< ယေဇကျေလ 26 >

1 သက္ကရာဇ် ဆယ် တ ခု၊ ပဌမ တရက်နေ့တွင် ၊ ထာဝရဘုရား ၏နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍ ၊
သက္ကရာဇ်ဆယ်တခု၊ ပဌမတရက်နေ့တွင်၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက် လာ၍၊
2 အချင်းလူသား ၊ တုရု မြို့က၊ အေ့ဟေ ၊ တိုင်း နိုင်ငံတို့၏ တံခါး ဖြစ်သော ယေရုရှလင် မြို့သည် ပျက်စီး သည် ဖြစ်၍ ၊ ငါ့ လက်သို့ ရောက် လိမ့်မည်။ ထိုမြို့ဆိတ်ညံ သောကြောင့် ငါစည်ပင် လိမ့်မည်ဟု ယေရုရှလင်မြို့တဘက်၌ ဆို မိသောကြောင့်၊
အချင်းလူသား၊ တုရုမြို့က၊ အေ့ဟေ၊ တိုင်းနိုင်ငံ တို့၏ တံခါးဖြစ်သော ယေရုရှလင်မြို့သည် ပျက်စီးသည် ဖြစ်၍၊ ငါ့လက်သို့ ရောက်လိမ့်မည်။ ထိုမြို့ဆိတ်ညံသော ကြောင့် ငါစည်ပင်လိမ့်မည်ဟု ယေရုရှလင်မြို့တဘက်၌ ဆိုမိသောကြောင့်၊
3 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုတုရု မြို့၊ သင့် တဘက် ၌ငါ နေ၏။ သမုဒ္ဒရာ လှိုင်းတံပိုး တက် သကဲ့သို့ ၊ လူ အမျိုးမျိုး တို့သည် သင့် ကို တက်၍ တိုက် စေမည်။
အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အိုတုရုမြို့၊ သင့်တဘက်၌ ငါနေ၏။ သမုဒ္ဒရာလှိုင်းတပိုး တက်သကဲ့သို့၊ လူအမျိုးမျိုးတို့သည် သင်ကိုတက်၍ တိုက်စေမည်။
4 သူတို့သည် တုရု မြို့ရိုး ကိုဖျက် ၍ ပြအိုး တို့ကို ဖြိုချ ကြလိမ့်မည်။ မြေမှုန့် ကို ငါခြစ် ခွာ၍ ရှင်းလင်း သောကျောက် ကဲ့သို့ဖြစ် စေမည်။
သူတို့သည် တုရုမြို့ရိုးကိုဖျက်၍ ပြအိုးတို့ကို ဖြိုချကြလိမ့်မည်။ မြေမှုန့်ကို ငါခြစ်ခွာ၍ ရှင်းလင်းသောကျောက် ကဲ့သို့ ဖြစ်စေမည်။
5 ပင်လယ် အလယ် ၌ ပိုက်ကွန် လှန်း ရာအရပ် ဖြစ် လိမ့်မည်။ ငါ ပြော ပြီဟု အရှင် ထာဝရဘုရား မိန့် တော်မူ ၏။ လူမျိုး လုယူ ရာဖြစ် ရလိမ့်မည်။
ပင်လယ်အလယ်၌ ပိုက်ကွန်လှန်းရာ အရပ် ဖြစ်လိမ့်မည်။ ငါပြောပြီဟု အရှင်ထာဝရဘုရားမိန့်တော် မူ၏။ လူမျိုးလုယူရာဖြစ်ရလိမ့်မည်။
6 လယ်ပြင် ၌ ရှိသောသမီး တို့သည် ထား ဖြင့် သေ ၍ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြ လိမ့်မည်ဟု မိန့်တော်မူ၏။
လယ်ပြင်၌ရှိသော သမီးတို့သည် ထားဖြင့် သေ၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြ လိမ့်မည်ဟု မိန့်တော်မူ၏။
7 တဖန် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ ဘုရင် တို့၏ဘုရင် တည်းဟူသောမြောက် မျက်နှာရှင်ဘုရင် နေဗုခဒ်နေဇာ ကို၊ မြင်း ရထား ၊ မြင်းစီး သူရဲ၊ လူ များအလုံးအရင်း နှင့်တကွ တုရု မြို့သို့ ငါ ဆောင် ခဲ့ မည်။
တဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ ဘုရင်တို့၏ဘုရင်တည်းဟူသော မြောက်မျက်နှာရှင် ဘုရင်နေဗုခဒ်နေဇာကို၊ မြင်းထားရထား၊ မြင်းစီးသူရဲ၊ လူများအလုံးအရင်းနှင့်တကွ တုရုမြို့သို့ ငါဆောင်ခဲ့ မည်။
8 သူသည်လယ်ပြင် ၌ ရှိသောသင် ၏သားသမီး တို့ကို ထား နှင့် သတ် လိမ့်မည်။ သင့် တဘက်၌ ရဲတိုက် ကိုတည် ၍ မြေရိုး ကိုဖို့ ပြီးလျှင် ၊ ဒိုင်း လွှားတို့ကို ချီ ကာလိမ့်မည်။
သူသည်လယ်ပြင်၌ရှိသော သင်၏သားသမီးတို့ကို ထားနှင့်သတ်လိမ့်မည်။ သင့်တလက်၌ ရဲတိုက်ကိုတည်၍ မြေရိုးကိုဖို့ပြီးလျှင်၊ ဒိုင်းလွှားတို့ကို ချီကာလိမ့်မည်။
9 သင် ၏မြို့ရိုး တဘက် တချက်၊ ဝက်ခွတိုင် ၌ တုံး တို့ကို ဆွဲ ထား၍ သင် ၏ရဲတိုက် တို့ကို တူးရွင်း နှင့် ဖြိုချ လိမ့်မည်။
သင်၏မြို့ရိုးတဘက်တချက်၊ ဝက်ခွတိုင်၌ တုံးတို့ကို ဆွဲထား၍ သင်၏ရဲတိုက်တို့ကို တူးရွင်းနှင့် ဖြိုချလိမ့်မည်။
10 ၁၀ မြင်း များ သောကြောင့် မြေမှုန့် သည် သင့် ကို ဖုံးလွှမ်း လိမ့်မည်။ တိုက်ဖျက် သော မြို့ ထဲသို့ဝင် တတ် သကဲ့သို့ သင် ၏မြို့တံခါး သို့ ဝင် သောအခါ ၊ လှည်းရထား မျိုးမြည်သံ၊ မြင်းစီး သူရဲတို့ အသံ ကြောင့် သင် ၏မြို့ရိုး လှုပ်ရှား လိမ့်မည်။
၁၀မြင်းများသောကြောင့် မြေမှုန့်သည် သင့်ကို ဖုံးလွှမ်းလိမ့်မည်။ တိုက်ဖျက်သော မြို့ထဲသို့ဝင်တတ် သကဲ့သို့ သင်၏မြို့တံခါးသို့ ဝင်သောအခါ၊ လှည်းရထား မျိုးမြည်သံ၊ မြင်းစီးသူရဲတို့ အသံကြောင့် သင်၏မြို့ရိုး လှုပ်ရှားလိမ့်မည်။
11 ၁၁ မြင်း ခွာ တို့ဖြင့် သင် ၏လမ်း ရှိသမျှ တို့ကို နင်း လျက်၊ သင် ၏လူ တို့ကို ထား နှင့် သတ် ၍ ၊ သင် ခိုလှုံ စရာ ရုပ်တု ဆင်းတုတို့သည် မြေ တိုင်အောင် ပြိုလဲ ကြလိမ့်မည်။
၁၁မြင်းခွာတို့ဖြင့် သင်၏လမ်းရှိသမျှတို့ကို နင်း လျက်၊ သင်၏လူတို့ကို ထားနှင့်သတ်၍၊ သင်ခိုလှုံစရာ ရုပ်တုဆင်းတုတို့သည် မြေတိုင်အောင် ပြိုလဲကြလိမ့်မည်။
12 ၁၂ သင် ၏ဥစ္စာ ကို လုယူ ၍ သင် ၏ကုန် များကိုလည်း သိမ်းယူ ကြလိမ့်မည်။ သင် ၏အုတ် ထရံတို့ကို ဖြို ၍ ဘုံဗိမာန် တို့ကို ဖျက် ပြီးလျှင် ၊ သင် ၏ ကျောက် ၊ သစ်သား ၊ မြေ တို့ကို ရေ ထဲမှာ ချပစ် ကြလိမ့်မည်။
၁၂သင်၏ဥစ္စာကို လုယူ၍သင်၏ကုန်များကိုလည်း သိမ်းယူကြလိမ့်မည်။ သင်၏အုတ်ထရံတို့ကို ဖြို၍ဘုံဗိမာန် တို့ကို ဖျက်ပြီးလျှင်၊ သင်၏ ကျောက်၊ သစ်သား၊ မြေတို့ကို ရေထဲမှာ ချပစ်ကြလိမ့်မည်။
13 ၁၃ သင် ဆိုသောသီချင်း သံ ကို ငါငြိမ်း စေ၍ ၊ သင် တီး သော စောင်း သံ ကို နောက် တဖန် အဘယ်သူမျှမ ကြား ရ။
၁၃သင်ဆိုသောသီချင်းသံကို ငါငြိမ်းစေ၍၊ သင်တီး သော စောင်းသံကို နောက်တဖန် အဘယ်သူမျှမကြားရ။
14 ၁၄ သင်သည် ရှင်းလင်း သောကျောက် ကဲ့သို့ပိုက်ကွန် လှန်း ရာအရပ် ဖြစ် ရလိမ့်မည်။ နောက် တဖန် မ တည် ပြန်ရ။ ငါ ထာဝရဘုရား ပြော ပြီဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
၁၄သင်သည် ရှင်းလင်းသောကျောက်ကဲ့သို့ ငိုက်ကွန်လှန်ရာ အရပ်ဖြစ်ရလိမ့်မည်။ နောက်တဖန် မတည်ပြန်ရ။ ငါထာဝရဘုရားပြောပြီဟု အရှင်ထာဝရ ဘုရားမိန့်တော်မူ၏။
15 ၁၅ တုရု မြို့ကို ရည်မှတ်၍ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့် အလယ် ၌ ကြီးစွာသော လုပ်ကြံ ခြင်း အမှုဖြစ်၍၊ ထိခိုက် သောသူတို့ သည် အော်ဟစ် သောအခါ ၊ သင် ပြိုလဲ ခြင်း အသံ ကြောင့် တကျွန်း တနိုင်ငံအရပ်တို့သည် တုန်လှုပ် ကြလိမ့်မည်။
၁၅တုရုမြို့ကို ရည်မှတ်၍ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်အလယ်၌ ကြီးစွာသော လုပ်ကြံခြင်း အမှုဖြစ်၍၊ ထိခိုက်သော သူတို့သည် အော်ဟစ်သောအခါ၊ သင်ပြိုလဲခြင်း အသံကြောင့် တကျွန်းတနိုင်ငံ အရပ်တို့သည် တုန်လှုပ်ကြလိမ့်မည်။
16 ၁၆ သမုဒ္ဒရာ မင်း အပေါင်း တို့သည် ရာဇ ပလ္လင်ပေါ်က ဆင်း ၍ ၊ အင်္ကျီ တော်ကို၎င်း ၊ ချယ်လှယ် သော အဝတ် တော်ကို၎င်းချွတ်ပယ် ပြီးမှ၊ တုန်လှုပ် ခြင်းအဝတ် ကို ဝတ်လျက်၊ မြေ ပေါ်၌ ထိုင် လျက် ခဏခဏ တုန်လှုပ် ၍ ၊ သင် ၏အမှုကြောင့် မိန်းမော တွေဝေကြလိမ့်မည်။
၁၆သမုဒ္ဒရာမင်းအပေါင်းတို့သည် ရာဇပလ္လင်ပေါ် က ဆင်း၍၊ အင်္ကျီတော်ကို၎င်း၊ ချယ်လှယ်သော အဝတ် တော်ကို၎င်း၊ ချွတ်ပယ်ပြီးမှ၊ တုန်လှုပ်ခြင်းအဝတ်ကို ဝတ်လျက်၊ မြေပေါ်၌ ထိုင်လျက် ခဏခဏတုန်လှုပ်၍၊ သင်၏အမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။
17 ၁၇ သူတို့ကလည်း၊ အိုကျော်စော သော မြို့ ၊ ပင်လယ်သား နေ ၍ ပင်လယ် ၌ အားကြီး သော မြို့၊ ပင်လယ်သား အပေါင်း တို့ ရိုသေ ဘွယ်သော မြို့သား နှင့် ပြည့်စုံသော မြို့၊ သင်သည် အလွန် ပျက်စီး လေပြီတကားဟု သင့် အား ဆို လျက် ၊ သင့် အတွက် မြည်တမ်း ကြလိမ့်မည်။
၁၇သူတို့ကလည်း၊ အိုကျော်စောသောမြို့၊ ပင်လယ် သားနေ၍ ပင်လယ်၌ အားကြီးသော မြို့၊ ပင်လယ်သား အပေါင်းတို့ ရိုသေဘွယ်သော မြို့သားနှင့် ပြည့်စုံသော မြို့၊ သင်သည် အလွန်ပျက်စီးလေပြီတကားဟု သင့်အား ဆိုလျက်၊ သင့်အတွက် မြည်တမ်းကြလိမ့်မည်။
18 ၁၈ သင် ပြိုလဲ သောနေ့ တွင် တကျွန်း တနိုင်ငံအရပ် တို့သည် တုန်လှုပ် ၍ ၊ သင် ကွယ်ပျောက် သောကြောင့် ပင်လယ် ၌ ရှိသော ကျွန်း များတို့သည် ထိတ်လန့် ကြ လိမ့်မည်။
၁၈သင်ပြိုလဲသောနေ့တွင် တကျွန်းတနိုင်ငံ အရပ် တို့သည် တုန်လှုပ်၍၊ သင်ကွယ်ပျောက်သောကြောင့် ပင်လယ်၌ရှိသော ကျွန်းများတို့သည် ထိတ်လန့်ကြလိမ့် မည်။
19 ၁၉ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ လူမ နေ သော မြို့ ကဲ့သို့ ငါသည် သင့် ကိုဆိတ်ညံ စေလျက်၊ ပင်လယ် ကိုသင့် အပေါ်သို့ ဆောင် ခဲ့၍၊ လှိုင်းတံပိုး တို့သည် သင့် ကိုလွှမ်းမိုး သောအခါ ၊
၁၉အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူမနေသောမြို့ကဲ့သို့ ငါသည် သင့်ကိုဆိတ်ညံစေလျက်၊ ပင်လယ်ကိုသင့်အပေါ်သို့ ဆောင်ခဲ့၍၊ လှိုင်းတံပိုးတို့သည် သင့်ကိုလွှမ်းမိုးသောအခါ၊
20 ၂၀ ရှေး လူ ဟောင်းတို့ နေရာမြေတွင်း ထဲသို့ ဆင်း သောသူတို့ နှင့်အတူ သင့် ကိုငါ နှိမ့်ချ ၍၊ သင်၌လူမ နေ စေခြင်းငှါ မြေတွင်း ထဲသို့ဆင်း သောသူတို့နှင့်အတူ ၊ ရှေး ကာလမှစ၍ဆိတ်ညံ ရာအရပ်၊ မြေ အောက် အရပ်တို့၌ ငါချထား မည်။ ထိုအခါ အသက်ရှင် သောသူတို့၏ နေရာ ၌ ငါ့ဘုန်း ကို ငါဖွင့် မည်။
၂၀ရှေးလူဟောင်းတို့ နေရာမြေတွင်းထဲသို့ ဆင်း သော သူတို့နှင့်အတူ သင့်ကိုငါ နှိမ့်ချ၍၊ သင်၌လူမနေစေ ခြင်းငှါ မြေတွင်းထဲသို့ဆင်းသောသူတို့နှင့်အတူ၊ ရှေး ကာလမှစ၍ဆိတ်ညံရာအရပ်၊ မြေအောက်အရပ်တို့၌ ငါချထားမည်။ ထိုအခါ အသက်ရှင်သောသူတို့၏ နေရာ ၌ ငါ့ဘုန်းကို ငါဖွင့်မည်။
21 ၂၁ သင် မူကား၊ ကြောက်မက် ဘွယ်သော အရာဖြစ် ၍၊ နောက် တဖန် အဘယ်သူမျှ ရှာ ၍ မတွေ့ နိုင်အောင်၊ ပျောက် ကုန်ရာသို့ရောက်လိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
၂၁သင်မူကား၊ ကြောက်မက်ဘွယ်သော အရာဖြစ် ၍၊ နောက်တဖန် အဘယ်သူမျှရှာ၍ မတွေ့နိုင်အောင်၊ ပျောက်ကုန်ရာသို့ရောက်လိမ့်မည်ဟု အရှင်ထာဝရ ဘုရားမိန့်တော်မူ၏။

< ယေဇကျေလ 26 >