< ယေဇကျေလ 24 >

1 သက္ကရာဇ် ကိုး ခု၊ ဒသမ လ ဆယ် ရက်နေ့တွင် ၊ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
In the ninth year, on the tenth day of the tenth month, the word of the LORD came to me, saying,
2 အချင်းလူသား ၊ ဤ မည်သောနေ့၊ ယခု နေ့ရက်ကိုမှတ် လော့။ ယခု နေ့၌ ဗာဗုလုန် ရှင်ဘုရင် သည် ယေရုရှလင် မြို့ကို ဝိုင်း ထားစပြု၏။
“Son of man, write down today’s date, for on this very day the king of Babylon has laid siege to Jerusalem.
3 ပုန်ကန် တတ်သော အမျိုး အား လည်း ပုံ စကား တည်းဟူသော၊ အရှင် ထာဝရဘုရား မိန့် တော်မူသောစကားကို ဆင့်ဆို ရမည်မှာ၊ အိုးကင်း ကို မီးဖို၌ တင် ထား၍ ရေ ကိုလောင်း လော့။
Now speak a parable to this rebellious house and tell them that this is what the Lord GOD says: ‘Put the pot on the fire; put it on and pour in the water.
4 အမဲသားတစ် များ၊ ကောင်း သောအတစ် တို့ကို စုထား ၍၊ ပေါင် ၊ ပခုံး ၊ အစရှိသော အကောင်းဆုံး သော အရိုး တို့ကို အိုးကင်း၌အပြည့် ထည့်လော့။
Put in the pieces of meat, every good piece— thigh and shoulder— fill it with choice bones.
5 သိုး အကောင်းဆုံး တို့ကို ယူ ပြီးလျှင် ၊ အရိုး အချို့ တို့ကို အိုးကင်း အောက်မှာ ပုံ ၍၊ အိုးကင်း ထဲမှာ အရိုး တို့ကို ကျက် စေခြင်းငှါ ကျပ်ကျပ် ဆူစေလော့။
Take the choicest of the flock and pile the fuel beneath it. Bring it to a boil and cook the bones in it.’
6 ဤအမှု၌ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ လူအသက် ကိုသတ်တတ်သောမြို့ ၊ သံချေးတက် ၍ ရှိသေး သောအိုးကင်း သည် အမင်္ဂလာ ရှိ၏။ သားတစ် တို့ကို တခုနောက်တခုထုတ် လော့။ စာရေးတံ မ ပြု နှင့်။
Therefore this is what the Lord GOD says: ‘Woe to the city of bloodshed, to the pot now rusted, whose rust will not come off! Empty it piece by piece; cast no lots for its contents.
7 အကြောင်းမူကား ၊ ထိုမြို့သတ်သောသူ ၏ အသွေး သည် မြို့ အလယ် ၌ ရှိ၏။ ထိုအသွေးကိုမြေမှုန့် နှင့် ဖုံး ခြင်းငှါ မြေ ပေါ်မှာ သွန်း သည်မ ဟုတ်၊ ရှင်းလင်း သော ကျောက် ပေါ်မှာ တင် ထားပြီ။
For the blood she shed is still within her; she poured it out on the bare rock; she did not pour it on the ground to cover it with dust.
8 ငါသည်လည်း အပြစ်ဒဏ် ပေးမည်အကြောင်း ၊ ဒေါသ အမျက်ထွက် စေခြင်းငှါ ၊ ထိုအသွေး ကိုမ ဖုံး ဘဲ ရှင်းလင်း သောကျောက် ပေါ်မှာ တင် ထားပြီ။
In order to stir up wrath and take vengeance, I have placed her blood on the bare rock, so that it would not be covered.’
9 ဤအမှု၌ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ လူအသက် ကိုသတ်တတ်သောမြို့ သည် အမင်္ဂလာ ရှိ၏။ ကြီးစွာ သော မီးပုံ ကို ငါ စီရင်မည်။
Yes, this is what the Lord GOD says: ‘Woe to the city of bloodshed! I, too, will pile the kindling high.
10 ၁၀ ထင်း များကို ပုံ ထား၍မီး ရှို့ လော့။ အမဲသား လျော့၍ မြိန်စွာသော စားဘွယ်ဖြစ် စေလော့။ အရိုး တို့ကိုလည်း ကျွမ်း စေ။
Pile on the logs and kindle the fire; cook the meat well and mix in the spices; let the bones be burned.
11 ၁၁ ထိုနောက် ၊ အဘယ်အရာ မျှမပါဘဲ မီးခဲ ပေါ်မှာ တင် ထားလော့။ ကြေးနီ ပူ ၍ မီး တောက်စေ။ အိုးကင်း ၌ ပါသောအညစ်အကြေး ကို အရည်ကျို ၍ သံချေး ကုန် စေ။
Set the empty pot on its coals until it becomes hot and its copper glows. Then its impurity will melt within; its rust will be consumed.
12 ၁၂ ကြိုးစား၍ ပင်ပန်း သော်လည်း ၊ များစွာ သော သံချေး မ ထွက် တတ်။ မီး အားဖြင့် မကုန်တတ်။
It has frustrated every effort; its thick rust has not been removed, even by the fire.
13 ၁၃ သင် ၏အညစ်အကြေး ၌ အဓမ္မ အမှုပါ၏။ ငါဆေးကြော ၍ သင်သည်ဆေးကြော ခြင်းကို မ ခံသောကြောင့် ၊ ငါ ၏အမျက် အရှိန်သည် သင့် အပေါ်သို့ မ ရောက် မချင်းတိုင်အောင်၊ သင် ၏အညစ်အကြေး ကို မ ဆေးကြော ရ။
Because of the indecency of your uncleanness I tried to cleanse you, but you would not be purified from your filthiness. You will not be pure again until My wrath against you has subsided.
14 ၁၄ ငါ ထာဝရဘုရား ပြော ပြီ။ ပြောသည်အတိုင်း ငါပြု ၍ပြည့်စုံစေမည်။ နောက် သို့မ ဆုတ်၊ မ နှမြော ၊ နောင်တ မ ရ၊ သင် ကျင့်ကြံ ပြုမူ သမျှ အတိုင်း ၊ ငါစီရင် မည် ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
I, the LORD, have spoken; the time is coming, and I will act. I will not refrain or show pity, nor will I relent. I will judge you according to your ways and deeds,’
15 ၁၅ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
Then the word of the LORD came to me, saying,
16 ၁၆ အချင်းလူသား ၊ သင် ကြည့်ရှု လိုဘွယ်သော သူကိုငါ သည် ဒဏ်ခတ် ၍ ပယ်ရှား မည်။ သို့ရာတွင် ၊ သင်သည် ငိုကြွေး မြည်တမ်း ခြင်းကို မ ပြုရ။ မျက်ရည် မ ကျ ရ။
“Son of man, behold, I am about to take away the desire of your eyes with a fatal blow. But you must not mourn or weep or let your tears flow.
17 ၁၇ တိုးတိုး ညည်းတွား လော့။ သေ သောသူအတွက် မြည်တမ်း ခြင်းကို မ ပြု နှင့်။ ခေါင်းပေါင်း ပေါင်း ၍ ခြေနင်း ကိုစီး လော့။ နှုတ် ကိုမ ဖုံး နှင့်။ ဆင်းရဲ သောသူ၏ အစာ ကို မ စား နှင့်ဟု မိန့် တော်မူ၏။
Groan quietly; do not mourn for the dead. Put on your turban and strap your sandals on your feet; do not cover your lips or eat the bread of mourners.”
18 ၁၈ ထိုသို့ငါသည် နံနက် အချိန်၌ လူ များတို့အား ကြားပြော ၏။ ညဦး အချိန်၌ ငါ့ ခင်ပွန်း သည် သေ ၏။ မှာထား တော်မူသည်အတိုင်း နက်ဖြန်နံနက် မှငါပြု ၏။
So I spoke to the people in the morning, and in the evening my wife died. And the next morning I did as I had been commanded.
19 ၁၉ လူ များတို့ကလည်း ဤသို့ သင် ပြု သောအမှုသည် ငါ တို့နှင့်အဘယ်သို့ ဆိုင်သနည်း။ ငါ တို့အား မ ပြော သလော ဟုငါ့ အား မေး ကြသော် ၊
Then the people asked me, “Won’t you tell us what these things you are doing mean to us?”
20 ၂၀ ငါက၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
So I answered them, “The word of the LORD came to me, saying:
21 ၂၁ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဣသရေလ အမျိုး အား ဆင့်ဆို ရမည်မှာ၊ ငါ ၏သန့်ရှင်း ရာ ဌာန၊ သင် တို့အစွမ်းသတ္တိ အထွဋ်အမြတ် ၊ သင် တို့ကြည့်ရှု လိုဘွယ်သောအရာ၊ အလွန်နှမြော သော အရာကို ငါ ရှုတ်ချ မည်။ သင် တို့ဘွားမြင်သောသား သမီး တို့သည် ထား ဖြင့် ဆုံး ကြလိမ့်မည်။
Tell the house of Israel that this is what the Lord GOD says: ‘I am about to desecrate My sanctuary, the pride of your power, the desire of your eyes, and the delight of your soul. And the sons and daughters you left behind will fall by the sword.’
22 ၂၂ ထိုအခါ သင်တို့သည် ငါပြု သကဲ့သို့ ပြု ကြ ရလိမ့်မည်။ နှုတ် ကိုမ ဖုံး ၊ ဆင်းရဲ သောသူတို့၏ အစာ ကို မ စား ရကြ။
Then you will do as I have done: You will not cover your lips or eat the bread of mourners.
23 ၂၃ ခေါင်းပေါင်း ပေါင်း၍ ခြေနင်း ကို စီးရကြ လိမ့်မည်။ ငိုကြွေး မြည်တမ်း ခြင်းကိုမ ပြုရကြ။ ကိုယ် အပြစ် ကြောင့် ပိန်ကြုံ ၍ တယောက် ကိုတယောက်ညည်းတွား ရကြလိမ့်မည်။
Your turbans will remain on your heads and your sandals on your feet. You will not mourn or weep, but you will waste away because of your sins, and you will groan among yourselves.
24 ၂၄ ထိုသို့ယေဇကျေလ သည် သင် တို့အား ပုပ္ပနိမိတ် ဖြစ် ရ၏။ သူပြု သမျှ အတိုင်း သင်တို့သည်၊ အမှုရောက် သောအခါ ပြု ၍ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း သိ ရကြလိမ့်မည်။
‘Thus Ezekiel will be a sign for you; you will do everything that he has done. When this happens, you will know that I am the Lord GOD.’
25 ၂၅ အချင်းလူသား ၊ သင်၏အမှုမူကား၊ သူ တို့ အစွမ်းသတ္တိ ၊ ဝါကြွား စရာဘုန်း ၊ ကြည့်ရှု လိုဘွယ်သော အရာ၊ စိတ် စွဲလမ်း သောအရာကို၎င်း ၊ သား သမီး တို့ကို၎င်းငါ ပယ်ရှား သောအခါ ၊
And you, son of man, know that on the day I take away their stronghold, their pride and joy—the desire of their eyes which uplifted their souls—and their sons and daughters as well,
26 ၂၆ လွတ် သောသူ တစုံတယောက်သည် သင် ရှိရာသို့ ရောက်လာ ၍ ကြားပြော လိမ့်မည်။
on that day a fugitive will come and tell you the news.
27 ၂၇ ထိုအခါ လွတ် သောသူနှင့် တွေ့သဖြင့် သင် ၏နှုတ် ပွင့် လိမ့်မည် ။ စကား မပြောဘဲနေချိန်လွန် ၍ ဟောပြော ရလိမ့်မည်။ ထိုသို့သင်သည် သူ တို့အား ပုပ္ပနိမိတ် ဖြစ် ၍ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
On that day your mouth will be opened to him who has escaped; you will speak and no longer be mute. So you will be a sign to them, and they will know that I am the LORD.”

< ယေဇကျေလ 24 >