< ယေဇကျေလ 12 >
1 ၁ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊
Un Tā Kunga vārds notika uz mani sacīdams:
2 ၂ အချင်းလူသား ၊ သင် သည်ပုန်ကန် တတ်သော အမျိုး ထဲမှာ နေ ၏။ သူ တို့သည် မြင် ရသောမျက်စိ ရှိသော်လည်း မ မြင် တတ်။ ကြား ရသောနား ရှိသော်လည်း မ ကြား တတ်။ ပုန်ကန် တတ်သော အမျိုး ဖြစ်ကြ၏။
Cilvēka bērns, tu dzīvo atkāpēju sugā, kam acis ir redzēt, bet tie neredz, kam ausis ir dzirdēt, bet tie nedzird, jo tie ir atkāpēju suga.
3 ၃ သို့ဖြစ်၍ ၊ အချင်းလူသား ၊ အခြားသို့ ပြောင်း သွားခြင်းငှါ ဥစ္စာ ပရိကံများကို ပြင်ဆင် ၍ ၊ နေ့ အချိန်၌ သူ တို့မျက်မှောက် တွင် ပြောင်း သွားလော့။ သူ တို့မျက်မှောက် တွင် အခြား တပါးသို့ နေရာ ပြောင်း လော့။ ပုန်ကန် တတ်သော အမျိုး ဖြစ်သော်လည်း ၊ သတိရ ကောင်းရကြ လိမ့်မည်။
Bet tu, cilvēka bērns, taisi sev ceļa rīkus un izej pašā dienas laikā priekš viņu acīm un aizej no savas vietas uz citu vietu priekš viņu acīm, vai tie varbūt samanīs, ka tie ir atkāpēju suga.
4 ၄ နေရာပြောင်းစရာဘို့ ပြင်ဆင်သော ဥစ္စာ ပရိကံ များကဲ့သို့ ၊ သင် ၏ ဥစ္စာပရိကံများကို နေ့ အချိန်၌ သူ တို့ မျက်မှောက် တွင် ထုတ် ရမည်။ သိမ်းသွားခြင်းကို ခံရသောသူကဲ့သို့ ၊ ည အချိန်၌ သူ တို့မျက်မှောက် တွင် ထွက်သွား ရမည်။
Tāpēc iznes savus rīkus, kā ceļa rīkus pašā dienas laikā priekš viņu acīm, un tad izej vakarā priekš viņu acīm, kā tie iziet, kas uz ceļu dodās.
5 ၅ သူ တို့မျက်မှောက် ၌ အုတ်ရိုး ကိုတူးဖောက် ၍ ၊ ဥစ္စာ ပရိကံများကို ထုတ် သွားလော့။
Lauzies caur sienu priekš viņu acīm un iznes tur (savus rīkus).
6 ၆ ညဦးယံ အချိန်၌ သူ တို့မျက်မှောက် တွင် ပခုံး ပေါ် မှာထမ်း ၍ ထုတ် ရမည်။ မြေ ကိုမ မြင် ရအောင် မျက်နှာ ကိုဖုံး ရမည်။ အကြောင်း မူကား၊ သင့် ကို ဣသရေလ အမျိုး အား နိမိတ် လက္ခဏာဖြစ်စေခြင်းငှါ ငါခန့်ထား ပြီဟု မိန့်တော်မူသည်အတိုင်း၊
Priekš viņu acīm tev tos būs nest uz pleciem, tumsā tev tos būs iznest, savu vaigu tev būs apsegt, ka neredzi zemi. Jo Es tevi esmu licis par brīnuma zīmi Israēla namam.
7 ၇ ငါသည် သိမ်းသွားခြင်းကို ခံရသောသူ၏ ဥစ္စာပရိကံများကဲ့သို့ ၊ ငါ ၏ ဥစ္စာပရိကံများကို နေ့ အချိန်၌ ထုတ် ၍ ၊ ည အချိန်၌ အုတ်ရိုး ကို ကိုယ်လက် နှင့် တူးဖော် ပြီးမှ၊ ညဦးယံ အချိန်၌ သူ တို့မျက်မှောက် တွင် ပခုံး ပေါ် မှာ ထမ်း သွား၏။
Un es darīju, kā man bija pavēlēts; es iznesu savus rīkus dienas laikā, kā ceļa rīkus, un vakarā es caur sienu izlauzos ar roku; es tos iznesu tumsā, un tos nesu uz pleciem priekš viņu acīm.
8 ၈ နံနက် အချိန်၌ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍ ၊
Un no rīta Tā Kunga vārds uz mani notika sacīdams:
9 ၉ အချင်းလူသား ၊ ပုန်ကန် တတ်သော ဣသရေလ အမျိုး က၊ သင် သည်အဘယ် သို့ပြု သနည်းဟု သင့် အား မေး သည်ရှိသော်၊
Cilvēka bērns! Vai Israēla nams, tā atkāpēju suga, uz tevi nav sacījis: ko tu dari!
10 ၁၀ အရှင် ထာဝရ ဘုရား၏ အမိန့် တော်ကို ဆင့်ဆို ရ မည်။ ဤဗျာဒိတ်တော်သည် ယေရုရှလင် မြို့ကို အစိုးရ သော မင်း မှစ၍၊ ထိုမြို့၌ရှိသောဣသရေလ အမျိုးသား အပေါင်း တို့နှင့် ဆိုင်ပေ၏။
Saki uz tiem: tā saka Tas Kungs Dievs: šī nasta ir Jeruzālemes valdnieks un viss Israēla nams, kas tur iekšā.
11 ၁၁ ငါ သည်သင် တို့၏ နိမိတ် လက္ခဏာဖြစ်၏။ ငါပြု သကဲ့သို့ သင်တို့သည် ပြု ရကြလိမ့်မည်။ နေရာပြောင်း၍ သိမ်းသွားခြင်းကိုခံရကြလိမ့်မည်။
Saki: es esmu jūsu brīnuma zīme; kā es esmu darījis, tā viņiem darīs, tie aizies un taps vesti cietumā.
12 ၁၂ သင်တို့၏ မင်း သည်လည်း ၊ မိမိ ပခုံး ၌ ထမ်း ၍ ညဦးယံ အချိန်၌ ထုတ် သွားရလိမ့်မည်။ ထုတ် သွားစရာဘို့ အုတ်ရိုး ကို တူးဖော် ရလိမ့်မည်။ မြေ ကိုမ မြင် ရအောင် မျက်နှာ ကိုဖုံး ရလိမ့်မည်။
Un tas valdnieks, kas viņu vidū, nesīs uz pleciem tumsā un aizies; tie lauzīsies caur sienu, viņu tur izvest, viņa vaigs taps apsegts, tādēļ ka viņam ar acīm zemi nebūs redzēt.
13 ၁၃ ထိုမင်း ကိုလည်း ငါ ၏ပိုက်ကွန် နှင့် အုပ် ၍ ၊ ငါ ၏ ကျော့ကွင်း ၌ ကျော့မိ စေသည်။ ခါလဒဲ ပြည် ဗာဗုလုန် မြို့သို့ ဆောင်သွား မည်။ ထို မြို့၌ သေ ရသော်လည်း မြို့ ကို မ မြင် ရ။
Un Es izplētīšu savu tīklu pār viņu, ka viņš top gūstīts manos valgos, un Es viņu vedīšu uz Bābeli Kaldeju zemē, viņš to neredzēs, bet tur mirs.
14 ၁၄ သူ့ ကိုမစ ခြင်းငှါဝိုင်း သောသူ တို့နှင့် တပ်သား အပေါင်း တို့ကို အရပ်ရပ် သို့ ဖြန့်ကြဲ မည်။ သူ တို့နောက် ၌ လည်း ထား ကို လွှတ် လိုက်မည်။
Un visus, kas ap viņu, viņa palīgus, un visus viņa pulkus Es izkaisīšu visos vējos un izvilkšu zobenu viņiem pakaļ
15 ၁၅ လူ အမျိုးမျိုးတို့တွင် ကွဲပြား စေ၍ ၊ အတိုင်းတိုင်း အပြည်ပြည်သို့ ဖြန့်ကြဲ သောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိရ ကြလိမ့်မည်။
Tā tie samanīs, ka Es esmu Tas Kungs, kad Es tos izklīdināšu pa tautām un tos izkaisīšu pa valstīm.
16 ၁၆ သို့ရာတွင် ၊ ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးတို့နှင့် လွတ်၍၊ ငါကျန်ကြွင်း စေသော သူ အချို့ တို့သည် မိမိ တို့ပြုဘူးသော စက်ဆုပ် ရွံ့ရှာဘွယ်အမှုရှိသမျှ တို့ကို၊ နောက်ရောက်သော တပါး အမျိုးသားနေရာပြည်တို့၌ ဘော်ပြ ကြလိမ့်မည်။ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိရ ကြလိမ့်မည်ဟု မိန့်တော်မူ ၏။
Tomēr kādu mazu pulciņu no tiem Es atlicināšu no zobena, no bada un no mēra, lai tie viņu negantības stāsta tautu vidū, kurp tie nāks, un lai samana, ka Es esmu Tas Kungs.
17 ၁၇ တဖန်ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍ ၊
Un Tā Kunga vārds uz mani notika sacīdams:
18 ၁၈ အချင်းလူသား ၊ တုန်လှုပ် လျက် အစာ ကို စား လော့။ တုန်လှုပ် လျက် ၊ သတိ ပြုလျက် ရေ ကိုသောက် လော့။
Cilvēka bērns, tev savu maizi būs ēst ar drebēšanu un savu ūdeni dzert ar trīcēšanu un bēdām.
19 ၁၉ အရှင် ထာဝရဘုရား သည် ဣသရေလ ပြည် ၊ ယေရုရှလင် မြို့သား တို့ကို ရည်မှတ်၍ မိန့်တော်မူသောစကားကို ဆင့်ဆိုရမည်မှာ၊ သူတို့သည် သတိပြုလျက် အစာကို စား ရကြမည်။ မိန်းမော တွေဝေလျက် ရေ ကို သောက် ရကြမည်။ ထိုသို့ သောအားဖြင့်၊ ပြည်သူ ပြည်သားအပေါင်း တို့ပြုသောအဓမ္မအမှုကြောင့်၊ ဣသရေလပြည် သည် မိမိ ပြည့်စုံခြင်းနှင့် ကင်းလွတ်ရလိမ့်မည်။
Un tev būs sacīt uz tās zemes ļaudīm: tā saka Tas Kungs Dievs par Jeruzālemes iedzīvotājiem Israēla zemē: tie ēdīs savu maizi ar bēdām un dzers savu ūdeni ar sirdēstiem, tādēļ ka viņu zeme taps tukša no savas pilnības, visu savu iedzīvotāju varas darbu dēļ.
20 ၂၀ လူနေ သောမြို့ တို့သည်လည်း ပျက်စီး ၍ ၊ တပြည်လုံး ဆိတ်ညံ လျက် ရှိ ရလိမ့်မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိရ ကြလိမ့်မည်ဟု မိန့်တော်မူ ၏။
Un tās pilsētas, kas iedzīvotāju pilnas, kļūs postītas, un tā zeme būs par tuksnesi, un jūs samanīsiet, ka Es esmu Tas Kungs.
21 ၂၁ တဖန်ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍ ၊
Un Tā Kunga vārds uz mani notika sacīdams:
22 ၂၂ အချင်းလူသား ၊ နေ့ရက်ကာလရွေ့လျက်ရှိ၍၊ ခပ်သိမ်းသော ဗျာဒိတ်ရူပါရုံလည်း ပျက်ကြပြီဟု၊ ဣသရေလ ပြည် ၌ သုံး တတ်သော စကားပုံ ကား အဘယ် သို့နည်း။
Cilvēka bērns, kas tas jums par sakāmu vārdu Israēla zemē, ka jūs sakāt: laiks ilgi velkās, un visa parādīšana būs nieki!
23 ၂၃ သို့ဖြစ်၍ ၊ အရှင် ထာဝရ ဘုရား၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ ထို စကားပုံ ကို ငါပျောက် စေမည်။ နောက် တဖန် ဣသရေလ အမျိုး၌ မသုံးရကြ။ နေ့ရက်ကာလနီးပြီ။ ခပ်သိမ်း သော ဗျာဒိတ် ရူပါရုံလည်း ပြည့်စုံ ကြလိမ့်မည်ဟု ပြောလော့။
Tādēļ saki uz tiem: tā saka Tas Kungs Dievs: Es šim sakāmam vārdam likšu zust, ka to par sakāmu vārdu vairs nelietos iekš Israēla. Bet runā uz tiem: tās dienas nākušas tuvu līdz ar ikvienu parādīšanas vārdu.
24 ၂၄ နောက် တဖန် ဣသရေလ အမျိုး ၌ အချည်းနှီး သောရူပါရုံ မ ရှိ ရ။ ချော့မော့ စွာ ပရောဖက် ပြုခြင်းလည်း မရှိရ။
Jo vairs nebūs veltīgas parādīšanas un viltīgas sludināšanas iekš Israēla nama.
25 ၂၅ ငါ သည် ထာဝရဘုရား ဖြစ်၏။ ငါပြော လျှင် ၊ ပြော သည်အတိုင်း ပြည့်စုံ လိမ့်မည်။ ပြည့်စုံ ချိန်လည်း မ ရွေ့ရ။ အချင်းပုန်ကန် တတ်သောအမျိုး ၊ သင် တို့လက်ထက် ၌ ငါပြော မည်။ ပြော သည်အတိုင်းလည်း ပြည့်စုံ စေမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
Jo Es, Tas Kungs, Es runāju; tas vārds, ko Es runāju, notiks un vairs nevilcināsies; jo jūsu dienās, atkāpēju suga, Es runāšu vienu vārdu, un tam likšu notikt, saka Tas Kungs Dievs.
26 ၂၆ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊
Un Tā Kunga vārds uz mani notika sacīdams:
27 ၂၇ အချင်းလူသား ၊ ဣသရေလ အမျိုးသား တို့က၊ သူ မြင် သော ဗျာဒိတ် ရူပါရုံသည် ဝေးသေး၏။ ဝေး သေး သောကာလ ကို ရည်မှတ်၍ ဟော တတ်သည်ဟု ပြောဆို ကြ၏။
Cilvēka bērns, redzi, Israēla nams saka: tā parādīšana, ko šis redz, velkas uz ilgu laiku, un šis sludina par laikiem, kas ir tālu.
28 ၂၈ သို့ဖြစ်၍ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆိုရမည်မှာ၊ ငါ ၏စကား ပြည့်စုံချိန်မ ရွှေ့ရ။ ငါပြော သည်အတိုင်း လည်း ပြည့်စုံ စေမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
Tāpēc saki uz tiem: tā saka Tas Kungs Dievs, neviens no Maniem vārdiem vairs nevilcināsies; tas vārds, ko Es runāšu, notiks, saka Tas Kungs Dievs.