< ယေဇကျေလ 19 >
1 ၁ ထိုမှတပါး ၊ ဣသရေလ မင်းသား တို့အတွက် ငိုကြွေး မြည်တမ်းလျက်ပြော ရမည်မှာ၊
“Now you, take up a lamentation against the leaders of Israel
2 ၂ သင် ၏အမိ ကားအဘယ်သူ နည်း။ ခြင်္သေ့မ ဖြစ် ၏။ ခြင်္သေ့ တို့တွင် အိပ် လျက်နေ၍၊ ခြင်္သေ့ ပျိုတို့တွင် မိမိ သား တို့ကို ကျွေးမွေး ၏။
and say, 'Who was your mother? A lioness, she lived with a lion's son; in the midst of young lions, she nurtured her cubs.
3 ၃ ကျွေးမွေး သောသား တကောင် သည် ခြင်္သေ့ ပျို ဖြစ် ၍၊ တော တိရစ္ဆာန်တို့ကိုဘမ်းဆီး ခြင်းငှါ ၊ သင်၏ လူ တို့ကိုလည်း ကိုက်စား တတ်၏။
She is the one who raised up one of her cubs to become a young lion, a lion who learned to tear apart his victims, and then he devoured men.
4 ၄ လူမျိုး တို့သည် ကြား ၍ မြေတွင်း ၌ ထိုခြင်္သေ့ပျို ကို ဘမ်း ပြီးလျှင် ၊ သံကြိုး နှင့် ချည်နှောင်၍ အဲဂုတ္တု ပြည် သို့ ယူ သွားကြ၏။
Then the nations heard about him. He was caught in their trap, and they brought him with hooks to the land of Egypt.
5 ၅ သားဆုံးရှုံး ကြောင်း ကို အမိသည် မြင် ၍ စိတ်ပျက် သောအခါ၊ သား တကောင် ကို ယူ ပြန်၍ ခြင်္သေ့ ပျို ဖြစ်စေခြင်းငှါပြု သဖြင့်၊
Then she saw that although she had waited for his return, her expectation was now gone, so she took another of her cubs and raised him to become a young lion.
6 ၆ သူသည်လည်း ၊ ခြင်္သေ့ တို့နှင့်ပေါင်းဘော် ၍ ခြင်္သေ့ ပျိုဖြစ် လျက်၊ တော တိရစ္ဆာန်တို့ကို ဘမ်းဆီး ခြင်းငှါ ၊ သင်၏လူ တို့ကိုလည်း ကိုက်စား ၏။
This young lion roamed about in the midst of lions. He was a young lion and learned to tear his victims; he devoured men.
7 ၇ သူ တို့ မုဆိုး များကိုသိ ၍ ၊ သူ တို့မြို့ များကို သုတ်သင် ပယ်ရှင်းလေ၏။ ဟောက် သောအသံ ကြောင့် ပြည် နှင့် ပြည် ၌ ရှိသမျှ တို့သည် ဆိတ်ညံ လျက်ရှိကြ၏။
He seized their widows and ruined their cities. The land and its fullness were abandoned because of the sound of his roaring.
8 ၈ ထိုအခါ လူမျိုး တို့သည် ကျေးလက် အရပ်ရပ် တို့ က တိုက် လာ၍ ပိုက်ကွန် နှင့်ဝိုင်း ပြီးလျှင် ၊ မြေတွင်း ၌ ဘမ်း ကြ၏။
But the nations came against him from the surrounding provinces; they spread their nets over him. He was caught in their trap.
9 ၉ သံကြိုး နှင့် ချည်နှောင်လျက်ဗာဗုလုန် ရှင်ဘုရင် ထံသို့ ဆောင်သွား ၍၊ သူ ၏အသံ သည် ဣသရေလ တောင် ပေါ်မှာ နောက်တဖန် မ မြည် စေခြင်းငှါ နှောင်အိမ် ၌ လှောင် ထားကြ၏။
With hooks they put him in a cage and then they brought him to the king of Babylon. They brought him to the strongholds so that his voice would no longer be heard on the mountains of Israel.
10 ၁၀ သင် ၏အမိ သည် သင်နှင့်တူလျက်၊ ရေ နား မှာ စိုက်သော စပျစ် နွယ်ပင်ကဲ့သို့ ဖြစ်၏။ ရေ များ သောကြောင့် အခက်အလက် နှင့် ပြည့်စုံ၍၊ များစွာ သောအသီး ကို သီး တတ်၏။
Your mother was like a vine planted in your blood beside the water. it was fruitful and full of branches because of the abundance of water.
11 ၁၁ မင်း တို့အသုံးအဆောင်ရာဇလှံတံ ဘို့ ခိုင်ခံ့ သော တံဖျာ တို့နှင့် ပြည့်စုံ ၏။ ထူထပ် ၍များပြား သော အခက်အလက် တို့နှင့် အရပ် မြင့်၍ ထင်ရှား လေ၏။
It had strong branches that were used for rulers' scepters, and its size was exalted above the branches, and its height was seen by the greatness of its foliage.
12 ၁၂ သို့ရာတွင် ၊ ဒေါသ အရှိန်အားဖြင့် နှုတ် ၍ မြေ ပေါ်မှာ လှဲချ လေပြီ။ အရှေ့ လေ သည် တိုက်၍အသီး ကို ပိတ်ခြောက် စေ၏။ ခိုင်ခံ့ သောတံဖျာ တို့သည် ကျိုး ၍ သွေ့ခြောက် သဖြင့်၊ မီး လောင် ခြင်းကိုခံရကြပြီ။
But the vine was uprooted in fury and thrown down to the earth, and an eastern wind dried out its fruit. Its strong branches were broken off and withered and fire consumed them.
13 ၁၃ ယခု မူကား ရေမရှိ၊ သွေ့ခြောက် သောလွင်ပြင် အရပ်၌ စိုက် လျက်ရှိ၏။
So now it is planted in the wilderness, in a land of drought and thirst.
14 ၁၄ အခက်အလက် တံဖျာတခု ထဲက မီး ထွက် ၍ အသီး ကို ကျွမ်းလောင် ပြီ။ အစိုးရ သောရာဇလှံတံ ဘို့ ခိုင်ခံ့ သောတံဖျာ တစုံတခု မျှမကျန်ကြွင်း ။ ဤရွေ့ကား ၊ ငိုကြွေး မြည်တမ်းခြင်း အကြောင်းဖြစ်၏။ ငိုကြွေး မြည်တမ်းစရာ အကြောင်း လည်း ဖြစ် လိမ့်မည်။
For fire went out from her large branches and consumed its fruit. There is no strong branch on it, no scepter to rule.' This is a lamentation and will be sung as a lamentation.”