< ယေဇကျေလ 25 >

1 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
וַיְהִי דְבַר־יְהוָה אֵלַי לֵאמֹֽר׃
2 အချင်းလူသား ၊ သင်သည် အမ္မုန် အမျိုးသား တို့ တဘက် ၌မျက်နှာ ထား ၍ ပရောဖက်ပြု လျက်၊
בֶּן־אָדָם שִׂים פָּנֶיךָ אֶל־בְּנֵי עַמּוֹן וְהִנָּבֵא עֲלֵיהֶֽם׃
3 ဆင့်ဆို ရမည်မှာ၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့။ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ရှုတ်ချ လျက်ရှိသောငါ ၏ သန့်ရှင်း ရာဌာနကို၎င်း ၊ လူဆိတ်ညံ ခြင်းသို့ရောက်သော ဣသရေလ ပြည် ကို၎င်း၊ သိမ်း သွားခြင်းကို ခံရ သော ယုဒ အမျိုး ကို ၎င်း ၊ အေ့ဟေ ဟု သင် ဆို မိသောကြောင့် ၊
וְאָֽמַרְתָּ לִבְנֵי עַמּוֹן שִׁמְעוּ דְּבַר־אֲדֹנָי יְהוִה כֹּה־אָמַר אֲדֹנָי יְהוִה יַעַן אָמְרֵךְ הֶאָח אֶל־מִקְדָּשִׁי כִֽי־נִחָל וְאֶל־אַדְמַת יִשְׂרָאֵל כִּי נָשַׁמָּה וְאֶל־בֵּית יְהוּדָה כִּי הָלְכוּ בַּגּוֹלָֽה׃
4 သင့် ကိုအရှေ့ ပြည်သားတို့အား ငါ အပိုင် ပေး မည်။ သူတို့သည် သင် ၏အထဲ၌ ဘုံဗိမာန် တို့ကို တည်ဆောက်၍ နေရာကျ ကြလိမ့်မည်။ သင် ၏အသီးအနှံ ကိုစား ၍ သင် ၏နို့ ကို သောက် ကြလိမ့်မည်။
לָכֵן הִנְנִי נֹתְנָךְ לִבְנֵי־קֶדֶם לְמֽוֹרָשָׁה וְיִשְּׁבוּ טִירֽוֹתֵיהֶם בָּךְ וְנָתְנוּ בָךְ מִשְׁכְּנֵיהֶם הֵמָּה יֹאכְלוּ פִרְיֵךְ וְהֵמָּה יִשְׁתּוּ חֲלָבֵֽךְ׃
5 ရဗ္ဗာ မြို့ကို ကုလားအုပ် တင်းကုပ် ၊ အမ္မုန် ပြည်ကို သိုး ကျက်စား ရာ ငါဖြစ် စေမည်။ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ရကြလိမ့်မည်။
וְנָתַתִּי אֶת־רַבָּה לִנְוֵה גְמַלִּים וְאֶת־בְּנֵי עַמּוֹן לְמִרְבַּץ־צֹאן וִֽידַעְתֶּם כִּֽי־אֲנִי יְהוָֽה׃
6 သင်သည် ဣသရေလ ပြည် ကို မနာလို သောစိတ် အားကြီး လျက် လက်ခုပ်တီး ခြင်း၊ ခြေ နှင့်ဆောင့် ခြင်း ကို ဝမ်းမြောက် စွာ ပြုသောကြောင့် ၊
כִּי כֹה אָמַר אֲדֹנָי יְהוִה יַעַן מַחְאֲךָ יָד וְרַקְעֲךָ בְּרָגֶל וַתִּשְׂמַח בְּכָל־שָֽׁאטְךָ בְּנֶפֶשׁ אֶל־אַדְמַת יִשְׂרָאֵֽל׃
7 ငါ သည် သင့် ကို တိုက် ၍၊ လူ အမျိုးမျိုးလုယူ ဘို့ရာ အပ် မည်။ လူ နေရာအတိုင်းတိုင်း အပြည်ပြည်ထဲက သင့် ကို သုတ်သင် ပယ်ရှင်း မည်။ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သင်သိ ရလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
לָכֵן הִנְנִי נָטִיתִי אֶת־יָדִי עָלֶיךָ וּנְתַתִּיךָֽ־לבג לְבַז לַגּוֹיִם וְהִכְרַתִּיךָ מִן־הָעַמִּים וְהַאֲבַדְתִּיךָ מִן־הָאֲרָצוֹת אַשְׁמִידְךָ וְיָדַעְתָּ כִּֽי־אֲנִי יְהוָֽה׃
8 တဖန်မောဘ ပြည်နှင့် စိရ မြို့က၊ ယုဒ အမျိုး သည် တပါးအမျိုးသား အပေါင်း တို့နှင့် တူသည်ဟု ဆို သောကြောင့် ၊
כֹּה אָמַר אֲדֹנָי יְהוִה יַעַן אֲמֹר מוֹאָב וְשֵׂעִיר הִנֵּה כְּכָֽל־הַגּוֹיִם בֵּית יְהוּדָֽה׃
9 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ မောဘ နံပါး ၊ ပြည်စွန်း နားမှာ နိုင်ငံ ၏ဘုန်း ဖြစ်သော ဗက်ယေရှိမုတ် မြို့၊ ဗာလမောင် မြို့၊ ကိရယသိမ် မြို့တို့ကို ငါ လှန် ထားမည်။
לָכֵן הִנְנִי פֹתֵחַ אֶת־כֶּתֶף מוֹאָב מֵהֶעָרִים מֵֽעָרָיו מִקָּצֵהוּ צְבִי אֶרֶץ בֵּית הַיְשִׁימֹת בַּעַל מְעוֹן וקריתמה וְקִרְיָתָֽיְמָה׃
10 ၁၀ ထိုမြို့တို့ကို အမ္မုန် အမျိုးသား တို့နှင့်တကွ အရှေ့ ပြည်သားတို့အား အပိုင် ပေး မည်။ အမ္မုန် ပြည်သား တို့ကို တိုင်း နိုင်ငံစုတွင် မ မှတ် ရ။
לִבְנֵי־קֶדֶם עַל־בְּנֵי עַמּוֹן וּנְתַתִּיהָ לְמֽוֹרָשָׁה לְמַעַן לֹֽא־תִזָּכֵר בְּנֵֽי־עַמּוֹן בַּגּוֹיִֽם׃
11 ၁၁ မောဘ ပြည်ကို လည်း ငါသည် အပြစ်ဒဏ် စီရင် ၍ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ကြရလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
וּבְמוֹאָב אֶעֱשֶׂה שְׁפָטִים וְיָדְעוּ כִּֽי־אֲנִי יְהוָֽה׃
12 ၁၂ တဖန်ဧဒုံ ပြည်သည် ချင်ရဲပြေ စေခြင်းငှါ၊ ယုဒ အမျိုး တဘက် ၌နေ၍ အလွန်ပြစ်မှား သဖြင့် ၊ အပြစ်ဒဏ် စီရင်သောကြောင့် ၊
כֹּה אָמַר אֲדֹנָי יְהוִה יַעַן עֲשׂוֹת אֱדוֹם בִּנְקֹם נָקָם לְבֵית יְהוּדָה וַיֶּאְשְׁמוּ אָשׁוֹם וְנִקְּמוּ בָהֶֽם׃
13 ၁၃ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဧဒုံ ပြည်ကို ငါတိုက် ၍ လူ နှင့် တိရစ္ဆာန် တို့ကို ပယ်ဖြတ် မည်။ တေမန် မြို့မှစ၍ လူဆိတ်ညံ စေမည်။ ဒေဒန် မြို့တိုင်အောင် ထား ဖြင့် ဆုံး ရကြလိမ့်မည်။
לָכֵן כֹּה אָמַר אֲדֹנָי יְהוִה וְנָטִתִי יָדִי עַל־אֱדוֹם וְהִכְרַתִּי מִמֶּנָּה אָדָם וּבְהֵמָה וּנְתַתִּיהָ חָרְבָּה מִתֵּימָן וּדְדָנֶה בַּחֶרֶב יִפֹּֽלוּ׃
14 ၁၄ ငါ ၏လူ ဣသရေလ အမျိုးသားများအားဖြင့် ၊ ဧဒုံ ပြည်ကိုငါ ၏ ချင်ရဲပြေစေခြင်းငှါဒဏ် ပေး မည်။ သူတို့သည် ငါ၏အမျက် အရှိန်အားကြီးသည့်အတိုင်း ဧဒုံ ပြည် ကို ပြု ကြလိမ့်မည်။ ငါ ပေးသော အပြစ်ဒဏ် ကို သိ ရ ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
וְנָתַתִּי אֶת־נִקְמָתִי בֶּאֱדוֹם בְּיַד עַמִּי יִשְׂרָאֵל וְעָשׂוּ בֶאֱדוֹם כְּאַפִּי וְכַחֲמָתִי וְיָֽדְעוּ אֶת־נִקְמָתִי נְאֻם אֲדֹנָי יְהוִֽה׃
15 ၁၅ တဖန် ဖိလိတ္တိ လူတို့သည် အငြိုးထား ၍ မနာလို သောစိတ် အားကြီးသည်နှင့် ဒေါသအလိုကိုပြည့်စုံစွာ ပြု၍၊ ရှင်းရှင်း ဖျက်ဆီး ခြင်းငှါအပြစ်ဒဏ် ပေးသောကြောင့် ၊
כֹּה אָמַר אֲדֹנָי יְהוִה יַעַן עֲשׂוֹת פְּלִשְׁתִּים בִּנְקָמָה וַיִּנָּקְמוּ נָקָם בִּשְׁאָט בְּנֶפֶשׁ לְמַשְׁחִית אֵיבַת עוֹלָֽם׃
16 ၁၆ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဖိလိတ္တိ လူတို့ကို ငါ တိုက် ၍ ခေရသိ လူတို့ကို ပယ်ဖြတ် မည်။ ပင်လယ် ကမ်းနား ၌ ကျန်ကြွင်း သောသူတို့ကို ဖျက်ဆီး မည်။
לָכֵן כֹּה אָמַר אֲדֹנָי יְהוִה הִנְנִי נוֹטֶה יָדִי עַל־פְּלִשְׁתִּים וְהִכְרַתִּי אֶת־כְּרֵתִים וְהַאֲבַדְתִּי אֶת־שְׁאֵרִית חוֹף הַיָּֽם׃
17 ၁၇ ပြင်းစွာ သော ဆုံးမ ခြင်းနှင့်တကွကြီးစွာသော အပြစ်ဒဏ် ကိုပေး မည်။ ထိုသို့ငါ ၏ချင်ရဲပြေ စေခြင်းငှါဒဏ်ပေးသောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ရကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
וְעָשִׂיתִי בָם נְקָמוֹת גְּדֹלוֹת בְּתוֹכְחוֹת חֵמָה וְיָֽדְעוּ כִּֽי־אֲנִי יְהוָה בְּתִתִּי אֶת־נִקְמָתִי בָּֽם׃

< ယေဇကျေလ 25 >