< ယေဇကျေလ 24 >
1 ၁ သက္ကရာဇ် ကိုး ခု၊ ဒသမ လ ဆယ် ရက်နေ့တွင် ၊ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
On the tenth day of the tenth month of the ninth year, a message from the Lord came to me, saying,
2 ၂ အချင်းလူသား ၊ ဤ မည်သောနေ့၊ ယခု နေ့ရက်ကိုမှတ် လော့။ ယခု နေ့၌ ဗာဗုလုန် ရှင်ဘုရင် သည် ယေရုရှလင် မြို့ကို ဝိုင်း ထားစပြု၏။
“Son of man, write down today's date, because this is the day that the king of Babylon started his siege of Jerusalem.
3 ၃ ပုန်ကန် တတ်သော အမျိုး အား လည်း ပုံ စကား တည်းဟူသော၊ အရှင် ထာဝရဘုရား မိန့် တော်မူသောစကားကို ဆင့်ဆို ရမည်မှာ၊ အိုးကင်း ကို မီးဖို၌ တင် ထား၍ ရေ ကိုလောင်း လော့။
Then repeat the following parable to these rebellious people. Tell them that this is what the Lord God says: Get a pot and set it on the fire. Pour in some water.
4 ၄ အမဲသားတစ် များ၊ ကောင်း သောအတစ် တို့ကို စုထား ၍၊ ပေါင် ၊ ပခုံး ၊ အစရှိသော အကောင်းဆုံး သော အရိုး တို့ကို အိုးကင်း၌အပြည့် ထည့်လော့။
Fill it with some good cuts of meat from the thigh and the shoulder. Put in the best bones.
5 ၅ သိုး အကောင်းဆုံး တို့ကို ယူ ပြီးလျှင် ၊ အရိုး အချို့ တို့ကို အိုးကင်း အောက်မှာ ပုံ ၍၊ အိုးကင်း ထဲမှာ အရိုး တို့ကို ကျက် စေခြင်းငှါ ကျပ်ကျပ် ဆူစေလော့။
Choose the best animal from the flock. Pile up the fuel underneath it. Get it boiling and cook the bones in it.
6 ၆ ဤအမှု၌ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ လူအသက် ကိုသတ်တတ်သောမြို့ ၊ သံချေးတက် ၍ ရှိသေး သောအိုးကင်း သည် အမင်္ဂလာ ရှိ၏။ သားတစ် တို့ကို တခုနောက်တခုထုတ် လော့။ စာရေးတံ မ ပြု နှင့်။
So this is what the Lord God says: Disaster is coming to the city of that has shed so much blood! It is symbolized by the rusted pot, whose rust can't be cleaned off. Take out the meat bit by bit as it comes—don't choose which piece.
7 ၇ အကြောင်းမူကား ၊ ထိုမြို့သတ်သောသူ ၏ အသွေး သည် မြို့ အလယ် ၌ ရှိ၏။ ထိုအသွေးကိုမြေမှုန့် နှင့် ဖုံး ခြင်းငှါ မြေ ပေါ်မှာ သွန်း သည်မ ဟုတ်၊ ရှင်းလင်း သော ကျောက် ပေါ်မှာ တင် ထားပြီ။
For the blood she shed is still inside the city. She shed it openly on bare rock—she didn't even spill it on the ground and cover it up with dirt.
8 ၈ ငါသည်လည်း အပြစ်ဒဏ် ပေးမည်အကြောင်း ၊ ဒေါသ အမျက်ထွက် စေခြင်းငှါ ၊ ထိုအသွေး ကိုမ ဖုံး ဘဲ ရှင်းလင်း သောကျောက် ပေါ်မှာ တင် ထားပြီ။
In my anger and to punish, I have spilled her blood openly on bare rock, so it wouldn't be covered up.
9 ၉ ဤအမှု၌ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ လူအသက် ကိုသတ်တတ်သောမြို့ သည် အမင်္ဂလာ ရှိ၏။ ကြီးစွာ သော မီးပုံ ကို ငါ စီရင်မည်။
So this is what the Lord God says: Disaster is coming to the city of that has shed so much blood. I will also pile up a large heap of firewood.
10 ၁၀ ထင်း များကို ပုံ ထား၍မီး ရှို့ လော့။ အမဲသား လျော့၍ မြိန်စွာသော စားဘွယ်ဖြစ် စေလော့။ အရိုး တို့ကိုလည်း ကျွမ်း စေ။
Put on plenty of wood and light the fire. Make sure the meat is well cooked and add spices. Burn the bones.
11 ၁၁ ထိုနောက် ၊ အဘယ်အရာ မျှမပါဘဲ မီးခဲ ပေါ်မှာ တင် ထားလော့။ ကြေးနီ ပူ ၍ မီး တောက်စေ။ အိုးကင်း ၌ ပါသောအညစ်အကြေး ကို အရည်ကျို ၍ သံချေး ကုန် စေ။
Then put the empty pot back on the burning coals until it's hot and the copper metal glows. This will melt the dirt inside it and get rid of the rust.
12 ၁၂ ကြိုးစား၍ ပင်ပန်း သော်လည်း ၊ များစွာ သော သံချေး မ ထွက် တတ်။ မီး အားဖြင့် မကုန်တတ်။
So far it's been impossible to clean it —even fire couldn't burn out all its rust.
13 ၁၃ သင် ၏အညစ်အကြေး ၌ အဓမ္မ အမှုပါ၏။ ငါဆေးကြော ၍ သင်သည်ဆေးကြော ခြင်းကို မ ခံသောကြောင့် ၊ ငါ ၏အမျက် အရှိန်သည် သင့် အပေါ်သို့ မ ရောက် မချင်းတိုင်အောင်၊ သင် ၏အညစ်အကြေး ကို မ ဆေးကြော ရ။
Because of your immorality you had made yourself unclean and I tried to clean you, but you refused to let me clean away your filth. So now you won't be pure again until I've finished being angry with you.
14 ၁၄ ငါ ထာဝရဘုရား ပြော ပြီ။ ပြောသည်အတိုင်း ငါပြု ၍ပြည့်စုံစေမည်။ နောက် သို့မ ဆုတ်၊ မ နှမြော ၊ နောင်တ မ ရ၊ သင် ကျင့်ကြံ ပြုမူ သမျှ အတိုင်း ၊ ငါစီရင် မည် ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
I, the Lord, have spoken. The time is soon coming when I will do what I say. I won't change my mind or show pity, I won't stop. I will judge you by your attitude and actions, declares the Lord God.”
15 ၁၅ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
A message from the Lord came to me, saying,
16 ၁၆ အချင်းလူသား ၊ သင် ကြည့်ရှု လိုဘွယ်သော သူကိုငါ သည် ဒဏ်ခတ် ၍ ပယ်ရှား မည်။ သို့ရာတွင် ၊ သင်သည် ငိုကြွေး မြည်တမ်း ခြင်းကို မ ပြုရ။ မျက်ရည် မ ကျ ရ။
“Son of man, look, I'm about to take away the one you love the most. She will die. But you must not mourn or weep. Don't cry any tears.
17 ၁၇ တိုးတိုး ညည်းတွား လော့။ သေ သောသူအတွက် မြည်တမ်း ခြင်းကို မ ပြု နှင့်။ ခေါင်းပေါင်း ပေါင်း ၍ ခြေနင်း ကိုစီး လော့။ နှုတ် ကိုမ ဖုံး နှင့်။ ဆင်းရဲ သောသူ၏ အစာ ကို မ စား နှင့်ဟု မိန့် တော်မူ၏။
Mourn in silence. Don't have any rituals for the dead. Dress normally—have your turban on and put your sandals on your feet. Don't veil your face and don't eat the bread used by mourners.”
18 ၁၈ ထိုသို့ငါသည် နံနက် အချိန်၌ လူ များတို့အား ကြားပြော ၏။ ညဦး အချိန်၌ ငါ့ ခင်ပွန်း သည် သေ ၏။ မှာထား တော်မူသည်အတိုင်း နက်ဖြန်နံနက် မှငါပြု ၏။
I talked to the people in the morning, and my wife died in the evening. The next morning I did as I'd been told.
19 ၁၉ လူ များတို့ကလည်း ဤသို့ သင် ပြု သောအမှုသည် ငါ တို့နှင့်အဘယ်သို့ ဆိုင်သနည်း။ ငါ တို့အား မ ပြော သလော ဟုငါ့ အား မေး ကြသော် ၊
The people asked me, “What are you doing? Aren't you going to explain to us what this means?”
20 ၂၀ ငါက၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
So I told them, “A message from the Lord came to me, saying:
21 ၂၁ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဣသရေလ အမျိုး အား ဆင့်ဆို ရမည်မှာ၊ ငါ ၏သန့်ရှင်း ရာ ဌာန၊ သင် တို့အစွမ်းသတ္တိ အထွဋ်အမြတ် ၊ သင် တို့ကြည့်ရှု လိုဘွယ်သောအရာ၊ အလွန်နှမြော သော အရာကို ငါ ရှုတ်ချ မည်။ သင် တို့ဘွားမြင်သောသား သမီး တို့သည် ထား ဖြင့် ဆုံး ကြလိမ့်မည်။
Tell the people of Israel that this is what the Lord God says: I am about to make my sanctuary unclean, this place you're so proud of that you think gives you power, the place you love so much, the place that makes you happy. Your sons and daughters that you left behind will be killed by the sword.
22 ၂၂ ထိုအခါ သင်တို့သည် ငါပြု သကဲ့သို့ ပြု ကြ ရလိမ့်မည်။ နှုတ် ကိုမ ဖုံး ၊ ဆင်းရဲ သောသူတို့၏ အစာ ကို မ စား ရကြ။
Then you'll do what I did. You won't veil your face or eat the bread used by mourners.
23 ၂၃ ခေါင်းပေါင်း ပေါင်း၍ ခြေနင်း ကို စီးရကြ လိမ့်မည်။ ငိုကြွေး မြည်တမ်း ခြင်းကိုမ ပြုရကြ။ ကိုယ် အပြစ် ကြောင့် ပိန်ကြုံ ၍ တယောက် ကိုတယောက်ညည်းတွား ရကြလိမ့်မည်။
You will keep your turbans on your heads and your sandals on your feet. You won't mourn or weep, but you will die inside because of your sins, and you will groan to one another.
24 ၂၄ ထိုသို့ယေဇကျေလ သည် သင် တို့အား ပုပ္ပနိမိတ် ဖြစ် ရ၏။ သူပြု သမျှ အတိုင်း သင်တို့သည်၊ အမှုရောက် သောအခါ ပြု ၍ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း သိ ရကြလိမ့်မည်။
In this way Ezekiel will be a sign for you; you will do everything that he did. When this happens, then you will know that I am the Lord God.
25 ၂၅ အချင်းလူသား ၊ သင်၏အမှုမူကား၊ သူ တို့ အစွမ်းသတ္တိ ၊ ဝါကြွား စရာဘုန်း ၊ ကြည့်ရှု လိုဘွယ်သော အရာ၊ စိတ် စွဲလမ်း သောအရာကို၎င်း ၊ သား သမီး တို့ကို၎င်းငါ ပယ်ရှား သောအခါ ၊
You, son of man, should know that when I destroy their fortress that is their pride and joy, the place they looked to for comfort and happiness —and their sons and daughters too—
26 ၂၆ လွတ် သောသူ တစုံတယောက်သည် သင် ရှိရာသို့ ရောက်လာ ၍ ကြားပြော လိမ့်မည်။
when that happens someone who managed to get away will come and give you the news.
27 ၂၇ ထိုအခါ လွတ် သောသူနှင့် တွေ့သဖြင့် သင် ၏နှုတ် ပွင့် လိမ့်မည် ။ စကား မပြောဘဲနေချိန်လွန် ၍ ဟောပြော ရလိမ့်မည်။ ထိုသို့သင်သည် သူ တို့အား ပုပ္ပနိမိတ် ဖြစ် ၍ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
On that day you will be able to speak; you won't be mute any longer. This is how you will be a sign to them, and they will know that I am the Lord.”