< ယေဇကျေလ 21 >
1 ၁ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
A message from the Lord came to me, saying,
2 ၂ အချင်းလူသား ၊ ယေရုရှလင် မြို့ကို မျက်နှာ ပြု လျက်၊ သန့်ရှင်း သော အရပ်ဌာနတို့တဘက် ၌ မြွက်ဆို ၍ ဣသရေလ ပြည် တဘက် ၌ ဟောပြော လော့။
“Son of man, face towards Jerusalem and condemn their places of worship. Prophesy against the people living in Israel
3 ၃ အရှင်ထာဝရဘုရား ၏ အမိန့် တော်ကို ဣသရေလ ပြည် အား ဆင့်ဆို ရမည်မှာ၊ ငါ သည် သင့် ကို ရန်ဘက်ပြု လျက်၊ ငါ့ ထား ကိုထားအိမ် မှ ထုတ် ၍ ၊ သင်၌ တရား သောသူ၊ မတရား သောသူတို့ကို ပယ်ဖြတ် မည်။
and tell them that this is what the Lord says: Watch out, because I'm going to attack you! I'm going to take out my sword and destroy you, both the good and the bad.
4 ၄ ထိုသို့သင် ၌ တရား သောသူ၊ မတရား သောသူတို့ ကို ပယ်ဖြတ် စရာအကြောင်းရှိသောကြောင့် ၊ ငါ့ ထား သည် တောင် ဘက်မှ သည် မြောက် ဘက်သို့တိုင်အောင်၊ ခပ်သိမ်း သောသတ္တဝါ တို့ကို ရန်ဘက်ပြု ၍ မိမိ အိမ် မှ ထွက် ရလိမ့်မည်။
Because I'm going to destroy both the good and the bad, I will attack everyone from the north to the south.
5 ၅ ငါ ထာဝရဘုရား သည် ငါ့ ထား ကို သူ့ အိမ် မှ ထုတ် ကြောင်း ကို၊ သတ္တဝါ အပေါင်း တို့ သိ ရကြလိမ့်မည်။ ထိုထားသည် နောက် တဖန်အိမ်သို့ မ ပြန် ရ။
Then the whole world will know that I, the Lord, have taken out my sword, and won't put it back again.
6 ၆ သို့ဖြစ်၍ ၊ အချင်းလူသား ၊ ညည်းတွား သံကို ပြုလော့။ ခါး ကျိုး လျက်၊ နှလုံး ကြေကွဲလျက်၊ သူ တို့ရှေ့မှာ ညည်းတွား သံကို ပြုလော့။
You, son of man, you are to groan. Groan as if you're broken up inside, showing terrible sadness while they watch you.
7 ၇ သူတို့ကလည်း၊ အဘယ်ကြောင့် ညည်းတွား သနည်းဟု သင့် ကိုမေး သောအခါ ၊ သင်က၊ ငါသည် သိတင်း စကားကြောင့် ညည်းတွား၏။ အမှုနီး ပြီ၊ ။ လူ အပေါင်း တို့သည် ကြောက် အားကြီး၍ လက် အားလျော့ ကြလိမ့်မည်။ စိတ်ပျက် ၍ ဒူး သည်လည်း အရည် ဖြစ် လိမ့်မည်။ အမှုလာ ၍ ရောက် မည်အကြောင်းကို၊ အရှင် ထာဝရဘုရား ဗျာဒိတ် ပေးတော်မူကြောင်းကို ပြန်ပြော လော့ဟု မိန့်တော်မူ၏။
When they ask, ‘What are you groaning for?’ you are to tell them, ‘Because of the news that's coming. All of you will lose your courage and you'll be paralyzed with fear. All of you will be weak with worry—you won't be able to stand up!’ Watch out, because it's coming! It's going to happen! declares the Lord God.”
8 ၈ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
Another message from the Lord came to me, saying,
9 ၉ အချင်းလူသား ၊ ပရောဖက်ပြု ၍ အရှင်ထာဝရ ဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ ထား တော်ကို ထက် စွာ သွေးလေပြီ။ ပြောင်လက် စွာ ပွတ်လေပြီ။
“Son of man, prophesy! Tell them this is what the Lord says: There's a sword, a sword that's being sharpened and polished.
10 ၁၀ ထက်၍ အထူးသဖြင့်လုပ်ကြံ စေခြင်းငှါသွေး လေပြီ။ ပြောင်၍ အရောင် တောက်စေခြင်းငှါလည်း ပွတ် လေပြီ။ ငါ့ သား ၏ ရာဇလှံတံ ကြောင့် ရွှင်လန်း ခြင်းကို ပြုရမည်လော။ ထိုထားသည် သစ်သား ရှိသမျှ ကို မထီမဲ့မြင်ပြု တတ်၏။
It's sharpened for killing and polished so it will flash like lightning! (Are we to be happy, saying, ‘The scepter of my son despises every other stick’?)
11 ၁၁ သုံး စရာဘို့ ပွတ် စေခြင်းငှါ အပ် ထားပြီ။ လုပ်ကြံ သောသူ၌ အပ် ခြင်းငှါ ထက် စွာလည်း သွေးလေပြီ။ ပြောင်လက် စွာပွတ်လေပြီ။
The sword is being polished right now, ready to be used. It's sharp and polished, ready to be handed over to the killer.
12 ၁၂ အချင်းလူသား ၊ ငိုကြွေး အော်ဟစ် လော့။ အကြောင်းမူကား ၊ ငါ ၏ လူ တို့၌ရောက် လိမ့်မည်။ ဣသရေလ မင်းသား အပေါင်း တို့၌ လည်း ရောက်လိမ့်မည်။ သူတို့နှင့်တကွငါ ၏လူ တို့ကို ထား ၌ အပ် လေ၏။ ထိုကြောင့် ၊ သင်၏ပေါင် ကို ရိုက် လော့။
Weep and wail, son of man, and slap your thigh in grief, for the sword is going to be used to attack my people, to attack all the leaders of Israel! They will be thrown away, killed by the sword along with my people.
13 ၁၃ စုံစမ်း ခြင်းအမှုဖြစ်၏။ ထားတော်သည် လှံတံကို မရိုမသေ ပြုလျှင် အဘယ်သို့ နည်း။ လှံတံဆုံး လိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
They will be tested. What if the scepter that despises others doesn't continue? declares the Lord God.
14 ၁၄ သို့ဖြစ်၍ ၊ အချင်းလူသား ၊ ပရောဖက်ပြု ၍ လက်ခုပ်တီး လော့။ ထား တော်သည် နှစ် ခေါက်၊ သုံး ခေါက် ရောက်ရ၏။ သူရဲ ထား ၊ အားကြီး သော သူရဲ ထား ဖြစ်၏။ သူ တို့ကိုဝန်းရံ သော ထားဖြစ်၏။
So son of man, prophesy and clap your hands. The sword will attack twice, and then a third time. It is a sword of death, killing many people by coming at them from every direction.
15 ၁၅ သူတို့စိတ်ပျက် ၍ အထူးသဖြင့်ဆုံးရှုံး စေခြင်းငှါ၊ ထား ဘေး ကိုမြို့ တံခါး ရှိသမျှ တို့၌ ငါရောက် စေပြီ။ ထားပြောင် လျက်ရှိ၏။ လုပ်ကြံ စရာဘို့ ပွတ် ထားလျက် ရှိ၏။
I have placed a sword at all the gates of their city so that they may lose their courage, and many may fall. Oh no! It's made to flash like lightning and used to kill.
16 ၁၆ စုဝေး လော့။ လက်ျာ ဘက်သို့ ခုတ် လော့။ ပြင်ဦးလော့။ လက်ဝဲ ဘက် အစရှိသောသင် ၏အသွားမျက်နှာ ပြုသမျှဘက်သို့ ခုတ်လော့။
Slash right and left, whichever way you're facing.
17 ၁၇ ငါ သည်လည်း လက် ချင်းရိုက် ၍ ၊ ငါ ဒေါသ အရှိန် ကို ငြိမ်း စေမည်။ ထိုသို့ငါ ထာဝရဘုရား မိန့် တော်မူပြီ။
I will also clap my hands, and then my anger will be over. I, the Lord, have spoken.”
18 ၁၈ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
Another message from the Lord came to me, saying,
19 ၁၉ အချင်းလူသား ၊ ဗာဗုလုန် ရှင်ဘုရင် ၏ ထား သွားရာလမ်း နှစ် လမ်းကို မှတ်သား လော့။ လမ်းနှစ် လမ်း တို့သည် ပြည် တ ပြည်ထဲက ထွက် ရမည်။ မြို့ သို့သွားသော လမ်း ခွ ၌ အရပ်တခုကို ရွေး လော့။
“Son of man, mark the two roads that the king of Babylon's army could take, beginning from the same country. Make a signpost where the road forks, leading to two different cities.
20 ၂၀ အမ္မုန် ပြည်၌ ရဗ္ဗတ် မြို့သို့၎င်း ၊ ယုဒ ပြည်၌ ခိုင်ခံ့ သော ယေရုရှလင် မြို့သို့၎င်း ၊ ထား ရောက် ရာလမ်း ကို မှတ်သား လော့။
Have one sign point down the road for an attack on the Ammonite city of Rabbah, and another to attack Judah and the fortified city of Jerusalem.
21 ၂၁ ဗာဗုလုန် ရှင်ဘုရင် သည် ဗေဒင် တွက်ခြင်းငှါ လမ်း နှစ် လမ်းဆုံ မိရာလမ်း ခွ ၌ ရပ် ၏။ မြှား တို့ကို ရောနှော ၏။ တေရပ်ရုပ်တု တို့ကို မေးမြန်း ၏။ အသည်း ကို ကြည့်ရှု ၏။
The king of Babylon is standing at the fork in the road where the two roads meet looking for a prophetic sign: he casts lots using arrows, he asks advice from idols, and he examines the liver of sacrificial animals.
22 ၂၂ ဝက်ခွတိုင် ၌ တုံးတို့ကို ဆွဲထား စေခြင်းငှါ ၎င်း ၊ လုပ်ကြံ ခြင်းအမှုကို မှာထား စေခြင်းငှါ ၎င်း ၊ ကြွေးကြော် အော်ဟစ်စေခြင်းငှါ ၎င်း ၊ မြို့တံခါး တဘက် တချက် ဝက်ခွတိုင် ၌ တုံးတို့ကိုဆွဲ ထားစေခြင်းငှါ ၎င်း၊ မြေရိုး ကိုဖို့ စေခြင်းငှါ ၎င်း ၊ ရဲတိုက် ကို ဆောက် စေခြင်းငှါ ၎င်း ၊ လက်ျာ ဘက်၌ ယေရုရှလင် မြို့အဘို့ ဗေဒင် တွက်၍ နေရာ ကျ၏။
He holds the sign for Jerusalem in his right hand. This is where he is going to set up battering rams, to give the command to attack, to shout the war-cry. There he will order the battering rams to smash the gates, set up an attack ramp, and build a siege wall.
23 ၂၃ သို့ရာတွင် ၊ ရှင်ဘုရင်ထံ၌ သစ္စာခံ သောသူတို့ သည် ထိုဗေဒင်တွက်ခြင်းကို အချည်းနှီး သော ဗေဒင် တွက်ခြင်းကဲ့သို့ မှတ် ကြလိမ့်မည်။ ရှင်ဘုရင်မူကား ၊ သူတို့ ကို ဘမ်းမိ လိုသောငှါ ၊ သူတို့ပြစ်မှားသော အပြစ် ကို အောက်မေ့ လိမ့်မည်။
To those who have sworn to be loyal to Nebuchadnezzar this will look like a false sign, but it will reveal their guilt and they will be taken prisoner.
24 ၂၄ သို့ဖြစ်၍ ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ သင် တို့ပြု လေသမျှ တို့၌ အပြစ် ထင်ရှား သည် တိုင်အောင်၊ သင် တို့သည် မိမိ တို့ဒုစရိုက် အပြစ်ကို သူတပါးအောက်မေ့ စေ၍၊ မိမိ တို့ လွန်ကျူး ခြင်း အမှုများ ကို ဘော်ပြ လျက်၊ မိမိ တို့ကို သူတပါး အောက်မေ့ စေသောကြောင့် ၊ ထိုရှင်ဘုရင်လက် သို့ ရောက် ရကြလိမ့်မည်။
So this is what the Lord God says: Because you have revealed your guilt and demonstrated your rebellion, showing your sins in everything you've done, now that you've made all this clear, you will be taken prisoner.
25 ၂၅ အချင်းဆိုးယုတ် သော အဓမ္မ ဣသရေလ မင်းသား ၊ အဓမ္မ အမှုကြောင့်ဆုံးရှုံး ရသောကာလ ရောက် သောအခါ ၊ သင်၏အချိန် ကာလသည် ရောက် လိမ့်မည်။
As for you, you unclean, wicked prince of Israel, the time has come to complete your punishment.
26 ၂၆ ဦးရစ် တော်ကိုပယ် ၍ ရာဇသရဖူ ကို ချွတ် လော့။ နောက်တဖန် မ ရှိရ။ နိမ့် သောသူကိုချီးမြှောက် ရမည်။ မြင့် သောသူကို နှိမ့်ချ ရမည်။
This is what the Lord God says: Take off your turban, and your crown. Things won't continue as they were. Give power to the common people and bring down the powerful!
27 ၂၇ နိုင်ငံကို ဆုံးစေခြင်းငှါ၊ အစိုးပိုင်သောသူ မ ရောက် မှီတိုင်အောင်၎င်း ငါမှောက်လှန် မည်။ မှောက်လှန် မည်။ မှောက်လှန် မည်။ အစိုးပိုင်သောသူ ၌ ငါအပ် မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
I'm going to destroy everything, make it all a ruin! It won't be restored until its owner arrives, the one I've given the authority to judge.
28 ၂၈ အချင်းလူသား ၊ အရှင် ထာဝရဘုရား သည် အမ္မုန် အမျိုးသား တို့ကို၎င်း၊
Prophesy, son of man, and announce that this is what the Lord God says about the Ammonites and their insults: A sword! A sword is ready for killing, polished to destroy, to flash like lightning,
29 ၂၉ သူ တို့ကဲ့ရဲ့ ခြင်းကို၎င်းရည်မှတ် ၍မိန့် တော်မူသော စကားကို ပရောဖက်ပြု ၍ ဆင့်ဆို ရမည်မှာ၊ အဓမ္မ အမှုကြောင့် ဆုံးရှုံးရသောကာလ ရောက်၍ အပြစ်ဒဏ်ခံရသောအခါ၊ အသေ သတ်ခြင်းကို ခံရသောအဓမ္မ လူတို့၏ လည်ပင်း ပေါ်မှာ ၊ သင့် ကိုနေရာ ကျစေခြင်းငှါ ၊ သင့် အဘို့ အချည်းနှီး သောအရာကိုကြည့်မြင် ၍၊ မုသာ စကားကိုဟောပြော စဉ်တွင်၊ ထား တော်သည် လုပ်ကြံ ဘို့ရာထုတ် လျက်ရှိ၏။ ဖျက်ဆီးဘို့ရာအရောင် တောက် သည်တိုင်အောင်ပြောင် စွာပွတ်လေပြီ။
even as your prophets give you false visions and prophecies that are lies. This sword will cut the necks of the wicked, killing them—those whose day has come for their punishment to be completed.
30 ၃၀ သင့်ထားကို အိမ် သို့ ပြန် စေလော့။ သင့်ကို ငါ ဖန်ဆင်း သော အရပ် ၊ မွေးဘွား ရာဌာန ၌ သင့် ကို ငါစီရင် မည်။
Sword, go back to where you came from! I'm going to judge you right where you were created, in your homeland.
31 ၃၁ သင့် အပေါ်သို့ ငါ့ အမျက် ကို ငါသွန်းလောင်း မည်။ ငါ့ ဒေါသ မီး ဖြင့် သင့် ကို မှုတ် မည်။ ကြမ်းတမ်းသော သဘောရှိ၍ ဖျက်ဆီး တတ်သော လူ တို့လက် သို့ အပ် မည်။
I will deal with you in my anger; I will breathe my fire of anger on you; I will hand you over to cruel men who are experts in destruction.
32 ၃၂ သင်သည်မီး မွေးဘို့ ထင်း ဖြစ် ရလိမ့်မည်။ သင့် အသွေး သည် ပြည် အလယ် ၌ ရှိ ရလိမ့်မည်။ နောက်တဖန်အဘယ်သူမျှမ အောက်မေ့ ရဟု ငါ ထာဝရဘုရား မိန့် တော်မူ၏။
You will be burned up like firewood. Your blood will be shed where you live. You will be forgotten, for I, the Lord, have spoken.”