< ယေဇကျေလ 10 >
1 ၁ တဖန် ငါကြည့်ရှု ၍ ၊ ခေရုဗိမ် ၏ခေါင်း တို့ အထက် မိုဃ်း မျက်နှာကြက်၌ နီလာ ကျောက် ကဲ့သို့ ၊ ရာဇ ပလ္လင် ၏ သဏ္ဌာန် အရောင် သည် ထင်ရှား ၏။
As I looked toward the dome that was over the heads of the cherubim; something appeared above them like a sapphire with the appearance of the likeness of a throne.
2 ၂ ပိတ် အဝတ်ကိုဝတ် သောသူ အား လည်း ၊ ရထား ဘီး တို့အကြား မှာ ခေရုဗိမ် အောက် သို့ ဝင် လော့။ ခေရုဗိမ် အကြား မှာရှိသော မီးခဲ တို့ကို လက် နှစ်ဘက်နှင့် ကျုံးပြီးလျှင် ၊ မြို့ အပေါ် မှာ ဖြန့်ကြဲ လော့ဟု မိန့်တော်မူသည် အတိုင်း၊ ထိုသူသည် ငါ့ မျက်မှောက် ၌ သွား ၏။
Then Yahweh spoke to the man dressed in linen and said, “Go between the wheels underneath the cherubim, and fill both your hands with fiery coals from between the cherubim and scatter them over the city.” Then the man went in as I watched.
3 ၃ ဝင် သောအခါ ခေရုဗိမ် တို့သည် အိမ် တော် လက်ျာ ဘက်မှာ ရပ် ၍ ၊ အတွင်း တန်တိုင်း သည် မိုဃ်းတိမ် နှင့် ပြည့် ၏။
The cherubim stood on the right side of the house when the man went in, and a cloud filled the inner courtyard.
4 ၄ ထာဝရဘုရား ၏ ဘုန်း တော်သည် ခေရုဗိမ် အပေါ် က အိမ် တော်တံခါး ခုံအထက်သို့ တက် ရွှေ့၍ ၊ အိမ် တော်သည် မိုဃ်းတိမ် နှင့် ပြည့် ၏။ တန်တိုင်း သည် လည်း ၊ ထာဝရဘုရား ၏ ဘုန်း တော်အရောင် နှင့်ပြည့် ၏။
The glory of Yahweh rose up from the cherubim and stood over the threshold of the house. It filled the house with the cloud, and the courtyard was full of the brightness of Yahweh's glory.
5 ၅ အနန္တ တန်ခိုးရှင်ဘုရားသခင် မိန့် မြွက်တော်မူသော အသံ ကဲ့သို့ ခေရုဗိမ် အတောင် တို့၏ အသံ ကို ကြား ရ၏။
The sound of the cherubim's wings was heard as far as the outer courtyard, like the voice of God Almighty when he speaks.
6 ၆ ပိတ် အဝတ်ကိုဝတ် သောသူ အားလည်း၊ ရထား ဘီး အကြား ထဲက မီး ကိုယူ လော့ဟု မိန့် တော်မူသောအခါ ၊ ထိုသူသည်ဝင် ၍ ဘီး တို့အနား ၌ ရပ် နေ၏။
It came about, when God commanded the man dressed in linen and said, “Take fire from between the wheels that are between the cherubim,” the man went in and stood beside a wheel.
7 ၇ ခေရုဗိမ် တပါးသည် ခေရုဗိမ် စုထဲက လက် ကို ဆန့် ၍ ၊ ခေရုဗိမ် အကြား မှာရှိသော မီး ကိုယူ ပြီးလျှင် ၊ ပိတ် အဝတ်ကို ဝတ် သောသူလက် ၌ ထည့် ၏။ ထိုသူလည်း ခံယူ ၍ ထွက်သွား ၏။
A cherub reached out his hand between the cherubim to the fire that was among the cherubim, and lifted it up and placed it into the hands of the one dressed in linen. The man took it and went back out.
8 ၈ ခေရုဗိမ် အတောင် အောက် ၌ လူ လက် ကိုလည်း ငါမြင် ၏။
I saw on the cherubim something like a man's hand under their wings.
9 ၉ ငါကြည့်ရှု ၍ ၊ ခေရုဗိမ် တို့အနား မှာ ရထားဘီး တခု စီရှိ၏။ ဘီး တို့သည် ကျောက် မျက်ရွဲ၏ အဆင်း အရောင် ရှိ၏။
So I looked, and behold! Four wheels were beside the cherubim—one wheel beside each cherub—and the appearance of the wheels was like a beryl stone.
10 ၁၀ ဘီး လေး ခုတို့သည်ပုံသဏ္ဌာန် တညီ တည်းရှိ၍၊ ဘီး တခုထဲ ၌ ဘီး တခုတပ်သကဲ့သို့ ရှိ ကြ၏။
Their appearance was the same likeness for all four of them, like a wheel intersecting another wheel.
11 ၁၁ သွား သောအခါ ဘီး လေး မျက်နှာ တညီတည်း နေ၍၊ မ လှည့် ဘဲ သွား တတ်ကြ၏။ ခေါင်း မျက်နှာ ပြုသော ဘက် သို့လိုက် ၍ မ လှည့် ဘဲ သွား ကြ၏။
When they moved, they went in any of their four directions, without turning as they went; but whatever direction the head faced, they followed after it without turning as they went.
12 ၁၂ ဘီး လေး ခုနှင့်တကွခေရုဗိမ်လေးပါးတို့သည် ကျော ၊ လက် ၊ အတောင် မှစ၍ တကိုယ်လုံး ၌ မျက်စိ နှင့်ပြည့် ကြ၏။
Their whole body—including their backs, their hands, and their wings—was covered with eyes, and eyes covered the four wheels all around also.
13 ၁၃ ထို ဘီး တို့ကို စကြာ ဟူသောအမည်ဖြင့် သမုတ် သည်ကို ငါ ကြား ၏။
As I listened, the wheels were called, “Whirling.”
14 ၁၄ ခေရုဗိမ် တို့သည် မျက်နှာ လေး ခုစီရှိ၍၊ ပဌမ မျက်နှာ သည်ခေရုဗိမ်မျက်နှာ ၊ ဒုတိယ မျက်နှာ သည် လူ မျက်နှာ ၊ တတိယ မျက်နှာသည် ခြင်္သေ့ မျက်နှာ ၊ စတုတ္ထ မျက်နှာသည် ရွှေလင်းတ မျက်နှာ ဖြစ်၏။
They had four faces each; the first face was the face of a cherub, the second face was the face of a man, the third the face of a lion, and the fourth the face of an eagle.
15 ၁၅ ထိုခေရုဗိမ် တို့သည် ချီကြွ လျက် ရှိကြ၏။ ဤ သည်ကား၊ ခေဗာ မြစ် နား မှာ ငါမြင် ဘူးသော သတ္တဝါ ပေတည်း။
Then the cherubim—these were the living creatures that I had seen by the Kebar Canal—rose up.
16 ၁၆ ခေရုဗိမ် တို့သည် သွား သောအခါ ဘီး တို့သည် ထက်ကြပ်လိုက် ကြ၏။ ခေရုဗိမ် တို့သည် မြေကြီး မှ တက် အံ့သောငှါ အတောင် တို့ကို ဖြန့် သောအခါ ၊ ဘီး တို့ သည် မ ကွာ ဘဲလိုက်ကြ၏။
Whenever the cherubim moved, the wheels would go beside them, and whenever the cherubim lifted up their wings to rise up from the earth, the wheels did not turn. They still stayed beside them.
17 ၁၇ သူ တို့ရပ် သောအခါ ဘီးတို့သည်ရပ် ကြ၏။ သူ တို့သည် မြေကြီး နှင့် ကွာ ၍ တက် သောအခါ ၊ ဘီးတို့သည်လည်း ထက်ကြပ်လိုက်၍ တက် ကြ၏။ အကြောင်း မူကား၊ သတ္တဝါ ၏ ဝိညာဉ် သည် ဘီးတို့၌ရှိ၏။
When the cherubim stood still, the wheels stood still, and when they rose up, the wheels rose up with them, for the spirit of the living creature was in the wheels.
18 ၁၈ ထိုအခါ ထာဝရဘုရား ၏ ဘုန်း တော်သည် အိမ် တော်တံခါး ခုံမှ ရွှေ့ ၍ ခေရုဗိမ် အပေါ် မှာ တည် လေ ၏။
Then the glory of Yahweh went out from over the threshold of the house and stood over the cherubim.
19 ၁၉ ထိုခေရုဗိမ် တို့သည် ငါ့ မျက်မှောက် ၌ အတောင် တို့ကို ဖြန့် ပြီးလျှင် ၊ မြေကြီး နှင့် ကွာ၍ တက် ကြ၏။ ပြင်သို့ ထွက် သောအခါ ဘီး တို့သည် လိုက်ကြ၏။ ထာဝရဘုရား ၏ အိမ် တော်ရှေ့ တံခါးဝမှာ ရပ် ၍ ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ဘုန်း တော်သည် သူ တို့အပေါ် မှာ တည်လျက် ရှိ၏။
The cherubim lifted up their wings and rose from the earth in my sight when they went out, and the wheels did the same beside them. They stood at the eastern entrance to Yahweh's house, and the glory of the God of Israel came upon them from above.
20 ၂၀ ဤ သည်ကား၊ ခေဗာ မြစ် နား မှာ ဣသရေလ အမျိုး၏ ဘုရားသခင့် အောက် ၌ ငါမြင် ဘူးသော သတ္တဝါ ပေတည်း။ ခေရုဗိမ် ဖြစ်သည်ကို လည်း ငါသိ ၏။
These were the living creatures that I had seen below the God of Israel by the Kebar Canal, so I knew that they were cherubim!
21 ၂၁ သူ တို့သည် မျက်နှာ လေး ခုစီ ၊ အတောင် လေး လုံး စီ ရှိ၍၊ အတောင် အောက် ၌ လူ လက် သဏ္ဌာန် ရှိ၏။
They had four faces each and four wings each, and the likeness of human hands under their wings,
22 ၂၂ မျက်နှာ ပုံ ကား ၊ ခေဗာ မြစ် နား မှာ ငါမြင် ဘူး သော မျက်နှာ နှင့်တူ၏။ ကိုယ် အဆင်း အရောင်လည်း တူ၏။ ထို သူလေးပါးတို့သည် တည့်တည့် သွား တတ်ကြ၏။
and the likeness of their faces was like the faces that I had seen in the vision at the Kebar Canal, and each of them went straight ahead.