< ယေဇကျေလ 22 >
1 ၁ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
And the word of the Lord came to me, saying,
2 ၂ အချင်းလူသား ၊ လူအသက် ကိုသတ် တတ်သော မြို့ ကို သင်သည် စစ်ကြော လော့။ စစ်ကြော လော့။ သူ ၌ ပြုသမျှ သော စက်ဆုပ် ရွံရှာဘွယ်အမှုတို့ကိုပြ လော့။
And thou, son of man, wilt thou judge the bloody city? yea, declare thou to her all her iniquities.
3 ၃ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ မိမိ အချိန် ရောက် စေခြင်းငှါ ၊ မိမိ အလယ် ၌ လူအသက် ကိုသတ်၍ ၊ မိမိကိုညစ်ညူး စေဘို့ မိမိတဘက်၌ ရုပ်တု တို့ကိုလုပ် တတ်သောမြို့၊
And thou shalt say, Thus saith the Lord God: O city that sheds blood in the midst of her, so that her time should come, and that forms devices against herself, to defile herself;
4 ၄ သင်သည် လူအသက် ကိုသတ် သောအားဖြင့် အပြစ် ရောက်၏။ လုပ် သောရုပ်တု အားဖြင့် ညစ်ညူး ခြင်း ရှိ၏။ သင် ၏နေ့ရက် ကာလအချိန် ကို ကိုယ်တိုင်ရောက် စေ ပြီ။ ထိုကြောင့်၊ ငါသည် သင့်ကို အတိုင်းတိုင်း အပြည်ပြည် တို့တွင် ကဲ့ရဲ့ ရာ၊ ပျက်ချော် ရာဖြစ် စေမည်။
in their blood which thou hast shed, thou hast transgressed; and in thy devices which thou hast formed, thou hast polluted thyself; and thou hast brought nigh thy days, and hast brought on the time of thy years: therefore have I made thee a reproach to the Gentiles, and a mockery to all the countries,
5 ၅ အိုအသရေ ပျက်၍ နှောင့်ရှက် ခြင်းကို ခံရသောသင် ကို ၊ အဝေး အနီး ၌နေသောသူတို့ သည် ပျက်ချော် ကြလိမ့်မည်။
to those near thee, and to those far distant from thee; and they shall mock thee, [thou that art] notoriously unclean, and abundant in iniquities.
6 ၆ ဣသရေလ မင်းသား တို့သည် အသီးအသီး အခွင့် တန်ခိုးရှိသည်အတိုင်း ၊ သင့် အလယ် ၌ လူအသက် ကိုသတ် တတ်ကြ၏။
Behold, the princes of the house of Israel have conspired in thee each one with his kindred, that they might shed blood.
7 ၇ သင့် အလယ် ၌ မိဘ တို့ကိုမထီမဲ့မြင်ပြု ကြ၏။ တပါး အမျိုးသားတို့ကို အနိုင်အထက်ပြု ကြ၏။ မိဘ မရှိသောသူ နှင့် မုတ်ဆိုးမ တို့ကို ညှဉ်းဆဲ ကြ၏။
In thee they have reviled father and mother; and in thee they have behaved unjustly toward the stranger: they have oppressed the orphan and widow.
8 ၈ သင်သည် ငါ ၏ သန့်ရှင်းသောအရာတို့ကို မထီမဲ့မြင်ပြု ပြီ။ ငါ ၏ ဥပုသ် နေ့တို့ကို ရှုတ်ချ ပြီ။
And they have set at nought my holy things, and in thee they have profaned my sabbaths.
9 ၉ သင့် အလယ် ၌ လူအသက် ကိုသတ် လို၍ ကုန်းတိုက် သောသူ၊ တောင် ပေါ်မှာ စား သောသူ၊ အဓမ္မ အမှုကိုပြု သောသူရှိ ကြ၏။
[There are] robbers in thee, to shed blood in thee; and in thee they have eaten upon the mountains: they have wrought ungodliness in the midst of thee.
10 ၁၀ သင့် အလယ် ၌ အဘ ၏မယားကို ပြစ်မှား ကြ၏။ ဥတု ရောက်သော မိန်းမနှင့်မှားယွင်း ကြ၏။
In thee they have uncovered the father's shame; and in thee they have humbled her that was set apart for uncleanness.
11 ၁၁ သင့်အလယ်၌ အချို့တို့သည် အိမ်နီးချင်း မယား ကို ပြစ်မှား ကြ၏။ အချို့တို့သည် မိမိ ချွေးမ နှင့် ဆိုးညစ် သောအဓမ္မ အမှုကို ပြုကြ၏။ အချို့တို့သည် မိမိ နှမ ၊ မိမိ အဘ ၏သမီး ကို ရှုတ်ချ ကြ၏။
They have dealt unlawfully each one with his neighbor's wife; and each one in ungodliness has defiled his daughter-in-law: and in thee they have humbled each one his sister, the daughter of his father.
12 ၁၂ သင့် အလယ် ၌လည်း လူအသက် သတ်ခ ကို ခံ ကြ ၏။ အတိုး စား၍ ငွေကိုချေးကြ၏။ အိမ်နီးချင်း ၏ ဥစ္စာကို လုယူ ကြ၏။ ငါ့ ကိုလည်း မေ့လျော့ ကြ၏။
In thee they have received gifts to shed blood; they have received in thee interest and usurious increase; and by oppression thou hast brought thy wickedness to the full, and hast forgotten me, saith the Lord.
13 ၁၃ သို့ဖြစ်၍ ၊ သင်ဆည်းဖူး သောဥစ္စာ ၊ သင့် အလယ် ၌ သွန်းသော အသွေး ကြောင့် ငါလက်ခုပ်တီး ၏။
And if I shall smite my hand at [thine iniquities] which thou hast accomplished, which thou hast wrought, and at thy blood that has been shed in the midst of thee,
14 ၁၄ သင့် ကိုငါ စီရင် သောအခါ ၊ သင် ၏နှလုံး သည် ခိုင်ခံ့ နိုင်သလော။ သင် ၏လက် သည်လည်း အားကြီး နိုင် သလော။ ငါ ထာဝရဘုရား သည် အမိန့် တော်ရှိသည် အတိုင်း ပြု မည်။
shall thy heart endure? shall thine hands be strong in the days which I bring upon thee? I the Lord have spoken, and will do [it].
15 ၁၅ သင့် ကိုလည်း အတိုင်းတိုင်း အပြည်ပြည်တို့တွင်၊ အရပ်ရပ် သို့ ကွဲပြား စေမည်။ သင် ၏အညစ်အကြေး ကိုလည်း ပယ်ရှင်း မည်။
And I will scatter thee among the nations, and disperse thee in the countries, and thy uncleanness shall be removed out of thee.
16 ၁၆ လူ အမျိုးမျိုးတို့ရှေ့မှာ ၊ သင်သည် ကိုယ်တိုင်အသရေ ရှုတ်ချခြင်းကို ခံရ၍ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကိုသိ ရလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
And I will give heritages in thee in the sight of the nations, and ye shall know that I am the Lord.
17 ၁၇ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
And the word of the Lord came to me, saying,
18 ၁၈ အချင်းလူသား ၊ ဣသရေလ အမျိုး သည် ငါ့ ရှေ့မှာ ချော် ဖြစ် လေပြီ။ ထိုသူအပေါင်းတို့သည် မိုက် ထဲ၌ ထည့်သော ကြေးနီ ၊ ကြေးဖြူ ၊ သံ ၊ ခဲ ကဲ့သို့ငွေ နှင့် ကွာသော ချော် ဖြစ် ကြ၏။
Son of man, behold, the house of Israel are all become to me [as it were] mixed with brass, and iron, and tin, and lead; they are mixed up in the midst of the silver.
19 ၁၉ ထိုကြောင့် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ သင် တို့အပေါင်း သည် ချော် ဖြစ် သောကြောင့် ၊ ယေရုရှလင် မြို့ထဲ၌ ငါ စုဝေး စေမည်။
Therefore say, Thus saith the Lord God; Because ye have become one mixture, therefore I will gather you into the midst of Jerusalem.
20 ၂၀ ငွေ ၊ ကြေးနီ ၊ ကြေးဖြူ ၊ သံ ၊ ခဲ တို့ကို မီး မှုတ် ၍ အရည်ကျို ခြင်းငှါမိုက် ထဲ၌ စုထား သကဲ့သို့၊ ထိုအတူ ငါသည် ပြင်းစွာအမျက် ထွက်လျက်၊ သင် တို့ကို ထိုမြို့ထဲ၌စုထား ၍အရည်ကျို မည်။
As silver, and brass, and iron, and tin, and lead, are gathered into the midst of the furnace, to blow fire into it, that they may be melted: so will I take [you] in my wrath, and I will gather and melt you.
21 ၂၁ အကယ်စင်စစ်စုထား ပြီးမှ ငါ့ အမျက် မီး ကို မှုတ် ၍ ၊ သင်တို့သည် မြို့ထဲမှာ အရည်ကျို ခြင်းကိုခံရကြ လိမ့်မည်။
And I will blow upon you in the fire of my wrath, and ye shall be melted in the midst thereof.
22 ၂၂ ငွေ ကိုမိုက် ထဲ၌ အရည်ကျို သကဲ့သို့ ၊ သင်တို့သည် မြို့ ထဲမှာ အရည်ကျို ခြင်းကိုခံရသဖြင့် ၊ ငါ ထာဝရဘုရား သည် သင် တို့အပေါ်သို့ ၊ ငါ ၏ဒေါသ အရှိန်ကို သွန်းလောင်း သည်ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
As silver is melted in the midst of a furnace, so shall ye be melted in the midst thereof; and ye shall know that I the Lord have poured out my wrath upon you.
23 ၂၃ တဖန် အရှင်ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
And the word of the Lord came to me, saying,
24 ၂၄ အချင်းလူသား ၊ သင်ဆင့်ဆို ရမည်မှာ၊ အမျက် ထွက် သောနေ့ ၌ မိုဃ်း မ ရွာ၊ သင်သည် မိုဃ်း ရေကို မ ခံရသောပြည် ဖြစ်၏။
Son of man, say to her, Thou art the land that is not rained upon, neither has rain come upon thee in the day of wrath;
25 ၂၅ ထိုပြည် အလယ် ၌ ပရောဖက် တို့သည် သင်းဖွဲ့ ခြင်းကို ပြုကြပြီ။ ဟောက် ၍အကောင် ကို ကိုက်ဖြတ် သော ခြင်္သေ့ ကဲ့သို့ လူ တို့ကို ကိုက်စား ကြ၏။ ဘဏ္ဍာ များနှင့် အဘိုး ထိုက်သော ဥစ္စာများကို လုယူ ကြ၏။ ပြည် အလယ် ၌ မုတ်ဆိုးမ တို့ကို များပြား စေကြ၏။
whose princes in the midst of her are as roaring lions seizing prey, devouring souls by oppression, and taking bribes; and thy widows are multiplied in the midst of thee.
26 ၂၆ ယဇ်ပုရောဟိတ် တို့သည်လည်း ငါ ၏တရား ကို ဖျက် ၍ ၊ ငါ ၏သန့်ရှင်း ရာဌာနကိုလည်း ညစ်ညူး စေကြ ၏။ သန့်ရှင်း သောအရာ၊ မ သန့်ရှင်းသောအရာတို့ကို မ ပိုင်းခြား ၊ စင်ကြယ် သောအရာ၊ မ စင်ကြယ်သောအရာ တို့ကို ရောနှော ကြ၏။ ငါ ၏ ဥပုသ်နေ့တို့မှလည်း မျက်နှာလွှဲ ကြ၏။ သူ တို့ အလယ် ၌ ငါသည်ရှုတ်ချ ခြင်းကို ခံရ၏။
Her priests also have set at nought my law, and profaned my holy things: they have not distinguished between the holy and profane, nor have they distinguished between the unclean and the clean, and have hid their eyes from my sabbaths, and I was profaned in the midst of them.
27 ၂၇ မင်း တို့သည်လည်း အကောင် ကို ကိုက်ဖြတ် သော တောခွေး ကဲ့သို့ ပြည် အလယ် ၌ ဖြစ်၍၊ မတရား သော စီးပွားကို ရှာ လိုသောငှါ လူအသက် ကိုသတ် ၍၊ သူတပါး တို့ကို သုတ်သင် ပယ်ရှင်းတတ်ကြ၏။
Her princes in the midst of her are as wolves ravening to shed blood, that they may get dishonest gain.
28 ၂၈ ပရောဖက် တို့ကလည်း ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည်ဟု ထာဝရဘုရား မိန့် တော်မ မူဘဲ၊ အချည်းနှီး သောအရာကို မြင် ၍၊ မုသား စကားကို ဟောပြော လျက်၊ သူ တို့ကို အင်္ဂတေ နှင့်မွမ်းမံ ကြ၏။
And her prophets that daub them shall fall, that see vanities, that prophesy falsehoods, saying, Thus saith the Lord, when the Lord has not spoken.
29 ၂၉ ပြည်သူ ပြည်သားတို့သည်လည်း ညှဉ်းဆဲ ခြင်း၊ ထားပြ တိုက်ခြင်း၊ ဆင်းရဲ ငတ်မွတ် သောသူတို့ကို နှိပ်စက် ခြင်း၊ တပါး အမျိုးသားတို့အား မတရား သဖြင့် ညှဉ်းဆဲ ခြင်း ကို ပြုကြ၏။
That sorely oppress the people of the land with injustice, and commit robbery; oppressing the poor and needy, and not dealing justly with the stranger.
30 ၃၀ ထိုပြည် ကို ငါမ ဖျက်ဆီး စေခြင်းငှါ ကွယ်ကာသောသူ၊ မြို့ရိုး ပျက် ပေါ်မှာ ရပ် ၍ ဆီးတား သောသူ တယောက်ကိုမျှ ငါရှာ ၍မ တွေ့ ။
And I sought from among them a man behaving uprightly, and standing before me perfectly in the time of wrath, so that I should not utterly destroy her: but I found [him] not.
31 ၃၁ ထိုကြောင့် ၊ ငါ့ အမျက် ကို ငါသွန်းလောင်း လျက်၊ ငါ့ ဒေါသ မီး ဖြင့် သူ တို့ကိုရှို့ ၍၊ သူတို့အပြစ်ကို သူ တို့ ခေါင်း ပေါ်သို့ ရောက် စေမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
So I have poured out my wrath upon her in the fury of mine anger, to accomplish [it]. I have recompensed their ways on their own heads, saith the Lord God.