< ယေဇကျေလ 2 >

1 ထိုဗျာဒိတ်ရူပါရုံကို ငါသည် မြင်သောအခါ ပြပ်ဝပ်လျက်နေ၏။ တဦးသောသူကလည်း၊ အချင်း လူသား ၊ မတ်တတ် နေလော့။ သင့် အားငါ ပြော မည်ဟု ငါ့ အား ဆို သံကိုငါကြား ၏။
ထိုဗျာဒိတ်ရူပါရုံကို ငါသည် မြင်သောအခါ ပြပ်ဝပ်လျက်နေ၏။ တဦးသောသူကလည်း၊ အချင်း လူသား၊ မတ်တတ်နေလော့။ သင့်အားငါ ပြောမည်ဟု ငါ့အားဆိုသံကိုငါကြား၏။
2 ထိုသို့ ဆို သောအခါ ဝိညာဉ် တော်သည် ငါ့ အထဲ သို့ဝင် ၍ မတ်တတ် နေစေသဖြင့်၊ ငါနှင့်ပြောသောသူ၏ စကားကိုငါကြားသည်ကား၊
ထိုသို့ဆိုသောအခါ ဝိညာဉ်တော်သည် ငါ့အထဲ သို့ဝင်၍ မတ်တတ်နေစေသဖြင့်၊ ငါနှင့်ပြောသောသူ၏ စကားကိုငါကြားသည်ကား၊
3 အချင်းလူသား ၊ ငါ့ ကို ပုန်ကန် တတ်သော အမျိုး တည်းဟူသော ၊ ယနေ့ တိုင်အောင် ဘိုးဘေး တို့နှင့်တကွ ငါ့ ကိုအစဉ်ပုန်ကန် ၍၊ ပြစ်မှား သော ဣသရေလ အမျိုးသား တို့ ရှိရာသို့ သင့် ကို ငါ စေလွှတ် မည်။
အချင်းလူသား၊ ငါ့ကိုပုန်ကန်တတ်သော အမျိုး တည်းဟူသော၊ ယနေ့တိုင်အောင် ဘိုးဘေးတို့နှင့်တကွ ငါတို့အစဉ်ပုန်ကန်၍၊ ပြစ်မှားသော ဣသရေလ အမျိုးသားတို့ ရှိရာသို့ သင့်ကို ငါစေလွှတ်မည်။
4 ရဲ သောမျက်နှာ နှင့် ခိုင်မာ သော နှလုံး ရှိသောအမျိုးသား တို့ရှိရာသို့ သင့် ကို ငါ စေလွှတ် ၍ ၊ သင် က၊ အရှင် ထာဝရဘုရား မိန့် တော်မူသည်ဟု သူ တို့အား ပြော ရမည်။
ရဲသောမျက်နှာနှင့်ခိုင်မာသော နှလုံးရှိသော အမျိုးသားတို့ရှိရာသို့ သင့်ကို ငါစေလွှတ်၍၊ သင်က၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ဟု သူတို့အား ပြောရမည်။
5 သူ တို့သည် ပုန်ကန် တတ်သော အမျိုး ဖြစ်၍ ၊ နားထောင် သည်ဖြစ်စေ ၊ နား မထောင်သည်ဖြစ်စေ ၊ မိမိ တို့တွင် ပရောဖက် ရှိ သည်ကို သိ ရကြမည်။
သူတို့သည် ပုန်ကန်တတ်သော အမျိုးဖြစ်၍၊ နား ထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ၊ မိမိတို့တွင် ပရောဖက်ရှိသည်ကို သိရကြမည်။
6 အချင်းလူသား ၊ သင် သည် ဆူး ပင်အမျိုးမျိုးနှင့် တွေ့၍ ၊ ကင်းမြီးကောက် တို့တွင် နေ ရသော်လည်း သူ တို့ကိုမ ကြောက် နှင့်။ သူ တို့စကား ကိုလည်း မ ကြောက် နှင့်။ သူ တို့သည်ပုန်ကန် တတ်သော အမျိုး ဖြစ်၍ ၊ သူ တို့ စကား ကိုမ ကြောက် နှင့်။ သူ တို့မျက်နှာရည်ကြောင့် စိတ် မ ပျက်နှင့်။
အချင်းလူသား၊ သင်သည် ဆူးပင်အမျိုးမျိုးနှင့် တွေ့၍၊ ကင်းမြီးကောက်တို့တွင် နေရသော်လည်း သူတို့ကိုမကြောက်နှင့်။ သူတို့စကားကိုလည်း မကြောက် နှင့်။ သူတို့သည်ပုန်ကန်တတ်သော အမျိုးဖြစ်၍၊ သူတို့ စကားကိုမကြောက်နှင့်။ သူတို့မျက်နှာရည်ကြောင့် စိတ်မပျက်နှင့်။
7 သူ တို့သည် အလွန်ပုန်ကန် တတ်သော သဘောရှိသည်ဖြစ်၍ ၊ နားထောင် သည်ဖြစ်စေ ၊ နား မထောင်သည် ဖြစ်စေ ၊ ငါ့ စကား ကိုသူ တို့အား ဟောပြော ရမည်။
သူတို့သည် အလွန်ပုန်ကန်တတ်သော သဘော ရှိသည်ဖြစ်၍၊ နားထောင်သည်ဖြစ်စေ၊ နားမထောင်သည် ဖြစ်စေ၊ ငါ့စကားကိုသူတို့အား ဟောပြောရမည်။
8 အချင်းလူသား ၊ ငါ ပြော သောစကားကို နားထောင် လော့။ ထိုပုန်ကန် တတ်သော အမျိုး ကဲ့သို့ ပုန်ကန် သော သဘောမ ရှိ နှင့်။ သင့် ပစပ် ကို ဖွင့် ၍ ငါ ပေး သော အရာ ကိုစား လော့ဟု မိန့် တော်မူလျှင် ၊
အချင်းလူသား၊ ငါပြောသောစကားကို နား ထောင်လော့။ ထိုပုန်ကန်တတ်သော အမျိုးကဲ့သို့ ပုန်ကန် သော သဘောမရှိနှင့်။ သင့်ပစပ်ကို ဖွင့်၍ ငါပေးသော အရာကိုစားလော့ဟု မိန့်တော်မူလျှင်၊
9 ငါကြည့် ၍ စာလိပ် ပါသောလက် သည် ငါ့ ဆီ သို့ ဆန့် လျက်ရှိ၏။
ငါကြည့်၍ စာလိပ်ပါသောလက်သည် ငါ့ဆီသို့ ဆန့်လျက်ရှိ၏။
10 ၁၀ ထိုစာလိပ်ကို ငါ့ ရှေ့ မှာ ဖွင့်ဖြန့် သောအခါ၊ တဘက်တချက် ၌ အက္ခရာတင် ၍ ငိုကြွေးမြည်တမ်းခြင်းအချက် ၊ စိတ်မသာညည်းတွားခြင်းအချက် ၊ အမင်္ဂလာအချက် များပါသတည်း။
၁၀ထိုစာလိပ်ကို ငါ့ရှေ့မှာ ဖွင့်ဖြန့်သောအခါ၊ တဘက်တချက်၌ အက္ခရာတင်၍ ငိုကြွေးမြည်တမ်းခြင်း အချက်၊ စိတ်မသာညည်းတွားခြင်းအချက်၊ အမင်္ဂလာ အချက်များပါသတည်း။

< ယေဇကျေလ 2 >