< ယေဇကျေလ 15 >

1 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊
And the word of the Lord came to me, saying,
2 အချင်းလူသား ၊ သစ်တော ၌ သစ်ခက် သာမညဖြစ် သော စပျစ် နွယ်သား သည် အခြားသောသစ်သား ထက် မြတ်သောအရာ တစုံ တခုရှိ သလော ။
Son of man, what is the vine-tree more than any branching tree which is among the trees of the woods?
3 တစုံ တခုကို လုပ် အံ့သောငှါ စပျစ်နွယ်သား ကို ယူ တတ်သလော ။ တစုံတခု ကို ဆွဲထား စရာ တံစို့ ကို စပျစ် နွယ်သားဖြင့် လုပ်တတ်သလော။
Will its wood be used for any work? do men make of it a pin for hanging any vessel on?
4 ထင်း ဘို့ မီး ထဲသို့ ချ တတ်၏။ မီး သည်လည်း အရင်း အဖျားအလယ် ကို လောင် တတ်၏။ အသုံး ဝင် တတ်သလော ။
See, it is put into the fire for burning: the fire has made a meal of its two ends and the middle part of it is burned; is it good for any work?
5 မီး မလောင်မှီအသုံး မ ဝင်လျှင်၊ မီး လောင် ၍ ကျွမ်း ပြီးမှအသုံးမဝင်ဟု သာ၍ဆိုဘွယ်ရှိသည် မဟုတ် လော။
Truly, before it was cut down, it was not used for any purpose: how much less, when the fire has made a meal of it and it is burned, will it be made into anything?
6 ဤ အမှု၌ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ တော သစ်ပင် တွင် မီး မွေးစရာ ထင်း ဘို့ ငါ အပ် သော စပျစ် နွယ်သား ကဲ့သို့ ၊ ယေရုရှလင် မြို့ သားတို့ကို ငါအပ် မည်။
For this cause the Lord has said: Like the vine-tree among the trees of the woods which I have given to the fire for burning, so will I give the people of Jerusalem.
7 သူ တို့တဘက် ၌ ငါ သည် မျက်နှာ ကိုထား မည်။ သူ တို့သည် မီး တပုံမှ ထွက် ၍ တပုံ ၌လောင် လိမ့်မည်။ သူ တို့တဘက် ၌ ငါ သည် မျက်နှာ ကို ထား သောအခါ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိရ ကြ လိမ့်မည်။
And my face will be turned against them; and though they have come out of the fire they will be burned up by it; and it will be clear to you that I am the Lord when my face is turned against them.
8 သူတို့သည် ငါ့ကို အထပ်ထပ် ပြစ်မှားသောကြောင့် ၊ ငါသည်သူတို့ ပြည်ကို လူဆိတ်ညံ ရာအရပ် ဖြစ် စေမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
And I will make the land a waste because they have done evil, says the Lord.

< ယေဇကျေလ 15 >