< ယေဇကျေလ 1 >
1 ၁ သက္ကရာဇ် သုံး ဆယ်ပြည့်၊ ယေခေါနိ မင်းကြီး နန်းကျ ပဉ္စမ နှစ် ၊ စတုတ္ထ လ ငါး ရက်နေ့၌
La trentième année, le quatrième mois, le cinquième jour du mois, comme j'étais parmi les captifs près du fleuve Chébar, les Cieux s'ouvrirent, et je vis des visions de Dieu.
2 ၂ ငါ သည် သိမ်း သွားသောသူတို့ တွင် ခေဗာ မြစ် နား မှာရှိ နေစဉ်၊မိုဃ်း ကောင်းကင်ပွင့် ၍ဘုရားသခင် ၏ဗျာဒိတ် ရူပါရုံတို့ကိုမြင် ရ၏။
Le cinquième jour du mois (c'était la cinquième année de la captivité du roi Jéhojachin),
3 ၃ ထိုအခါခါလဒဲ ပြည် ၊ ခေဗာ မြစ် နား မှာ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယဇ်ပုရောဟိတ် ဗုဇိ သား ယေဇကျေလ အမည် ရှိသောငါဆီသို့ ရောက် ၍ ၊ ထာဝရဘုရား ၏လက် တော်သည် ငါ့အပေါ် မှာ တင်လျက်ရှိ ၏။
la parole de l'Éternel fut adressée à Ézéchiel, fils de Buzi, le sacrificateur, dans le pays des Chaldéens, près du fleuve Chébar; et là, la main de l'Éternel fut sur lui.
4 ၄ ငါကြည့်ရှု ၍ ၊ ပြင်းစွာ သော လေ၊ ကြီးစွာ သော မိုဃ်းတိမ် ၊ ထွန်းလင်း သော မီးစက် သည် မြောက် မျက်နှာမှ ပေါ်လာ ၏။ မီးစက် ထဲက ဟရှမေလ ရွှေရောင်ထွက် လေ၏။
Et je regardai, et voici, du nord arrivait un tourbillon, une grande nuée et un globe de feu; et une splendeur l'environnait, et de son centre, du centre du feu, sortait comme l'éclat de l'airain.
5 ၅ ထိုမီးစက်ထဲမှာ သတ္တဝါ လေး ပါးတို့သည် ထင်ရှားကြ၏။ ထိုသတ္တဝါ တို့၏ အဆင်း သဏ္ဍာန်ဟူမူကား ၊ လူ ၏ပုံသဏ္ဍန် ကိုဆောင်၍၊
Et de son centre sortait une forme de quatre animaux; et tel était leur aspect: ils avaient une figure humaine.
6 ၆ မျက်နှာ လေး ခုစီ ၊ အတောင် လည်း လေး ခုစီ ရှိကြ၏။
Et chacun d'eux avait quatre faces, et chacun d'eux avait quatre ailes.
7 ၇ ခြေထောက် သည် ဖြောင့် သော ခြေထောက် ဖြစ်၏။ ခြေဘဝါး သည် နွားသငယ် ၏ ခြေဖဝါး ကဲ့သို့ ဖြစ်၍ဦးသစ် သော ကြေးဝါ ကဲ့သို့ တောက် လေ၏။ ကိုယ်လေး မျက်နှာအတောင် အောက် ၌ လူ လက် ရှိ၏။
Et leurs pieds étaient droits, et la plante de leurs pieds avait la forme du pied d'un veau, et ils brillaient comme l'éclat de l'airain poli.
8 ၈ ထိုလေး ပါးတို့သည် မျက်နှာ တို့နှင့်၎င်း ၊ အတောင် တို့နှင့်၎င်း ပြည့်စုံကြ၏။
Et ils avaient par-dessous leurs ailes des mains d'homme, à chacun de leurs quatre côtés; et tous quatre ils avaient leurs visages et leurs ailes.
9 ၉ အတောင် ချင်းတခု နှင့်တခု စပ် လျက်ရှိ၍၊ ထိုသတ္တဝါတို့ သွား သောအခါ တပါးမျှ မ လည် ဘဲ တည့်တည့် သွား တတ်ကြ၏။
Leurs ailes étaient attachées l'une à l'autre; ils ne se tournaient point en se mettant en marche, mais ils suivaient chacun la direction de leurs faces.
10 ၁၀ မျက်နှာ အဆင်း သဏ္ဍာန်ဟူမူကား ၊ သတ္တဝါ လေး ပါးတို့သည် လက်ျာ ဘက်၌ လူ မျက်နှာ ၊ ခြင်္သေ့ မျက်နှာ နှင့်၎င်း ၊ လက်ဝဲ ဘက်၌နွား မျက်နှာ ၊ ရွှေလင်းတ မျက်နှာ နှင့်၎င်း ပြည့်စုံကြ၏။
[Par devant] leurs faces avaient la figure de la face d'un homme, et à droite la figure de celle d'un lion pour tous les quatre, et à gauche la figure de celle d'un bœuf pour tous les quatre, et [par derrière] celle d'un aigle pour tous les quatre.
11 ၁၁ အတောင် များတို့သည် အထက် သို့ ပြန့် ၍၊ အတောင်နှစ် ခုချင်း စပ် လျက်၊ နှစ် ခုဖြင့် ကိုယ် ကိုဖုံး လျက် ရှိကြ၏။
Et en haut leurs faces et leurs ailes étaient séparées; deux ailes des uns étaient attachées aux ailes des autres, et deux couvraient leurs corps.
12 ၁၂ ထိုသတ္တဝါတို့သည် ဝိညာဉ် တော်သွား ခွင့်ရှိသည် အတိုင်း သွား ကြ၏။ သွားသောအခါတပါးမျှ မ လည် ဘဲ တည့်တည့်သွား တတ်ကြ၏။
Or ils allaient chacun dans la direction de leurs faces; ils allaient où l'esprit les poussait à aller, et ne se tournaient point dans leur marche.
13 ၁၃ ထိုသတ္တဝါ တို့၏ အဆင်း အရောင်သည်ကား ၊ တောက် သော မီး ခဲ အရောင် ၊ မီးခွက် အရောင် နှင့် တူ၏။ မီး သည်တောက် လျက် သတ္တဝါ တို့တွင် အနှံ့အပြားလှည့်လည် ၍ မီး ထဲက လျှပ်စစ် ပြက် လေ၏။
Et l'aspect de ces animaux ressemblait à des charbons de feu brûlants; c'était comme l'aspect des flambeaux, et ce feu circulait entre les animaux, et répandait de l'éclat, et du feu sortaient des éclairs.
14 ၁၄ သတ္တဝါ တို့သည်လည်း လျှပ်စစ် နွယ်ကဲ့သို့ အရောင် တောက်၍၊ ပြေး လျက် ပြန် လာလျက်ရှိကြ၏။
Et les animaux couraient et revenaient tels qu'on voit la foudre.
15 ၁၅ ထိုသတ္တဝါ တို့ကို ငါ့ကြည့်ရှု စဉ် ၊ သူတို့အနား မှာ လေး ပိုင်းရှိသောရထားဘီး တခု စီ ထင်ရှား ၏။
Comme je regardais les animaux, voici, il y avait une roue sur la terre près des animaux à leurs quatre côtés.
16 ၁၆ ထို ရထားဘီး တို့၏ အဆင်း အရောင်သည်ကား ၊ ကျောက်မျက်ရွဲ အဆင်း အရောင်နှင့် တူ၏။ ထို လေး ခုတို့ သည် အဆင်း အရောင်တညီ တည်း ရှိကြ၏။ ပုံ သဏ္ဍာန်မူကား ၊ ဘီး တခုအထဲ ၌ ဘီး တခုတပ်သကဲ့သို့ ဖြစ် ၏။
L'aspect des roues et leur structure étaient ceux de la pierre de Tarsis; et la forme de l'une était celle des quatre; et leur aspect et leur structure étaient comme si une roue passait par le milieu de l'autre roue.
17 ၁၇ သွား သောအခါ ဘီး လေး မျက်နှာ တို့သည် တညီတည်းဖြစ်၍မ လည် ဘဲသွား တတ်ကြ၏။
Dans leur marche elles cheminaient de leurs quatre côtés, et ne se tournaient point dans leur marche.
18 ၁၈ ဘီးဝန်း တို့သည်လည်း မြင့် ၍ ကြောက်မက် ဘွယ် ဖြစ်ကြ၏။ ထို လေး ပါးတို့သည်မျက်စိ နှင့် ပြည့် ကြ၏။
Et leurs jantes étaient hautes et formidables, et leurs jantes étaient remplies d'yeux de toutes parts à toutes quatre.
19 ၁၉ သတ္တဝါ တို့သည် သွား သောအခါ ၊ ဘီး တို့သည် လည်း ထက် ကြပ်ပါ ကြ၏။
Quand les animaux marchaient, les roues cheminaient aussi à côté d'eux, et quand les animaux s'élevaient de terre, les roues s'élevaient aussi.
20 ၂၀ သတ္တဝါ တို့သည် မြေကြီး နှင့် ကွာ၍ တက် သောအခါ ၊ ဘီး တို့သည်လည်း တက် ကြ၏။ ဝိညာဉ် တော် သွား ခွင့်ရှိသည်အတိုင်း ၊ သူတို့သည်လည်း သွား ကြ၏။ ဘီး တို့သည်လည်း သူ တို့နှင့် ထက်ကြပ်တက် ၍ လိုက် ကြ ၏။ သတ္တဝါ တို့၏ ဝိညာဉ် သည်ဘီး တို့၌ ရှိ ၏။
Au lieu où l'esprit les poussait à aller, ils y allaient, là où l'esprit les poussait à aller; et les roues s'élevaient avec eux, car l'esprit des animaux était dans les roues.
21 ၂၁ သူ တို့သွား သောအခါ ဘီးတို့သည်သွား ကြ၏။ သူ တို့ရပ် သောအခါ ဘီးတို့သည်ရပ် ကြ၏။ သူတို့သည် မြေကြီး နှင့်ကွာ၍ တက် သောအခါ ၊ ဘီး တို့သည်လည်း သူတို့နှင့်ထက်ကြပ်တက်၍လိုက်ကြ၏။ အကြောင်း မူကား၊ သတ္တဝါ တို့၏ဝိညာဉ် သည် ဘီး တို့၌ ရှိ၏။
Quand ils allaient, elles allaient; et quand ils s'arrêtaient, elles s'arrêtaient; et quand ils s'élevaient de terre, les roues s'élevaient aussi avec eux, car l'esprit des animaux était dans les roues.
22 ၂၂ ထိုသတ္တဝါ တို့၏ ခေါင်း များအပေါ် မှာ မိုဃ်း မျက်နှာကြက်၏ အဆင်းအရောင်သည်ရှိ၍၊ ကြောက်မက် ဘွယ်သော ကျောက် သလင်းမျက်နှာကြက်ကဲ့သို့ဖြစ်၏။
Et au-dessus des têtes des animaux était comme un firmament qui avait l'air d'un cristal merveilleux, étendu sur leurs têtes dans le haut.
23 ၂၃ မိုဃ်း မျက်နှာကြက်အောက် မှာ သူ တို့အတောင် များသည် တခုသို့တခုတည့်တည့် ပြန့် လျက်ရှိ၍ ၊ ပြင်ဘက် ၌လည်း ကိုယ် ကို ဖုံး စရာဘို့ အတောင်နှစ် ခုစီ ရှိ၏။
Et sous le firmament étaient leurs ailes dirigées l'une contre l'autre; chacun en avait deux qui de chaque côté couvraient leur corps.
24 ၂၄ သူ တို့သွား သောအခါ သမုဒ္ဒရာရေ သံ ကဲ့သို့ ၎င်း ၊ အနန္တ တန်ခိုးရှင်၏အသံ တော်ကဲ့သို့ ၎င်း ၊ အတောင် တို့မြည်သောအသံ ကို ငါကြား ၏။ စကားသံသည်လည်း လူ အလုံးအရင်း၏ စကား သံ ကဲ့သို့ ဖြစ်၏။ ရပ် သောအခါ အတောင် တို့ကို ချ လျက်နေကြ၏။
Et j'entendis le bruit de leurs ailes pareil au bruit de grandes eaux, pareil à la voix du Tout-Puissant, quand ils marchaient, tumulte pareil au bruit d'un camp; quand ils s'arrêtaient, ils laissaient retomber leurs ailes.
25 ၂၅ ရပ် ၍ အတောင် တို့ကို ချ သောအခါ၊ သူ တို့၏ ခေါင်း များအပေါ် မှာ မိုဃ်း မျက်နှာကြက်ထဲက စကား သံ သည် ထွက် ၏။
Et une voix retentissait au-dessus du firmament qui était sur leur tête; quand ils s'arrêtaient, ils laissaient retomber leurs ailes.
26 ၂၆ သူ တို့၏ခေါင်း များအထက် ၊ မိုဃ်း မျက်နှာကြက်အပေါ် ၌ လည်း နီလာ ကျောက် ကဲ့သို့ အဆင်း အရောင်ရှိသောရာဇ ပလ္လင်သဏ္ဌာန် ပေါ်၏။ ပလ္လင် သဏ္ဍာန် အပေါ် ၌လည်း လူ ပုံသဏ္ဍာန် ကဲ့သို့ ပေါ် ၏။
Et au-dessus du firmament posé sur leur tête était une forme de trône, qui avait l'aspect du saphir, et sur la forme de trône était une figure ayant l'air d'un homme placé dessus en haut.
27 ၂၇ ပလ္လင်အတွင်း၌၎င်း ၊ ပတ်လည် ၌ ၎င်း ၊ ခါး သဏ္ဍာန် မှ သည် အထက် ပိုင်း၌ ဟရှမေလ ရွှေအရောင်နှင့် မီး အရောင် ကဲ့သို့ ထင်ရှား ၏။ အောက် ပိုင်း၌ မီး အရောင် ကဲ့သို့ ထင်ရှား ၍ ပတ်လည် ၌ ထွန်းတောက် လေ၏။
Et au dedans et autour je vis comme le brillant de l'airain, comme l'aspect du feu; en regardant de ses reins en haut et en regardant de ses reins en bas, je vis comme l'aspect du feu, et une splendeur l'environnait.
28 ၂၈ ထိုသို့ ထွန်းတောက် သော အရောင် သည် မိုဃ်းရွာ သောနေ့ တွင် ၊ မိုဃ်းတိမ် ၌ ပေါ်သော သက်တံ့ ၏ အရောင် ကဲ့သို့ ဖြစ် ၏။ ဤ ရွေ့ကား၊ ထာဝရဘုရား ၏ ဘုန်း တော်သဏ္ဌာန် အဆင်းအရောင်ဖြစ်သတည်း။
Tel l'aspect de l'arc qui est dans la nue au jour de la pluie, tel était l'aspect de la splendeur qui l'environnait. C'était l'aspect de l'image de la gloire de l'Éternel. Et je regardai et tombai sur ma face, et j'entendis la voix de quelqu'un qui parlait.