< ယေဇကျေလ 22 >

1 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
Neno la Bwana likanijia kusema:
2 အချင်းလူသား ၊ လူအသက် ကိုသတ် တတ်သော မြို့ ကို သင်သည် စစ်ကြော လော့။ စစ်ကြော လော့။ သူ ၌ ပြုသမျှ သော စက်ဆုပ် ရွံရှာဘွယ်အမှုတို့ကိုပြ လော့။
“Mwanadamu, je, wewe utauhukumu? Je, utauhukumu huu mji umwagao damu? Basi uujulishe juu ya matendo yake yote ya machukizo
3 အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ မိမိ အချိန် ရောက် စေခြင်းငှါ ၊ မိမိ အလယ် ၌ လူအသက် ကိုသတ်၍ ၊ မိမိကိုညစ်ညူး စေဘို့ မိမိတဘက်၌ ရုပ်တု တို့ကိုလုပ် တတ်သောမြို့၊
uuambie: ‘Hili ndilo Bwana Mwenyezi asemalo: Ee mji ule ujileteao maangamizi wenyewe kwa kumwaga damu ndani yake na kujinajisi wenyewe kwa kutengeneza sanamu,
4 သင်သည် လူအသက် ကိုသတ် သောအားဖြင့် အပြစ် ရောက်၏။ လုပ် သောရုပ်တု အားဖြင့် ညစ်ညူး ခြင်း ရှိ၏။ သင် ၏နေ့ရက် ကာလအချိန် ကို ကိုယ်တိုင်ရောက် စေ ပြီ။ ထိုကြောင့်၊ ငါသည် သင့်ကို အတိုင်းတိုင်း အပြည်ပြည် တို့တွင် ကဲ့ရဲ့ ရာ၊ ပျက်ချော် ရာဖြစ် စေမည်။
umekuwa na hatia kwa sababu ya damu uliyomwaga na umetiwa unajisi kwa sanamu ulizotengeneza. Umejiletea mwisho wa siku zako na mwisho wa miaka yako umewadia. Kwa hiyo nitakufanya kitu cha kudharauliwa kwa mataifa na kitu cha mzaha kwa nchi zote.
5 အိုအသရေ ပျက်၍ နှောင့်ရှက် ခြင်းကို ခံရသောသင် ကို ၊ အဝေး အနီး ၌နေသောသူတို့ သည် ပျက်ချော် ကြလိမ့်မည်။
Wale walio karibu na wale walio mbali watakudhihaki, Ewe mji wenye sifa mbaya, uliyejaa ghasia.
6 ဣသရေလ မင်းသား တို့သည် အသီးအသီး အခွင့် တန်ခိုးရှိသည်အတိုင်း ၊ သင့် အလယ် ၌ လူအသက် ကိုသတ် တတ်ကြ၏။
“‘Ona jinsi kila mkuu wa Israeli aliyeko ndani yako anavyotumia nguvu zake kumwaga damu.
7 သင့် အလယ် ၌ မိဘ တို့ကိုမထီမဲ့မြင်ပြု ကြ၏။ တပါး အမျိုးသားတို့ကို အနိုင်အထက်ပြု ကြ၏။ မိဘ မရှိသောသူ နှင့် မုတ်ဆိုးမ တို့ကို ညှဉ်းဆဲ ကြ၏။
Ndani yako wamewadharau baba na mama, ndani yako wamewatendea wageni udhalimu na kuwaonea yatima na wajane.
8 သင်သည် ငါ ၏ သန့်ရှင်းသောအရာတို့ကို မထီမဲ့မြင်ပြု ပြီ။ ငါ ၏ ဥပုသ် နေ့တို့ကို ရှုတ်ချ ပြီ။
Mmedharau vitu vyangu vitakatifu na kuzinajisi Sabato zangu.
9 သင့် အလယ် ၌ လူအသက် ကိုသတ် လို၍ ကုန်းတိုက် သောသူ၊ တောင် ပေါ်မှာ စား သောသူ၊ အဓမ္မ အမှုကိုပြု သောသူရှိ ကြ၏။
Ndani yako wako watu wasingiziaji, watu walio tayari kumwaga damu, ndani yako wako wale wanaokula vyakula vilivyotolewa mahali pa ibada za miungu kwenye milima, na kutenda matendo ya uasherati.
10 ၁၀ သင့် အလယ် ၌ အဘ ၏မယားကို ပြစ်မှား ကြ၏။ ဥတု ရောက်သော မိန်းမနှင့်မှားယွင်း ကြ၏။
Ndani yako wako wale wanaovunjia heshima vitanda vya baba zao, ndani yako wamo wale wanaowatendea wanawake jeuri wakiwa katika hedhi, wakati wakiwa si safi.
11 ၁၁ သင့်အလယ်၌ အချို့တို့သည် အိမ်နီးချင်း မယား ကို ပြစ်မှား ကြ၏။ အချို့တို့သည် မိမိ ချွေးမ နှင့် ဆိုးညစ် သောအဓမ္မ အမှုကို ပြုကြ၏။ အချို့တို့သည် မိမိ နှမ ၊ မိမိ အဘ ၏သမီး ကို ရှုတ်ချ ကြ၏။
Ndani yako mtu hufanya mambo ya machukizo na mke wa jirani yake, mwingine kwa aibu kubwa hukutana kimwili na mke wa mwanawe, mwingine humtenda jeuri dada yake, binti wa baba yake hasa.
12 ၁၂ သင့် အလယ် ၌လည်း လူအသက် သတ်ခ ကို ခံ ကြ ၏။ အတိုး စား၍ ငွေကိုချေးကြ၏။ အိမ်နီးချင်း ၏ ဥစ္စာကို လုယူ ကြ၏။ ငါ့ ကိုလည်း မေ့လျော့ ကြ၏။
Ndani yako watu hupokea rushwa ili kumwaga damu, mnapokea riba na faida ya ziada na kupata faida isiyokuwa halali kutoka kwa jirani ili kupata faida kubwa kupita kiasi. Nawe umenisahau mimi, asema Bwana Mwenyezi.
13 ၁၃ သို့ဖြစ်၍ ၊ သင်ဆည်းဖူး သောဥစ္စာ ၊ သင့် အလယ် ၌ သွန်းသော အသွေး ကြောင့် ငါလက်ခုပ်တီး ၏။
“‘Hakika nitapiga makofi kwa ajili ya faida isiyo halali uliyojipatia na kwa damu uliyoimwaga ndani yako.
14 ၁၄ သင့် ကိုငါ စီရင် သောအခါ ၊ သင် ၏နှလုံး သည် ခိုင်ခံ့ နိုင်သလော။ သင် ၏လက် သည်လည်း အားကြီး နိုင် သလော။ ငါ ထာဝရဘုရား သည် အမိန့် တော်ရှိသည် အတိုင်း ပြု မည်။
Je, ujasiri wako utadumu au mikono yako itakuwa na nguvu siku hiyo nitakapokushughulikia? Mimi Bwana nimesema na nitalifanya.
15 ၁၅ သင့် ကိုလည်း အတိုင်းတိုင်း အပြည်ပြည်တို့တွင်၊ အရပ်ရပ် သို့ ကွဲပြား စေမည်။ သင် ၏အညစ်အကြေး ကိုလည်း ပယ်ရှင်း မည်။
Nitakutawanya miongoni mwa mataifa na kukutapanya katika nchi mbalimbali nami nitakomesha unajisi wako.
16 ၁၆ လူ အမျိုးမျိုးတို့ရှေ့မှာ ၊ သင်သည် ကိုယ်တိုင်အသရေ ရှုတ်ချခြင်းကို ခံရ၍ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကိုသိ ရလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
Ukiisha kunajisika mbele ya mataifa, utajua kuwa Mimi ndimi Bwana.’”
17 ၁၇ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
Ndipo neno la Bwana likanijia kusema:
18 ၁၈ အချင်းလူသား ၊ ဣသရေလ အမျိုး သည် ငါ့ ရှေ့မှာ ချော် ဖြစ် လေပြီ။ ထိုသူအပေါင်းတို့သည် မိုက် ထဲ၌ ထည့်သော ကြေးနီ ၊ ကြေးဖြူ ၊ သံ ၊ ခဲ ကဲ့သို့ငွေ နှင့် ကွာသော ချော် ဖြစ် ကြ၏။
“Mwanadamu, nyumba ya Israeli imekuwa kwangu takataka ya chuma, wote kwangu wamekuwa shaba, bati, chuma na risasi iliyoachwa kalibuni. Wao ni taka ya madini ya fedha tu.
19 ၁၉ ထိုကြောင့် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ သင် တို့အပေါင်း သည် ချော် ဖြစ် သောကြောင့် ၊ ယေရုရှလင် မြို့ထဲ၌ ငါ စုဝေး စေမည်။
Kwa hiyo hili ndilo Bwana Mwenyezi asemalo: ‘Kwa kuwa wote mmekuwa takataka ya chuma, nitawakusanya Yerusalemu.
20 ၂၀ ငွေ ၊ ကြေးနီ ၊ ကြေးဖြူ ၊ သံ ၊ ခဲ တို့ကို မီး မှုတ် ၍ အရည်ကျို ခြင်းငှါမိုက် ထဲ၌ စုထား သကဲ့သို့၊ ထိုအတူ ငါသည် ပြင်းစွာအမျက် ထွက်လျက်၊ သင် တို့ကို ထိုမြို့ထဲ၌စုထား ၍အရည်ကျို မည်။
Kama vile watu wakusanyavyo fedha, shaba, chuma, risasi na bati kalibuni ili kuyeyusha kwa moto mkali, ndivyo nitakavyowakusanya katika hasira yangu na ghadhabu yangu kuwaweka ndani ya mji na kuwayeyusha.
21 ၂၁ အကယ်စင်စစ်စုထား ပြီးမှ ငါ့ အမျက် မီး ကို မှုတ် ၍ ၊ သင်တို့သည် မြို့ထဲမှာ အရည်ကျို ခြင်းကိုခံရကြ လိမ့်မည်။
Nitawakusanya na kupuliza juu yenu moto wa hasira yangu na ghadhabu yangu nanyi mtayeyushwa ndani ya huo mji.
22 ၂၂ ငွေ ကိုမိုက် ထဲ၌ အရည်ကျို သကဲ့သို့ ၊ သင်တို့သည် မြို့ ထဲမှာ အရည်ကျို ခြင်းကိုခံရသဖြင့် ၊ ငါ ထာဝရဘုရား သည် သင် တို့အပေါ်သို့ ၊ ငါ ၏ဒေါသ အရှိန်ကို သွန်းလောင်း သည်ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
Kama fedha iyeyukavyo kalibuni, ndivyo mtakavyoyeyuka ndani ya huo mji, nanyi mtajua kuwa Mimi Bwana nimemwaga ghadhabu yangu juu yenu.’”
23 ၂၃ တဖန် အရှင်ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
Neno la Bwana likanijia tena kusema:
24 ၂၄ အချင်းလူသား ၊ သင်ဆင့်ဆို ရမည်မှာ၊ အမျက် ထွက် သောနေ့ ၌ မိုဃ်း မ ရွာ၊ သင်သည် မိုဃ်း ရေကို မ ခံရသောပြည် ဖြစ်၏။
“Mwanadamu, iambie nchi, ‘Wewe ni nchi ambayo haijapata mvua wala manyunyu katika siku ya ghadhabu.’
25 ၂၅ ထိုပြည် အလယ် ၌ ပရောဖက် တို့သည် သင်းဖွဲ့ ခြင်းကို ပြုကြပြီ။ ဟောက် ၍အကောင် ကို ကိုက်ဖြတ် သော ခြင်္သေ့ ကဲ့သို့ လူ တို့ကို ကိုက်စား ကြ၏။ ဘဏ္ဍာ များနှင့် အဘိုး ထိုက်သော ဥစ္စာများကို လုယူ ကြ၏။ ပြည် အလယ် ၌ မုတ်ဆိုးမ တို့ကို များပြား စေကြ၏။
Kuna hila mbaya ya wakuu ndani yake kama simba angurumaye akirarua mawindo yake, wanakula watu, wanachukua hazina na vitu vya thamani na kuongeza idadi ya wajane ndani yake.
26 ၂၆ ယဇ်ပုရောဟိတ် တို့သည်လည်း ငါ ၏တရား ကို ဖျက် ၍ ၊ ငါ ၏သန့်ရှင်း ရာဌာနကိုလည်း ညစ်ညူး စေကြ ၏။ သန့်ရှင်း သောအရာ၊ မ သန့်ရှင်းသောအရာတို့ကို မ ပိုင်းခြား ၊ စင်ကြယ် သောအရာ၊ မ စင်ကြယ်သောအရာ တို့ကို ရောနှော ကြ၏။ ငါ ၏ ဥပုသ်နေ့တို့မှလည်း မျက်နှာလွှဲ ကြ၏။ သူ တို့ အလယ် ၌ ငါသည်ရှုတ်ချ ခြင်းကို ခံရ၏။
Makuhani wake wameihalifu sheria yangu na kunajisi vitu vyangu vitakatifu, hawatofautishi kati ya vitu vitakatifu na vitu vya kawaida. Wanafundisha kuwa hakuna tofauti kati ya vitu vilivyo najisi na visivyo najisi, nao wanafumba macho yao katika kutunza Sabato zangu, hivyo katikati yao nimetiwa unajisi.
27 ၂၇ မင်း တို့သည်လည်း အကောင် ကို ကိုက်ဖြတ် သော တောခွေး ကဲ့သို့ ပြည် အလယ် ၌ ဖြစ်၍၊ မတရား သော စီးပွားကို ရှာ လိုသောငှါ လူအသက် ကိုသတ် ၍၊ သူတပါး တို့ကို သုတ်သင် ပယ်ရှင်းတတ်ကြ၏။
Maafisa wake walioko ndani yake ni kama mbwa mwitu wararuao mawindo yao, wanamwaga damu na kuua watu ili kupata faida ya udhalimu.
28 ၂၈ ပရောဖက် တို့ကလည်း ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည်ဟု ထာဝရဘုရား မိန့် တော်မ မူဘဲ၊ အချည်းနှီး သောအရာကို မြင် ၍၊ မုသား စကားကို ဟောပြော လျက်၊ သူ တို့ကို အင်္ဂတေ နှင့်မွမ်းမံ ကြ၏။
Manabii wake wanapaka chokaa matendo haya kwa maono ya uongo na utabiri wa udanganyifu. Wanasema, ‘Hili ndilo Bwana Mwenyezi asemalo,’ wakati Bwana hajasema.
29 ၂၉ ပြည်သူ ပြည်သားတို့သည်လည်း ညှဉ်းဆဲ ခြင်း၊ ထားပြ တိုက်ခြင်း၊ ဆင်းရဲ ငတ်မွတ် သောသူတို့ကို နှိပ်စက် ခြင်း၊ တပါး အမျိုးသားတို့အား မတရား သဖြင့် ညှဉ်းဆဲ ခြင်း ကို ပြုကြ၏။
Watu wa nchi wanatoza kwa nguvu na kufanya unyangʼanyi, wanawatenda jeuri maskini na wahitaji na kuwaonea wageni, wakiwanyima haki.
30 ၃၀ ထိုပြည် ကို ငါမ ဖျက်ဆီး စေခြင်းငှါ ကွယ်ကာသောသူ၊ မြို့ရိုး ပျက် ပေါ်မှာ ရပ် ၍ ဆီးတား သောသူ တယောက်ကိုမျှ ငါရှာ ၍မ တွေ့ ။
“Nami nikatafuta mtu miongoni mwao, ambaye angejenga ukuta na kusimama mbele zangu mahali palipobomoka kwa ajili ya watu wa nchi ili nisije nikaiangamiza, lakini sikumwona mtu yeyote.
31 ၃၁ ထိုကြောင့် ၊ ငါ့ အမျက် ကို ငါသွန်းလောင်း လျက်၊ ငါ့ ဒေါသ မီး ဖြင့် သူ တို့ကိုရှို့ ၍၊ သူတို့အပြစ်ကို သူ တို့ ခေါင်း ပေါ်သို့ ရောက် စေမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
Hivyo nitaimwaga ghadhabu yangu juu yao na kuwateketeza kwa moto wa hasira yangu, nikiyaleta juu ya vichwa vyao yale yote waliyotenda, asema Bwana Mwenyezi.”

< ယေဇကျေလ 22 >