< ယေဇကျေလ 20 >

1 သက္ကရာဇ် ခုနစ် ခု၊ ပဉ္စမ လ ဆယ် ရက်နေ့တွင် ၊ ဣသရေလ အမျိုး အသက်ကြီး သူတို့သည် ထာဝရဘုရား ကို မေးလျှောက် ခြင်းငှါ လာ ၍ ငါ့ ရှေ့မှာ ထိုင် နေကြ၏။
In the seventh year, on the tenth day of the fifth month, some of the elders of Israel came to inquire of the LORD, and they sat down before me.
2 ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက်လာ ၍ ၊
Then the word of the LORD came to me, saying,
3 အချင်းလူသား ၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဣသရေလ အမျိုး အသက်ကြီး သူတို့အား ဆင့်ဆို ရမည်မှာ၊ သင် တို့သည် ငါ့ ထံ၌မေးလျှောက် ခြင်းငှါ လာ ကြသလော။ ငါ အသက်ရှင် သည်အတိုင်း သင် တို့မေးလျှောက် ခြင်းကို ငါမ ခံ။
“Son of man, speak to the elders of Israel and tell them that this is what the Lord GOD says: Have you come to inquire of Me? As surely as I live, I will not be consulted by you, declares the Lord GOD.
4 အချင်းလူသား ၊ သင်သည်သူ တို့ကို စစ်ကြော လော့။ စစ်ကြော လော့။ သူ တို့ဘိုးဘေး ပြုဘူးသော စက်ဆုပ် ရွံရှာဘွယ်အမှုကို ဘော်ပြ ၍၊
Will you judge them, will you judge them, son of man? Confront them with the abominations of their fathers
5 အရှင် ထာဝရဘုရား ၏ အမိန့်တော်ကိုဆင့်ဆို ရမည်မှာ၊ ဣသရေလ အမျိုး ငါ ရွေးကောက် ၍၊ အဲဂုတ္တု ပြည် ၌ သူ တို့အား ထင်ရှား လျက်၊ ငါ သည်သင် တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်သည်ဟု၊ ယာကုပ် အမျိုးသား တို့ အား ကျိန်ဆို သည်ကာလ၊
and tell them that this is what the Lord GOD says: On the day I chose Israel, I swore an oath to the descendants of the house of Jacob and made Myself known to them in the land of Egypt. With an uplifted hand I said to them, ‘I am the LORD your God.’
6 သူ တို့ကို အဲဂုတ္တု ပြည် မှ ငါနှုတ် ပြီးလျှင်၊ ပြည် တကာ တို့၏ အထွဋ် ဖြစ်၍၊ နို့ နှင့် ပျားရည် စီး သောပြည်၊ သူ တို့အဘို့ ငါကြည့်ရှု သော ပြည် သို့ ဆောင်သွားခြင်းငှါကျိန်ဆို သောအခါ၊
On that day I swore to bring them out of the land of Egypt into a land that I had searched out for them, a land flowing with milk and honey, the glory of all lands.
7 သင်တို့အသီးအသီး ဖူးမျှော်သော စက်ဆုပ် ရွံရှာဘွယ်အရာတို့ကို စွန့်ပစ် ကြလော့။ အဲဂုတ္တု ရုပ်တု တို့နှင့် ကိုယ်ကိုကိုယ်မ ညစ်ညူး စေကြနှင့်။ ငါ သည်သင် တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏ဟု ငါဆို သော်လည်း၊
And I said to them: ‘Each of you must throw away the abominations before his eyes, and you must not defile yourselves with the idols of Egypt. I am the LORD your God.’
8 သူတို့သည် နား မ ထောင်၊ ငါ့ ကိုပုန်ကန် ကြ၏။ အသီးသီး ဖူးမြင်သော စက်ဆုပ် ရွံရှာဘွယ်အရာတို့ကို၎င်း၊ အဲဂုတ္တု ရုပ်တု ကို၎င်း ၊ မ စွန့်ပစ် ဘဲနေကြ ၏။ ထိုကြောင့် ၊ သူ တို့၌ ငါ့ ဒေါသ စိတ်ပြေ မည်အကြောင်း၊ အဲဂုတ္တု ပြည် ထဲမှာ သူ တို့အပေါ်သို့ ငါ့ အမျက် ရှိန်ကို သွန်းလောင်း မည် ဟု ငါအကြံရှိ၏။
But they rebelled against Me and refused to listen. None of them cast away the abominations before their eyes, and they did not forsake the idols of Egypt. So I resolved to pour out My wrath upon them and vent My anger against them in the land of Egypt.
9 သို့ရာတွင် ၊ သူ တို့နေသောတပါးအမျိုးသား တို့ ရှေ့မှာ ၊ ငါ၏နာမအသရေ ကို မ ပျက်စေခြင်းငှါ ၊ ငါသည် နာမ တော်အတွက် စီရင် ၍၊ တပါး အမျိုးသားတို့ရှေ့မှာ ထင်ရှား လျက်၊ သူ တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် လေ ၏။
But I acted for the sake of My name, that it should not be profaned in the eyes of the nations among whom they were living, in whose sight I had revealed Myself to Israel by bringing them out of the land of Egypt.
10 ၁၀ အဲဂုတ္တု ပြည် မှ နှုတ်ဆောင် ၍ တော သို့ ရောက် သောအခါ ၊
So I brought them out of the land of Egypt and led them into the wilderness.
11 ၁၁ ကျင့် သောသူ ၌ အသက်ရှင် စရာအကြောင်းဖြစ်သော ငါ ၏စီရင် ထုံးဖွဲ့ချက်တို့ကို ငါဘော်ပြ ၏။
And I gave them My statutes and made known to them My ordinances—for the man who does these things will live by them.
12 ၁၂ ထိုမှတပါး ၊ ငါ ထာဝရဘုရား သည် သူ တို့ကို သန့်ရှင်း စေသည်ဟု သူတို့သည် သိ မည်အကြောင်း ၊ ငါ နှင့် သူ တို့စပ်ကြား မှာ လက္ခဏာ သက်သေဖြစ် စေခြင်းငှါ ၊ ငါ ၏ ဥပုသ် နေ့တို့ကို ငါခန့်ထား ၏။
I also gave them My Sabbaths as a sign between us, so that they would know that I am the LORD who sanctifies them.
13 ၁၃ သို့ရာတွင် ၊ ဣသရေလ အမျိုး သည် တော ၌ ငါ့ ကို ပုန်ကန် ကြ၏။ ကျင့် သောသူ၌ အသက်ရှင် စရာ အကြောင်းဖြစ်သော ငါ ၏စီရင် ထုံးဖွဲ့ချက်ကို မ စောင့်ရှောက် ၊ မထီမဲ့မြင်ပြု ၍ ငါ ၏ဥပုသ် နေ့တို့ကို အလွန် ရှုတ်ချ ကြ၏။ ထိုအခါ သူ တို့ဖျက်ဆီး ခြင်းငှါ ၊ တော ၌ သူ တို့ အပေါ်သို့ ငါ့ အမျက် အရှိန်ကို သွန်းလောင်း မည်ဟု အကြံ ရှိ၏။
Yet the house of Israel rebelled against Me in the wilderness. They did not follow My statutes and they rejected My ordinances—though the man who does these things will live by them—and they utterly profaned My Sabbaths. Then I resolved to pour out My wrath upon them and put an end to them in the wilderness.
14 ၁၄ သို့ရာတွင် ၊ ငါနှုတ်ဆောင် ခြင်းကျေးဇူးကို မြင် သော တပါးအမျိုးသား တို့ရှေ့မှာ ငါ၏နာမအသရေ ကို မ ပျက်စေခြင်းငှါ၊ ငါသည် နာမ တော်အတွက် စီရင် လေ၏။
But I acted for the sake of My name, so that it would not be profaned in the eyes of the nations in whose sight I had brought them out.
15 ၁၅ တဖန် ၊ ပြည် တကာ တို့၏ အထွဋ် ဖြစ်၍နို့ နှင့် ပျားရည် စီး သော ပြည်၊ သူ တို့အားငါပေး သောပြည် သို့ မ ပို့ဆောင် ခြင်းငှါ ၊ တော ၌ ငါ ကျိန်ဆို ၏။
Moreover, with an uplifted hand I swore to them in the wilderness that I would not bring them into the land that I had given them—a land flowing with milk and honey, the glory of all lands—
16 ၁၆ အကြောင်းမူကား ၊ သူတို့သည် ရုပ်တု များကို ငဲ့ကွက် သောကြောင့် ၊ ငါ ၏စီရင် ထုံးဖွဲ့ချက်တို့ကို မ စောင့်ရှောက် ၊ မထီမဲ့မြင်ပြု ၍ ငါ ၏ဥပုသ် နေ့တို့ကို ရှုတ်ချ ကြ၏။
because they kept rejecting My ordinances, refusing to walk in My statutes, and profaning My Sabbaths; for their hearts continually went after their idols.
17 ၁၇ သို့သော်လည်း ၊ ငါသည်သူ တို့ကို နှမြော သောကြောင့် မဖျက်ဆီး ၊ တော ၌ ဆုံးရှုံး စေခြင်းငှါမ ပြု ။
Yet I looked on them with pity and did not destroy them or bring them to an end in the wilderness.
18 ၁၈ သား မြေးတို့အား လည်း၊ သင် တို့၏ ဘိုးဘေး စီရင် ထုံးဖွဲ့ချက်တို့ကို မ စောင့်ရှောက် ကြနှင့်။ သူ တို့၏ ရုပ်တု များအားဖြင့် ကိုယ်ကိုမ ညစ်ညူး စေကြနှင့်။
In the wilderness I said to their children: ‘Do not walk in the statutes of your fathers or keep their ordinances or defile yourselves with their idols.
19 ၁၉ ငါ သည် သင် တို့၏ဘုရားသခင် ထာဝရဘုရား ဖြစ်၏။ ငါ ၏စီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက် ၍ ကျင့်ကြံ ကြလော့။
I am the LORD your God; walk in My statutes, keep My ordinances, and practice them.
20 ၂၀ ငါ ၏ဥပုသ် နေ့တို့ကိုလည်း သန့်ရှင်း စေကြလော့။ ငါ သည် သင် တို့၏ဘုရားသခင် ထာဝရဘုရား ဖြစ်သည် ဟု၊ သင်တို့သည်သိ မည်အကြောင်း၊ ထိုဥပုသ်နေ့တို့ကို ငါ နှင့် သင် တို့စပ်ကြား မှာ လက္ခဏာ သက်သေဖြစ် စေ ကြလော့ဟု ငါဆို ၏။
Keep My Sabbaths holy, that they may be a sign between us, so that you may know that I am the LORD your God.’
21 ၂၁ သို့သော်လည်း ၊ သူတို့၏သား မြေးတို့သည် ငါ့ ကို ပုန်ကန် ကြ၏။ ကျင့် သောသူ၌ အသက်ရှင် စရာ အကြောင်းဖြစ်သော၊ ငါ ၏စီရင် ထုံးဖွဲ့ချက်တို့ကို မ စောင့်ရှောက် ၊ မ ကျင့်ကြံ ဘဲနေ၍၊ ငါ ၏ဥပုသ် နေ့တို့ကို ရှုတ်ချ ကြ၏။ ထိုအခါ ငါသည်သူ တို့၌ ဒေါသ စိတ်ကို ပြေ စေခြင်းငှါ၊ တော ထဲမှာ ငါ ၏ အမျက် အရှိန်ကို သူ တို့အပေါ်သို့ သွန်းလောင်း မည်ဟု အကြံ ရှိ၏။
But the children rebelled against Me. They did not walk in My statutes or carefully observe My ordinances—though the man who does these things will live by them—and they profaned My Sabbaths. So I resolved to pour out My wrath upon them and vent My anger against them in the wilderness.
22 ၂၂ သို့ရာတွင် ၊ ငါနှုတ်ဆောင် ခြင်း ကျေးဇူးကို သိမြင်သော တပါးအမျိုးသား တို့ရှေ့မှာ ငါ၏နာမ အသရေ ကို မ ပျက်စေခြင်းငှါ၊ ငါသည်နာမ တော်အတွက် ပြု ၍ သည်းခံ လျက်နေ၏။
But I withheld My hand and acted for the sake of My name, so that it would not be profaned in the eyes of the nations in whose sight I had brought them out.
23 ၂၃ တဖန် ငါ သည် သူ တို့ကို အတိုင်းတိုင်း အပြည်ပြည်အရပ်ရပ် တို့သို့ ကွဲပြား စေခြင်းငှါ တော ၌ ကျိန်ဆို ၏။
However, with an uplifted hand I swore to them in the wilderness that I would scatter them among the nations and disperse them throughout the lands.
24 ၂၄ အကြောင်းမူကား ၊ သူတို့သည် ဘိုးဘေး တို့ ကိုးကွယ်သော ရုပ်တု များကို ငဲ့ကွက်သောကြောင့်၊ ငါ ၏ စီရင် ထုံးဖွဲ့ချက်တို့ကို မ စောင့်ရှောက် ၊ မထီမဲ့မြင်ပြု ၍ ငါ ၏ ဥပုသ် နေ့တို့ကို ရှုတ်ချ ကြ၏။
For they did not practice My ordinances, but they rejected My statutes and profaned My Sabbaths, fixing their eyes on the idols of their fathers.
25 ၂၅ ထိုကြောင့် ၊ မကောင်း သောစီရင် ချက်၊ အသက် မ ရှင်ရသောထုံးဖွဲ့ ချက်တို့ကို ငါ ပေး ၏။
I also gave them over to statutes that were not good and ordinances by which they could not live.
26 ၂၆ ငါ သည် ထာဝရဘုရား ဖြစ်သည်ကို သူတို့သည် သိ မည်အကြောင်း၊ သူ တို့ကိုဖျက်ဆီး ခြင်းငှါ ၊ သူတို့သည် သားဦး အပေါင်း တို့ကို မီးဖြင့် ပူဇော်ရာတွင်၊ သူ တို့ပူဇော်သက္ကာ များအားဖြင့် ငါညစ်ညူး စေ၏။
And I pronounced them unclean through their gifts—the sacrifice of every firstborn in the fire—so that I might devastate them, in order that they would know that I am the LORD.
27 ၂၇ သို့ဖြစ်၍ ၊ အချင်းလူသား ၊ အရှင် ထာဝရဘုရား ၏ အမိန့်တော်ကို ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင် တို့၏ဘိုးဘေး တို့သည် ငါ့ ကိုအထပ်ထပ်ပြစ်မှား ၍ ရှုတ်ချ ကြသည်တကား။
Therefore, son of man, speak to the house of Israel, and tell them that this is what the Lord GOD says: In this way also your fathers blasphemed Me by their unfaithfulness against Me.
28 ၂၈ သူ တို့အား ပေး ခြင်းငှါ ငါကျိန်ဆို သော ပြည် သို့ ဆောင် သွင်းသောအခါ ၊ သူတို့သည်မြင့် သောတောင် ၊ ထူထပ် သော သစ်ပင် ရှိသမျှ တို့ ကိုကြည့်ရှု ၍၊ ထို အရပ်တို့ ၌ ယဇ် ပူဇော် ခြင်း၊ ငါ့အမျက် ကို နှိုးဆော်သော အလှူ ဒါန ကိုတင် ခြင်း၊ နံ့သာပေါင်း ကို မီးရှို့ ခြင်း၊ အရည် ပူဇော်သက္ကာသွန်းလောင်း ခြင်းတို့ကို ပြုကြ၏။
When I brought them into the land that I swore to give them and they saw any high hill or leafy tree, there they offered their sacrifices, presented offerings that provoked Me, sent up their fragrant incense, and poured out their drink offerings.
29 ၂၉ ငါကလည်း၊ သင် တို့သွား တတ်သော မြင့်ရာ အရပ် ကား၊ အဘယ်သို့ နည်းဟုမေး သော်လည်း ၊ ယနေ့ တိုင်အောင် မြင့်ရာအရပ်ဟု ဆိုလိုသော ဗာမာ အမည် ဖြင့် သမုတ် ကြ၏။
So I asked them: ‘What is this high place to which you go?’ (And to this day it is called Bamah.)
30 ၃၀ သို့ဖြစ်၍ ၊ သင်သည် အရှင် ထာဝရဘုရား ၏ အမိန့်တော်ကို ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ အိုဣသရေလအမျိုး၊ သင် တို့သည် ဘိုးဘေး တို့ ထုံးစံ အတိုင်း ညစ်ညူး လျက်၊ သူ တို့ပြုသောစက်ဆုပ် ရွံရှာဘွယ်အမှုတို့ကိုပြု၍ မှားယွင်း လျက်၊
Therefore tell the house of Israel that this is what the Lord GOD says: Will you defile yourselves the way your fathers did, prostituting yourselves with their abominations?
31 ၃၁ ပူဇော်သက္ကာ ပြု သဖြင့်၎င်း ၊ ကိုယ် သား တို့ကို မီး ဖြင့် ပူဇော် သဖြင့်၎င်း ၊ ယနေ့ တိုင်အောင် ရုပ်တု အပေါင်း တို့နှင့် ညစ်ညူး လျက်ရှိကြစဉ်တွင်၊ ငါ သည် သင် တို့မေးလျှောက် ခြင်းကိုခံရမည်လော။ ငါ အသက်ရှင် သည်အတိုင်း သင် တို့မေးလျှောက် ခြင်းကို ငါမ ခံ။
When you offer your gifts, sacrificing your sons in the fire, you continue to defile yourselves with all your idols to this day. So should I be consulted by you, O house of Israel? As surely as I live, declares the Lord GOD, I will not be consulted by you!
32 ၃၂ ငါတို့သည် တပါးအမျိုးသား ကဲ့သို့ ၎င်း ၊ သစ်သား ဘုရား၊ ကျောက် ဘုရားကိုဝတ်ပြု သောပြည်သူ ပြည်သားများကဲ့သို့ ၎င်း ဖြစ် မည်ဟု၊ သင် တို့ကြံစည် သည်အတိုင်း အကြံ မ မြောက်ရ။
When you say, ‘Let us be like the nations, like the peoples of the lands, serving wood and stone,’ what you have in mind will never come to pass.
33 ၃၃ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက်ရှင် သည်အတိုင်း အကယ်စင်စစ် အားကြီး သော လက် ၊ ဆန့် သောလက်ရုံး ၊ သွန်းလောင်း သောဒေါသ အရှိန် အားဖြင့် သင် တို့ကို ငါအုပ်စိုး မည်။
As surely as I live, declares the Lord GOD, with a strong hand, an outstretched arm, and outpoured wrath I will rule over you.
34 ၃၄ သင်တို့ကွဲပြား လျက်နေသော အတိုင်းတိုင်း အပြည်ပြည်တို့မှ ၊ သင်တို့အားကြီး သောလက် ၊ ဆန့် သော လက်ရုံး ၊ သွန်းလောင်း သောဒေါသ အရှိန်နှင့် ငါဆောင် ခဲ့၍ စုဝေး စေမည်။
With a strong hand, an outstretched arm, and outpoured wrath I will bring you out from the peoples and gather you from the lands to which you have been scattered.
35 ၃၅ လူ အမျိုးမျိုးနှင့်ဆိုင်သောတော သို့ ဆောင် ခဲ့၍၊ ကိုယ်တိုင်ကိုယ်ကြပ် တရား တွေ့မည်။
And I will bring you into the wilderness of the nations, where I will enter into judgment with you face to face.
36 ၃၆ အဲဂုတ္တု ပြည် နှင့်ဆိုင်သော တော ၌ သင် တို့၏ ဘိုးဘေး များနှင့်တရား တွေ့သကဲ့သို့ သင် တို့နှင့် တရား တွေ့မည်။
Just as I entered into judgment with your fathers in the wilderness of the land of Egypt, so I will enter into judgment with you, declares the Lord GOD.
37 ၃၇ နှင်တံ အောက်မှာ ရှောက်သွား စေ၍ ၊ ပဋိညာဉ် အချည်အနှောင် ကိုခံ စေမည်။
I will make you pass under the rod and will bring you into the bond of the covenant.
38 ၃၈ ငါ့ ကို ပုန်ကန် ၍ ပြစ်မှား သောသူတို့ကို သင် တို့ထဲက နှုတ်ပယ် မည်။ သူ တို့သည် တည်း နေသောပြည် မှ ထွက်သွား ရသော်လည်း ၊ ဣသရေလ ပြည် သို့ မ ဝင် ကြရ။ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ရကြ လိမ့်မည်။
And I will purge you of those who rebel and transgress against Me. I will bring them out of the land in which they dwell, but they will not enter the land of Israel. Then you will know that I am the LORD.
39 ၃၉ အိုဣသရေလ အမျိုးသား တို့၊ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သွား ကြလော့။ အသီးအသီး မိမိ တို့ ရုပ်တု များကို ဝတ်ပြု ကြလော့။ သို့ရာတွင် ၊ အကယ်စင်စစ် နောက်တဖန် ငါ့ စကားကို နား မ ထောင် သော်လည်း၊ ငါ ၏သန့်ရှင်း သောနာမ တော်ကို သင် တို့ပူဇော်သက္ကာ များနှင့် ရုပ်တု များအားဖြင့် မ ရှုတ်ချ ဘဲနေရကြလိမ့်မည်။
And as for you, O house of Israel, this is what the Lord GOD says: Go and serve your idols, every one of you. But afterward, you will surely listen to Me, and you will no longer defile My holy name with your gifts and idols.
40 ၄၀ အကြောင်းမူကား ၊ ငါ ၏သန့်ရှင်း သောတောင် ၊ အမြင့်ဆုံး သော ဣသရေလ တောင် ပေါ်မှာ ဣသရေလ အမျိုးသား ၊ ပြည်သူ ပြည်သားအပေါင်း တို့သည် ငါ့ အား ဝတ်ပြု ရကြလိမ့်မည်။ ငါသည်လည်း လက်ခံ ၍၊ ထို အရပ် ၌ သင် တို့ပြုသောပူဇော်သက္ကာ များ၊ အဦး သီးသော အသီးတွင်ရွေး၍ဆက်ရသောအသီးအနှံ များနှင့်တကွ ၊ သင် တို့သန့်ရှင်း သောအရာရှိသမျှ တို့ကို ငါတောင်း မည်။
For on My holy mountain, the high mountain of Israel, declares the Lord GOD, there the whole house of Israel, all of them, will serve Me in the land. There I will accept them and will require your offerings and choice gifts, along with all your holy sacrifices.
41 ၄၁ သင်တို့သည် ကွဲပြား လျက်နေသောအတိုင်းတိုင်း အပြည်ပြည်တို့မှ ငါဆောင် ခဲ့၍ စုဝေး သောအခါ ၊ သင်တို့၌ပါသောနံ့သာပေါင်း အမွှေးအကြိုင် နှင့်တကွ၊ သင် တို့ကို ငါသည်လက်ခံ ၍၊ သင် တို့အားဖြင့် တပါးအမျိုးသား တို့ရှေ့မှာ ဂုဏ် အသရေထင်ရှားခြင်း ရှိလိမ့်မည်။
When I bring you from the peoples and gather you from the lands to which you have been scattered, I will accept you as a pleasing aroma. And I will show My holiness through you in the sight of the nations.
42 ၄၂ သင် တို့၏ ဘိုးဘေး တို့အား ပေး ခြင်းငှါ ၊ ကျိန်ဆို သော ဣသရေလ ပြည် သို့ သင် တို့ကို ဆောင် သွင်းသောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ရကြလိမ့်မည်။
Then you will know that I am the LORD, when I bring you into the land of Israel, the land that I swore to give your fathers.
43 ၄၃ သင်တို့ညစ်ညူး သော ကျင့်ကြံ ပြုမူရာအမှု ရှိသမျှ တို့ကို ထို ပြည်၌ အောက်မေ့ ၍ ၊ ပြု မိသမျှ သော ဒုစရိုက် တို့ကြောင့် ကိုယ်ကိုကိုယ် ရွံရှာ ကြလိမ့်မည်။
There you will remember your ways and all the deeds with which you have defiled yourselves, and you will loathe yourselves for all the evils you have done.
44 ၄၄ အိုဣသရေလ အမျိုးသား တို့၊ သင် တို့၏ဒုစရိုက် များ၊ သင် တို့ဆိုးညစ် သောအကျင့် များနှင့်အညီ ၊ ငါသည် သင်တို့ကိုမစီရင်။ ကိုယ် နာမ တော်ကိုထောက်၍ စီရင် သောအခါ ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ကြ ရလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
Then you will know, O house of Israel, that I am the LORD, when I have dealt with you for the sake of My name and not according to your wicked ways and corrupt acts, declares the Lord GOD.”
45 ၄၅ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
Now the word of the LORD came to me, saying,
46 ၄၆ အချင်းလူသား ၊ တောင်ဘက် သို့မျက်နှာ ပြု လျက်၊ တောင် မျက်နှာတဘက်၌ မြွက်ဆို ၍၊ တောင် ပြည် ၌ရှိသောတော တဘက်၌ ဟောပြော လော့။
“Son of man, set your face toward the south, preach against it, and prophesy against the forest of the Negev.
47 ၄၇ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို တောင် ပြည်၌ရှိသောတော အား ဆင့်ဆို ရမည်မှာ၊ ငါ သည် သင် ၌ မီး ကိုညှိ မည်။ သင်၌ စိမ်းလန်း သောအပင် ၊ သွေ့ခြောက် သောအပင် ရှိသမျှ လောင် လိမ့်မည်။ တောက် သော မီးလျှံ သည်မ ငြိမ်း ရ။ တောင် ဘက်မှ သည် မြောက် ဘက်သို့ တိုင်အောင် မြေတပြင်လုံး လောင် လိမ့်မည်။
Say to the forest of the Negev: Hear the word of the LORD! This is what the Lord GOD says: I am about to ignite in you a fire, and it will devour all your trees, both green and dry. The blazing flame will not be quenched, and by it every face from south to north will be scorched.
48 ၄၈ ထိုမီးကို ငါ ထာဝရဘုရား ညှိ ကြောင်း ကို၊ သတ္တဝါ အပေါင်း တို့သည် သိ ရကြလိမ့်မည်။ ထိုမီးသည် မ ငြိမ်း ရဟု မိန့် တော်မူ၏။
Then all people will see that I, the LORD, have kindled it; it will not be quenched.”
49 ၄၉ ငါကလည်း၊ အို အရှင် ထာဝရဘုရား ၊ သူ တို့က၊ ဤသူ သည်ပုံပမာ ကိုသာဆောင်၍ ဟောပြောတတ်သည် မ ဟုတ်လောဟု၊ အကျွန်ုပ် ကို ရည်မှတ်၍ဆို တတ်ကြပါ သည်ဟု လျှောက် လေ၏။
Then I said, “Ah, Lord GOD, they are saying of me, ‘Is he not just telling parables?’”

< ယေဇကျေလ 20 >