< ယေဇကျေလ 14 >
1 ၁ ဣသရေလ အမျိုးအသက်ကြီး သူ အချို့တို့သည် လာ ၍ ငါ့ ရှေ့ မှာ ထိုင် ကြ၏။
Then some of the elders of Israel came and sat down before me.
2 ၂ ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍ ၊
And the word of the LORD came to me, saying,
3 ၃ အချင်းလူသား ၊ ဤ လူ တို့သည် ကိုယ် စိတ် နှလုံး၌ ကိုယ် ရုပ်တု များကို တည်ထောင် ၍ ၊ ကိုယ် မျက်နှာ ရှေ့ မှာ ကိုယ် ဒုစရိုက် သစ်တုံး ကို ထား ကြပြီ။ သူ တို့ မေးလျှောက် ခြင်းကို ငါခံရ မည်လော ။
“Son of man, these men have set up idols in their hearts and put wicked stumbling blocks before their faces. Should I consult with them in any way?
4 ၄ ထိုကြောင့် ၊ အရှင် ထာဝရ ဘုရား၏ အမိန့် တော် ကို သူ တို့အား ဆင့်ဆို ရမည်မှာ၊ အကြင်ဣသရေလ အမျိုးသား သည် ကိုယ် စိတ်နှလုံး ၌ ကိုယ် ရုပ်တု တို့ကို တည်ထောင် ၍ ၊ ကိုယ် မျက်နှာ ရှေ့ မှာ ကိုယ် ဒုစရိုက် သစ်တုံး ကို ထား လျက် ပရောဖက် ထံသို့ ရောက် လာ၏၊ ထိုသူ ၌ရုပ်တု များပြား သည်နှင့်အညီ ငါပြန်ပြော မည်။
Therefore speak to them and tell them that this is what the Lord GOD says: ‘When any Israelite sets up idols in his heart and puts a wicked stumbling block before his face, and then comes to the prophet, I the LORD will answer him according to his great idolatry,
5 ၅ ထိုသို့ သောအားဖြင့်၊ ဣသရေလ အမျိုး ကို သူ တို့ စိတ် သဘောရှိသည်နှင့်အညီငါဘမ်း မည်။ ထို သူအပေါင်း တို့သည် မိမိ တို့ရုပ်တု များကြောင့် ငါ နှင့် ကွာဝေး ကြပြီ။
so that I may take hold of the hearts of the people of Israel. For because of their idols, they are all estranged from Me.’
6 ၆ ထိုကြောင့် ၊ အရှင် ထာဝရဘုရား ၏အမိန့် တော် ကို ဣသရေလ အမျိုး အား ဆင့်ဆို ရမည်မှာ၊ နောင်တ ရ၍ ရုပ်တု တို့ကို ကြဉ်ရှောင် ကြလော့။ သင် တို့ပြုသမျှ သော စက်ဆုပ် ရွံရှာဘွယ်အမှုတို့မှ မျက်နှာ လွှဲ ကြလော့။
Therefore tell the house of Israel that this is what the Lord GOD says: ‘Repent and turn away from your idols; turn your faces away from all your abominations.
7 ၇ ငါ နှင့် ကွာ ပြီးလျှင် ၊ ကိုယ် စိတ်နှလုံး ၌ ကိုယ် ရုပ်တု များကို တည်ထောင် ၍ ၊ ကိုယ် မျက်နှာ ရှေ့ မှာ ကိုယ် ဒုစရိုက် သစ်တုံး ကို ထား လျက်ပင်၊ ငါ့ အလိုကို မေးမြန်း ခြင်းငှါ ၊ ပရောဖက် ထံသို့ လာ သော ဣသရေလ အမျိုးသား ဖြစ်စေ ၊ ဣသရေလ အမျိုး၌ တည်း နေသော တပါး အမျိုးသား ဖြစ်စေ၊ ငါ ထာဝရဘုရား သည် ကိုယ် အလိုအလျောက်ပြန်ပြော သဖြင့် ၊
For when any Israelite or any foreigner dwelling in Israel separates himself from Me, sets up idols in his heart, and puts a wicked stumbling block before his face, and then comes to the prophet to inquire of Me, I the LORD will answer him Myself.
8 ၈ ထိုသူ တဘက် ၌ငါ သည်မျက်နှာ ထား ၍ သူ့ ကို နိမိတ် ဖြစ် စေမည်။ စကားပုံ လည်း ဖြစ်စေမည်။ ထိုသူကို ငါ ၏လူ တို့အထဲ မှ ပယ်ရှား မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိရ ကြလိမ့်မည်။
I will set My face against that man and make him a sign and a proverb; I will cut him off from among My people. Then you will know that I am the LORD.
9 ၉ ပရောဖက် သည်ဟောပြော ၍ မှားယွင်း လျှင် ၊ ထို ပရောဖက် ကို ငါ ထာဝရဘုရား မှားယွင်း စေ၏။ ထိုသူ ကိုငါ သည် ဒဏ်ခတ် ၍ ၊ ငါ ၏လူ ဣသရေလ အမျိုးထဲမှ ပယ်ရှား မည်။
But if the prophet is enticed to speak a message, then it was I the LORD who enticed him, and I will stretch out My hand against him and destroy him from among My people Israel.
10 ၁၀ သူတို့သည်လည်း အပြစ် နှင့် အလျောက်ဒဏ်ခံရကြမည်။ ပရောဖက် ခံရ သောဒဏ် သည် ပရောဖက်ကို ဆည်းကပ် သောသူခံရသောဒဏ်နှင့်တူရလိမ့်မည်။
They will bear their punishment—the punishment of the inquirer will be the same as that of the prophet—
11 ၁၁ ထိုသို့ ဖြစ်လျှင်၊ နောက် တဖန် ဣသရေလ အမျိုး သည် ငါ့ ကို မစွန့်ပစ်၊ လမ်း မ လွှဲ၊ မှားယွင်းခြင်း အပြစ် ရှိသမျှ တို့နှင့် နောက် တဖန်မ ညစ်ညူး ဘဲ၊ ငါ ၏လူ ဖြစ် ရကြ လိမ့်မည်။ ငါ သည်လည်း သူ တို့၏ဘုရားသခင် ဖြစ် မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
in order that the house of Israel may no longer stray from Me and no longer defile themselves with all their transgressions. Then they will be My people and I will be their God, declares the Lord GOD.’”
12 ၁၂ တဖန် ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊
And the word of the LORD came to me, saying,
13 ၁၃ အချင်းလူသား ၊ ပြည် သားတို့သည် အထပ်ထပ် လွန်ကျူး၍ ငါ့ ကို ပြစ်မှား သောကြောင့် ၊ ငါ သည်လက် ကို ဆန့် ၍ မုန့် အထောက် အပင့်ကို ချိုး သဖြင့် ၊ အစာ အာဟာရ ကို ခေါင်းပါးစေ၍၊ ထိုပြည်မှ လူ နှင့် တိရစ္ဆာန် တို့ကို ပယ် ဖြတ်လျှင် ၊
“Son of man, if a land sins against Me by acting unfaithfully, and I stretch out My hand against it to cut off its supply of food, to send famine upon it, and to cut off from it both man and beast,
14 ၁၄ နောဧ ၊ ဒံယေလ ၊ ယောဘ ၊ ဤ သုံး ယောက်ရှိ သော်လည်း ၊ ကိုယ် ဖြောင့်မတ် ခြင်းအားဖြင့် ကိုယ် အသက် ဝိညာဉ်ကိုသာ ကယ်နှုတ် ရသောအခွင့်ရှိကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
then even if these three men—Noah, Daniel, and Job—were in it, their righteousness could deliver only themselves, declares the Lord GOD.
15 ၁၅ သားရဲ တို့သည် ပြည် ၌ ပေါ် လာ၍ ဖျက်ဆီး သောကြောင့် ၊ အဘယ်သူ မျှမနေနိုင်သဖြင့် လူဆိတ်ညံ လျှင် ၊
Or if I send wild beasts through the land to leave it childless and desolate, with no man passing through it for fear of the beasts,
16 ၁၆ ထို သူ သုံး ယောက်ရှိသော်လည်း၊ ငါ ၏အသက်ရှင် သည်အတိုင်း ကိုယ်သားသမီး ကို မ ကယ်နှုတ် ရ။ ကိုယ်တိုင် သာချမ်းသာ ရကြ၍ ၊ ပြည် သည် လူဆိတ်ညံ လျက် ရှိ ရ လိမ့်မည်။
then as surely as I live, declares the Lord GOD, even if these three men were in it, they could not deliver their own sons or daughters. They alone would be delivered, but the land would be desolate.
17 ၁၇ သို့မဟုတ် ၊ အိုထား ၊ ထို ပြည် ကိုလုပ်ကြံလော့ဟု ငါဆို လျက် ၊ ထား ဘေးကို ရောက် စေသောကြောင့်၊ လူ နှင့် တိရစ္ဆာန် တို့ကို ပယ်ဖြတ် လျှင် ၊
Or if I bring a sword against that land and say, ‘Let a sword pass through it,’ so that I cut off from it both man and beast,
18 ၁၈ ထို သူ သုံး ယောက်ရှိသော်လည်း ၊ ငါ အသက်ရှင် သည်အတိုင်း ကိုယ်သားသမီး ကိုမ ကယ် မနှုတ်ရ၊ ကိုယ်တိုင် သာချမ်းသာ ရကြလိမ့်မည်။
then as surely as I live, declares the Lord GOD, even if these three men were in it, they could not deliver their own sons or daughters. They alone would be delivered.
19 ၁၉ သို့မဟုတ် ၊ ထို ပြည် ၌ ကာလနာ ကို ငါစေလွှတ် သောကြောင့် ၊ လူ နှင့် တိရစ္ဆာန် ၏ အသက် ကို သတ်ဖြတ်ပယ်ရှင်းခြင်းငှါ ငါ ၏ ဒေါသအရှိန်ကို သွန်းလောင်း လျှင်၊
Or if I send a plague into that land and pour out My wrath upon it through bloodshed, cutting off from it both man and beast,
20 ၂၀ နောဧ ၊ ဒံယေလ ၊ ယောဘ တို့ရှိသော်လည်း ၊ ငါ အသက်ရှင် သည် အတိုင်းကိုယ်သားသမီး ကို မ ကယ် မနှုတ်၊ ကိုယ် ဖြောင့်မတ် ခြင်းအားဖြင့် ကိုယ် အသက် ဝိညာဉ်ကိုသာ ကယ်နှုတ် ရကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
then as surely as I live, declares the Lord GOD, even if Noah, Daniel, and Job were in it, they could not deliver their own sons or daughters. Their righteousness could deliver only themselves.
21 ၂၁ ထိုကြောင့် ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ယေရုရှလင် မြို့၌ လူ နှင့် တိရစ္ဆာန် တို့ကို ပယ်ဖြတ် ခြင်းငှါ ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ဖျက်ဆီးတတ်သောသားရဲဘေး၊ ကာလနာဘေးတည်းဟူသော၊ အလွန်ဆိုးသော ဘေးလေးပါးတို့ကို ငါစေလွှတ်သောအခါ ။ ထိုမျှမက လွှတ်ခဲလိမ့်မည်မဟုတ်လော။
For this is what the Lord GOD says: ‘How much worse will it be when I send against Jerusalem My four dire judgments—sword, famine, wild beasts, and plague—in order to cut off from it both man and beast?
22 ၂၂ သို့ရာတွင် ၊ လွတ် ၍ ထွက်မြောက် ရသောအကျန် အကြွင်းသားသမီး အချို့ရှိကြလိမ့်မည်။ သူ တို့ သည် သင် တို့ရှိရာသို့ ထွက် လာ၍ ၊ ကျင့်ကြံ ပြုမူသော အမှုအရာ တို့ကို သင်တို့သိ ကြလိမ့်မည်။ ယေရုရှလင် မြို့၌ ငါရောက် စေသမျှသော အမှုများကြောင့် စိတ်ပူပန်ခြင်းမရှိ၊ သက်သာ ခြင်းရှိကြလိမ့်မည်။
Yet, behold, some survivors will be left in it—sons and daughters who will be brought out. They will come out to you, and when you see their conduct and actions, you will be comforted regarding the disaster I have brought upon Jerusalem—all that I have brought upon it.
23 ၂၃ သူ တို့ ကျင့်ကြံ ပြုမူသော အမှု အရာတို့ကို သင်တို့သည် မြင် သောအခါ သက်သာ ရကြလိမ့်မည်။ ယေရုရှလင် မြို့ကို ငါပြု လေသမျှ တို့၌၊ အကြောင်း မရှိဘဲ မ ပြု သည် ကိုသိ ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
They will bring you consolation when you see their conduct and actions, and you will know that it was not without cause that I have done all these things within it,’ declares the Lord GOD.”