< ယေဇကျေလ 26 >
1 ၁ သက္ကရာဇ် ဆယ် တ ခု၊ ပဌမ တရက်နေ့တွင် ၊ ထာဝရဘုရား ၏နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍ ၊
In the eleventh year, in the first of the month, the LORD’s word came to me, saying,
2 ၂ အချင်းလူသား ၊ တုရု မြို့က၊ အေ့ဟေ ၊ တိုင်း နိုင်ငံတို့၏ တံခါး ဖြစ်သော ယေရုရှလင် မြို့သည် ပျက်စီး သည် ဖြစ်၍ ၊ ငါ့ လက်သို့ ရောက် လိမ့်မည်။ ထိုမြို့ဆိတ်ညံ သောကြောင့် ငါစည်ပင် လိမ့်မည်ဟု ယေရုရှလင်မြို့တဘက်၌ ဆို မိသောကြောင့်၊
“Son of man, because Tyre has said against Jerusalem, ‘Aha! She is broken! She who was the gateway of the peoples has been returned to me. I will be replenished, now that she is laid waste;’
3 ၃ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုတုရု မြို့၊ သင့် တဘက် ၌ငါ နေ၏။ သမုဒ္ဒရာ လှိုင်းတံပိုး တက် သကဲ့သို့ ၊ လူ အမျိုးမျိုး တို့သည် သင့် ကို တက်၍ တိုက် စေမည်။
therefore the Lord GOD says, ‘Behold, I am against you, Tyre, and will cause many nations to come up against you, as the sea causes its waves to come up.
4 ၄ သူတို့သည် တုရု မြို့ရိုး ကိုဖျက် ၍ ပြအိုး တို့ကို ဖြိုချ ကြလိမ့်မည်။ မြေမှုန့် ကို ငါခြစ် ခွာ၍ ရှင်းလင်း သောကျောက် ကဲ့သို့ဖြစ် စေမည်။
They will destroy the walls of Tyre, and break down her towers. I will also scrape her dust from her, and make her a bare rock.
5 ၅ ပင်လယ် အလယ် ၌ ပိုက်ကွန် လှန်း ရာအရပ် ဖြစ် လိမ့်မည်။ ငါ ပြော ပြီဟု အရှင် ထာဝရဘုရား မိန့် တော်မူ ၏။ လူမျိုး လုယူ ရာဖြစ် ရလိမ့်မည်။
She will be a place for the spreading of nets in the middle of the sea; for I have spoken it,’ says the Lord GOD. ‘She will become plunder for the nations.
6 ၆ လယ်ပြင် ၌ ရှိသောသမီး တို့သည် ထား ဖြင့် သေ ၍ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြ လိမ့်မည်ဟု မိန့်တော်မူ၏။
Her daughters who are in the field will be slain with the sword. Then they will know that I am the LORD.’
7 ၇ တဖန် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ ဘုရင် တို့၏ဘုရင် တည်းဟူသောမြောက် မျက်နှာရှင်ဘုရင် နေဗုခဒ်နေဇာ ကို၊ မြင်း ရထား ၊ မြင်းစီး သူရဲ၊ လူ များအလုံးအရင်း နှင့်တကွ တုရု မြို့သို့ ငါ ဆောင် ခဲ့ မည်။
“For the Lord GOD says: ‘Behold, I will bring on Tyre Nebuchadnezzar king of Babylon, king of kings, from the north, with horses, with chariots, with horsemen, and an army with many people.
8 ၈ သူသည်လယ်ပြင် ၌ ရှိသောသင် ၏သားသမီး တို့ကို ထား နှင့် သတ် လိမ့်မည်။ သင့် တဘက်၌ ရဲတိုက် ကိုတည် ၍ မြေရိုး ကိုဖို့ ပြီးလျှင် ၊ ဒိုင်း လွှားတို့ကို ချီ ကာလိမ့်မည်။
He will kill your daughters in the field with the sword. He will make forts against you, cast up a mound against you, and raise up the buckler against you.
9 ၉ သင် ၏မြို့ရိုး တဘက် တချက်၊ ဝက်ခွတိုင် ၌ တုံး တို့ကို ဆွဲ ထား၍ သင် ၏ရဲတိုက် တို့ကို တူးရွင်း နှင့် ဖြိုချ လိမ့်မည်။
He will set his battering engines against your walls, and with his axes he will break down your towers.
10 ၁၀ မြင်း များ သောကြောင့် မြေမှုန့် သည် သင့် ကို ဖုံးလွှမ်း လိမ့်မည်။ တိုက်ဖျက် သော မြို့ ထဲသို့ဝင် တတ် သကဲ့သို့ သင် ၏မြို့တံခါး သို့ ဝင် သောအခါ ၊ လှည်းရထား မျိုးမြည်သံ၊ မြင်းစီး သူရဲတို့ အသံ ကြောင့် သင် ၏မြို့ရိုး လှုပ်ရှား လိမ့်မည်။
By reason of the abundance of his horses, their dust will cover you. Your walls will shake at the noise of the horsemen, of the wagons, and of the chariots, when he enters into your gates, as men enter into a city which is broken open.
11 ၁၁ မြင်း ခွာ တို့ဖြင့် သင် ၏လမ်း ရှိသမျှ တို့ကို နင်း လျက်၊ သင် ၏လူ တို့ကို ထား နှင့် သတ် ၍ ၊ သင် ခိုလှုံ စရာ ရုပ်တု ဆင်းတုတို့သည် မြေ တိုင်အောင် ပြိုလဲ ကြလိမ့်မည်။
He will tread down all your streets with the hoofs of his horses. He will kill your people with the sword. The pillars of your strength will go down to the ground.
12 ၁၂ သင် ၏ဥစ္စာ ကို လုယူ ၍ သင် ၏ကုန် များကိုလည်း သိမ်းယူ ကြလိမ့်မည်။ သင် ၏အုတ် ထရံတို့ကို ဖြို ၍ ဘုံဗိမာန် တို့ကို ဖျက် ပြီးလျှင် ၊ သင် ၏ ကျောက် ၊ သစ်သား ၊ မြေ တို့ကို ရေ ထဲမှာ ချပစ် ကြလိမ့်မည်။
They will make a plunder of your riches and make a prey of your merchandise. They will break down your walls and destroy your pleasant houses. They will lay your stones, your timber, and your dust in the middle of the waters.
13 ၁၃ သင် ဆိုသောသီချင်း သံ ကို ငါငြိမ်း စေ၍ ၊ သင် တီး သော စောင်း သံ ကို နောက် တဖန် အဘယ်သူမျှမ ကြား ရ။
I will cause the noise of your songs to cease. The sound of your harps will not be heard any more.
14 ၁၄ သင်သည် ရှင်းလင်း သောကျောက် ကဲ့သို့ပိုက်ကွန် လှန်း ရာအရပ် ဖြစ် ရလိမ့်မည်။ နောက် တဖန် မ တည် ပြန်ရ။ ငါ ထာဝရဘုရား ပြော ပြီဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
I will make you a bare rock. You will be a place for the spreading of nets. You will be built no more; for I the LORD have spoken it,’ says the Lord GOD.
15 ၁၅ တုရု မြို့ကို ရည်မှတ်၍ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့် အလယ် ၌ ကြီးစွာသော လုပ်ကြံ ခြင်း အမှုဖြစ်၍၊ ထိခိုက် သောသူတို့ သည် အော်ဟစ် သောအခါ ၊ သင် ပြိုလဲ ခြင်း အသံ ကြောင့် တကျွန်း တနိုင်ငံအရပ်တို့သည် တုန်လှုပ် ကြလိမ့်မည်။
“The Lord GOD says to Tyre: ‘Will not the islands shake at the sound of your fall, when the wounded groan, when the slaughter is made within you?
16 ၁၆ သမုဒ္ဒရာ မင်း အပေါင်း တို့သည် ရာဇ ပလ္လင်ပေါ်က ဆင်း ၍ ၊ အင်္ကျီ တော်ကို၎င်း ၊ ချယ်လှယ် သော အဝတ် တော်ကို၎င်းချွတ်ပယ် ပြီးမှ၊ တုန်လှုပ် ခြင်းအဝတ် ကို ဝတ်လျက်၊ မြေ ပေါ်၌ ထိုင် လျက် ခဏခဏ တုန်လှုပ် ၍ ၊ သင် ၏အမှုကြောင့် မိန်းမော တွေဝေကြလိမ့်မည်။
Then all the princes of the sea will come down from their thrones, and lay aside their robes, and strip off their embroidered garments. They will clothe themselves with trembling. They will sit on the ground, and will tremble every moment, and be astonished at you.
17 ၁၇ သူတို့ကလည်း၊ အိုကျော်စော သော မြို့ ၊ ပင်လယ်သား နေ ၍ ပင်လယ် ၌ အားကြီး သော မြို့၊ ပင်လယ်သား အပေါင်း တို့ ရိုသေ ဘွယ်သော မြို့သား နှင့် ပြည့်စုံသော မြို့၊ သင်သည် အလွန် ပျက်စီး လေပြီတကားဟု သင့် အား ဆို လျက် ၊ သင့် အတွက် မြည်တမ်း ကြလိမ့်မည်။
They will take up a lamentation over you, and tell you, “How you are destroyed, who were inhabited by seafaring men, the renowned city, who was strong in the sea, she and her inhabitants, who caused their terror to be on all who lived there!”
18 ၁၈ သင် ပြိုလဲ သောနေ့ တွင် တကျွန်း တနိုင်ငံအရပ် တို့သည် တုန်လှုပ် ၍ ၊ သင် ကွယ်ပျောက် သောကြောင့် ပင်လယ် ၌ ရှိသော ကျွန်း များတို့သည် ထိတ်လန့် ကြ လိမ့်မည်။
Now the islands will tremble in the day of your fall. Yes, the islands that are in the sea will be dismayed at your departure.’
19 ၁၉ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ လူမ နေ သော မြို့ ကဲ့သို့ ငါသည် သင့် ကိုဆိတ်ညံ စေလျက်၊ ပင်လယ် ကိုသင့် အပေါ်သို့ ဆောင် ခဲ့၍၊ လှိုင်းတံပိုး တို့သည် သင့် ကိုလွှမ်းမိုး သောအခါ ၊
“For the Lord GOD says: ‘When I make you a desolate city, like the cities that are not inhabited, when I bring up the deep on you, and the great waters cover you,
20 ၂၀ ရှေး လူ ဟောင်းတို့ နေရာမြေတွင်း ထဲသို့ ဆင်း သောသူတို့ နှင့်အတူ သင့် ကိုငါ နှိမ့်ချ ၍၊ သင်၌လူမ နေ စေခြင်းငှါ မြေတွင်း ထဲသို့ဆင်း သောသူတို့နှင့်အတူ ၊ ရှေး ကာလမှစ၍ဆိတ်ညံ ရာအရပ်၊ မြေ အောက် အရပ်တို့၌ ငါချထား မည်။ ထိုအခါ အသက်ရှင် သောသူတို့၏ နေရာ ၌ ငါ့ဘုန်း ကို ငါဖွင့် မည်။
then I will bring you down with those who descend into the pit, to the people of old time, and will make you dwell in the lower parts of the earth, in the places that are desolate of old, with those who go down to the pit, that you be not inhabited; and I will set glory in the land of the living.
21 ၂၁ သင် မူကား၊ ကြောက်မက် ဘွယ်သော အရာဖြစ် ၍၊ နောက် တဖန် အဘယ်သူမျှ ရှာ ၍ မတွေ့ နိုင်အောင်၊ ပျောက် ကုန်ရာသို့ရောက်လိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
I will make you a terror, and you will no more have any being. Though you are sought for, yet you will never be found again,’ says the Lord GOD.”