< ယေဇကျေလ 11 >

1 ထိုနောက် ဝိညာဉ် တော်သည် ငါ့ ကိုချီ ၍ ၊ အရှေ့ ဘက်သို့ မျက်နှာ ပြုသော ထာဝရဘုရား ၏ အိမ် တော် အရှေ့ တံခါး သို့ ဆောင်သွား ၍ ၊ တံခါးဝ ၌ လူ နှစ်ကျိပ် ငါး ယောက်ရှိ၏။ သူ တို့တွင် မင်း ပြုသောသူ၊ အာဇုရ သား ယာဇညာ ၊ ဗေနာယ သား ပေလတိ တို့ကို ငါမြင် ၏။
ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည်​ငါ့​အား ချီ​ပင့်​၍ ဗိ​မာန်​တော်​အ​ရှေ့​တံ​ခါး​သို့​ခေါ် ဆောင်​သွား​တော်​မူ​၏။ တံ​ခါး​အ​နီး​၌​နိုင်​ငံ့ ခေါင်း​ဆောင်​များ​ဖြစ်​ကြ​သော အ​ဇု​ရ​၏​သား ယာ​ဇ​ညာ​နှင့်​ဗေ​နာ​ယ​၏​သား​ပေ​လ​တိ အ​ပါ​အ​ဝင်​လူ​ပေါင်း​နှစ်​ဆယ့်​ငါး​ယောက် ကို​ငါ​မြင်​ရ​၏။
2 ဗျာဒိတ် တော်အသံကား ၊ အချင်းလူသား ၊ ဤ သူတို့သည် မ ကောင်းသောအကြံကို ကြံစည် ၍ ၊ ဤ မြို့ ၌ မ တရားသော တိုင်ပင် ခြင်းကို ပြု သောသူဖြစ်ကြ၏။
ဘု​ရား​သ​ခင်​က​ငါ့​အား``အ​ချင်း​လူ​သား၊ ဤ​မြို့​၌​မ​ကောင်း​သော​အ​ကြံ​ကို​ပေး​ကြ သူ​လူ​ယုတ်​မာ​များ​ကား​ဤ​သူ​တို့​ပင် ဖြစ်​၏။-
3 သူတို့က၊ အမှုမ ရောက်သေး။ အိမ် ဆောက် ကြကုန်အံ့။ ဤ မြို့သည် အိုးကင်း ၊ ငါ တို့သည် အမဲသား ဖြစ်သည်ဟု ဆို တတ်ကြ၏။
သူ​တို့​က`ငါ​တို့​သည်​အိမ်​များ​ကို​မ​ကြာ​မီ တစ်​ဖန်​ဆောက်​လုပ်​ကြ​မည်။ ဤ​မြို့​သည်​အိုး ကင်း​နှင့်​တူ​၍ ငါ​တို့​ကား​အိုး​ကင်း​ထဲ​မှ အ​မဲ​သား​နှင့်​တူ​ကြ​၏' ဟု​ဆို​ကြ​၏။-
4 သို့ဖြစ်၍ အိုလူသား ၊ သူ တို့တဘက် ၌ ပရောဖက် ပြု၍ ဟောပြောလော့ဟု မိန့်တော်မူ၏။
သို့​ဖြစ်​၍​အ​ချင်း​လူ​သား​သူ​တို့​အား​ရှုတ် ချ​၍​ပ​ရော​ဖက်​ပြု​ကြ​လော့'' ဟု​မိန့်​တော် မူ​၏။
5 ထိုအခါ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ငါ့ အပေါ် သို့ သက်ရောက် ၍ ၊ သင်သည် ဟောပြော လော့။ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အိုဣသရေလ အမျိုး ၊ သင်တို့သည် ဤသို့ပြောဆို ကြပြီ။ သင် တို့ကြံစည် သမျှတို့ကို ငါ သိ ၏။
ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည်​ငါ​၏ အ​ပေါ်​သို့​သက်​ရောက်​တော်​မူ​၏။ ထာ​ဝရ ဘု​ရား​က``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​ပြော​ဆို​နေ​ကြ​သော​စ​ကား​များ နှင့်​သင်​တို့​၏​အ​ကြံ​အ​စည်​များ​ကို​ငါ သိ​၏။-
6 သင် တို့သည် ဤ မြို့ ၌ သူရဲ တို့ကို များပြား စေ၍ ၊ မြို့ လမ်း တို့ကို သူရဲ များနှင့်ပြည့် စေကြပြီ။
သင်​တို့​သတ်​ဖြတ်​သော​သူ​တို့​သည်​လွန်​စွာ များ​ပြား​လှ​သ​ဖြင့် လမ်း​များ​သည်​လူ​သေ ကောင်​တို့​ဖြင့်​ပြည့်​နှက်​နေ​လေ​ပြီ။
7 ထိုကြောင့် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ သင် တို့ထား သော သူရဲ တို့သည် အမဲသား ဖြစ်၏။ ဤ မြို့သည် အိုးကင်း ဖြစ်၏။ သို့သော်လည်း ၊ သင် တို့ကို မြို့ ထဲ က ငါထုတ် မည်။
သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော် မူ​သည်​ကား``ဤ​မြို့​သည်​အ​မှန်​ပင်​အိုး​ကင်း နှင့်​တူ​လိမ့်​မည်။ သို့​ရာ​တွင်​အ​မဲ​သား​က အ​ဘယ်​အ​ရာ​ဖြစ်​သ​နည်း။ သင်​တို့​လက် ဖြင့်​သေ​ရ​သည့်​အ​လောင်း​များ​ပင်​ဖြစ်​ပါ သည်​တ​ကား။ သို့​ရာ​တွင်​ငါ​သည်​သင်​တို့ အား​မြို့​ပြင်​သို့​ပစ်​ထုတ်​လိုက်​မည်။-
8 သင်တို့သည် ထား ကို ကြောက် သည်ဖြစ်၍ ၊ ငါ သည် ထိုထား ကို သင် တို့အပေါ် သို့ရောက် စေမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
သင်​တို့​သည်​ဋ္ဌား​ကို​ကြောက်​ကြ​သ​လော။ သင် တို့​အား​ဋ္ဌား​ဖြင့်​ခုတ်​ဖြတ်​မည့်​သူ​တို့​ကို​ငါ ခေါ်​ဆောင်​ခဲ့​မည်​ဟု​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​ဆို​၏။-
9 ငါသည် သင် တို့ကိုမြို့ ထဲ က ထုတ် ပြီးလျှင် ၊ တ ကျွန်းတနိုင်ငံသား တို့၏လက် သို့ အပ် ၍ အပြစ် ဒဏ်ကို စီရင် မည်။
သင်​တို့​အား​မြို့​ပြင်​သို့​ထုတ်​၍​တစ်​ကျွန်း တစ်​နိုင်​ငံ​သား​တို့​၏​လက်​သို့​ပေး​အပ်​မည်။ ငါ​သည်​သင်​တို့​အား​ပြစ်​ဒဏ်​စီ​ရင်​ပြီ။-
10 ၁၀ သင်တို့သည် ထား ဖြင့် ဆုံးရှုံး ကြ၍ ၊ ဣသရေလ ပြည်စွန်း မှာ ငါ စစ်ကြော စီရင်သဖြင့် ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိရ ကြလိမ့်မည်။
၁၀သင်​တို့​သည်​မိ​မိ​တို့​ပြည်​နယ်​စပ်​၌​သင်​တို့ ကို​တ​ရား​စီ​ရင်​သ​ဖြင့် စစ်​ပွဲ​တွင်​ကျ​ဆုံး​ရ ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​ကြောင်း​ကို လူ​တိုင်း​သိ​ရှိ​ကြ လိမ့်​မည်။-
11 ၁၁ ဤ မြို့သည် သင် တို့၏ အိုး ကင်းမ ဖြစ် ရ၊ သင် တို့သည်လည်း ၊ အိုး ကင်း၌ အမဲသား မဖြစ် ရကြ။ ဣသရေလ ပြည်စွန်း မှာ ငါစစ်ကြော စီရင်သဖြင့် ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိရ ကြလိမ့်မည်။
၁၁အိုး​ကင်း​သည်​အ​မဲ​သား​ကို​ကာ​ကွယ်​သ​ကဲ့ သို့ ဤ​မြို့​သည်​သင်​တို့​အား​အ​ကာ​အ​ကွယ် ပေး​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​သည်​ဣ​သ​ရေ​လ ပြည်​နယ်​စပ်​တွင် ငါ​သည်​သင်​တို့​ကို​အ​ပြစ် ဒဏ်​ခတ်​မည်။-
12 ၁၂ အကြောင်း မူကား၊ သင်တို့သည် ငါ ၏တရား လမ်းသို့ မ လိုက် ၊ ငါ့ စီရင် ချက်တို့ကို မ စောင့် ၊ သင် တို့ပတ်လည် ၌နေသော လူမျိုး တို့၏ ထုံးစံ ဓလေ့တို့ကို လိုက် ကြပြီဟု မိန့်တော်မူ၏။
၁၂ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို​လည်း ကောင်း၊ အိမ်​နီး​ချင်း​တိုင်း​ပြည်​များ​၏​တ​ရား ဥ​ပ​ဒေ​ကို​လိုက်​နာ​၍​ငါ​၏​ပညတ်​များ၊ အ​မိန့် များ​ကို​ချိုး​ဖောက်​ကြောင်း​ကို​လည်း​ကောင်း သင် တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟူ​၍​ငါ့​အား​မိန့်​တော် မူ​၏။
13 ၁၃ ထိုဗျာဒိတ်တော်စကားကို ငါ သည်ဆင့်ဆို ၍ ဟောပြော စဉ်တွင် ၊ ဗေနာယ သား ပေလတိ သည် သေ ၏။ ငါသည်လည်း ပြပ်ဝပ် ၍ ၊ အိုအရှင် ထာဝရဘုရား ၊ ကျန်ကြွင်း သော ဣသရေလ အမျိုးသားတို့ကို ဆုံးရှုံး စေတော်မူမည်လောဟု ကျယ် သောအသံ နှင့် ကြွေးကြော် ၏။
၁၃ငါ​သည်​ထို​ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို​နေ​စဉ် ဗေ​နာ​ယ​၏​သား​ပေ​လ​တိ​သည်​လဲ​၍​သေ လေ​၏။ ထို​အ​ခါ​ငါ​သည်​မြေ​ပေါ်​သို့​လှဲ​ချ ပျပ်​ဝပ်​လိုက်​ပြီး​လျှင်``အို အ​ရှင်​ထာ​ဝ​ရ ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျန်​ရှိ​နေ​သေး သည့်​ဣ​သ​ရေ​လ​အ​မျိုး​သား​မှန်​သ​မျှ တို့​အား​သုတ်​သင်​ပစ်​တော်​မူ​မည်​လော'' ဟု​ဟစ်​အော်​လျှောက်​ထား​၏။
14 ၁၄ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊
၁၄ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ သို့​ရောက်​လာ​၏။ ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ကြ​သော​သူ​တို့ သည်​သင်​နှင့်​သင်​၏​ညီ​အစ်​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​အ​ကြောင်း​ကို​ပြော​ဆို​နေ ကြ​၏။ သူ​တို့​က`ပြည်​နှင်​ဒဏ်​ခံ​ရ​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​သွေး​တော်​စပ်​သူ​ညီ​အစ်​ကို နှင့်​ထံ​တော်​မှ ရပ်​ဝေး​သို့​ရောက်​ရှိ​နေ​ကြ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ဤ​ပြည်​ကို​ငါ​တို့ အား​ပေး​တော်​မူ​ပြီ' ဟု​ဆို​ကြ​၏။''
15 ၁၅ အချင်းလူသား ၊ ယေရုရှလင် မြို့သူ မြို့သားတို့က၊ ထာဝရဘုရား ထံ တော်မှ ဝေး စွာထွက်သွားကြလော့။ ဤ ပြည် ကိုငါ တို့အား အပိုင် ပေး တော်မူပြီဟု သင် ၏ ညီအစ်ကို ၊ သင် ၏အမျိုးသား ချင်း၊ ဣသရေလ အမျိုးသား အပေါင်း တို့အား ဆို တတ်ကြ၏။
၁၅
16 ၁၆ ထိုကြောင့် ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ သင်၏အမျိုးသားချင်းတို့ကို တပါးအမျိုးသားတို့ နေရာဝေးသောအရပ်သို့ ငါပြောင်းစေ၍၊ အတိုင်းတိုင်း အပြည်ပြည်တို့၌ ဖြန့်ကြဲ သော်လည်း ၊ သူတို့ ရောက် သော ပြည် တို့၌ ငါသည်သူ တို့အဘို့ သန့်ရှင်း ရာဌာနကဲ့သို့ ခဏ ဖြစ် လိမ့်မည်။
၁၆ထို့​ကြောင့်​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သည်​ကား``သူ​တို့​အား​ရပ်​ဝေး​ရှိ​လူ​မျိုး​ခြား နှင့်​အ​တူ​နေ​ထိုင်​ရန်​စေ​လွှတ်​၍ တိုင်း​တစ်​ပါး တို့​တွင်​ပျံ့​လွင့်​စေ​ခဲ့​သော်​လည်း​အ​ခိုက်​အ​တန့် အား​ဖြင့် သူ​တို့​ရှိ​ရာ​အ​ရပ်​၌​သူ​တို့​နှင့် အ​တူ​ငါ​ရှိ​မည်။''
17 ၁၇ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သူ တို့ ကို ဖြန့်ကြဲ သော လူ အမျိုးမျိုးနေရာအတိုင်းတိုင်း အပြည်ပြည်တို့မှ ငါသိမ်းယူ ၍ ၊ စုဝေး ပြီးလျှင် ၊ ဣသရေလ ပြည် ကိုပေး မည်။
၁၇``သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​ကို​သူ​တို့​အား​ဆင့်​ဆို​လော့။ ငါ​သည် လူ​မျိုး​ခြား​တို့​ထဲ​မှ​သူ​တို့​အား​ပြန်​လည်​သိမ်း ဆည်း​၍ သူ​တို့​ပျံ့​လွင့်​လျက်​ရှိ​သည့်​ပြည်​များ မှ​သူ​တို့​ကို​ပြန်​လည်​စု​သိမ်း​မည်။ ဣ​သ​ရေ​လ ပြည်​ကို​ပြန်​လည်​ပေး​အပ်​မည်။-
18 ၁၈ သူတို့သည် ထို ပြည်သို့ ရောက် ၍ ၊ စက်ဆုပ်ရွံရှာဘွယ် သော အမှုအရာရှိသမျှ တို့ကို ပယ်ရှား ကြလိမ့်မည်။
၁၈သူ​တို့​သည်​ပြန်​လည်​ရောက်​ရှိ​လာ​သော​အ​ခါ မိ​မိ​တို့​တွေ့​ရှိ​ရ​သ​မျှ​သော​စက်​ဆုပ်​ဖွယ်​ကောင်း သည့်​ရုပ်​တု​များ​ကို​ပယ်​ရှား​ရ​ကြ​မည်။-
19 ၁၉ ငါသည်လည်း၊ ညီညွတ် သော စိတ်နှလုံး နှင့် အသစ် သောသဘော ကို သွင်း ပေးမည်။ သူတို့ကိုယ်ခန္ဓါ ထဲက ကျောက် နှလုံး ကို နှုတ် ၍ ၊ အသား နှလုံး ကိုပေး သောကြောင့် ၊
၁၉သူ​တို့​အား​စိတ်​သ​ဘော​တ​ညီ​တ​ညွတ်​တည်း ဖြစ်​စေ​၍ စိတ်​သစ်​နှ​လုံး​သစ်​ကို​ငါ​ပေး​မည်။ ငါ​သည်​သူ​တို့​၏​ခိုင်​မာ​သော​ကျောက်​နှ​လုံး ကို​ယူ​ပစ်​၍ နာ​ခံ​တတ်​သော​နှ​လုံး​ကို​ပေး မည်။-
20 ၂၀ သူတို့သည် ငါစီရင်ထုံးဖွဲ့သော ပညတ်တရား လမ်းသို့လိုက်၍ စောင့်ရှောက် သဖြင့် ၊ ငါ ၏ လူ ဖြစ် ကြ လိမ့်မည်။ ငါ သည်လည်း သူ တို့၏ ဘုရားသခင် ဖြစ် မည်။
၂၀သို့​ဖြစ်​၍​သူ​တို့​သည်​ငါ​၏​ပ​ညတ်​များ​ကို စောင့်​ထိန်း​၍​ငါ​၏​အ​မိန့်​များ​ကို​တိ​ကျ စွာ​လိုက်​နာ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ငါ​၏ လူ​မျိုး​တော်​ဖြစ်​၍​ငါ​သည်​လည်း​သူ​တို့​၏ ဘု​ရား​ဖြစ်​လိမ့်​မည်။-
21 ၂၁ သို့မဟုတ်လျှင်၊ စက်ဆုပ်ရွံ့ရှာဘွယ်သော အမူ အရာတို့၏ အလိုသို့ စိတ် နှလုံးအားဖြင့် လိုက်သောသူတို့ ၏ အပြစ်ကို၊ သူ တို့၏ခေါင်း ပေါ် သို့ ငါရောက် စေမည် ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
၂၁သို့​ဖြစ်​၍​ငါ​သည်​ညစ်​ညမ်း​စက်​ဆုပ်​ဖွယ် ကောင်း​သော​ရုပ်​တု​များ​ကို​စိတ်​စွဲ​လမ်း​သူ တို့​ကို​ဒဏ်​ခတ်​တော်​မူ​မည်။ သူ​တို့​ပြု​ခဲ့ သည့်​အ​မှု​များ​အ​တွက်​ဒဏ်​ခတ်​တော်​မူ မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​မြွက်​တော်​မူ​ချက် ပင်​ဖြစ်​သ​တည်း။
22 ၂၂ ထိုအခါ ခေရုဗိမ် တို့သည် အတောင် တို့ကို ဖြန့် ၍ ၊ ဘီး တို့သည်လည်း လိုက်ကြ၏။ ဣသရေလ အမျိုး၏ ဘုရားသခင့် ဘုန်း တော်သည်လည်း သူ တို့အပေါ် ၌ ရှိတော်မူ၏။
၂၂အ​သက်​ရှင်​သော​သတ္တ​ဝါ​တို့​သည်​စ​၍​ပျံ ကြ​သော​အ​ခါ​ဘီး​များ​သည်​လည်း​လိုက် သွား​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ဘု​ရား​သ​ခင်​၏​တောက်​ပ​သော​ဘုန်း​အ​သ ရေ​တော်​သည်​သူ​တို့​၏​အ​ပေါ်​၌​တည် လျက်​ရှိ​၏။-
23 ၂၃ ထာဝရဘုရား ၏ ဘုန်း တော်သည် မြို့ ထဲက တက် ၍ ၊ မြို့ အရှေ့ မှာ ရှိသော တောင် ပေါ် ၌ ရပ် တော်မူ၏။
၂၃ထို​နောက်​တောက်​ပ​သော​ဘုန်း​တော်​ရောင်​ခြည် သည်​မြို့​မှ​ထွက်​ခွာ​၍ အ​ရှေ့​ဘက်​တွင်​ရှိ သော​တောင်​ရိုး​သို့​ရွေ့​လျား​သွား​တော်​မူ​၏။-
24 ၂၄ ဝိညာဉ် တော်သည်လည်း ၊ ဘုရားသခင် ၏ ဗျာဒိတ် ရူပါရုံအားဖြင့် ငါ့ ကိုချီ ၍ သိမ်းသွား သောသူတို့ နေ ရာ၊ ခါလဒဲ ပြည်သို့ ဆောင်သွား တော်မူ၏။ ငါမြင် ခဲ့ပြီး သော ဗျာဒိတ် ရူပါရုံသည်လည်း ငါနှင့်ကွာ၍ တက်သွား၏။
၂၄ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​ပေး​တော်​မူ သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ထဲ​၌ ဘု​ရား​သ​ခင် ၏​ဝိ​ညာဉ်​တော်​သည်​ငါ့​ကို​ချီ​ပင့်​တော်​မူ ပြီး​လျှင် ပြည်​နှင်​ဒဏ်​ခံ​ရ​သူ​များ​ရှိ​ရာ ဗာ​ဗု​လုန်​ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​တော် မူ​၏။ ထို​နောက်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည်​မှေး မှိန်​၍​သွား​လေ​သည်။-
25 ၂၅ ထာဝရဘုရား ပြ တော်မူခဲ့ပြီးသော အမှု အရာ ရှိသမျှ တို့ကို ငါ သည်သိမ်းသွား ခြင်းကိုခံရသောသူတို့ အား ကြားပြော လေ၏။
၂၅ငါ​သည်​ငါ့​အား​ထာ​ဝ​ရ​ဘု​ရား​ဖော်​ပြ တော်​မူ​သ​မျှ​သော​အ​မှု​အ​ခြင်း​အ​ရာ တို့​ကို ပြည်​နှင်​ဒဏ်​ခံ​ရ​သူ​တို့​အား​ပြန် ကြား​လေ​၏။

< ယေဇကျေလ 11 >