< ယေဇကျေလ 18 >

1 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက်လာ ၍၊
တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
2 အဘ တို့သည် ချဉ် သောစပျစ်သီးကို စား ၍ သား တို့သည် သွား ကျိန်း လျက်ရှိကြ၏ဟု၊ သင် တို့သည် ဣသရေလ ပြည် ကိုရည်မှတ် ၍ စကားပုံ ကို သုံး သောအခါ အဘယ်သို့ ဆိုလို သနည်း။
အဘတို့သည် ချဉ်သောစပျစ်သီးကို စား၍ သားတို့သည် သွားကျိန်းလျက်ရှိကြ၏ဟု၊ သင်တို့သည် ဣသရေလပြည်ကိုရည်မှတ်၍ စကားပုံကို သုံးသောအခါ အဘယ်သို့ဆိုလိုသနည်း။
3 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက်ရှင် သည်အတိုင်း နောက် တဖန်ဣသရေလ ပြည် ၌ ထို စကားပုံ ကိုသုံး ရသောအကြောင်းမ ရှိ ရ။
အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ အသက်ရှင်သည်အတိုင်း နောက်တဖန် ဣသရေလပြည် ၌ ထိုစကားပုံကိုသုံးရသော အကြောင်းမရှိရ။
4 ဝိညာဉ် အပေါင်း တို့ကို ငါ ပိုင် ၏။ အဘ ၏ဝိညာဉ် ကို ငါပိုင်သကဲ့သို့ သား ၏ဝိညာဉ် ကိုလည်း ငါ ပိုင် ၏။ ပြစ်မှား သော ဝိညာဉ် သည် အသက်သေ ရမည်။
ဝိညာဉ်အပေါင်းတို့ကို ငါပိုင်၏။ အဘ၏ဝိညာဉ် ကို ငါပိုင်သကဲ့ သို့သား၏ဝိညာဉ်ကိုလည်း ငါပိုင်၏။ ပြစ်မှားသော ဝိညာဉ်သည် အသက်သေရမည်။
5 လူ မည်သည်ကား ၊ သဘော ဖြောင့်၍ တရား သောအမှု၊ ဟုတ်မှန် သော အမှုကိုပြု လျှင် ၎င်း ၊
လူမည်သည်ကား၊ သဘောဖြောင့်၍ တရား သောအမှု၊ ဟုတ်မှန်သော အမှုကိုပြုလျှင်၎င်း၊
6 တောင် ပေါ်မှာ မ စား ၊ ဣသရေလ အမျိုး ကိုးကွယ်သော ရုပ်တု တို့ကို မ ဖူး မမျှော်၊ သူ့ မယား ကို မ ပြစ်မှား ၊ ဥတု ရောက်သော မိန်းမ ကို မ ချဉ်းကပ် ၊
တောင်ပေါ်မှာမစား၊ ဣသရေလအမျိုး ကိုးကွယ်သော ရုပ်တုတို့ကို မဖူးမမျှော်၊ သူ့မယားကို မပြစ်မှား၊ ဥတုရောက်သော မိန်းမကို မချဉ်းကပ်၊
7 အဘယ်သူ ကိုမျှ မ ညှဉ်းဆဲ ၊ ကြွေး စားပေါင် ထား သော ဥစ္စာကို ပြန် ၍မပေးဘဲမနေ၊ သူ့ဥစ္စာ ကို အနိုင်အထက် မ လုမယူ၊ ငတ်မွတ် သောသူကို ကျွေးမွေး ၍ ၊ အဝတ် မရှိသောသူကို အဝတ် နှင့်ဖုံးလွှမ်း လျှင်၎င်း ၊
အဘယ်သူကိုမျှ မညှဉ်းဆဲ၊ ကြွေးစားပေါင်ထား သော ဥစ္စာကို ပြန်၍မပေးဘဲမနေ၊ သူ့ဥစ္စာကို အနိုင် အထက်မလုမယူ၊ ငတ်မွတ်သောသူကို ကျွေးမွေး၍၊ အဝတ်မရှိသောသူကို အဝတ်နှင့်ဖုံးလွှမ်းလျှင်၎င်း၊
8 အတိုး စား၍ ငွေကိုမ ချေး ၊ အဓမ္မ အမှုကို လက် မ ခံ၊ သူတပါးအမှုကို တရား သဖြင့် စီရင် ခြင်း၊
အတိုးစား၍ ငွေကိုမချေး၊ အဓမ္မအမှုကို လက်မခံ၊ သူတပါးအမှုကို တရားသဖြင့် စီရင်ခြင်း၊
9 ငါ စီရင် ထုံးဖွဲ့သည် အတိုင်းကျင့် ၍ သစ္စာစောင့် ခြင်းကိုပြု လျှင်၎င်း ၊ ထိုသူ သည် ဖြောင့်မတ် သောသူဖြစ် ၏။ အကယ်စင်စစ်အသက်ရှင် ရလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
ငါစီရင်ထုံးဖွဲ့သည် အတိုင်းကျင့်၍ သစ္စာ စောင့်ခြင်းကိုပြုလျှင်၎င်း၊ ထိုသူသည် ဖြောင့်မတ်သော သူဖြစ်၏။ အကယ်စင်စစ် အသက်ရှင်ရလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
10 ၁၀ သို့ရာတွင်၊ ထိုသူ၏သား သည် ထားပြ တိုက် သောသူ၊ လူအသက် ကိုသတ်သောသူ၊ အရင်ဆိုခဲ့ပြီးသော ဒုစရိုက်တစုံတခု ကို ပြု သောသူ၊
၁၀သို့ရာတွင်၊ ထိုသူ၏သားသည် ထားပြတိုက် သောသူ၊ လူအသက်ကိုသတ်သောသူ၊ အရင်ဆိုခဲ့ပြီးသော ဒုစရိုက်တစုံတခုကို ပြုသောသူ၊
11 ၁၁ အရင်ဆိုခဲ့ပြီးသော သုစရိုက်ကိုမ ပြု ၊ တောင် ပေါ်မှာ စား ခြင်း၊ သူ့ မယား ကိုပြစ်မှား ခြင်း၊
၁၁အရင်ဆိုခဲ့ပြီးသော သုစရိုက်ကိုမပြု၊ တောင် ပေါ်မှာစားခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊
12 ၁၂ ဆင်းရဲ ငတ်မွတ် သောသူကို ညှဉ်းဆဲ ခြင်း၊ သူ့ဥစ္စာ ကို အနိုင်အထက် လုယူခြင်း၊ ပေါင် ထားသော ဥစ္စာကို ပြန် ၍မ ပေးဘဲနေခြင်း၊ ရုပ်တု ကို ဖူးမျှော် ခြင်း၊ ရွံ့ရှာဘွယ် သော အမှုကိုပြု ခြင်း၊
၁၂ဆင်းရဲငတ်မွတ်သော သူကို ညှဉ်းဆဲခြင်း၊ သူ့ဥစ္စာကို အနိုင်အထက်လုယူခြင်း၊ ပေါင်ထားသော ဥစ္စာကို ပြန်၍မပေးဘဲနေခြင်း၊ ရုပ်တုကို ဖူးမျှော်ခြင်း၊ ရွံ့ရှာဘွယ်သော အမှုကိုပြုခြင်း၊
13 ၁၃ အတိုး စား၍ငွေချေး ခြင်းကိုပြုသောသူဖြစ် လျှင်၊ အသက်ရှင် ရမည်လော။ အသက် မ ရှင်ရ။ ထို ရွံ့ရှာဘွယ် သော အမှုများကိုပြုသောကြောင့်၊ စင်စစ်အသေ သတ်ခြင်းကိုခံရမည်။ သေထိုက်သောအပြစ်ရှိ ၏။
၁၃အတိုးစား၍ငွေချေးခြင်းကိုပြုသော သူဖြစ်လျှင်၊ အသက်ရှင်ရမည်လော။ အသက်မရှင်ရ။ ထိုရွံ့ရှာဘွယ် သော အမှုများကိုပြုသောကြောင့်၊ စင်စစ်အသေသတ် ခြင်းကို ခံရမည်။ သေထိုက်သောအပြစ်ရှိ၏။
14 ၁၄ သို့ရာတွင် ၊ ထိုသူ၏သား သည် အဘ ပြုသမျှ သော ဒုစရိုက် တို့ကို မြင် ၍ဆင်ခြင်သဖြင့် ၊ ထိုသို့ သော အမှုတို့ကိုမ ပြု ၊
၁၄သို့ရာတွင်၊ ထိုသူ၏သားသည် အဘပြုသမျှ သော ဒုစရိုက်တို့ကို မြင်၍ဆင်ခြင်သဖြင့်၊ ထိုသို့သော အမှုတို့ကိုမပြု၊
15 ၁၅ တောင် ပေါ်မှာ မ စား ၊ ဣသရေလ အမျိုး ကိုးကွယ်သော ရုပ်တု တို့ကို မ ဖူး မမျှော်၊ သူ့ မယား ကိုမ ပြစ်မှား ၊
၁၅တောင်ပေါ်မှာမစား၊ ဣသရေလအမျိုးကိုးကွယ် သော ရုပ်တုတို့ကို မဖူးမမျှော်၊ သူ့မယားကိုမပြစ်မှား၊
16 ၁၆ အဘယ်သူ ကိုမျှ မ ညှဉ်းဆဲ ၊ ပေါင် ထားသော ဥစ္စာကိုမ သိမ်း ၊ သူ့ဥစ္စာ ကို အနိုင်အထက် မ လုမယူ၊ ငတ်မွတ် သောသူကို ကျွေးမွေး ခြင်း၊ အဝတ် မရှိသော သူကိုအဝတ် နှင့်ဖုံးလွှမ်း ခြင်း၊
၁၆အဘယ်သူကိုမျှ မညှဉ်းဆဲ၊ ပေါင်ထားသော ဥစ္စာကိုမသိမ်း၊ သူ့ဥစ္စာကို အနိုင်အထက်မလုမယူ၊ ငတ်မွတ်သောသူကို ကျွေးမွေးခြင်း၊ အဝတ်မရှိသော သူကိုအဝတ်နှင့်ဖုံးလွှမ်းခြင်း၊
17 ၁၇ ဆင်းရဲ သော သူကိုချမ်းသာ ပေးခြင်း၊ အတိုး မ စား ဘဲငွေချေးခြင်းကို ပြု၍ငါ စီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက် လျှင်၊ ထိုသူ သည်အဘ ၏ အပြစ် ကြောင့် အသေ ခံရမည်မ ဟုတ်။ စင်စစ်အသက်ရှင် ရလိမ့်မည်။
၁၇ဆင်းရဲသော သူကိုချမ်းသာပေးခြင်း၊ အတိုး မစားဘဲငွေချေးခြင်းကို ပြု၍ငါစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်လျှင်၊ ထိုသူသည်အဘ၏ အပြစ်ကြောင့် အသေခံရမည်မဟုတ်။ စင်စစ်အသက်ရှင်ရလိမ့်မည်။
18 ၁၈ အဘ မူကား၊ မိမိညီအစ်ကို ကိုအထပ်ထပ်ညှဉ်းဆဲ လျက်၊ သူ့ဥစ္စာကို အနိုင်အထက် လုယူလျက် ၊ မိမိ အမျိုးသား ချင်းတို့တွင် မကောင်း သော အမှုကိုပြု သောအပြစ်ကြောင့် ၊ အသေ သတ်ခြင်းကိုခံရမည်။
၁၈အဘမူကား၊ မိမိညီအစ်ကိုကိုအထပ်ထပ် ညှဉ်းဆဲလျက်၊ သူ့ဥစ္စာကို အနိုင်အထက်လုယူလျက်၊ မိမိအမျိုးသားချင်းတိုပတွင် မကောင်းသော အမှုကို ပြုသော အပြစ်ကြောင့်၊ အသေသတ်ခြင်းကို ခံရမည်။
19 ၁၉ သင်တို့ကလည်း ၊ အဘယ်သို့ နည်း။ သား သည် အဘ ၏ အပြစ် ကို မ ခံရ သလောဟု မေး ကြသော်၊ သား သည် တရား သောအမှု၊ ဟုတ်မှန် သောအမှုကိုပြု ၍၊ ငါ စီရင် ထုံးဖွဲ့သမျှ အတိုင်း ကျင့် စောင့်လျှင်၊ စင်စစ်အသက်ရှင် ရလိမ့်မည်။
၁၉သင်တို့ကလည်း၊ အဘယ်သို့နည်း။ သားသည် အဘ၏ အပြစ်ကို မခံရသလောဟု မေးကြသော်၊ သား သည် တရားသောအမှု၊ ဟုတ်မှန်သောအမှုကိုပြု၍၊ ငါစီရင်ထုံးဖွဲ့သမျှအတိုင်း ကျင့်စောင့်လျှင်၊ စင်စစ် အသက်ရှင်ရလိမ့်မည်။
20 ၂၀ ပြစ်မှား သောသူသည် အသေ ခံရမည်။ သား သည် အဘ ၏အပြစ် ကိုမ ခံရ ။ အဘ သည် သား ၏အပြစ် ကို မ ခံရ ။ တရား သောသူသည် တရား စွာပြုခြင်းအကျိုး ကို၎င်း၊ မတရား သောသူသည် မတရား စွာပြုခြင်း အပြစ်ကို၎င်းခံရ လိမ့်မည်။
၂၀ပြစ်မှားသောသူသည် အသေခံရမည်။ သား သည် အဘ၏အပြစ်ကိုမခံရ။ အဘသည် သား၏အပြစ် ကို မခံရ။ တရားသောသူသည် တရားစွာပြုခြင်းအကျိုး ကို၎င်း၊ မတရားသောသူသည် မတရားစွာပြုခြင်း အပြစ်ကို၎င်း ခံရလိမ့်မည်။
21 ၂၁ သို့ရာတွင် ၊ မတရား သောသူသည် မိမိ ပြုမိသမျှ သော ဒုစရိုက် တို့ကို ကြဉ်ရှောင် လျက်၊ ငါ စီရင် ထုံးဖွဲ့သမျှ တို့ ကို စောင့်ရှောက် ၍ ၊ တရား သောအမှု၊ ဟုတ်မှန် သော အမှုတို့ကိုပြုလျှင်၊ သေ ခြင်းနှင့်လွတ် ၍ စင်စစ်အသက်ရှင် ရလိမ့်မည်။
၂၁သို့ရာတွင်၊ မတရားသောသူသည် မိမိပြုမိသမျှ သော ဒုစရိုက်တို့ကို ကြဉ်ရှောင်လျက်၊ ငါစီရင်ထုံးဖွဲ့သမျှ တို့ကို စောင့်ရှောက်၍၊ တရားသောအမှု၊ ဟုတ်မှန်သော အမှုတို့ကိုပြုလျှင်၊ သေခြင်းနှင့်လွတ်၍ စင်စစ်အသက် ရှင်ရလိမ့်မည်။
22 ၂၂ ပြု မိသမျှ သော ဒုစရိုက် အပြစ်တို့ကို သူ တဘက် ၌ မ မှတ် ရ။ ပြု မိသောဖြောင့်မတ် ခြင်းအမှုကြောင့် အသက်ရှင် ရလိမ့်မည်။
၂၂ပြုမိသမျှသော ဒုစရိုက်အပြစ်တို့ကို သူတဘက် ၌ မမှတ်ရ။ ပြုမိသောဖြောင့်မတ်ခြင်းအမှုကြောင့် အသက် ရှင်ရလိမ့်မည်။
23 ၂၃ မတရား သောသူသည်မိမိ အကျင့် တို့ကိုရှောင် ၍ အသက် မ ရှင်၊ အသေခံ ခြင်းအမှု၌ ငါသည်အနည်းငယ်သော ပျော်မွေ့ ခြင်းရှိသလော။
၂၃မတရားသောသူသည်မိမိအကျင့် တို့ကိုရှောင်၍ အသက်မရှင်၊ အသေခံခြင်းအမှု၌ ငါသည်အနည်းငယ် သော ပျော်မွေ့ခြင်းရှိသလော။
24 ၂၄ သို့ရာတွင် ၊ တရား သောသူသည်ဖောက်ပြန် ၍ ၊ အဓမ္မ အမှုကို၎င်း ၊ မတရား သောသူပြု သမျှ သော စက်ဆုပ် ရွံ့ရှာဘွယ်အမှုတို့ကို၎င်းပြု လျှင် ၊ အသက်ရှင် ရမည်လော။ အရင်ပြု သမျှ သော ဖြောင့်မတ် ခြင်းအမှုတို့ကို မ မှတ် ၊ သူသည် လွန်ကျူး သောအမှု၊ ပြစ်မှား သော အပြစ် ကြောင့် အသေ သတ်ခြင်းကိုခံရလိမ့်မည်။
၂၄သို့ရာတွင်။ တရားသောသူသည်ဖောက်ပြန်၍၊ အဓမ္မအမှုကို၎င်း၊ မတရားသောသူပြုသမျှသော စက်ဆုပ် ရွံ့ရှာဘွယ် အမှုတို့ကို၎င်းပြုလျှင်၊ အသက်ရှင်ရမည် လော။ အရင်ပြုသမျှသော ဖြောင့်မတ်ခြင်းအမှုတို့ကို မမှတ်၊ သူသည် လွန်ကျူးသောအမှု၊ ပြစ်မှားသော အပြစ်ကြောင့် အသေသတ်ခြင်းကို ခံရလိမ့်မည်။
25 ၂၅ သို့သော်လည်း သင်တို့က၊ ထာဝရ ဘုရား စီရင်ချက် မ ဖြောင့် ဟု ဆို ကြသည်တကား။ အိုဣသရေလ အမျိုး ၊ ငါ စီရင်ချက် သည် ဖြောင့် ၍၊ သင် တို့စီရင်ချက် ကောက် သည် မ ဟုတ်လော။
၂၅သို့သော်လည်း သင်တို့က၊ ထာဝရဘုရား စီရင်ချက်မဖြောင့်ဟု ဆိုကြသည်တကား။ အိုဣသရေလ အမျိုး၊ ငါစီရင်ချက်သည် ဖြောင့်၍၊ သင်တို့ စီရင်ချက် ကောက်သည် မဟုတ်လော။
26 ၂၆ တရား သောသူသည်တရား သောအမှုကိုပယ် ၍ အဓမ္မ အမှုကို ပြု လျှင် ၊ ထိုအမှု ကြောင့် သေ ရမည်။ ပြု မိသော အဓမ္မ အမှုကြောင့် အသေ သတ်ခြင်းကိုခံရမည်။
၂၆တရားသောသူသည် တရားသောအမှုကိုပယ်၍ အဓမ္မအမှုကို ပြုလျှင်၊ ထိုအမှုကြောင့် သေရမည်။ ပြုမိသော အဓမ္မအမှုကြောင့် အသေသတ်ခြင်းကို ခံရမည်။
27 ၂၇ ထိုအတူ၊ မတရား သောသူသည် မိမိပြု မိသော အဓမ္မ အမှုကို ရှောင် ၍၊ တရား သောအမှု၊ ဟုတ်မှန် သော အမှုကိုပြု လျှင်၊ မိမိ အသက် ကို ကယ်နှုတ် ရလိမ့်မည်။
၂၇ထိုအတူ၊ မတရားသောသူသည် မိမိပြုမိသော အဓမ္မအမှုကို ရှောင်၍၊ တရားသောအမှု၊ ဟုတ်မှန်သော အမှုကိုပြုလျှင်၊ မိမိအသက်ကို ကယ်နှုတ်ရလိမ့်မည်။
28 ၂၈ ပြု မိသမျှ သော အဓမ္မ အမှုတို့ကို ဆင်ခြင် ၍ ရှောင် သောကြောင့် ၊ သေ ခြင်းနှင့်လွတ် ၍ စင်စစ်အသက်ရှင် ရလိမ့်မည်။
၂၈ပြုမိသမျှသော အဓမ္မအမှုတို့ကို ဆင်ခြင်၍ ရှောင်သောကြောင့်၊ သေခြင်းနှင့်လွတ်၍ စင်စစ်အသက် ရှင်ရလိမ့်မည်။
29 ၂၉ သို့သော်လည်း ဣသရေလ အမျိုး က၊ ထာဝရ ဘုရား စီရင်ချက် မ ဖြောင့် ဟု ဆို ကြသည်တကား။ အိုဣသရေလ အမျိုး ၊ ငါ စီရင်ချက် သည် ဖြောင့် ၍၊ သင် တို့စီရင်ချက် ကောက် သည် မ ဟုတ်လော။
၂၉သို့သော်လည်း ဣသရေလအမျိုးက၊ ထာဝရ ဘုရားစီရင်ချက်မဖြောင့်ဟု ဆိုကြသည်တကား။ အိုဣသ ရေလအမျိုး၊ ငါစီရင်ချက်သည် ဖြောင့်၍၊ သင်တို့ စီရင်ချက်ကောက်သည် မဟုတ်လော။
30 ၃၀ သို့ဖြစ်၍ ၊ အိုဣသရေလ အမျိုး ၊ သင် တို့အသီးအသီး ကျင့် ကြသည်အတိုင်း အကျိုးအပြစ်ကိုငါစီရင် မည်။ သင်တို့သည် အဓမ္မ အမှုရှိသမျှ တို့ကို စွန့်ပစ် ၍ ပြောင်းလဲ ကြလော့။ ပြောင်းလဲကြလော့။ ဒုစရိုက် အပြစ်ကြောင့် ထိမိ ၍ ဆုံးခြင်းသို့မ ရောက် ကြနှင့်။
၃၀သို့ဖြစ်၍၊ အိုဣသရေလအမျိုး၊ သင်တို့ အသီး အသီးကျင့်ကြသည်အတိုင်း အကျိုးအပြစ်ကိုငါစီရင်မည်။ သင်တို့သည် အဓမ္မအမှုရှိသမျှတို့ကို စွန့်ပစ်၍ ပြောင်းလဲ ကြလော့။ ပြောင်းလဲကြလော့။ ဒုစရိုက်အပြစ်ကြောင့် ထိမိ၍ ဆုံးခြင်းသို့မရောက်ကြနှင့်။
31 ၃၁ သင် တို့သည် ပြု သမျှ သော လွန်ကျူး ခြင်းအမှု တို့ကို စွန့်ပစ် ၍ အသစ် သောနှလုံး ၊ အသစ် သောစိတ် သဘောကို ပြင်ဆင် ကြလော့။ အိုဣသရေလ အမျိုး ၊ သင်တို့သည် အဘယ်ကြောင့် အသေ သတ်ခြင်းကိုခံလိုသနည်း။
၃၁သင်တို့သည် ပြုသမျှသော လွန်ကျူးခြင်းအမှု တို့ကို စွန့်ပစ်၍ အသစ်သောနှလုံး၊ အသစ်သော စိတ် သဘောကို ပြင်ဆင်ကြလော့။ အိုဣသရေလအမျိုး၊ သင်တို့သည် အဘယ်ကြောင့် အသေသတ်ခြင်းကို ခံလို သနည်း။
32 ၃၂ အသေ ခံရသောသူ ၏ အသေခံ ခြင်းအမှု၌ ငါသည် ပျော်မွေ့ ခြင်းမ ရှိ။ ထိုကြောင့် ၊ ပြောင်းလဲ ၍ အသက်ရှင် ကြလော့ဟု အရှင် ထာဝရဘုရား မိန့် တော်မူ ၏။
၃၂အသေခံရသော သူ၏ အသေခံခြင်းအမှု၌ ငါသည် ပျော်မွေ့ခြင်းမရှိ။ ထိုကြောင့်၊ပြောင်းလဲ၍ အသက်ရှင်ကြလော့ဟု အရှင်ထာဝရဘုရား မိန့်တော် မူ၏။

< ယေဇကျေလ 18 >