< ယေဇကျေလ 10 >

1 တဖန် ငါကြည့်ရှု ၍ ၊ ခေရုဗိမ် ၏ခေါင်း တို့ အထက် မိုဃ်း မျက်နှာကြက်၌ နီလာ ကျောက် ကဲ့သို့ ၊ ရာဇ ပလ္လင် ၏ သဏ္ဌာန် အရောင် သည် ထင်ရှား ၏။
တဖန် ငါကြည့်ရှု၍၊ ခေရုဗိမ်၏ခေါင်းတို့ အထက်မိုဃ်းမျက်နှာကြက်၌နီလာကျော်ကဲ့သို့၊ ရာဇပလ္လင် ၏ သဏ္ဌာန်အရောင်သည် ထင်ရှား၏။
2 ပိတ် အဝတ်ကိုဝတ် သောသူ အား လည်း ၊ ရထား ဘီး တို့အကြား မှာ ခေရုဗိမ် အောက် သို့ ဝင် လော့။ ခေရုဗိမ် အကြား မှာရှိသော မီးခဲ တို့ကို လက် နှစ်ဘက်နှင့် ကျုံးပြီးလျှင် ၊ မြို့ အပေါ် မှာ ဖြန့်ကြဲ လော့ဟု မိန့်တော်မူသည် အတိုင်း၊ ထိုသူသည် ငါ့ မျက်မှောက် ၌ သွား ၏။
ပိတ်အဝတ်ကိုဝတ်သော သူအားလည်း၊ ရထား ဘီးတို့အကြားမှာ ခေရုဗိမ်အောက်သို့ဝင်လော့။ ခေရုဗိမ် အကြားမှာရှိသော မီးခဲတို့ကို လက်နှစ်ဘက်နှင့် ကျုံးပြီး လျှင်၊ မြို့အပေါ်မှာ ဖြန့်ကြဲလော့ဟု မိန့်တော်မူသည် အတိုင်း၊ ထိုသူသည် ငါ့မျက်မှောက်၌သွား၏။
3 ဝင် သောအခါ ခေရုဗိမ် တို့သည် အိမ် တော် လက်ျာ ဘက်မှာ ရပ် ၍ ၊ အတွင်း တန်တိုင်း သည် မိုဃ်းတိမ် နှင့် ပြည့် ၏။
ဝင်သောအခါ ခေရုဗိမ်တို့သည် အိမ်တော် လက်ျာဘက်မှာရပ်၍၊ အတွင်းတန်တိုင်းသည် မိုဃ်းတိမ် နှင့်ပြည့်၏။
4 ထာဝရဘုရား ၏ ဘုန်း တော်သည် ခေရုဗိမ် အပေါ် က အိမ် တော်တံခါး ခုံအထက်သို့ တက် ရွှေ့၍ ၊ အိမ် တော်သည် မိုဃ်းတိမ် နှင့် ပြည့် ၏။ တန်တိုင်း သည် လည်း ၊ ထာဝရဘုရား ၏ ဘုန်း တော်အရောင် နှင့်ပြည့် ၏။
ထာဝရဘုရား၏ ဘုန်းတော်သည် ခေရုဗိမ် အပေါ်က အိမ်တော်တံခါးခုံအထက်သို့ တက်ရွှေ့၍၊ အိမ်တော်သည် မိုဃ်းတိမ်းနှင့်ပြည့်၏။တန်တိုင်းသည် လည်း၊ ထာဝရဘုရား၏ ဘုန်းတော်အရောင်နှင့်ပြည့်၏။
5 အနန္တ တန်ခိုးရှင်ဘုရားသခင် မိန့် မြွက်တော်မူသော အသံ ကဲ့သို့ ခေရုဗိမ် အတောင် တို့၏ အသံ ကို ကြား ရ၏။
အနန္တတန်ခိုးရှင်ဘုရားသခင် မိန့်မြွက်တော်မူ သော အသံကဲ့သို့ ခေရုဗိမ်အတောင်တို့၏ အသံကို ကြား ရ၏။
6 ပိတ် အဝတ်ကိုဝတ် သောသူ အားလည်း၊ ရထား ဘီး အကြား ထဲက မီး ကိုယူ လော့ဟု မိန့် တော်မူသောအခါ ၊ ထိုသူသည်ဝင် ၍ ဘီး တို့အနား ၌ ရပ် နေ၏။
ပိတ်အဝတ်ကိုဝတ်သောသူအားလည်း၊ ရထား ဘီးအကြားထဲက မီးကိုယူလော့ဟု မိန့်တော်မူသောအခါ၊ ထိုသူသည်ဝင်၍ ဘီးတို့အနား၌ ရပ်နေ၏။
7 ခေရုဗိမ် တပါးသည် ခေရုဗိမ် စုထဲက လက် ကို ဆန့် ၍ ၊ ခေရုဗိမ် အကြား မှာရှိသော မီး ကိုယူ ပြီးလျှင် ၊ ပိတ် အဝတ်ကို ဝတ် သောသူလက် ၌ ထည့် ၏။ ထိုသူလည်း ခံယူ ၍ ထွက်သွား ၏။
ခေရုဗိမ်တပါးသည် ခေရုဗိမ်စုထဲက လက်ကို ဆန့်၍၊ ခေရုဗိမ်အကြားမှာရှိသော မီးကိုယူပြီးလျှင်၊ ပိတ်အဝတ်ကို ဝတ်သောသူလက်၌ ထည့်၏။ ထိုသူလည်း ခံယူ၍ထွက်သွား၏။
8 ခေရုဗိမ် အတောင် အောက် ၌ လူ လက် ကိုလည်း ငါမြင် ၏။
ခေရုဗိမ်အတောင်အောက်၌ လူလတ်ကိုလည်း ငါမြင်၏။
9 ငါကြည့်ရှု ၍ ၊ ခေရုဗိမ် တို့အနား မှာ ရထားဘီး တခု စီရှိ၏။ ဘီး တို့သည် ကျောက် မျက်ရွဲ၏ အဆင်း အရောင် ရှိ၏။
ငါကြည့်ရှု၍၊ ခေရုဗိမ်တို့အနားမှာ ရထားဘီး တခုစီရှိ၏။ ဘီးတို့သည် ကျောက်မျက်ရွဲ၏ အဆင်း အရောင်ရှိ၏။
10 ၁၀ ဘီး လေး ခုတို့သည်ပုံသဏ္ဌာန် တညီ တည်းရှိ၍၊ ဘီး တခုထဲ ၌ ဘီး တခုတပ်သကဲ့သို့ ရှိ ကြ၏။
၁၀ဘီးလေးခုတို့သည်ပုံသဏ္ဌာန်တညီတည်းရှိ၍၊ ဘီးတခုထဲ၌ ဘီးတခုတပ်သကဲ့သို့ရှိကြ၏။
11 ၁၁ သွား သောအခါ ဘီး လေး မျက်နှာ တညီတည်း နေ၍၊ မ လှည့် ဘဲ သွား တတ်ကြ၏။ ခေါင်း မျက်နှာ ပြုသော ဘက် သို့လိုက် ၍ မ လှည့် ဘဲ သွား ကြ၏။
၁၁သွားသောအခါ ဘီးလေးမျက်နှာတညီတည်း နေ၍၊ မလှည့်ဘဲ သွားတတ်ကြ၏။ ခေါင်းမျက်နှာပြုသော ဘက်သို့လိုက်၍ မလှည့်ဘဲ သွားကြ၏။
12 ၁၂ ဘီး လေး ခုနှင့်တကွခေရုဗိမ်လေးပါးတို့သည် ကျော ၊ လက် ၊ အတောင် မှစ၍ တကိုယ်လုံး ၌ မျက်စိ နှင့်ပြည့် ကြ၏။
၁၂ဘီးလေးခုနှင့်တကွခေရုဗိမ်လေးပါးတို့သည် ကျော၊ လက်၊ အတောင်မှစ၍ တကိုယ်လုံး၌ မျက်စိနှင့် ပြည့်ကြ၏။
13 ၁၃ ထို ဘီး တို့ကို စကြာ ဟူသောအမည်ဖြင့် သမုတ် သည်ကို ငါ ကြား ၏။
၁၃ထိုဘီးတို့ကို စကြာဟူသော အမည်ဖြင့် သမုတ် သည်ကို ငါကြား၏။
14 ၁၄ ခေရုဗိမ် တို့သည် မျက်နှာ လေး ခုစီရှိ၍၊ ပဌမ မျက်နှာ သည်ခေရုဗိမ်မျက်နှာ ၊ ဒုတိယ မျက်နှာ သည် လူ မျက်နှာ ၊ တတိယ မျက်နှာသည် ခြင်္သေ့ မျက်နှာ ၊ စတုတ္ထ မျက်နှာသည် ရွှေလင်းတ မျက်နှာ ဖြစ်၏။
၁၄ခေရုဗိမ်တို့သည် မျက်နှာလေးခုစီရှိ၍၊ ပဌမ မျက်နှာသည် ခေရုဗိမ်မျက်နှာ၊ ဒုတိယမျက်နှာသည် လူမျက်နှာ၊ တတိယမျက်နှာသည် ခြင်္သေ့မျက်နှာ၊ စတုတ္ထမျက်နှာသည် ရွှေလင်းတမျက်နှာဖြစ်၏။
15 ၁၅ ထိုခေရုဗိမ် တို့သည် ချီကြွ လျက် ရှိကြ၏။ ဤ သည်ကား၊ ခေဗာ မြစ် နား မှာ ငါမြင် ဘူးသော သတ္တဝါ ပေတည်း။
၁၅ထိုခေရုဗိမ်တို့သည် ချီကြွလျက် ရှိကြ၏။ ဤသည်ကား၊ ခေဗာမြစ်နားမှာ ငါမြင်ဘူးသော သတ္တဝါ ပေတည်း။
16 ၁၆ ခေရုဗိမ် တို့သည် သွား သောအခါ ဘီး တို့သည် ထက်ကြပ်လိုက် ကြ၏။ ခေရုဗိမ် တို့သည် မြေကြီး မှ တက် အံ့သောငှါ အတောင် တို့ကို ဖြန့် သောအခါ ၊ ဘီး တို့ သည် မ ကွာ ဘဲလိုက်ကြ၏။
၁၆ခေရုဗိမ်တို့သည် သွားသောအခါ ဘီးတို့သည် ထက်ကြပ်လိုက်ကြ၏။ ခေရုဗိမ်တို့သည် မြေကြီးမှ တက်အံ့သောငှါ အတောင်တို့ကို ဖြန့်သောအခါ၊ ဘီးတို့ သည် မကွာဘဲလိုက်ကြ၏။
17 ၁၇ သူ တို့ရပ် သောအခါ ဘီးတို့သည်ရပ် ကြ၏။ သူ တို့သည် မြေကြီး နှင့် ကွာ ၍ တက် သောအခါ ၊ ဘီးတို့သည်လည်း ထက်ကြပ်လိုက်၍ တက် ကြ၏။ အကြောင်း မူကား၊ သတ္တဝါ ၏ ဝိညာဉ် သည် ဘီးတို့၌ရှိ၏။
၁၇သူတို့ရပ်သောအခါ ဘီးတို့သည်ရပ်ကြ၏။ သူတို့သည် မြေကြီးနှင့်ကွာ ၍တက်သောအခါ၊ ဘီးတို့သည်လည်း ထက်ကြပ်လိုက်၍ တက်ကြ၏။ အကြောင်းမူကား၊ သတ္တဝါ၏ ဝိညာဉ်သည် ဘီးတို့၌ရှိ၏။
18 ၁၈ ထိုအခါ ထာဝရဘုရား ၏ ဘုန်း တော်သည် အိမ် တော်တံခါး ခုံမှ ရွှေ့ ၍ ခေရုဗိမ် အပေါ် မှာ တည် လေ ၏။
၁၈ထိုအခါ ထာဝရဘုရား၏ ဘုန်းတော်သည် အိမ်တော်တံခါးခုံမှ ရွှေ့၍ခေရုဗိမ်အပေါ်မှာ တည်လေ ၏။
19 ၁၉ ထိုခေရုဗိမ် တို့သည် ငါ့ မျက်မှောက် ၌ အတောင် တို့ကို ဖြန့် ပြီးလျှင် ၊ မြေကြီး နှင့် ကွာ၍ တက် ကြ၏။ ပြင်သို့ ထွက် သောအခါ ဘီး တို့သည် လိုက်ကြ၏။ ထာဝရဘုရား ၏ အိမ် တော်ရှေ့ တံခါးဝမှာ ရပ် ၍ ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ဘုန်း တော်သည် သူ တို့အပေါ် မှာ တည်လျက် ရှိ၏။
၁၉ထိုခေရုဗိမ်တို့သည် ငါ့မျက်မှောက်၌ အတောင် တို့ကို ဖြန့်ပြီးလျှင်၊ မြေကြီးနှင့်ကွာ၍ တက်ကြ၏။ ပြင်သို့ ထွက်သောအခါ ဘီးတို့သည် လိုက်ကြ၏။ ထာဝရဘုရား ၏ အိမ်တော်ရှေ့တံခါးဝမှာ ရပ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ဘုန်းတော်သည် သူတို့အပေါ်မှာ တည်လျက် ရှိ၏။
20 ၂၀ ဤ သည်ကား၊ ခေဗာ မြစ် နား မှာ ဣသရေလ အမျိုး၏ ဘုရားသခင့် အောက် ၌ ငါမြင် ဘူးသော သတ္တဝါ ပေတည်း။ ခေရုဗိမ် ဖြစ်သည်ကို လည်း ငါသိ ၏။
၂၀ဤသည်ကား၊ ခေဗာမြစ်နားမှာ ဣသရေလ အမျိုး၏ ဘုရားသခင့်အောက်၌ ငါမြင်ဘူးသော သတ္တဝါ ပေတည်း။ ခေရုဗိမ်ဖြစ်သည်ကိုလည်း ငါသိ၏။
21 ၂၁ သူ တို့သည် မျက်နှာ လေး ခုစီ ၊ အတောင် လေး လုံး စီ ရှိ၍၊ အတောင် အောက် ၌ လူ လက် သဏ္ဌာန် ရှိ၏။
၂၁သူတို့သည် မျက်နှာလေးခုစီ၊ အတောင်လေးလုံး စီရှိ၍၊ အတောင်အောက်၌ လူလက်သဏ္ဌာန်ရှိ၏။
22 ၂၂ မျက်နှာ ပုံ ကား ၊ ခေဗာ မြစ် နား မှာ ငါမြင် ဘူး သော မျက်နှာ နှင့်တူ၏။ ကိုယ် အဆင်း အရောင်လည်း တူ၏။ ထို သူလေးပါးတို့သည် တည့်တည့် သွား တတ်ကြ၏။
၂၂မျက်နှာပုံကား၊ ခေဗာမြစ်နားမှာ ငါမြင်ဘူး သောမျက်နှာနှင့်တူ၏။ ကိုယ်အဆင်းအရောင်လည်း တူ၏။ ထိုသူလေးပါးတို့သည် တည့်တည့် သွားတတ်ကြ၏။

< ယေဇကျေလ 10 >