီ ။
Thy rowers have brought thee into great waters; the east wind hath broken thee in the midst of the seas.
27 ၂၇ သင် သည် လဲပျက် သောအခါ သင် ၏ဥစ္စာ ၊ ဝိုင်း ၊ ကုန် ၊ သင်္ဘောသား ၊ လမ်းပြ မာလိန်၊ ပြုပြင် သူ၊ ကုန်သည် ၊ စစ်သူရဲ အလုံးအရင်း ပါသမျှ တို့သည် ပင်လယ် အလယ် ၌ ကျ ရကြလိမ့်မည်။
Thy riches, and thy fairs, and thy merchandise, thy mariners, and thy pilots, thy calkers, and the traders in thy merchandise, and all thy men of war within thee, and all thy multitude that is in the midst of thee, shall fall into the midst of the seas in the day of thy ruin.
28 ၂၈ သင် ၏လမ်းပြ မာလိန်တို့ အော်ဟစ် သံ ကြောင့် ၊ ပတ်ဝန်းကျင် အရပ်တို့သည် လှုပ်ရှား ကြလိမ့်မည်။
At the sound of the cry of thy pilots the pastures around thee shall shake.
29 ၂၉ တက်ခတ် သော သူအပေါင်း တို့သည် သင်္ဘော မှ ဆင်း ၍၊ သင်္ဘောသား များနှင့် ပင်လယ် လမ်းပြ မာလိန် အပေါင်း တို့သည် ကုန်း ပေါ်မှာ ရပ် လျက်၊
And all that handle the oar, the mariners, and all the pilots of the sea, shall come down from their ships; they shall stand upon the land,
30 ၃၀ သင့် အဘို့ အော်ဟစ် ၍ ပြင်းစွာ ငိုကြွေး ကြ လိမ့်မည်။ မြေမှုန့် ကို မိမိ တို့ခေါင်း ပေါ်မှာ ပစ်တင် ၍ပြာ ၌ လူး ကြလိမ့်မည်။
and shall cause their voice to be heard for thee, and shall cry bitterly, and shall cast dust upon their heads, and roll themselves in ashes.
31 ၃၁ ဆံပင် ကိုလည်း ဖြတ်၍လျှော်တေ အဝတ်ကို ဝတ်စည်း လျက်၊ ညှိုးငယ် သောစိတ် နှင့် သင့် အဘို့ ပြင်းစွာ ငိုကြွေး မြည်တမ်း ရသည်ကား၊
And they shall make themselves utterly bald for thee, and gird themselves with sackcloth; and they shall weep for thee with bitterness of heart and bitter wailing.
32 ၃၂ ပင်လယ် အလယ် ၌ ဆုံး သောမြို့တည်းဟူသောတုရု မြို့နှင့် အဘယ် မြို့တူ သနည်း။
And in their wailing they shall take up for thee a lamentation, and shall lament over thee, saying: “What city is like Tyre, like the Destroyed in the midst of the sea?
33 ၃၃ သင် ၏ဥစ္စာ တို့သည် ပင်လယ် လမ်းဖြင့် ထွက်သွား သောအခါ ၊ လူမျိုး များ တို့ကို ရောင့်ရဲ စေ၍၊ များပြား သောဥစ္စာ ၊ ကုန်စလယ် တို့ဖြင့် လောကီ ရှင်ဘုရင် တို့ကို ကြွယ်ဝ စေတတ်၏။
When thy wares went forth from the seas, thou didst satisfy many nations; thou didst enrich the kings of the earth with the abundance of thy riches and thy merchandise.
34 ၃၄ ယခု မူကား၊ သင်သည် ပင်လယ် ၌၎င်း ၊ သင့် ကုန်သွယ် ရန် ဥစ္စာတို့သည် လှိုင်းတံပိုး အလယ် ၌ ၎င်း ကျိုးပဲ့ ၍ ၊ သင် နှင့်ပါ သောသူအပေါင်း တို့သည် ဆုံးရှုံး ကြပြီ။
Now thou art broken by the seas in the depth of the waters, and thy merchandise and all thy multitude in the midst of thee are fallen.
35 ၃၅ ကျွန်းသူ ကျွန်းသားအပေါင်း တို့သည် သင့် အမှုကြောင့် မိန်းမော တွေဝေ၍၊ ရှင်ဘုရင် တို့သည် မျက်နှာ ပျက် လျက် ကြက်သီး မွေးညှင်းထကြ၏။
All the inhabitants of the isles are astonished at thee, and their kings shudder; they are troubled in their countenance.
36 ၃၆ အမျိုးမျိုးသောကုန်သည် တို့သည် သင့် အား ကဲ့ရဲ့ သံကို ပြုကြ၏။ သင်သည် ကြောက်မက် ဘွယ်ဖြစ် လေပြီတကား။ နောက် တဖန်မပေါ်လာ ရပါတကားဟု ငိုကြွေး မြည်တမ်း ကြလိမ့်မည်ဟု မိန့်တော်မူ၏။
The merchants among the nations hiss at thee. Thou art a desolation, and shalt exist no more forever.”