< ယေဇကျေလ 23 >

1 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့ ထံ​သို့​ရောက်​လာ​၏။ ကိုယ်​တော်​က``အ​ချင်း​လူ သား၊ အ​ခါ​တစ်​ပါး​က​ညီ​အစ်​မ​နှစ်​ယောက် ရှိ​၏။-
2 အချင်းလူသား ၊ အမိ မ ကွဲပြားသော ညီအစ်မ နှစ် ယောက်ရှိ ၏။
3 သူ တို့သည် အသက် ငယ်စဉ်အခါ၊ အဲဂုတ္တု ပြည်၌ မတရား သောမေထုန် ကို ပြုကြ၏။ ထို ပြည်၌ သူ တို့၏ သားမြတ် ကို ပွတ်နယ် ၍ အပျိုမ အသရေ ကို ရှုတ်ချကြ၏။
သူ​တို့​သည်​ငယ်​ရွယ်​စဉ်​အ​ခါ​က အီ​ဂျစ် ပြည်​၌​နေ​ထိုင်​စဉ် ရင်​သား​ကို​ပွတ်​နယ်​ခံ​ရ လျက်​အ​ပျို​ရည်​ပျက်​၍​ပြည့်​တန်​ဆာ​များ ဖြစ်​သွား​ကြ​၏။-
4 အစ်မ ကား အဟောလ ၊ ညီမ ကား အဟောလိဗ အမည် ရှိ၏။ ထိုသူနှစ်ယောက်တို့သည် ငါ ၏ခင်ပွန်းဖြစ် ၍သား သမီး တို့ကို ဘွားမြင် ကြ၏။ အဟောလ အမည်သည် ရှမာရိ ဟူ၍၎င်း ၊ အဟောလိဗ အမည်သည် ယေရုရှလင် ဟူ၍၎င်း ဆိုလိုသတည်း။
အစ်​မ​ဖြစ်​သူ​သည်​အ​ဟော​လ၊ ညီ​မ​ကား အ​ဟော​လိ​ဗ​ဟု​နာ​မည်​တွင်​၏။ (အ​ဟော​လ သည်​ရှ​မာ​ရိ​မြို့​ကို​သ​ရုပ်​ဆောင်​၍​အ​ဟော လိ​ဗ​က​ယေ​ရု​ရှ​လင်​မြို့​ကို​သ​ရုပ်​ဆောင်​၏။) ငါ​သည်​သူ​တို့​နှစ်​ဦး​စ​လုံး​နှင့်​ထိမ်း​မြား မင်္ဂ​လာ​ပြု​၍​သူ​တို့​နှင့်​သား​သ​မီး​များ​ကို ရ​၏။-
5 အဟောလ သည် ငါ ၏ခင်ပွန်းဖြစ်စဉ်အခါ၊ မတရား သောမေထုန် ကိုပြု၏။
အ​ဟော​လ​သည်​ငါ​၏​ဇ​နီး​ပင်​ဖြစ်​သော်​လည်း ပြည့်​တန်​ဆာ​အ​လုပ်​ကို​ဆက်​၍​လုပ်​ကာ အာ​ရှု​ရိ ပြည်​မှ​သူ​၏​ချစ်​သူ​စစ်​သူ​ရဲ​များ​အ​တွက် ရာ​ဂ​စိတ်​မွှန်​၍​နေ​၏။-
6 မိမိ ရည်းစား တည်းဟူသော၊ ပြာ သောအဝတ် ကို ဝတ်သောမိမိအိမ်နီးချင်း အာရှုရိ အမျိုးသားဗိုလ်မင်း ၊ ဝန်မင်း ၊ ချစ် ဘွယ်သောလူပျို ၊ မြင်းစီး သူရဲတို့ကို တပ်မက် ၏။
ထို​သူ​တို့​သည်​မ​ရမ်း​စေ့​ရောင်​ဆင်​တူ​ဝတ်​စုံ များ​ကို​ဝတ်​ဆင်​သူ​စစ်​သူ​ရဲ​များ၊ မှူး​မတ် များ​နှင့်​အ​ထက်​တန်း​အ​ရာ​ရှိ​များ​ဖြစ် ကြ​၏။ သူ​တို့​အား​လုံး​ပင်​ရုပ်​ရည်​ချော​၍ ပျို​ရွယ်​သော​မြင်း​တပ်​ဗိုလ်​များ​ဖြစ်​သ​တည်း။-
7 ထိုအာရှုရိ လူကောင်း လူမြတ်အပေါင်း တို့နှင့် မတရား သောမေထုန်ကိုပြု၏။ တပ်မက် သော သူအပေါင်း တို့၏ ရုပ်တု များနှင့် ကိုယ်ကိုညစ်ညူး စေ၏။
အ​ဟော​လ​သည်​အာ​ရှု​ရိ​အ​မျိုး​သား​အ​ရာ ရှိ​အ​ပေါင်း​တို့​အ​တွက် ပြည့်​တန်​ဆာ​အ​လုပ် ကို​လုပ်​၏။ မိ​မိ​၏​တ​ဏှာ​ရ​မက်​၏​ဆွဲ​ဆောင်​မှု ကြောင့် အာ​ရှု​ရိ​ရုပ်​တု​တို့​ကို​ရှိ​ခိုး​ဝတ်​ပြု ကာ​မိ​မိ​ကိုယ်​ကို​ညစ်​ညမ်း​စေ​၏။-
8 အသက် ငယ်စဉ်အခါ အဲဂုတ္တု ပြည်၌ သူနှင့် သင့်နေ ၍၊ အပျိုမ အသရေ ကို ရှုတ်ချသဖြင့်၊ အထပ်ထပ်မတရားသောမေထုန် ကိုပြုကြသည်နှင့်အညီ၊ အဲဂုတ္တု မေထုန်ကိုလည်း မ စွန့်ပစ် ၊ မှီဝဲလျက်နေ၏။
သူ​သည်​မိ​မိ​အ​ပျို​ရည်​ပျက်​ရ​သည့်​အီ​ဂျစ် ပြည်​တွင် စ​တင်​ခဲ့​သည့်​ပြည့်​တန်​ဆာ​အ​လုပ် ကို​ဆက်​၍​လုပ်​၏။ သူ​ငယ်​မ​အ​ရွယ်​က​ပင် လျှင်​ယောကျာ်း​တို့​သည် သူ​နှင့်​အ​တူ​အိပ်​စက် ကာ​သူ့​အား​ပြည့်​တန်​ဆာ​ကဲ့​သို့​ပြု​ကျင့် ခဲ့​ကြ​၏။-
9 ထိုကြောင့် ၊ သူတပ်မက် သော ရည်းစား၊ အာရှုရိ လူ တို့၌ သူ့ ကိုငါ အပ် ၍၊
သို့​ဖြစ်​၍​သူ​မြတ်​နိုး​လှ​သည့်​အာ​ရှု​ရိ အ​မျိုး​သား​ချစ်​သူ​တို့​လက်​သို့ သူ့​အား ငါ​အပ်​လိုက်​၏။-
10 ၁၀ သူတို့သည် အဝတ်ကို ချွတ် ကြ၏။ သူ ၏ သား သမီး တို့ကို သိမ်း သွား၍ ၊ သူ့ ကိုထား နှင့် ကွပ်မျက် ကြ ၏။ ထိုသို့အပြစ် စီရင်ခြင်းကို ခံရသောအားဖြင့်၊ မိန်းမ တကာတို့တွင် ကျော်စော သောမိန်းမဖြစ် လေ၏။
၁၀သူ​တို့​သည်​သူ့​အား​အ​ဝတ်​အ​ချည်း​စည်း ဖြစ်​စေ​လျက် သူ​၏​သား​သ​မီး​များ​ကို​ဖမ်း ဆီး​ကြ​၏။ ထို​နောက်​သူ့​ကို​ဋ္ဌား​နှင့်​ခုတ်​သတ် ကြ​၏။ သူ​၏​ဖြစ်​ရပ်​ကို​နေ​ရာ​တ​ကာ​တွင် အ​မျိုး​သ​မီး​တို့​အ​တင်း​ပြော​ဆို​ကြ​၏။
11 ၁၁ ထိုအမှုကို ညီမ အဟောလိဗ သည် မြင် သောအခါ ၊ အစ်မ ထက် သာ၍တပ်မက် သောစိတ် ရှိသည်နှင့်၊ အစ်မ ထက် သာ၍မတရား သောမေထုန်ကို ပြု၏။
၁၁``အ​ဟော​လိ​ဗ​သည်​ဤ​အ​ဖြစ်​အ​ပျက်​ကို တွေ့​မြင်​၏။ သို့​ရာ​တွင်​သူ​သည်​အ​ဟော​လ ထက်​ပင် ပို​မို​ဆိုး​ရွား​သော​ပြည့်​တန်​ဆာ ဖြစ်​လာ​၏။-
12 ၁၂ တင့်တယ် သော အဝတ် ကိုဝတ်သော မိမိအိမ်နီးချင်း အာရှုရိ အမျိုးသား ဗိုလ်မင်း ၊ ဝန်မင်း ၊ ချစ် ဘွယ် သောလူပျို ၊ မြင်းစီး သူရဲတို့ကို တပ်မက် ၏။
၁၂သူ​သည်​လည်း​တောက်​ပြောင်​သော​ဆင်​တူ​ဝတ် စုံ​များ​ကို ဝတ်​ဆင်​ထား​သည့်​အာ​ရှု​ရိ​မှူး​မတ် အ​ရာ​ရှိ​များ​နှင့်​မြင်း​တပ်​ဗိုလ်​များ​အ​တွက် ရာ​ဂ​စိတ်​မွှန်​၍​နေ​၏။ သူ​တို့​အား​လုံး​သည် ရုပ်​ရည်​ချော​၍​ပျို​ရွယ်​သူ​များ​ဖြစ်​သ​တည်း။-
13 ၁၃ ထိုအခါ သူသည် ညစ်ညူး ကြောင်းနှင့်၊ အစ်မလိုက် သောလမ်း သို့ လိုက်ကြောင်း ကို ငါသိမြင် ၏။
၁၃သူ​သည်​ကမ်း​ကုန်​အောင်​အ​ကျင့်​ပျက်​သူ ဖြစ်​ကြောင်း အစ်​မ​ကဲ့​သို့​ဆိုး​ရွား​သူ​ဖြစ် ကြောင်း​ကို​ငါ​သိ​မြင်​၏။
14 ၁၄ အထူးသဖြင့်မတရား သောမေထုန်ကို ပြုသောအကြောင်းအရာဟူမူကား၊ ခါးစည်း ကိုစည်း လျက်၊ ထူးဆန်းသော ပုဆိုးခေါင်းပေါင်း ကို ပေါင်းလျက်၊ မွေးဘွား ရာဌာန ခါလဒဲ ပြည် ဗာဗုလုန် မြို့သား ကဲ့သို့၊ မင်း ၏အသွင် ကိုဆောင်လျက်၊
၁၄``သူ​သည်​ပို​၍​ပို​၍​အ​ကျင့်​ပျက်​လာ​၏။ ခါး စည်း​များ​နှင့်​လှ​ပ​သော​ဦး​ရစ်​များ​ကို​ဝတ် ဆင်​ထား​သည့်​ခါ​လ​ဒဲ​အ​ရာ​ရှိ​တို့​သည် ခါ​လ​ဒဲ​ပြည်​သား​ဗာ​ဗု​လုန်​အ​ရာ​ရှိ​မြင်း ရ​ထား​တပ်​ဗိုလ်​များ​နှင့်​တူ​၍၊ သူ​တို့​၏​ရုပ် ပုံ​များ​ကို​နံ​ရံ​တွင်​နီ​မြန်း​တောက်​ပ​သော ဆေး​ရောင်​ဖြင့် ရေး​ဆွဲ​ထား​သည်​ကို​တွေ့ မြင်​လေ​၏။-
15 ၁၅ အုတ် ထရံ၌ ဟင်းသပြတား နှင့်ရေး သော ခါလဒဲ လူ၏ ရုပ်ပုံ တို့ကို မြင် သောအခါ ၊
၁၅
16 ၁၆ တပ်မက် သောစိတ်ရှိ၍ ၊ ခါလဒဲ ပြည်သို့ တမန် ကို စေလွှတ် လေ၏။
၁၆ထို​ရုပ်​ပုံ​များ​ကို​မြင်​လျှင်​မြင်​ချင်း​တပ် မက်​သော​စိတ်​ရှိ​သ​ဖြင့် ဗာ​ဗု​လုန်​ပြည်​ရှိ ထို​သူ​တို့​ထံ​သို့​စေ​တ​မန်​များ​ကို​လွှတ် လေ​သည်။-
17 ၁၇ ဗာဗုလုန် မြို့သား တို့သည် သူနှင့်သံဝါသပြု ရာခုတင်သို့ လာ ၍ ၊ မတရား သောမေထုန်ကို ပြုသော အားဖြင့် ညစ်ညူး စေကြ၏။ သူသည်လည်း ထိုသူ တို့ကို ရွံရှာ သည် တိုင်အောင်ညစ်ညူး ခြင်းကိုခံလေ၏။
၁၇ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည်​သူ​နှင့်​အိပ် စက်​ရန်​လာ​ရောက်​ကြ​၏။ သူ​တို့​သည်​သူ​နှင့် ကူး​လွန်​၍​သူ့​အား​ညစ်​ညမ်း​စေ​ကြ​၏။ သူ သည်​သူ​တို့​ကို​ရွံ​ရှာ​သည့်​တိုင်​အောင် သူ​တို့ သည်​သူ့​ကို​ညစ်​ညမ်း​စေ​ကြ​၏။-
18 ၁၈ ထိုသို့ မတရား သောမေထုန်ကိုပြုခြင်း၊ အဝတ် အချည်းစည်းရှိခြင်းကို ထင်ရှား ဘော်ပြ သောကြောင့် ၊ ငါသည် သူ့ အစ်မ ကိုရွံရှာ သကဲ့သို့ ၊ သူ့ ကိုလည်းရွံရှာ ၏။
၁၈သူ​သည်​အ​များ​ပြည်​သူ​တို့​ရှေ့​၌​အ​ဝတ် အ​ချည်း​စည်း​နှင့်​နေ​၍ လူ​တိုင်း​အား​မိ​မိ သည်​ပြည့်​တန်​ဆာ​ဖြစ်​ကြောင်း​ကို​သိ​စေ​၏။ ငါ​သည်​သူ​၏​အစ်​မ​ကို​စက်​ဆုပ်​သ​ကဲ့​သို့ သူ့​ကို​လည်း​စက်​ဆုပ်​၏။-
19 ၁၉ အသက်ငယ် စဉ်အခါအဲဂုတ္တု ပြည် ၌ မှားယွင်း သောကာလ ကို အောက်မေ့ သဖြင့်၊ မှားယွင်း ခြင်းကို အထပ်ထပ် ပြု၏။
၁၉သူ​သည်​အီ​ဂျစ်​ပြည်​တွင်​သူ​ငယ်​မ​အ​ရွယ် မှ​စ​၍​ပြု​ကျင့်​ခဲ့​သည့်​အ​တိုင်း ယ​ခု​လည်း ပြု​ကျင့်​ကာ​ပို​မို​ဆိုး​ရွား​သော​ပြည့်​တန် ဆာ​ဖြစ်​လာ​၏။-
20 ၂၀ မြည်း အင်္ဂါ နှင့်တူသော အင်္ဂါ ၊ မြင်း သုတ်ရည် နှင့် တူသောသုတ်ရည် ရှိသောထိုရည်းစား တို့ကိုပင် တပ်မက် လေသည်တကား။
၂၀သူ​သည်​မြင်း​ထီး​နှင့်​မြည်း​ကဲ့​သို့ တ​ဏှာ ရာ​ဂ​ကြီး​သော​ယောကျာ်း​များ​ကို​အ​လွန် မက်​မော​၏။-''
21 ၂၁ သို့ဖြစ်၍ ၊ အိုအဟောလိဗ၊ အဲဂုတ္တု လူတို့သည် သင့် အသရေ ကို ရှုတ်ချ ၍၊ အပျိုမ သားမြတ် တို့ကို ပွတ်နယ်ကြသဖြင့်၊ သင် အသက်ငယ် စဉ်အခါသင်ပြုသောအဓမ္မ အမှုကို အထပ်ထပ် ပြုသောကြောင့်၊
၂၁(အ​ချင်း​အ​ဟော​လိ​ဗ၊ သင်​သည်​သူ​ငယ်​မ အ​ရွယ်​က​ယောကျာ်း​တို့​သင်​၏​ရင်​သား​တို့ ကို​ပွတ်​နယ်​သ​ဖြင့် အ​ပျို​ရည်​ပျက်​ခဲ့​သည့် အီ​ဂျစ်​ပြည်​တွင်​ကူး​လွန်​ခဲ့​သော​ကာ​မ ဂုဏ်​လိုက်​စား​မှု​ကို​ထပ်​မံ​ကူး​လွန်​လို​ပါ သည်​တ​ကား။)
22 ၂၂ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် ရွံရှာ သော ရည်းစား တို့ကို ငါ ထ စေပြီးလျှင်၊ အရပ်ရပ် တို့က လာ ၍ တိုက်စေမည်။
၂၂``သို့​ဖြစ်​၍​အ​ချင်း​အ​ဟော​လိ​ဗ၊ သင့်​အား​ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား သင် သည်​ဤ​ချစ်​သူ​တို့​ကို​ငြီး​ငွေ့​သွား​ပြီ​ဖြစ်​သော် လည်း ငါ​သည်​သူ​တို့​အား​ခေါ်​ဆောင်​ခဲ့​မည်။ သူ​တို့ သည်​သင့်​ကို​အ​မျက်​ထွက်​၍​ဝိုင်း​ရံ​ထား​ကြ လိမ့်​မည်။-
23 ၂၃ အာရှုရိ လူ များနှင့်တကွအကြီးအကဲ၊ သူဌေးသူကြွယ်၊ ထင်ရှားသောသူဖြစ်သော ဗာဗုလုန် လူ ၊ ခါလဒဲ လူများတည်းဟူသော၊ ချစ် ဘွယ်သော လူပျို ၊ ဗိုလ်မင်း ၊ ဝန်မင်း ၊ မှူးကြီးမတ်ကြီး ၊ မြင်းစီး သူရဲအပေါင်း တို့သည်၊
၂၃ဗာ​ဗု​လုန်​နှင့်​ခါ​လ​ဒဲ​ပြည်​သား​များ၊ ပေ​ကုတ်၊ ရှော့​နှင့်​ကော့​မှ​လူ​တို့​နှင့်​အာ​ရှု​ရိ​ပြည်​သား အ​ပေါင်း​ကို​ငါ​ခေါ်​ဆောင်​ခဲ့​မည်။ သူ​တို့​အား လုံး​သည်​ရုပ်​ရည်​ချော​၍ ပျို​ရွယ်​သူ​မှူး​မတ် အ​ရာ​ရှိ​များ၊ မြင်း​ရ​ထား​တပ်​အ​ရာ​ရှိ​များ နှင့်​အ​ဆင့်​အ​တန်း​မြင့်​သော​မြင်း​တပ်​ဗိုလ် များ​ဖြစ်​ကြ​၏။-
24 ၂၄ စစ်တိုက် လက်နက်နှင့် လှည်း ရထားပါလျက်၊ လူ အလုံးအရင်း နှင့်တကွလာ ၍ ဒိုင်း ၊ လွှား ၊ သံခမောက်လုံး တို့ကို သင့် ပတ်လည် ၌ ခင်းကျင်း ကြလိမ့်မည်။ တရား စီရင် သော အခွင့်ကိုသူ တို့၌ ငါ အပ်ပေး၍၊ သူတို့သည် မိမိ ထုံးစံ အတိုင်း စီရင် ကြလိမ့်မည်။
၂၄သူ​တို့​သည်​စစ်​လက်​နက်​စစ်​မြင်း​ရ​ထား​များ၊ ရိက္ခာ​လှည်း​များ​ကို​ယူ​ဆောင်​ကာ ကြီး​မား​သော စစ်​သည်​အ​လုံး​အ​ရင်း​နှင့်​သင့်​အား​တိုက်​ခိုက် ကြ​လိမ့်​မည်။ ဒိုင်း​လွှား​များ​ကို​ကိုင်​ဆောင်​လျက် သံ​ခ​မောက်​များ​ကို​ဆောင်း​၍​သင့်​ကို​ဝိုင်း​ရံ ကြ​လိမ့်​မည်။ ငါ​သည်​သင့်​အား​သူ​တို့​၏​လက် သို့​ပြစ်​ဒဏ်​ခံ​ရန်​အပ်​နှံ​မည်။ သူ​တို့​သည် လည်း​မိ​မိ​တို့​တ​ရား​ဥ​ပ​ဒေ​များ​အ​ရ သင့်​ကို​တ​ရား​စီ​ရင်​ကြ​လိမ့်​မည်။-
25 ၂၅ သူတို့သည် သင့် ကို မ ယုံမည်အကြောင်း၊ ငါပြု ၍သင့် ကို ကြမ်းတမ်း စွာ စီရင် ကြလိမ့်မည်။ သင့် နှာခေါင်း ၊ နားရွက် တို့ကို ဖြတ် ၍ အကျန်အကြွင်း ကိုထား နှင့် စဉ်းကြလိမ့်မည်။ သင် ၏သား သမီး တို့ကို သိမ်း သွား ၍၊ ကျန်ကြွင်း သောသူတို့ ကို မီး ရှို့ ကြ လိမ့်မည်။
၂၅ငါ​သည်​မ​နာ​လို​၍​အ​မျက်​ထွက်​သ​ဖြင့်​သင့် ကို​အ​မျက်​ဒေါ​သ​နှင့်​စီ​ရင်​ရန်​သူ​တို့​အား ခွင့်​ပြု​မည်။ သူ​တို့​သည်​သင်​၏​နှာ​ခေါင်း​နှင့်​နား ရွက်​တို့​ကို​ဖြတ်​၍ ကျန်​ရှိ​နေ​သေး​သော​သူ​များ သည်​ဋ္ဌား​ဖြင့်​သေ​ရ​မည်။ သင်​၏​သား​သ​မီး​များ ကို​ယူ​ဆောင်​သွား​ကြ​လိမ့်​မည်။ သူ​တို့​သည် အ​မှန်​ပင်​ကျန်​ရှိ​နေ​သေး​သော​သူ​များ​ကို မီး​ရှို့​ကြ​လိမ့်​မည်။-
26 ၂၆ သင့် အဝတ် ကိုလည်း ချွတ် ၍ ၊ တင့်တယ် သော တန်ဆာ တို့ကို သိမ်းယူ ကြလိမ့်မည်။
၂၆သင်​၏​အ​ဝတ်​များ​ကို​ဆွဲ​ဆုတ်​ပစ်​ကာ သင် ၏​ကျောက်​မျက်​ရ​တ​နာ​များ​ကို​သိမ်း​ယူ ကြ​လိမ့်​မည်။-
27 ၂၇ ထိုသို့သင်သည် နောက် တဖန် မျှော် မ ကြည့်၊ အဲဂုတ္တု ပြည်ကို မ အောက်မေ့ စေခြင်းငှါ၊ သင် ပြုသောအဓမ္မ အမှုနှင့် အဲဂုတ္တု ပြည် မှ ပါသောအဓမ္မ မေထုန်ကို ငါငြိမ်း စေမည်။
၂၇ငါ​သည်​သင်​၏​ရာ​ဂ​စိတ်​ကို​လည်း​ကောင်း၊ အီ​ဂျစ် ပြည်​တွင်​သင်​ငယ်​ရွယ်​စဉ်​အ​ခါ​မှ​စ​၍ ပြု​ကျင့် ခဲ့​သော​ဆိုး​ညစ်​ယုတ်​မာ​မှု​ကို​လည်း​ကောင်း ရပ်​စဲ​စေ​မည်။ သင်​သည်​နောင်​အ​ဘယ်​အ​ခါ​၌ မျှ​ရုပ်​တု​များ​ကို​မျှော်​ကြည့်​ရ​တော့​မည်​မ ဟုတ်။ အီ​ဂျစ်​ပြည်​အ​ကြောင်း​ကို​လည်း​စဉ်း စား​ရ​တော့​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
28 ၂၈ တဖန် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ သင်မုန်း သောသူ၊ သင် ရွံရှာ သောသူတို့ လက် သို့ သင့် ကိုငါ အပ် သဖြင့် ၊
၂၈အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား``ငါ သည်​သင်​ရွံ​မုန်း​စက်​ဆုပ်​သူ​အ​မျိုး​သား​တို့ ၏​လက်​သို့​သင့်​ကို​အပ်​နှံ​မည်။-
29 ၂၉ သူတို့သည် မုန်း သည်အတိုင်းပြု လျက်၊ သင် ကြိုးစား ၍ ဆည်းပူးသမျှသောဥစ္စာတို့ကိုသိမ်းယူ ၍၊ သင့် ကိုယ်၌ အဝတ် မရှိ၊ အချည်းစည်း ရှိ ရစ် စေကြလိမ့်မည်။ သင် မှားယွင်း ၍ အချည်းစည်း ရှိခြင်း၊ အဓမ္မ အမှုကို ပြုခြင်း၊ မတရား သောမေထုန်သို့ လိုက်ခြင်းအရာသည် ထင်ရှား ရလိမ့်မည်။
၂၉သူ​တို့​သည်​သင့်​ကို​မုန်း​၍​သင်​စု​ဆောင်း​ထား သ​မျှ​သော​ပစ္စည်း​ဥစ္စာ​တို့​ကို​ယူ​၍ သင့်​အား အ​ဝတ်​အ​ချည်း​စည်း​နှင့်​ထား​ခဲ့​ကြ​လိမ့်​မည်။ သင့်​အား​အ​ဝတ်​အ​ချည်း​စည်း​ရှိ​သူ​ပြည့် တန်​ဆာ​ကဲ့​သို့​ဖြစ်​စေ​ကြ​လိမ့်​မည်။ သင်​သည် တ​ဏှာ​ရာ​ဂ​စိတ်​ရှိ​မှု​ကြောင့်၊ ပြည့်​တန်​ဆာ အ​လုပ်​ကို​လုပ်​ကိုင်​မှု​ကြောင့်၊-
30 ၃၀ သင် သည်တပါး အမျိုးသား တို့နှင့် မှားယွင်း ၍၊ သူ တို့ရုပ်တု များနှင့် ညစ်ညူး သောကြောင့် ၊ ထိုသို့ ငါစီရင် မည်။
၃၀ဤ​အ​ဖြစ်​မျိုး​နှင့်​ကြုံ​တွေ့​ရ​ခြင်း​ဖြစ်​၏။ သင် သည်​လူ​မျိုး​တ​ကာ​တို့​အ​တွက်​ပြည့်​တန်​ဆာ ဖြစ်​၍ သူ​တို့​၏​ရုပ်​တု​များ​နှင့်​မိ​မိ​ကိုယ်​ကို ညစ်​ညမ်း​စေ​၏။-
31 ၃၁ သင်သည် အစ်မ လိုက်သော လမ်း ကိုလိုက် သောကြောင့် ၊ သူ သောက်သော ခွက် ကို သင့် လက် ၌ ငါထား မည်။
၃၁သင်​သည်​အစ်​မ​ဖြစ်​သူ​၏​ခြေ​ရာ​ကို​နင်း​သ ဖြင့် ငါ​သည်​သူ့​အား​သောက်​စေ​သော​အ​ပြစ် ဒဏ်​ဖ​လား​ကို​သင့်​အား​လည်း​သောက်​စေ​မည်'' ဟူ​၍​တည်း။
32 ၃၂ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့် အစ်မ သောက်သောခွက် ၊ ကျယ် ၍စောက် သောခွက်ကို သင်သောက် ရမည်။ ထိုခွက်၌ များစွာ ဝင် သည်ဖြစ်၍၊ သင်သည်ကဲ့ရဲ့ ခြင်းနှင့် ပျက်ချော် ခြင်းကိုခံရ မည်။
၃၂အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​မှာ ``သင်​သည်​အစ်​မ​ဖြစ်​သူ​၏​ဖ​လား​မှ သောက်​ရ​လိမ့်​မည်။ ထို​ဖ​လား​သည်​ကြီး​၍​စောက်​နက်​၏။ သင်​သည်​လူ​တိုင်း​တို့​၏​မ​ထီ​မဲ့​မြင်​ပြု​ခြင်း၊ ပြောင်​လှောင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ဖ​လား​သည်​ပြည့်​၍​နေ​၏။
33 ၃၃ သင့် အစ်မ ရှမာရိ သောက်သောခွက် ၊ မှိုင်တွေ စေသော ခွက် ကို သောက်၍၊ ယစ်မူး ခြင်း၊ ညှိုးငယ် ခြင်းနှင့် ဝ ရလိမ့်မည်။
၃၃ယင်း​သည်​သင့်​အား​စိတ်​ဆင်း​ရဲ​အောင်​ပြု​၍ မူး​ယစ်​စေ​လိမ့်​မည်။ ကြောက်​လန့်​မှု​နှင့်​ပျက်​စီး​ဆုံး​ရှုံး​မှု​ကို ဖြစ်​စေ​တတ်​သည့်​ဖ​လား၊ သင့်​အစ်​မ​ရှ​မာ​ရိ​၏​ဖ​လား​ဖြစ်​သည်။
34 ၃၄ ထိုခွက် ကို သောက် ၍စုတ် ပြီးမှ ခွက်ခြမ်း ကို ကိုက်ခဲ ၍ ၊ ကိုယ် သားမြတ် တို့ကို ဆွဲဖြတ် ရလိမ့်မည်။ ငါ ပြော ပြီဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
၃၄သင်​သည်​ယင်း​ကို​အ​ကုန်​အ​စင်​သောက်​ပြီး​မှ အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ခွဲ​၍ ဖ​လား​၏​အ​စ​အ​န​များ​ဖြင့်​မိ​မိ​၏​ရင်​သား​ကို လှီး​ဖြတ်​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏'' ဟူ​၍​တည်း။
35 ၃၅ သို့ဖြစ်၍ ၊ သင်သည် ငါ့ ကို မေ့လျော့ ၍ ၊ သင့် ကျော နောက်သို့ ငါ့ ကိုပစ် လိုက်သောကြောင့် ၊ သင် သည် အဓမ္မ အမှုနှင့် မတရား သောမေထုန် အမှု၏ အပြစ်ကိုခံ လော့ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
၃၅အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​က``သင်​ငါ့​ကို​မေ့ လျော့​ကာ​ကျော​ခိုင်း​လျက် တ​ဏှာ​ရာ​ဂ​စိတ်​နှင့် ပြည့်​တန်​ဆာ​လုပ်​သည့်​အ​တွက်​သင်​သည်​ဒုက္ခ ရောက်​ရ​ပေ​တော့​အံ့'' ဟု​မိန့်​တော်​မူ​၏။
36 ၃၆ တဖန် ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် ကား၊ အချင်းလူသား ၊ သင်သည်အဟောလ နှင့် အဟောလိဗ တို့ကို စစ်ကြော လော့။ အကယ်စင်စစ်သူ တို့ ပြုသောစက်ဆုပ် ရွံရှာဘွယ်အမှုတို့ကို ဘော်ပြ ရမည်။
၃၆ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``အ​ချင်း​လူ​သား၊ သင်​သည်​အ​ဟော​လ​နှင့်​အ​ဟော​လိ​ဗ​တို့​ကို တရား​စီ​ရင်​ရန်​အ​သင့်​ရှိ​ပြီ​လော။ သူ​တို့​သည် စက်​ဆုပ်​ဖွယ်​ကောင်း​သော​အ​မှု​တို့​ကို​ပြု​သူ များ​ဖြစ်​ကြောင်း​စွဲ​ချက်​တင်​လော့။-
37 ၃၇ အကြောင်းမူကား ၊ သူတို့သည် မျောက်မထား ကြပြီ။ လူအသက် ကိုသတ် သောအပြစ်ရှိကြ၏။ ရုပ်တု တို့နှင့် ပင် မျောက်မထား ကြပြီ။ ငါ့ အဘို့ ဘွားမြင် သောသား တို့ကိုပင် ရုပ်တုစားစရာ ဘို့ မီး ဖြင့်ပူဇော်ကြပြီ။
၃၇သူ​တို့​သည်​မျောက်​မ​ထား​မှု၊ လူ​သတ်​မှု​တို့​ကို ကူး​လွန်​ကြ​၏။ ရုပ်​တု​များ​နှင့်​မျောက်​မ​ထား​၍ ငါ​နှင့်​ရ​သော​သား​များ​ကို​သတ်​ကြ​၏။ သူ​တို့ သည်​ငါ​၏​သား​တို့​ကို​ရုပ်​တု​တို့​အား​ယဇ် ပူ​ဇော်​ကြ​၏။-
38 ၃၈ ထိုမှတပါး ၊ ငါ ၌ ပြု သောအမှုဟူမူကား၊ ထိုနေ့ခြင်း တွင် ငါ ၏ သန့်ရှင်း ရာဌာနကို ညစ်ညူး စေ၍ ၊ ငါ ၏ဥပုသ် နေ့တို့ကိုရှုတ်ချ ကြပြီ။
၃၈သူ​တို့​ပြု​သော​အ​မှု​များ​ကား​ဤ​မျှ​သာ မ​ဟုတ်။ ငါ​၏​ဗိ​မာန်​တော်​ကို​ညစ်​ညမ်း​စေ​၍ ငါ​၏​ဥ​ပုသ်​နေ့​ကို​လည်း​မ​လေး​မ​စား​ပြု ကြ​၏။-
39 ၃၉ ကိုယ် သားသမီး တို့ကိုရုပ်တု ရှေ့တွင် သတ် ပြီးမှ ၊ ထိုနေ့ခြင်း တွင် ငါ ၏ သန့်ရှင်း ရာဌာနကို ညစ်ညူး စေခြင်းငှါ လာ ကြ၏။ ထိုသို့ ငါ့ အိမ် တော်အလယ် ၌ ပြု ကြပြီတကား။
၃၉ငါ​၏​သား​သ​မီး​များ​ကို​ရုပ်​တု​တို့​အား​ယဇ် ပူ​ဇော်​သည့်​နေ့​၌​ပင် ငါ​၏​ဗိ​မာန်​တော်​သို့​လာ ၍​ဗိ​မာန်​တော်​ကို​ညစ်​ညမ်း​စေ​လျက် ဤ​သို့​ငါ ၏​ဗိ​မာန်​ကို​ပြု​ကြ​သည်​တ​ကား။
40 ၄၀ ထိုမှတပါး ၊ သင်သည်တမန် တို့ကို စေလွှတ် ၍ ၊ ဝေး သောအရပ်မှ ယောက်ျား တို့ကိုခေါ်၍ သူတို့သည် လာ ကြ၏။ သူတို့အဘို့ သင် သည် ရေချိုးခြင်း၊ မျက်စိ ၌ ဆေး ထိုးခြင်း၊ တန်ဆာဆင် ခြင်းကို ပြုပြီးလျှင်၊
၄၀``သူ​တို့​သည်​ဝေး​လံ​သော​အ​ရပ်​များ​သို့​လူ အ​ကြိမ်​ကြိမ်​စေ​လွှတ်​၍ ယောကျာ်း​များ​ကို​ခေါ် ဖိတ်​ကြ​၏။ ယောကျာ်း​တို့​သည်​လည်း​လာ​ရောက် ကြ​၏။ ညီ​အစ်​မ​နှစ်​ယောက်​တို့​သည်​ရေ​ချိုး​ပြီး လျှင် မျက်​ခွံ​များ​ကို​ဆေး​ဆိုး​အ​လှ​ပြင်​၍ ကျောက်​မျက်​ရ​တ​နာ​များ​ကို​ဝတ်​စား​ဆင် ယင်​ကြ​၏။-
41 ၄၁ အသရေ ရှိသော ခုတင် ပေါ်၌ ထိုင် ၍ ၊ ငါ့ နံ့သာပေါင်း နှင့် ငါ့ ဆီ ကို တင် သောစားပွဲ ကို ခုတင် ရှေ့မှာ ခင်း လေ၏။
၄၁သူ​တို့​သည်​မိ​မိ​တို့​ရှေ့​၌​စား​ပွဲ​ကို​ကျ​န​စွာ တည်​ခင်း​ပြီး​လျှင် လှ​ပ​သော​ညောင်း​စောင်း​ပေါ် တွင်​ထိုင်​ကြ​၏။ စား​ပွဲ​ပေါ်​တွင်​ငါ​ပေး​သည့်​နံ့ သာ​ပေါင်း​နှင့်​သံ​လွင်​ဆီ​ကို​တင်​ထား​ကြ​၏။-
42 ၄၂ ပျော်မွေ့ လျက် နေသောလူ အလုံးအရင်းမြည်သံ ကိုလည်း ကြားရ၏။ အခြားသောသူအများ တို့နှင့်အတူ တော က လာ ၍ ၊ လက် ၌ လက်ကောက် ၊ ခေါင်း ၌ တင့်တယ် သော သရဖူ ကို ဆောင်းသော သေသောက်ကြူး တို့လည်း ပါကြ၏။
၄၂ပျော်​ရွှင်​မြူး​တူး​နေ​သော​လူ​တစ်​စု​၏​အ​သံ ကို​ကြား​ရ​၏။ ဤ​လူ​စု​သည်​တော​ကန္တာ​ရ​မှ ခေါ်​ဆောင်​လာ​သူ​များ​ဖြစ်​၏။ သူ​တို့​သည် အ​မျိုး​သ​မီး​တို့​၏​လက်​မောင်း​တွင် လက်​ကောက် များ​ကို​ဝတ်​ပေး​၍​လှ​ပ​သော​သ​ရ​ဖူ​များ ကို​ဆောင်း​ပေး​ကြ​၏။-
43 ၄၃ ငါကလည်း၊ ထိုသူတို့သည် ဤမိန်းမ နှင့်ပင် အကယ်၍မတရား သောမေထုန် ကို ပြုကြလိမ့်မည်လောဟု၊ အို သည်တိုင်အောင်ပြည်တန်ဆာ လုပ်သော ထိုမိန်းမကို ရည်မှတ်၍ ဆို သော်၊
၄၃ထို​သူ​တို့​သည်​မျောက်​မ​ထား​မှု​ဖြင့်​နွမ်း​နယ် နေ​ပြီ​ဖြစ်​သော အ​မျိုး​သ​မီး​ကို​ပြည့်​တန်​ဆာ အ​ဖြစ်​အ​သုံး​ပြု​ကြ​ပါ​စေ​ဟု​ငါ​တွေး တော​မိ​၏။-
44 ၄၄ ပြည်တန်ဆာ မိန်းမ ရှိရာသို့ ယောက်ျား ဝင် တတ် သကဲ့သို့ ၊ သူတို့သည် ထိုအဓမ္မ မိန်းမ အဟောလ နှင့် အဟောလိဗ ရှိရာသို့ ဝင် ကြ၏။
၄၄သူ​တို့​သည်​ပြည့်​တန်​ဆာ​တို့​ထံ​ထပ်​ခါ​ထပ်​ခါ ပြန်​သွား​ကြ​၏။ သူ​တို့​သည်​အ​ကျင့်​ပျက်​သူ အ​ဟော​လ​နှင့်​အ​ဟော​လိ​ဗ​တို့​ထံ​သို့​ပြန် သွား​ကြ​၏။-
45 ၄၅ သို့ဖြစ်၍ ၊ မျောက်မထား သောမိန်းမ၊ လူအသတ် ကိုသတ်သော အပြစ်ရှိသောမိန်းမဖြစ်သောကြောင့် ၊ မျောက်မထား သောမိန်းမ၊ လူ အသက်ကိုသတ်သော မိန်းမကို စီရင် သကဲ့သို့၊ ဖြောင့်မတ် သောသူ တို့သည် စီရင် ကြ လိမ့်မည်။
၄၅ထို​မိန်း​မ​နှစ်​ယောက်​တို့​သည်​မျောက်​မ​ထား​သူ၊ လူ​သတ်​သူ​များ​ဖြစ်​သ​ဖြင့်​သူ​တို့​အား​ဖြောင့် မတ်​သော​သူ​တို့​သည် မျောက်​မ​ထား​မှု​နှင့်​လူ သတ်​မှု​တို့​ကို​ကူး​လွန်​သူ​များ​အ​ဖြစ်​ဖြင့် စီ​ရင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
46 ၄၆ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုမိန်းမတို့ရှိရာသို့ လူ အလုံးအရင်းကိုငါချီ စေ၍ ၊ လုယက် သိမ်း သွားစေခြင်းငှါ အခွင့်ပေး မည်။
၄၆အ​ရှင်​ထာ​ဝရ​ဘု​ရား​က``သူ​တို့​အား​ကြောက်​လန့် တုန်​လှုပ်​စေ​ရန်​နှင့်​လု​ယက်​စေ​ရန် ရုန်း​ရင်း​ဆန် ခတ်​ပြု​သည့်​လူ​အုပ်​ကို​ခေါ်​ခဲ့​လော့။-
47 ၄၇ ထိုအလုံးအရင်း သည် မိန်းမ တို့ကိုခဲ နှင့် ပစ်၍ ၊ ထား နှင့် ခုတ် ကြလိမ့်မည်။ သား သမီး တို့ကိုသတ် ၍ အိမ် တို့ကိုလည်း မီး ရှို့ ကြလိမ့်မည်။
၄၇သူ​တို့​အား​ခဲ​နှင့်​ပေါက်​၍​ဋ္ဌား​နှင့်​ခုတ်​လော့။ သူ တို့​၏​သား​သမီး​တို့​ကို​သတ်​၍​အိမ်​များ​ကို​မီး ရှို့​စေ​လော့။-
48 ၄၈ ထိုသို့အခြားသော မိန်းမ ရှိသမျှ တို့သည် သင် တို့ကဲ့သို့ အဓမ္မ အမှုကိုမ ပြု ဘဲ သတိရ စေခြင်းငှါ၊ သင်တို့အဓမ္မ အမှုကို တပြည်လုံး ၌ ငါပယ်ရှင်း မည်။
၄၈ထို​သူ​နှစ်​ယောက်​တို့​ကဲ့​သို့​မျောက်​မ မ​ထား​ကြ စေ​ရန် အ​မျိုး​သ​မီး​အ​ပေါင်း​တို့​အား​သ​တိ ပေး​သည့်​အ​နေ​ဖြင့် ငါ​သည်​တစ်​ပြည်​လုံး​၌ အ​ကျင့်​ပျက်​မှု​မှန်​သ​မျှ​ကို​ရပ်​စဲ​စေ​မည်။-
49 ၄၉ လူအလုံးအရင်းသည် သင် တို့အဓမ္မ အမှု၏ အပြစ်နှင့်အလျောက်စီရင် ၍ ၊ သင်တို့သည် ရုပ်တု များနှင့်ဆိုင်သော အပြစ် ကိုခံရ လျက်၊ ငါ သည် အရှင် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
၄၉အ​ချင်း​ညီ​အစ်​မ​နှစ်​ယောက်​တို့၊ ငါ​သည်​သင်​တို့ အား​အ​ကျင့်​ပျက်​မှု၊ ရုပ်​တု​များ​အား​ရှိ​ခိုး​ဝတ် ပြု​မှု​အ​ပြစ်​များ​အ​တွက်​ဒဏ်​ခတ်​မည်။ ထို​အ​ခါ ငါ​သည်​အ​ရှင်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

< ယေဇကျေလ 23 >