< ယေဇကျေလ 13 >
1 ၁ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊
And the word of the Lord came to me, saying,
2 ၂ အချင်းလူသား ၊ ကိုယ်အလိုအလျောက်ပရောဖက် ပြု၍ ဟောပြောတတ်သော ဣသရေလ အမျိုး ပရောဖက် တို့တဘက် ၌ ဟောပြော လော့။ ထာဝရဘုရား ၏ အမိန့် တော်ကိုနားထောင် ကြဟု သူ တို့အား ပြော လော့။
Son of man, prophesy against the prophets of Israel, and you shall prophesy, and shall say to them, Hear you the word of the Lord:
3 ၃ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အဘယ်အရာကိုမျှ မ မြင် ဘဲ၊ ကိုယ် စိတ် အလိုသို့ လိုက် တတ်သော ပရောဖက် မိုက် တို့သည် အမင်္ဂလာ ရှိကြ၏။
Thus says the Lord, Woe to them that prophesy out of their own heart, and who see nothing at all.
4 ၄ အိုဣသရေလ အမျိုး၊ သင် ၏ပရောဖက် တို့သည် တော ၌ နေ သောမြေခွေး နှင့် တူ ကြ၏။
Your prophets, O Israel, are like foxes in the deserts.
5 ၅ ဣသရေလ အမျိုး သည် ထာဝရဘုရား ၏ နေ့ ရောက်မှစစ်တိုက် ၍ ခံ နိုင်မည်အကြောင်း ၊ သူတို့သည် မြို့ရိုး ပျက် အပေါ် သို့တက် ၍၊ ပြုပြင် ခြင်းအမှုကို မ ပြုဘဲ နေကြ၏။
They have not continued steadfast, and they have gathered flocks against the house of Israel, they that say,
6 ၆ အချည်းနှီး သောအရာကို မြင် ကြပြီ။ ထာဝရဘုရား စေလွှတ် တော်မ မူဘဲ၊ ထာဝရဘုရား မိန့် တော်မူသည် ဟုဆို လျက်၊ လှည့်စား ၍ ပရောဖက် ပြုကြပြီ။ ကိုယ်စကား ပြည့်စုံ မည်ဟု သူတပါးယုံစေခြင်းငှါပြုကြပြီ။
In the day of the Lord, have not stood, seeing false [visions], prophesying vanities, who say, The Lord says, and the Lord has not sent them, and they began [to try] to confirm the word.
7 ၇ ငါ မ ပြော ဘဲ ထာဝရဘုရား မိန့် တော်မူသည်ဟု သင်တို့ဆို လျက် ၊ အချည်းနှီး သော အရာကိုမြင် ကြပြီ မ ဟုတ်လော ။ လှည့်စား ၍ ပရောဖက် ပြုကြပြီ မဟုတ် လော။
Have you not seen a false vision? and spoken vain prophecies?
8 ၈ ထိုကြောင့် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ သင် တို့သည် အချည်းနှီး သော စကားကို ပြော ၍ မုသာ ရူပါရုံကိုမြင် သောကြောင့် ငါ သည် သင် တို့တဘက် ၌ နေ၏။
And therefore say, Thus says the Lord; Because your words are false, and your prophecies are vain, therefore, behold, I am against you, says the Lord.
9 ၉ အချည်းနှီး သော အရာကိုမြင် ၍ မုသာ စကားကို ဟောပြော တတ်သော ပရောဖက် တို့ကို ငါ ဆီးတားသဖြင့်၊ သူတို့သည် ငါ ၏ပရိသတ် စည်းဝေး ရာသို့ မ ဝင် ရကြ။ ဣသရေလ အမျိုး ၏ စာရင်း ၌ သူတို့အမည် ကို မ သွင်းရ။ ဣသရေလ ပြည် ၌ နေရာ မ ချရ။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိရ ကြလိမ့်မည်။
And I will stretch forth my hand against the prophets that see false [visions], and those that utter vanities: they shall not partake of the instruction of my people, neither shall they be written in the roll of the house of Israel, and they shall not enter into the land of Israel; and they shall know that I am the Lord.
10 ၁၀ ငြိမ်သက် ခြင်းမ ရှိသော်လည်း ၊ ငြိမ်သက် ခြင်း ရှိသည်ဟု သင်တို့ဆို လျက် ၊ ငါ ၏လူ တို့ကို လှည့်စား သောကြောင့် ၎င်း ၊ တယောက်ကား အုတ်ရိုး ကိုတည် လျက် ၊ တယောက်ကားအင်္ဂတေ နှင့်မွမ်းမံ လျက်ပြုသောကြောင့်၎င်း ၊
Because they have caused my people to err, saying, Peace; and there is no peace; and one builds a wall, and they plaster it, —it shall fall.
11 ၁၁ ထိုအုတ်ရိုးသည်ပြိုလဲ မည်ဟု အင်္ဂတေ နှင့်မွမ်းမံ သောသူတို့အား ပြော လော့။ မိုဃ်းရေ လွှမ်းမိုး လိမ့်မည်။ ကြီးစွာသော မိုဃ်းသီး ကျ လိမ့်မည်။ မိုဃ်းသက် မုန်တိုင်းတိုက်ဖျက် လိမ့်မည်။
Say to them that plaster [it], It shall fall; and there shall be a flooding rain; and I will send great stones upon their joinings, and they shall fall; and there shall be a sweeping wind, and it shall be broken.
12 ၁၂ ထိုအုတ်ရိုး သည်ပြိုလဲ ပြီးမှ ၊ သင်တို့မွမ်းမံ သော အင်္ဂတေ သည် အဘယ် မှာရှိသနည်းဟု သင် တို့အား သူတပါးမေး လိမ့်မည်မ ဟုတ်လော ။
And behold! the wall has fallen; and will they not say to you, Where is your plaster wherewith you plastered [it]?
13 ၁၃ ထိုကြောင့် ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ငါ သည် အမျက် ထွက်၍ ၊ သင်တို့အုတ်ရိုးကို မိုဃ်းသက် မုန်တိုင်းအားဖြင့်တိုက်၍ ဖျက် မည်။ ငါ ၏ ဒေါသ အရှိန်ကြောင့် မိုဃ်းရေ လွှမ်းမိုး ၍ ၊ ကြီးစွာသော မိုဃ်းသီး နှင့် ဆုံး စေမည်။
Therefore thus says the Lord; I will even cause to burst forth a sweeping blast with fury, and there shall be a flooding rain in my wrath; and in [my] fury I will bring on great stones for complete destruction.
14 ၁၄ ထိုသို့သင်တို့သည် အင်္ဂတေ နှင့် မွမ်းမံ သော အုတ်ရိုး ကို မြေ တိုင်အောင် ငါဖြိုချ ၍ အမြစ် ကိုလှန် သဖြင့် ၊ အုတ်ရိုးသည်လဲ ၍ ဖိမိလျက်၊ သင်တို့သည် အသက် ဆုံးကြ လိမ့်မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို ထိုအခါ သိရ ကြလိမ့်မည်။
And I will break down the wall which you have plastered, and it shall fall; and I will lay it on the ground, and its foundations shall be discovered, and it shall fall; and you shall be consumed with rebukes: and you shall know that I am the Lord.
15 ၁၅ ထိုသို့ အုတ်ရိုး ၌ ၎င်း ၊ အင်္ဂတေ နှင့် မွမ်းမံ သောသူတို့ ၌ ၎င်း ၊ ငါ သည်ကိုယ်အမျက် ကို ဖြေ မည်။ အုတ်ရိုး မ ရှိဟူ၍၎င်း ၊ အင်္ဂတေ နှင့် မွမ်းမံသောသူတည်းဟူသော၊
And I will accomplish my wrath upon the wall, and upon them that plaster it; it shall fall: and I said to you, The wall is not, nor they that plaster it,
16 ၁၆ ငြိမ်သက် ခြင်းမ ရှိသောအခါ ယေရုရှလင် မြို့ အဘို့ ငြိမ်သက် ခြင်း ရူပါရုံ ကို မြင် ၍ ဟောပြော သော ဣသရေလ ပရောဖက် များမရှိကြဟူ၍၎င်း ၊ သူတို့အား ငါပြောမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
even the prophets of Israel, who prophesy concerning Jerusalem, and who see [visions of] peace for her, and there is no peace, says the Lord.
17 ၁၇ ထိုမှတပါး၊ အချင်းလူသား ၊ ကိုယ် အလို အလျောက်ပရောဖက် ပြုသောသင် ၏ အမျိုးသမီး တို့ တဘက် ၌ မျက်နှာ ပြု ၍၊
And you, son of man, set your face firmly against the daughters of your people, that prophesy out of their own heart; and prophesy against them.
18 ၁၈ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဟောပြော ဆင့်ဆိုရမည်မှာ၊ အသက် ဝိညာဉ်တို့ကို ဘမ်း ခြင်းငှါ ခပ်သိမ်း သောသူတို့ ၏နံပါး၌ ခေါင်းအုံး ကိုထည့် ၍ ၊ လူအကြီးအငယ်တို့ခေါင်း ပေါ် မှာ ဦးထုပ် တို့ကို တင်ထား သောမိန်းမတို့သည် အမင်္ဂလာ ရှိကြ၏။ ငါ့ လူ တို့၏ အသက် ဝိညာဉ်ကို ဘမ်း ၍ ၊ ကိုယ်အသက် ဝိညာဉ်ကို သေ ခြင်းမှ ကယ်ချွတ်ကြလိမ့်မည်လော။
And you shall say, Thus says the Lord, Woe to the [women] that sew pillows under every elbow, and make kerchiefs on the head of every stature to pervert souls! The souls of my people are perverted, and they have saved souls alive.
19 ၁၉ မုယော ဆန်တလက် ဆွန်းနှင့် မုန့် တဖဲ့ ကို ရ အံ့သောငှါ ၊ ငါ ၏လူ တို့တွင် ငါ့ ကိုရှုတ်ချ ကြလိမ့်မည်လော။ မုသာ စကားကို နားထောင် တတ်သော ငါ ၏လူ တို့အား မုသာ စကားကို ပြောသောအားဖြင့် ၊ မ သေ အပ်သောသူ တို့ ၏ အသက် ကိုသတ် ၍ ၊ မ ရှင် အပ်သောသူ တို့ကို အသက် ချမ်းသာ ပေးကြလိမ့်မည်လော။
And they have dishonoured me before my people for a handful of barley, and for pieces of bread, to kill the souls which should not die, and to save alive the souls which should not live, while you speak to a people hearing vain speeches.
20 ၂၀ ထိုကြောင့် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ သင် တို့သည် အသက် ဝိညာဉ်တို့ကို ရအောင် ဘမ်း လျက် ၊ သုံးတတ်သောခေါင်းအုံး တို့ကို ငါ သည် ရန်ဘက် ပြု၍ သင် တို့နံပါး မှ ဆွဲနှုတ် ပြီးလျှင် ၊ သင် တို့ရအောင် ဘမ်း သော အသက် ဝိညာဉ်တို့ကို ငါလွှတ် လိုက်မည်။
Therefore thus says the Lord God, Behold, I am against your pillows, whereby you there confound souls, and I will tear them away from your arms, and will set at liberty their souls which you pervert to scatter them.
21 ၂၁ သင် တို့ဦးထုပ် တို့ကိုလည်း ငါဆုတ် ၍ ၊ ငါ ၏ လူ တို့ကို သင် တို့လက် မှ ကယ်နှုတ် မည်။ နောက် တဖန် သူတို့သည် အဘမ်း ခံ၍၊ သင် တို့လက် သို့ မ ရောက် ရကြ။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိရ ကြ လိမ့်မည်။
And I will tear your kerchiefs, and will rescue my people out of your hands, and they shall no longer be in your hands to be confounded; and you shall know that I am the Lord.
22 ၂၂ ငါ မ ညှိုးငယ် စေသော လူကောင်း တို့ကို သင်တို့သည် မုသာ စကားအားဖြင့် ညှိုးငယ် စေသောကြောင့် ၎င်း ၊ လူဆိုး တို့သည် ဆိုး သောလမ်း ကို မ ရှောင် စေခြင်းငှါအသက် ချမ်းသာပေး၍၊ သူတို့ကိုခိုင်မာ စေသောကြောင့် ၎င်း ၊
Because you have perverted the heart of the righteous, whereas I perverted him not, and [that] in order to strengthen the hands of the wicked, that he should not at all turn from his evil way and live:
23 ၂၃ နောက် တဖန်သင်တို့သည် အချည်းနှီး သော အရာကိုမ မြင် ရကြ။ ပရောဖက် ပြု၍ မ ဟော ရကြ။ ငါ ၏ လူ တို့ကိုသင် တို့လက် မှ ငါကယ်နှုတ် မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိရ ကြလိမ့်မည်ဟု မိန့်တော်မူ ၏။
therefore you shall not see false [visions], and you shall no more utter prophecies: but I will deliver my people out of your hand; and you shall know that I am the Lord.