< ယေဇကျေလ 17 >

1 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊
Neno la Bwana likanijia kusema:
2 အချင်းလူသား ၊ သင်သည်ဣသရေလ အမျိုး အား စကားထာ ဝှက်၍ ပုံ ပြောလျက် ၊
“Mwanadamu, tega kitendawili, ukawaambie nyumba ya Israeli fumbo.
3 ထာဝရဘုရား မိန့် တော်မူသောစကားကို ဆင့်ဆို ရမည်မှာ ၊ ထူးခြားသော အဆင်း အရောင်၊ များပြားသော အမွေး နှင့်ပြည့်စုံ ၍၊ ရှည်လျား ကြီးမား သော အတောင် ရှိသောရွှေလင်းတ ကြီး သည် လေဗနုန် တောင် သို့ လာ ၍၊ အာရဇ် ပင်၏အဖျား ကိုကိုင် လျက် ၊
Waambie hivi, ‘Hili ndilo Bwana Mwenyezi asemalo: Tai mkubwa mwenye mabawa yenye nguvu, yaliyojaa manyoya marefu ya rangi mbalimbali, alikuja Lebanoni. Akatua kwenye kilele cha mwerezi,
4 အမြင့်ဆုံး သော အညွန့် တို့ကို ချိုး ဆိတ်၍ ကုန်သွယ် ရာပြည် သို့ ချီဆောင် ပြီးလျှင်၊ ကုန်သည် မြို့ ၌ စိုက် လေ၏။
akakwanyua ncha yake na kuichukua mpaka nchi ya wafanyabiashara, akaipanda huko katika mji wa wachuuzi.
5 မျိုးစေ့ ကို လည်း ယူ ၍ ရေ များ ရာလယ်ကွက် ၌ ပျိုး လျက် ၊ မိုဃ်းမခ ပင်ကဲ့သို့ထား လေ၏။
“‘Akachukua baadhi ya mbegu za nchi yako na kuziweka katika udongo wenye rutuba. Akazipanda kama mti umeao kando ya maji mengi,
6 အရပ် နိမ့် လျက်ရှည်လျား စွာနွယ်သော စပျစ် နွယ်ပင်ပေါက် ၍ ၊ မိမိ အခက် အလက်တို့ကို ရွှေ လင်းတရှိရာ သို့ ညွှတ် လျက် ၊ သူ့ အောက် သို့ အမြစ် ထိုး သဖြင့် ၊ အကိုင်း အခက် အလက်အညွန့်တို့နှင့် ပြည့်စုံ သော စပျစ် နွယ်ပင် ဖြစ် လေ၏။
nazo zikaota na kuwa mzabibu mfupi, unaoeneza matawi yake. Matawi yake yakamwelekea huyo tai, mizizi yake ikabaki chini ya huo mzabibu. Kwa hiyo ukawa mzabibu na kutoa matawi na vitawi vyenye majani mengi.
7 အမွေး ထူထပ် ၍ ကြီးစွာ သော အတောင် ရှိသောရွှေလင်းတ ကြီး တကောင် ရှိ ၏။ စပျစ် ပင်သည်မိမိ စိုက် ရာ ချောင်းမြောင်း နား မှာ ထိုရွှေလင်းတ၏ကျေးဇူးကြောင့်၊ ရေ ကိုရအံ့သောငှါ သူ ရှိရာသို့ အမြစ် သွယ်ဝိုက် ၍ အကိုင်း လည်း ထိုး လေ၏။
“‘Lakini kulikuwa na tai mwingine mkubwa, mwenye mabawa yenye nguvu yaliyojaa manyoya. Tazama! Huu mzabibu ukatoa mizizi yake kumwelekea huyo tai kutoka mle kwenye shamba lile ulikopandwa na kutanda matawi yake kumwelekea kwa ajili ya kupata maji.
8 အခက် အလက်နှင့် ပြည့်စုံ ၍ အသီး ကိုသီး သဖြင့် ၊ သန်မြန် သော စပျစ် နွယ်ပင်ဖြစ် စေခြင်းငှါ ရေ များ ရာအရပ် ၊ မြေကောင်း သောလယ်ကွက် ၌ ထို အပင်ကို စိုက် လေပြီ။
Ulikuwa umepandwa katika udongo mzuri wenye maji mengi ili uweze kutoa matawi, kuzaa matunda na uweze kuwa mzabibu mzuri sana.’
9 သို့ဖြစ်၍၊ အရှင် ထာဝရ ဘုရား၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ ထိုအပင်သည် ကောင်းစားရမည်လော။ ညှိုးနွမ်း စေခြင်းငှါအမြစ် ကို နှုတ် ၍ အသီး ကိုဆွတ် ရမည် မ ဟုတ်လော ။ ပေါက် လေ သမျှသော အရွက် တို့သည် ညှိုးနွမ်း ရကြလိမ့်မည်။ အမြစ် နှင့်တကွ သုတ်သင်ပယ်ရှင်းခြင်း အမှုကိုပြီးစေခြင်းငှါကြီး သော တန်ခိုး ၊ များပြား သော အလုံး အရင်းကို အလိုမ ရှိ။
“Waambie, ‘Hili ndilo Bwana Mwenyezi asemalo: Je, utastawi? Je, hautangʼolewa na kuondolewa matunda yake, ili uweze kunyauka? Majani yake mapya yanayochipua yote yatanyauka. Hautahitaji mkono wenye nguvu au watu wengi kuungʼoa na mizizi yake.
10 ၁၀ စိုက် လျက်ရှိ၍ ကောင်းစား ရမည်လော ။ အရှေ့ လေတိုက် သောအခါ အကုန်အစင် ညှိုးနွမ်းရမည် မ ဟုတ်လော ။ ကြီးပွါး သော လယ်ကွက် ၌ ညှိုးနွမ်း ရ လိမ့်မည်ဟု မိန့်တော်မူ၏။
Hata kama utapandwa pengine, Je, utastawi? Je, hautanyauka kabisa wakati upepo wa mashariki utakapoupiga, yaani, hautanyauka kabisa katika udongo mzuri ambamo ulikuwa umestawi vizuri?’”
11 ၁၁ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊
Ndipo neno la Bwana likanijia kusema:
12 ၁၂ ပုန်ကန် တတ်သော အမျိုး အား သင်ပြော ရမည်မှာ၊ ဤ စကားအဘယ်သို့ ဆိုလို သည်ကို နားလည် ကြ သလော ။ ဗာဗုလုန် ရှင် ဘုရင်သည် ယေရုရှလင် မြို့သို့ ရောက် ၍ ၊ ယေရုရှလင် ရှင်ဘုရင် နှင့် မှူး တော် မတ်တော် တို့ကို ဗာဗုလုန် မြို့သို့ သိမ်းသွား ပြီ။
“Waambie nyumba hii ya kuasi, ‘Je, mnajua hii ina maana gani?’ Waambie: ‘Mfalme wa Babeli alikwenda Yerusalemu na kumchukua mfalme na watu maarufu, akarudi nao na kuwaleta mpaka Babeli.
13 ၁၃ ဆွေ တော်မျိုးတော်ထဲက တယောက်ကိုယူ ၍ ပဋိညာဉ် ဖွဲ့ လျက် သစ္စာ တိုက် လေပြီ။
Ndipo akamchukua mmoja wa jamaa ya mfalme na kufanya mapatano naye, akamfanya aape. Akawachukua pia viongozi wa nchi,
14 ၁၄ ထိုနိုင်ငံ သည် ယုတ်ညံ့ ၍ နောက်တဖန်မ ထ မကြွ ဘဲ၊ သစ္စာ တော်ကို စောင့် သောအားဖြင့် သာ တည် စေခြင်းငှါ ၊ အားကြီးသောနိုင်ငံသားတို့ကိုလည်း သိမ်းသွား ပြီ။
ili kuudhoofisha ufalme huo, usiweze kuinuka tena, ila uweze kuendelea tu chini ya mapatano yake.
15 ၁၅ သို့ရာတွင် ၊ မြင်း များ၊ လူ များ တို့ကို တောင်းခြင်းငှါ သံတမန် ကို အဲဂုတ္တု ပြည်သို့ စေလွတ် ၍ ပုန်ကန် လေပြီ။ ထိုသို့ ပြု သောသူသည် ကောင်းစား ရမည်လော ။ ဘေး လွတ်ရမည်လော ။ သစ္စာ ဖျက် ပြီး မှလွတ် ရမည်လော။
Lakini mfalme aliasi dhidi yake kwa kutuma wajumbe wake kwenda Misri ili kupatiwa farasi na jeshi kubwa. Je, atashinda? Je, atafanikiwa? Je, mtu afanyaye mambo kama hayo ataokoka? Je, atavunja mapatano na bado aokoke?
16 ၁၆ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက်ရှင် သည်အတိုင်း၊ အကယ် စင်စစ်ရှင် ဘုရင်အရာ၌ ခန့်ထားသော ရှင်ဘုရင် ၏သစ္စာ ကို မ ရိုမသေပြု၍ ပဋိညာဉ် ကိုဖျက် သောကြောင့် ၊ ထိုရှင် ဘုရင်နေရာ ဗာဗုလုန် မြို့အလယ် ၌ သေ ရလိမ့်မည်။
“‘Hakika kama niishivyo, asema Bwana Mwenyezi, atafia huko Babeli, katika nchi ya mfalme aliyemketisha katika kiti cha enzi, ambaye alidharau kiapo chake na kuvunja mapatano yake.
17 ၁၇ ဖာရော ဘုရင်သည်လည်း လူ များ တို့ကို သတ် ခြင်းငှါ ၊ အားကြီး သော ဗိုလ် ပါအလုံးအရင်းများနှင့်အတူ မြေရိုး တို့ကိုဖို့ ၍ ရဲတိုက် တို့ကို ဆောက် သော်လည်း ၊ သူ့အဘို့စစ်တိုက် ၍ မနိုင်ရာ။
Farao na jeshi lake kubwa, na wingi wake wa watu hawataweza kusaidia chochote katika vita, wakati watakapozungukwa na jeshi ili kukatilia mbali maisha ya watu wengi.
18 ၁၈ အကြောင်း မူကား၊ ယေရုရှလင် မင်းသည် လက် ချင်းရိုက် ပြီးမှ၊ သစ္စာ တော်ကိုမ ရိုမသေပြု၍ ပဋိညာဉ် ကိုဖျက် လျက် ၊ ဤ အမှုအလုံးစုံ တို့ကို ပြု သောကြောင့် ဘေးမှမ လွတ် ရ။
Alidharau kiapo kwa kuvunja Agano. Kwa sababu aliahidi kwa mkono wake mwenyewe na bado akafanya mambo haya yote, hataokoka.
19 ၁၉ ထိုကြောင့် ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ငါ အသက် ရှင်သည်အတိုင်း အကယ်စင်စစ်ငါ ၏သစ္စာ ကို မ ရိုမသေပြု၍ ငါ ၏ပဋိညာဉ် ကို ဖျက် သော အပြစ် ကို သူ၏ခေါင်းပေါ်သို့ ငါသက်ရောက်စေမည်။
“‘Kwa hiyo hili ndilo Bwana Mwenyezi asemalo: Hakika kama niishivyo, nitaleta juu ya kichwa chake kiapo changu, alichokidharau na Agano langu lile alilolivunja.
20 ၂၀ ငါ သည် ပိုက်ကွန် နှင့် အုပ် ၍ ၊ ငါ ၏ကျော့ကွင်း နှင့် ကျော့ ပြီးလျှင် ၊ ဗာဗုလုန် မြို့သို့ ဆောင် သွားမည်။ ငါ့ ကို ပြစ်မှား သောအပြစ် ကြောင့် ထို မြို့ ၌ ငါစစ်ကြော စီရင် မည်။
Nitautandaza wavu wangu kwa ajili yake, naye atanaswa katika mtego wangu. Nitamleta mpaka Babeli na kutekeleza hukumu juu yake huko kwa kuwa hakuwa mwaminifu kwangu.
21 ၂၁ သူ့ ထံမှပြေး သော သူများနှင့် သူရဲ များအပေါင်း တို့သည် ထား ဖြင့် ဆုံး ခြင်းသို့ရောက်၍ ၊ ကျန်ကြွင်း သောသူတို့ သည် အရပ်ရပ် သို့ ကွဲပြား ကြလိမ့်မည်။ ငါ ထာဝရ ဘုရား မိန့် တော်မူသည် ကို သင်တို့သိရ ကြလိမ့်မည်ဟု မိန့်တော်မူ၏။
Askari wake wote wanaotoroka wataanguka kwa upanga, nao watakaonusurika watatawanyika katika pande zote za dunia. Ndipo utakapojua kuwa Mimi Bwana nimesema.
22 ၂၂ တဖန် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ မြင့် သော အာရဇ် ပင်၌ အမြင့်ဆုံး သော အညွန့် ကို ငါ ယူ ၍ စိုက် မည်။ အညွန့်ဖျားတို့တွင် နု သော အညွန့်ကိုဆိတ် ၍ ၊ မြင့်မြတ် သော တောင် ပေါ် မှာ ငါ စိုက်ပျိုး မည်။
“‘Hili ndilo Bwana Mwenyezi asemalo: Mimi mwenyewe nitachukua chipukizi kutoka kwenye kilele cha juu sana cha mwerezi na kukipanda, nitavunja kitawi kichanga kutoka matawi yake ya juu kabisa na kukipanda juu ya mlima mrefu ulioinuka sana.
23 ၂၃ အမြင့်ဆုံး သော ဣသရေလ တောင် ပေါ် မှာ ငါ စိုက်ပျိုး ပြီးမှ ၊ အခက် အလက်နှင့်ပြည့်စုံ ၍ အသီး ကို သီး သဖြင့် ၊ ကောင်းမွန် သော စပျစ် နွယ်ပင်ဖြစ် လိမ့်မည်။ ထိုအပင်အောက်၌၎င်း ၊ အခက် အလက်အရိပ် ၌ ၎င်း ၊ ငှက် မျိုးအပေါင်း တို့သည် နေရာ ကျကြလိမ့်မည်။
Katika vilele vya mlima mrefu wa Israeli nitakipanda, kitatoa matawi na kuzaa matunda na kuwa mwerezi mzuri sana. Ndege wa kila aina wataweka viota vyao ndani yake, nao watapata makazi katika kivuli cha matawi yake.
24 ၂၄ ငါ ထာဝရဘုရား သည်မြင့် သော အပင် ကိုနှိမ့် ၍ ၊ နိမ့် သောအပင် ကိုချီးမြှောက် ကြောင်း၊ စိမ်းလန်း သော အပင် ကို သွေ့ခြောက် စေ၍ ၊ သွေ့ ခြောက်သောအပင် ကို စိမ်းလန်း စေကြောင်းများကို၊ တော သစ်ပင် ရှိသမျှ တို့သည် သိရ ကြလိမ့်မည်။ ငါ ထာဝရဘုရား သည် စကား တော် ရှိသည်အတိုင်း ပြု မည်ဟုမိန့်တော်မူ၏။
Miti yote ya kondeni itajua kuwa Mimi Bwana ninaishusha miti mirefu na kuikuza miti mifupi kuwa miti mirefu. Mimi naikausha miti mibichi na kuifanya miti mikavu istawi. “‘Mimi Bwana nimesema, nami nitatenda.’”

< ယေဇကျေလ 17 >