< ယေဇကျေလ 14 >

1 ဣသရေလ အမျိုးအသက်ကြီး သူ အချို့တို့သည် လာ ၍ ငါ့ ရှေ့ မှာ ထိုင် ကြ၏။
ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​အ​ချို့ တို့​သည် ငါ့​ထံ​သို့​လာ​၍ ရှေ့​တော်​တွင်​ထိုင် ကြ​၏။-
2 ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍ ၊
ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ် တော်​သည် ငါ့​အား​မိန့်​ကြား​တော်​မူ​၏။-
3 အချင်းလူသား ၊ ဤ လူ တို့သည် ကိုယ် စိတ် နှလုံး၌ ကိုယ် ရုပ်တု များကို တည်ထောင် ၍ ၊ ကိုယ် မျက်နှာ ရှေ့ မှာ ကိုယ် ဒုစရိုက် သစ်တုံး ကို ထား ကြပြီ။ သူ တို့ မေးလျှောက် ခြင်းကို ငါခံရ မည်လော ။
ကိုယ်​တော်​က``အ​ချင်း​လူ​သား​ဤ​သူ​တို့ သည်​ရုပ်​တု​များ​ကို​စွဲ​လမ်း​သော​စိတ်​ရှိ ၍ မိ​မိ​ရှေ့​တွင်​ထိ​မိ​၍​လဲ​စ​ရာ​ဖြစ်​စေ ကြ​ကုန်​ပြီ။ သူ​တို့​သည်​အ​ဖြေ​ကို​ငါ့​ထံ မှ​ရ​လိမ့်​မည်​ဟု​ထင်​မှတ်​ကြ​သ​လော။
4 ထိုကြောင့် ၊ အရှင် ထာဝရ ဘုရား၏ အမိန့် တော် ကို သူ တို့အား ဆင့်ဆို ရမည်မှာ၊ အကြင်ဣသရေလ အမျိုးသား သည် ကိုယ် စိတ်နှလုံး ၌ ကိုယ် ရုပ်တု တို့ကို တည်ထောင် ၍ ၊ ကိုယ် မျက်နှာ ရှေ့ မှာ ကိုယ် ဒုစရိုက် သစ်တုံး ကို ထား လျက် ပရောဖက် ထံသို့ ရောက် လာ၏၊ ထိုသူ ၌ရုပ်တု များပြား သည်နှင့်အညီ ငါပြန်ပြော မည်။
``သူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား အ ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​ဆင့်​ဆို​လော့။ ကိုယ်​တော်​က​ဣ​သ​ရေ​လ​အ​မျိုး​သား​တိုင်း သည်​ရုပ်​တု​များ​ကို​စိတ်​စွဲ​လမ်း​၍ မိ​မိ​တို့ ရှေ့​တွင်​ကောက်​ကျစ်​သော​ထိ​မိ​၍​လဲ​စ​ရာ ကို​ချ​ထား​ပြီး​မှ ပ​ရော​ဖက်​ထံ​သို့​ချဉ်း ကပ်​၍​မေး​မြန်း​စုံ​စမ်း​မှု​ကို​ပြု​၏။ ထို​သူ အား​ငါ​ထာ​ဝ​ရ​ဘု​ရား​ဖြေ​ကြား​မည်။ ထို​အ​ဖြေ​ကား ထို​သူ​ကိုး​ကွယ်​သည့်​ရုပ် တု​များ​ရ​ထိုက်​သော​အ​ဖြေ​ဖြစ်​သည်။-
5 ထိုသို့ သောအားဖြင့်၊ ဣသရေလ အမျိုး ကို သူ တို့ စိတ် သဘောရှိသည်နှင့်အညီငါဘမ်း မည်။ ထို သူအပေါင်း တို့သည် မိမိ တို့ရုပ်တု များကြောင့် ငါ နှင့် ကွာဝေး ကြပြီ။
ထို​ရုပ်​တု​များ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ငါ​နှင့်​ဝေး​ကွာ​စေ​ပြီ။ သို့​ရာ တွင်​သူ​တို့​သည်​ငါ​ပေး​သည့်​အ​ဖြေ​ကြောင့် ငါ့​အား​တစ်​ဖန်​ပြန်​၍​သစ္စာ​စောင့်​ကြ​လိမ့် မည်။''
6 ထိုကြောင့် ၊ အရှင် ထာဝရဘုရား ၏အမိန့် တော် ကို ဣသရေလ အမျိုး အား ဆင့်ဆို ရမည်မှာ၊ နောင်တ ရ၍ ရုပ်တု တို့ကို ကြဉ်ရှောင် ကြလော့။ သင် တို့ပြုသမျှ သော စက်ဆုပ် ရွံရှာဘွယ်အမှုတို့မှ မျက်နှာ လွှဲ ကြလော့။
``သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​လော့။ ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​ကား​နောင်​တ​ရ​ကြ​လော့။ စက် ဆုပ်​ဖွယ်​ကောင်း​သော​သင်​တို့​၏​လုပ်​ရပ်​များ ကို​စွန့်​ပစ်​၍ ရုပ်​တု​တို့​ကို​ထား​ခဲ့​ကြ​လော့။''
7 ငါ နှင့် ကွာ ပြီးလျှင် ၊ ကိုယ် စိတ်နှလုံး ၌ ကိုယ် ရုပ်တု များကို တည်ထောင် ၍ ၊ ကိုယ် မျက်နှာ ရှေ့ မှာ ကိုယ် ဒုစရိုက် သစ်တုံး ကို ထား လျက်ပင်၊ ငါ့ အလိုကို မေးမြန်း ခြင်းငှါ ၊ ပရောဖက် ထံသို့ လာ သော ဣသရေလ အမျိုးသား ဖြစ်စေ ၊ ဣသရေလ အမျိုး၌ တည်း နေသော တပါး အမျိုးသား ဖြစ်စေ၊ ငါ ထာဝရဘုရား သည် ကိုယ် အလိုအလျောက်ပြန်ပြော သဖြင့် ၊
``ငါ​၏​ထံ​မှ​လွဲ​ဖယ်​၍​ရုပ်​တု​များ​ကို​ကိုး ကွယ်​ကာ မိ​မိ​တို့​ရှေ့​တွင်​ကောက်​ကျစ်​၍​လဲ စ​ရာ​ကို​ချ​ထား​လျက်​ပ​ရော​ဖက်​ထံ​လာ ရောက်​စုံ​စမ်း​မေး​မြန်း​သော ဣ​သ​ရေ​လ အ​မျိုး​သား​သို့​မ​ဟုတ်​ဣ​သ​ရေ​လ​နိုင်​ငံ ၌ နေ​ထိုင်​သူ​လူ​မျိုး​ခြား​အား​ငါ​ထာ​ဝရ ဘု​ရား​အ​ဖြေ​ပေး​မည်။-
8 ထိုသူ တဘက် ၌ငါ သည်မျက်နှာ ထား ၍ သူ့ ကို နိမိတ် ဖြစ် စေမည်။ စကားပုံ လည်း ဖြစ်စေမည်။ ထိုသူကို ငါ ၏လူ တို့အထဲ မှ ပယ်ရှား မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိရ ကြလိမ့်မည်။
ငါ​သည်​သူ​တို့​ကို​အ​တိုက်​အ​ခံ​ပြု​မည်။ သူ့ ကို​စံ​န​မူ​နာ​နှင့်​ကဲ့​ရဲ့​ပုံ​ဆောင်​ခံ​ရ​သူ​အ ဖြစ်​အ​သုံး​ပြု​မည်။ ငါ​၏​လူ​မျိုး​တော်​အ​သိုင်း အ​ဝိုင်း​မှ​ဖယ်​ရှား​မည်။ သို့​မှ​သာ​လျှင်​ငါ သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။
9 ပရောဖက် သည်ဟောပြော ၍ မှားယွင်း လျှင် ၊ ထို ပရောဖက် ကို ငါ ထာဝရဘုရား မှားယွင်း စေ၏။ ထိုသူ ကိုငါ သည် ဒဏ်ခတ် ၍ ၊ ငါ ၏လူ ဣသရေလ အမျိုးထဲမှ ပယ်ရှား မည်။
``ပ​ရော​ဖက်​သည်​ဖြား​ယောင်း​ခြင်း​ခံ​ရ​၍ ပ​ရော​ဖက်​ပြု​သည်​ဆို​အံ့။ ထို​သူ​အား​ငါ ထာ​ဝ​ရ​ဘု​ရား​ဖြား​ယောင်း​ခြင်း​ပင်​ဖြစ်​၏။ ငါ​၏​လက်​ကို​ဆန့်​လျက် သူ့​အား​တိုက်​ခိုက် ၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထဲ​မှ​ဖယ် ရှား​မည်။-
10 ၁၀ သူတို့သည်လည်း အပြစ် နှင့် အလျောက်ဒဏ်ခံရကြမည်။ ပရောဖက် ခံရ သောဒဏ် သည် ပရောဖက်ကို ဆည်းကပ် သောသူခံရသောဒဏ်နှင့်တူရလိမ့်မည်။
၁၀ထို​ပ​ရော​ဖက်​နှင့်​သူ့​ထံ​သို့​စုံ​စမ်း​မေး​မြန်း သူ​အ​ပါ​အ​ဝင် တူ​ညီ​သော​အ​ပြစ်​ဒဏ်​ကို ခံ​ရ​ကြ​လိမ့်​မည်။-
11 ၁၁ ထိုသို့ ဖြစ်လျှင်၊ နောက် တဖန် ဣသရေလ အမျိုး သည် ငါ့ ကို မစွန့်ပစ်၊ လမ်း မ လွှဲ၊ မှားယွင်းခြင်း အပြစ် ရှိသမျှ တို့နှင့် နောက် တဖန်မ ညစ်ညူး ဘဲ၊ ငါ ၏လူ ဖြစ် ရကြ လိမ့်မည်။ ငါ သည်လည်း သူ တို့၏ဘုရားသခင် ဖြစ် မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
၁၁ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ့​ကို ပစ်​ပယ်​၍ မိ​မိ​တို့​ကိုယ်​ကို​အ​ပြစ်​များ​ဖြင့် မ​ညစ်​ညမ်း​စေ​ရန် ဤ​သို့​ငါ​ပြု​မည်။ သူ​တို့ သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​မည်။ ငါ​သည် လည်း​သူ​တို့​၏​ဘု​ရား​ဖြစ်​မည်'' ဟု​မိန့် တော်​မူ​၏။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။
12 ၁၂ တဖန် ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊
၁၂ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော် သည်​ငါ့​ထံ​သို့​ရောက်​လာ​၏။-
13 ၁၃ အချင်းလူသား ၊ ပြည် သားတို့သည် အထပ်ထပ် လွန်ကျူး၍ ငါ့ ကို ပြစ်မှား သောကြောင့် ၊ ငါ သည်လက် ကို ဆန့် ၍ မုန့် အထောက် အပင့်ကို ချိုး သဖြင့် ၊ အစာ အာဟာရ ကို ခေါင်းပါးစေ၍၊ ထိုပြည်မှ လူ နှင့် တိရစ္ဆာန် တို့ကို ပယ် ဖြတ်လျှင် ၊
၁၃``အ​ချင်း​လူ​သား၊ အ​ကယ်​၍​တိုင်း​နိုင်​ငံ​တစ် ခု​သည် အ​ပြစ်​ကူး​လွန်​၍​ငါ့​အား​သစ္စာ​ဖောက် ခဲ့​သော် ငါ​သည်​လက်​တော်​ကို​ဆန့်​တန်း​၍​ထို နိုင်​ငံ​သို့​ရိက္ခာ​ကို​ဖြတ်​တောက်​မည်။ အ​စာ​ငတ် မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​သက်​ရောက်​စေ​၍ လူ​နှင့်​တိ​ရစ္ဆာန်​ကို​ပါ​သုတ်​သင်​ပစ်​မည်။-
14 ၁၄ နောဧ ၊ ဒံယေလ ၊ ယောဘ ၊ ဤ သုံး ယောက်ရှိ သော်လည်း ၊ ကိုယ် ဖြောင့်မတ် ခြင်းအားဖြင့် ကိုယ် အသက် ဝိညာဉ်ကိုသာ ကယ်နှုတ် ရသောအခွင့်ရှိကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
၁၄အ​ကယ်​၍​ထို​နိုင်​ငံ​တွင်​နော​ဧ၊ ဒံ​ယေ​လ​နှင့် ယော​ဘ​တို့​သုံး​ဦး​ပင်​ရှိ​နေ​စေ​ကာ​မူ သူ​တို့ ၏​ကောင်း​မြတ်​သော​အ​ကျင့်​သည်​သူ​တို့​၏ အ​သက်​ကို​သာ​လျှင်​ချမ်း​သာ​ရာ​ရ​စေ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။
15 ၁၅ သားရဲ တို့သည် ပြည် ၌ ပေါ် လာ၍ ဖျက်ဆီး သောကြောင့် ၊ အဘယ်သူ မျှမနေနိုင်သဖြင့် လူဆိတ်ညံ လျှင် ၊
၁၅``သို့​တည်း​မ​ဟုတ်​ငါ​သည်​လူ​တို့​အား​သုတ် သင်​ရန် သား​ရဲ​တိ​ရစ္ဆာန်​များ​ကို​စေ​လွှတ်​သ​ဖြင့် ထို​ပြည်​၌​လူ​သူ​ကင်း​မဲ့​လျက်​ဖြတ်​သန်း သွား​လာ​ရန်​မ​ဖြစ်​နိုင်​အောင် သား​ရဲ​တိရစ္ဆာန် များ​ကြောင့်​အန္တ​ရာယ်​ရှိ​လိမ့်​မည်။-
16 ၁၆ ထို သူ သုံး ယောက်ရှိသော်လည်း၊ ငါ ၏အသက်ရှင် သည်အတိုင်း ကိုယ်သားသမီး ကို မ ကယ်နှုတ် ရ။ ကိုယ်တိုင် သာချမ်းသာ ရကြ၍ ၊ ပြည် သည် လူဆိတ်ညံ လျက် ရှိ ရ လိမ့်မည်။
၁၆ထို​အ​ခါ​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​ဖြစ်​သည်​နှင့် အ​ညီ ထို​သူ​သုံး​ဦး​သည်​ထို​အ​ရပ်​တွင်​နေ ထိုင်​လျက်​ပင်​ရှိ​နေ​စေ​ကာ​မူ မိ​မိ​တို့​၏ သား​သ​မီး​များ​ကို​ကယ်​နိုင်​ကြ​လိမ့်​မည် မ​ဟုတ်။ မိ​မိ​တို့​အ​သက်​ကို​သာ​လျှင်​ကယ် နိုင်​ကြ​လိမ့်​မည်။ ထို​ပြည်​သည်​လည်း​လူ သူ​ကင်း​မဲ့​လိမ့်​မည်။''
17 ၁၇ သို့မဟုတ် ၊ အိုထား ၊ ထို ပြည် ကိုလုပ်ကြံလော့ဟု ငါဆို လျက် ၊ ထား ဘေးကို ရောက် စေသောကြောင့်၊ လူ နှင့် တိရစ္ဆာန် တို့ကို ပယ်ဖြတ် လျှင် ၊
၁၇``သို့​တည်း​မ​ဟုတ်​ငါ​သည် ထို​ပြည်​တွင်​စစ် မက်​ဖြစ်​ပွား​စေ​လျက်​လူ​ရော​တိ​ရစ္ဆာန်​ပါ ပယ်​ရှင်း​ပစ်​ရန်​ဖျက်​ဆီး​တတ်​သည့်​လက် နက်​များ​ကို​စေ​လွှတ်​သော​အ​ခါ၊-
18 ၁၈ ထို သူ သုံး ယောက်ရှိသော်လည်း ၊ ငါ အသက်ရှင် သည်အတိုင်း ကိုယ်သားသမီး ကိုမ ကယ် မနှုတ်ရ၊ ကိုယ်တိုင် သာချမ်းသာ ရကြလိမ့်မည်။
၁၈ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​ဖြစ်​သည်​နှင့်​အ​ညီ ထို သူ​သုံး​ဦး​တို့​သည်​ထို​အ​ရပ်​တွင်​နေ​ထိုင် လျက်​ပင်​ရှိ​နေ​စေ​ကာ​မူ သူ​တို့​သည်​မိ​မိ တို့​၏​သား​သ​မီး​များ​ကို​ပင်​ကယ်​နိုင် ကြ​လိမ့်​မည်​မ​ဟုတ်။ မိ​မိ​တို့​အ​သက်​သာ လျှင်​ချမ်း​သာ​ရာ​ရ​နိုင်​ကြ​လိမ့်​မည်။''
19 ၁၉ သို့မဟုတ် ၊ ထို ပြည် ၌ ကာလနာ ကို ငါစေလွှတ် သောကြောင့် ၊ လူ နှင့် တိရစ္ဆာန် ၏ အသက် ကို သတ်ဖြတ်ပယ်ရှင်းခြင်းငှါ ငါ ၏ ဒေါသအရှိန်ကို သွန်းလောင်း လျှင်၊
၁၉``ငါ​သည်​ထို​ပြည်​အား အ​နာ​ရော​ဂါ​ကပ် ဆိုက်​စေ​လျက်​အ​မျက်​တော်​အား​ဖြင့် မြောက် မြား​စွာ​ရှိ​သော​လူ​နှင့်​တိ​ရစ္ဆာန်​တို့​ကို​သေ ကြေ​ပျက်​စီး​စေ​လျှင်၊-
20 ၂၀ နောဧ ၊ ဒံယေလ ၊ ယောဘ တို့ရှိသော်လည်း ၊ ငါ အသက်ရှင် သည် အတိုင်းကိုယ်သားသမီး ကို မ ကယ် မနှုတ်၊ ကိုယ် ဖြောင့်မတ် ခြင်းအားဖြင့် ကိုယ် အသက် ဝိညာဉ်ကိုသာ ကယ်နှုတ် ရကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
၂၀ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​ဖြစ်​သည်​နှင့်​အ​ညီ နော​ဧ၊ ဒံ​ယေ​လ​နှင့်​ယော​ဘ​တို့​သည်​ထို အ​ရပ်​တွင်​နေ​ထိုင်​လျက်​ပင်​ရှိ​ကြ​စေ​ကာ မူ သူ​တို့​သည်​မိ​မိ​တို့​၏​သား​သ​မီး​များ ကို​ကယ်​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်။ မိ​မိ​တို့ အ​သက်​ကို​သာ​လျှင်​ချမ်း​သာ​ရာ​ရ​စေ နိုင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
21 ၂၁ ထိုကြောင့် ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ယေရုရှလင် မြို့၌ လူ နှင့် တိရစ္ဆာန် တို့ကို ပယ်ဖြတ် ခြင်းငှါ ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ဖျက်ဆီးတတ်သောသားရဲဘေး၊ ကာလနာဘေးတည်းဟူသော၊ အလွန်ဆိုးသော ဘေးလေးပါးတို့ကို ငါစေလွှတ်သောအခါ ။ ထိုမျှမက လွှတ်ခဲလိမ့်မည်မဟုတ်လော။
၂၁အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား``ငါ​သည်​လူ​နှင့်​တိ​ရစ္ဆာန်​တို့​ကို​ဖျက် ဆီး​ပစ်​ရန်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး၊ သား​ရဲ​တိရစ္ဆာန်​တို့​၏​ဘေး​နှင့် အ​နာ​ရော​ဂါ​ဘေး​တည်း​ဟူ​သော​အ​ဆိုး ရွား​ဆုံး​သော​ဘေး​ကြီး​လေး​ပါး​ကို​ယေ​ရု ရှ​လင်​မြို့​ပေါ်​သို့​သက်​ရောက်​စေ​မည်။-
22 ၂၂ သို့ရာတွင် ၊ လွတ် ၍ ထွက်မြောက် ရသောအကျန် အကြွင်းသားသမီး အချို့ရှိကြလိမ့်မည်။ သူ တို့ သည် သင် တို့ရှိရာသို့ ထွက် လာ၍ ၊ ကျင့်ကြံ ပြုမူသော အမှုအရာ တို့ကို သင်တို့သိ ကြလိမ့်မည်။ ယေရုရှလင် မြို့၌ ငါရောက် စေသမျှသော အမှုများကြောင့် စိတ်ပူပန်ခြင်းမရှိ၊ သက်သာ ခြင်းရှိကြလိမ့်မည်။
၂၂အ​ကယ်​၍​ထို​ဘေး​များ​မှ​လွတ်​မြောက်​သူ သား​သ​မီး​များ​ရှိ​၍ သူ​တို့​သည်​သင်​တို့ ထံ​သို့​ရောက်​လာ​ကြ​သော​အ​ခါ​သူ​တို့ ၏​ပြု​မူ​လုပ်​ဆောင်​ချက်​များ​ကို​ကြည့်​၍ ယေ​ရု​ရှ​လင်​မြို့​အား​ငါ​အ​ပြစ်​ဒဏ်​ပေး ရာ​၌ ပေး​သ​မျှ​အ​ပြစ်​ဒဏ်​များ​သည် လည်း​တ​ရား​ကြောင်း​ကို​သင်​ကောင်း​စွာ သိ​ရှိ​ရ​လိမ့်​မည်။-
23 ၂၃ သူ တို့ ကျင့်ကြံ ပြုမူသော အမှု အရာတို့ကို သင်တို့သည် မြင် သောအခါ သက်သာ ရကြလိမ့်မည်။ ယေရုရှလင် မြို့ကို ငါပြု လေသမျှ တို့၌၊ အကြောင်း မရှိဘဲ မ ပြု သည် ကိုသိ ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
၂၃သင်​သည်​သူ​တို့​၏​ပြု​မူ​လုပ်​ဆောင်​ချက် များ​ကို​မြင်​သော​အ​ခါ ငါ​သည်​အ​ဘယ် အ​မှု​ကို​မျှ​အ​ကြောင်း​မဲ့​ပြု​တော်​မ​မူ တတ်​ကြောင်း​ကို ကောင်း​စွာ​သိ​ရှိ​နား​လည် လာ​လိမ့်​မည်'' ဟူ​၍​တည်း။ ဤ​ကား​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား ဖြစ်​၏။

< ယေဇကျေလ 14 >