< ယေဇကျေလ 25 >
1 ၁ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
Then the word of Yahweh came to me, saying,
2 ၂ အချင်းလူသား ၊ သင်သည် အမ္မုန် အမျိုးသား တို့ တဘက် ၌မျက်နှာ ထား ၍ ပရောဖက်ပြု လျက်၊
“Son of man, set your face against the people of Ammon and prophesy against them.
3 ၃ ဆင့်ဆို ရမည်မှာ၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့။ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ရှုတ်ချ လျက်ရှိသောငါ ၏ သန့်ရှင်း ရာဌာနကို၎င်း ၊ လူဆိတ်ညံ ခြင်းသို့ရောက်သော ဣသရေလ ပြည် ကို၎င်း၊ သိမ်း သွားခြင်းကို ခံရ သော ယုဒ အမျိုး ကို ၎င်း ၊ အေ့ဟေ ဟု သင် ဆို မိသောကြောင့် ၊
Say to the people of Ammon, 'Hear the word of the Lord Yahweh. This is what the Lord Yahweh says: Because you said, “Aha!” over my sanctuary when it was profaned, and against the land of Israel when it was desolate, and against the house of Judah when they went into exile,
4 ၄ သင့် ကိုအရှေ့ ပြည်သားတို့အား ငါ အပိုင် ပေး မည်။ သူတို့သည် သင် ၏အထဲ၌ ဘုံဗိမာန် တို့ကို တည်ဆောက်၍ နေရာကျ ကြလိမ့်မည်။ သင် ၏အသီးအနှံ ကိုစား ၍ သင် ၏နို့ ကို သောက် ကြလိမ့်မည်။
therefore, behold, I am giving you to a people in the east as their possession. They will set up camp against you and set up their tents among you. They will eat your fruit and they will drink your milk.
5 ၅ ရဗ္ဗာ မြို့ကို ကုလားအုပ် တင်းကုပ် ၊ အမ္မုန် ပြည်ကို သိုး ကျက်စား ရာ ငါဖြစ် စေမည်။ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ရကြလိမ့်မည်။
I will make Rabbah a pasture for camels and the people of Ammon a field for flocks. Then you will know that I am Yahweh.
6 ၆ သင်သည် ဣသရေလ ပြည် ကို မနာလို သောစိတ် အားကြီး လျက် လက်ခုပ်တီး ခြင်း၊ ခြေ နှင့်ဆောင့် ခြင်း ကို ဝမ်းမြောက် စွာ ပြုသောကြောင့် ၊
For the Lord Yahweh says this: You have clapped your hands and stamped your feet, and rejoiced with all the contempt within you against the land of Israel.
7 ၇ ငါ သည် သင့် ကို တိုက် ၍၊ လူ အမျိုးမျိုးလုယူ ဘို့ရာ အပ် မည်။ လူ နေရာအတိုင်းတိုင်း အပြည်ပြည်ထဲက သင့် ကို သုတ်သင် ပယ်ရှင်း မည်။ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သင်သိ ရလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
Therefore, behold! I will strike you with my hand and give you as plunder to the nations. I will cut you off from the peoples and make you perish from among the countries! I will destroy you, and you will know that I am Yahweh.'
8 ၈ တဖန်မောဘ ပြည်နှင့် စိရ မြို့က၊ ယုဒ အမျိုး သည် တပါးအမျိုးသား အပေါင်း တို့နှင့် တူသည်ဟု ဆို သောကြောင့် ၊
The Lord Yahweh says this, 'Because Moab and Seir say, “Behold! The house of Judah is like every other nation.”
9 ၉ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ မောဘ နံပါး ၊ ပြည်စွန်း နားမှာ နိုင်ငံ ၏ဘုန်း ဖြစ်သော ဗက်ယေရှိမုတ် မြို့၊ ဗာလမောင် မြို့၊ ကိရယသိမ် မြို့တို့ကို ငါ လှန် ထားမည်။
Therefore, behold! I will open the slopes of Moab, starting at his cities on the border—the splendor of Beth Jeshimoth, Baal Meon, and Kiriathaim—
10 ၁၀ ထိုမြို့တို့ကို အမ္မုန် အမျိုးသား တို့နှင့်တကွ အရှေ့ ပြည်သားတို့အား အပိုင် ပေး မည်။ အမ္မုန် ပြည်သား တို့ကို တိုင်း နိုင်ငံစုတွင် မ မှတ် ရ။
to the people of the east who have been against the people of Ammon. I will give them up as a possession so that the people of Ammon will not be remembered among the nations.
11 ၁၁ မောဘ ပြည်ကို လည်း ငါသည် အပြစ်ဒဏ် စီရင် ၍ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ကြရလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
So I will perform judgments against Moab, and they will know that I am Yahweh.'
12 ၁၂ တဖန်ဧဒုံ ပြည်သည် ချင်ရဲပြေ စေခြင်းငှါ၊ ယုဒ အမျိုး တဘက် ၌နေ၍ အလွန်ပြစ်မှား သဖြင့် ၊ အပြစ်ဒဏ် စီရင်သောကြောင့် ၊
The Lord Yahweh says this, 'Edom has taken vengeance against the house of Judah and has committed wrong in doing so.
13 ၁၃ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဧဒုံ ပြည်ကို ငါတိုက် ၍ လူ နှင့် တိရစ္ဆာန် တို့ကို ပယ်ဖြတ် မည်။ တေမန် မြို့မှစ၍ လူဆိတ်ညံ စေမည်။ ဒေဒန် မြို့တိုင်အောင် ထား ဖြင့် ဆုံး ရကြလိမ့်မည်။
Therefore, the Lord Yahweh says this: I will strike Edom with my hand and destroy every person and animal there. I will make them a ruined, abandoned place, from Teman to Dedan. They will fall by the sword.
14 ၁၄ ငါ ၏လူ ဣသရေလ အမျိုးသားများအားဖြင့် ၊ ဧဒုံ ပြည်ကိုငါ ၏ ချင်ရဲပြေစေခြင်းငှါဒဏ် ပေး မည်။ သူတို့သည် ငါ၏အမျက် အရှိန်အားကြီးသည့်အတိုင်း ဧဒုံ ပြည် ကို ပြု ကြလိမ့်မည်။ ငါ ပေးသော အပြစ်ဒဏ် ကို သိ ရ ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
I will lay my vengeance upon Edom by the hand of my people Israel, and they will do to Edom according to my anger and my fury, and they will know my vengeance—this is the Lord Yahweh's declaration.'
15 ၁၅ တဖန် ဖိလိတ္တိ လူတို့သည် အငြိုးထား ၍ မနာလို သောစိတ် အားကြီးသည်နှင့် ဒေါသအလိုကိုပြည့်စုံစွာ ပြု၍၊ ရှင်းရှင်း ဖျက်ဆီး ခြင်းငှါအပြစ်ဒဏ် ပေးသောကြောင့် ၊
The Lord Yahweh says this, 'The Philistines have taken vengeance with malice and from within themselves they tried to destroy Judah again and again.
16 ၁၆ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဖိလိတ္တိ လူတို့ကို ငါ တိုက် ၍ ခေရသိ လူတို့ကို ပယ်ဖြတ် မည်။ ပင်လယ် ကမ်းနား ၌ ကျန်ကြွင်း သောသူတို့ကို ဖျက်ဆီး မည်။
So this is what the Lord Yahweh says: Behold! I will reach out with my hand against the Philistines, and I will cut off the Kerethites and destroy the remnant who are along the seacoast.
17 ၁၇ ပြင်းစွာ သော ဆုံးမ ခြင်းနှင့်တကွကြီးစွာသော အပြစ်ဒဏ် ကိုပေး မည်။ ထိုသို့ငါ ၏ချင်ရဲပြေ စေခြင်းငှါဒဏ်ပေးသောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ရကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
For I will take great vengeance against them with furious acts of punishment, so they will know that I am Yahweh, when I take my vengeance on them.'”