< ယေဇကျေလ 1 >

1 သက္ကရာဇ် သုံး ဆယ်ပြည့်၊ ယေခေါနိ မင်းကြီး နန်းကျ ပဉ္စမ နှစ် ၊ စတုတ္ထ လ ငါး ရက်နေ့၌
It came to passe in the thirtieth yere in the fourth moneth, and in the fift day of the moneth (as I was among the captiues by the riuer Chebar) that the heauens were opened and I sawe visions of GOD.
2 ငါ သည် သိမ်း သွားသောသူတို့ တွင် ခေဗာ မြစ် နား မှာရှိ နေစဉ်၊မိုဃ်း ကောင်းကင်ပွင့် ၍ဘုရားသခင် ၏ဗျာဒိတ် ရူပါရုံတို့ကိုမြင် ရ၏။
In the fift day of the moneth (which was the fift yere of King Ioiachins captiuitie)
3 ထိုအခါခါလဒဲ ပြည် ၊ ခေဗာ မြစ် နား မှာ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယဇ်ပုရောဟိတ် ဗုဇိ သား ယေဇကျေလ အမည် ရှိသောငါဆီသို့ ရောက် ၍ ၊ ထာဝရဘုရား ၏လက် တော်သည် ငါ့အပေါ် မှာ တင်လျက်ရှိ ၏။
The word of the Lord came vnto Ezekiel the Priest, the sonne of Buzi, in the lande of the Caldeans, by the riuer Chebar, where the hande of the Lord was vpon him.
4 ငါကြည့်ရှု ၍ ၊ ပြင်းစွာ သော လေ၊ ကြီးစွာ သော မိုဃ်းတိမ် ၊ ထွန်းလင်း သော မီးစက် သည် မြောက် မျက်နှာမှ ပေါ်လာ ၏။ မီးစက် ထဲက ဟရှမေလ ရွှေရောင်ထွက် လေ၏။
And I looked, and beholde, a whirlewinde came out of the North, a great cloude and a fire wrapped about it, and a brightnesse was about it, and in the middes thereof, to wit, in the middes of the fire came out as the likenesse of amber.
5 ထိုမီးစက်ထဲမှာ သတ္တဝါ လေး ပါးတို့သည် ထင်ရှားကြ၏။ ထိုသတ္တဝါ တို့၏ အဆင်း သဏ္ဍာန်ဟူမူကား ၊ လူ ၏ပုံသဏ္ဍန် ကိုဆောင်၍၊
Also out of the middes therof came the likenesse of foure beastes, and this was their forme: they had the appearance of a man.
6 မျက်နှာ လေး ခုစီ ၊ အတောင် လည်း လေး ခုစီ ရှိကြ၏။
And euery one had foure faces, and euery one had foure wings.
7 ခြေထောက် သည် ဖြောင့် သော ခြေထောက် ဖြစ်၏။ ခြေဘဝါး သည် နွားသငယ် ၏ ခြေဖဝါး ကဲ့သို့ ဖြစ်၍ဦးသစ် သော ကြေးဝါ ကဲ့သို့ တောက် လေ၏။ ကိုယ်လေး မျက်နှာအတောင် အောက် ၌ လူ လက် ရှိ၏။
And their feete were streight feete, and the sole of their feete was like the sole of a calues foote, and they sparkled like the appearance of bright brasse.
8 ထိုလေး ပါးတို့သည် မျက်နှာ တို့နှင့်၎င်း ၊ အတောင် တို့နှင့်၎င်း ပြည့်စုံကြ၏။
And the handes of a man came out from vnder their wings in the foure parts of them, and they foure had their faces, and their wings.
9 အတောင် ချင်းတခု နှင့်တခု စပ် လျက်ရှိ၍၊ ထိုသတ္တဝါတို့ သွား သောအခါ တပါးမျှ မ လည် ဘဲ တည့်တည့် သွား တတ်ကြ၏။
They where ioyned by their wings one to another, and when they went forth, they returned not, but euery one went streight forward.
10 ၁၀ မျက်နှာ အဆင်း သဏ္ဍာန်ဟူမူကား ၊ သတ္တဝါ လေး ပါးတို့သည် လက်ျာ ဘက်၌ လူ မျက်နှာ ၊ ခြင်္သေ့ မျက်နှာ နှင့်၎င်း ၊ လက်ဝဲ ဘက်၌နွား မျက်နှာ ၊ ရွှေလင်းတ မျက်နှာ နှင့်၎င်း ပြည့်စုံကြ၏။
And the similitude of their faces was as the face of a man: and they foure had the face of a lyon on the right side, and they foure had the face of a bullocke on the left side: they foure also had the face of an eagle.
11 ၁၁ အတောင် များတို့သည် အထက် သို့ ပြန့် ၍၊ အတောင်နှစ် ခုချင်း စပ် လျက်၊ နှစ် ခုဖြင့် ကိုယ် ကိုဖုံး လျက် ရှိကြ၏။
Thus were their faces: but their wings were spred out aboue: two wings of euery one were ioined one to another, and two couered their bodies.
12 ၁၂ ထိုသတ္တဝါတို့သည် ဝိညာဉ် တော်သွား ခွင့်ရှိသည် အတိုင်း သွား ကြ၏။ သွားသောအခါတပါးမျှ မ လည် ဘဲ တည့်တည့်သွား တတ်ကြ၏။
And euery one went streight forward: they went whither their spirit led them, and they returned not when they went forth.
13 ၁၃ ထိုသတ္တဝါ တို့၏ အဆင်း အရောင်သည်ကား ၊ တောက် သော မီး ခဲ အရောင် ၊ မီးခွက် အရောင် နှင့် တူ၏။ မီး သည်တောက် လျက် သတ္တဝါ တို့တွင် အနှံ့အပြားလှည့်လည် ၍ မီး ထဲက လျှပ်စစ် ပြက် လေ၏။
The similitude also of the beasts, and their appearance was like burning coles of fire, and like the appearance of lampes: for the fire ran among the beastes, and the fire gaue a glister, and out of the fire there went lightning.
14 ၁၄ သတ္တဝါ တို့သည်လည်း လျှပ်စစ် နွယ်ကဲ့သို့ အရောင် တောက်၍၊ ပြေး လျက် ပြန် လာလျက်ရှိကြ၏။
And the beastes ranne, and returned like vnto lightning.
15 ၁၅ ထိုသတ္တဝါ တို့ကို ငါ့ကြည့်ရှု စဉ် ၊ သူတို့အနား မှာ လေး ပိုင်းရှိသောရထားဘီး တခု စီ ထင်ရှား ၏။
Nowe as I behelde the beastes, beholde, a wheele appeared vpon the earth by the beastes, hauing foure faces.
16 ၁၆ ထို ရထားဘီး တို့၏ အဆင်း အရောင်သည်ကား ၊ ကျောက်မျက်ရွဲ အဆင်း အရောင်နှင့် တူ၏။ ထို လေး ခုတို့ သည် အဆင်း အရောင်တညီ တည်း ရှိကြ၏။ ပုံ သဏ္ဍာန်မူကား ၊ ဘီး တခုအထဲ ၌ ဘီး တခုတပ်သကဲ့သို့ ဖြစ် ၏။
The facion of the wheeles and their worke was like vnto a chrysolite: and they foure had one forme, and their facion, and their worke was as one wheele in another wheele.
17 ၁၇ သွား သောအခါ ဘီး လေး မျက်နှာ တို့သည် တညီတည်းဖြစ်၍မ လည် ဘဲသွား တတ်ကြ၏။
Whe they went, they went vpon their foure sides, and they returned not when they went.
18 ၁၈ ဘီးဝန်း တို့သည်လည်း မြင့် ၍ ကြောက်မက် ဘွယ် ဖြစ်ကြ၏။ ထို လေး ပါးတို့သည်မျက်စိ နှင့် ပြည့် ကြ၏။
They had also rings, and height, and were fearefull to beholde, and their rings were full of eyes, round about them foure.
19 ၁၉ သတ္တဝါ တို့သည် သွား သောအခါ ၊ ဘီး တို့သည် လည်း ထက် ကြပ်ပါ ကြ၏။
And when the beastes went, the wheeles went with them: and when the beasts were lift vp from the earth, the wheeles were lift vp.
20 ၂၀ သတ္တဝါ တို့သည် မြေကြီး နှင့် ကွာ၍ တက် သောအခါ ၊ ဘီး တို့သည်လည်း တက် ကြ၏။ ဝိညာဉ် တော် သွား ခွင့်ရှိသည်အတိုင်း ၊ သူတို့သည်လည်း သွား ကြ၏။ ဘီး တို့သည်လည်း သူ တို့နှင့် ထက်ကြပ်တက် ၍ လိုက် ကြ ၏။ သတ္တဝါ တို့၏ ဝိညာဉ် သည်ဘီး တို့၌ ရှိ ၏။
Whither the spirit led them, they went, and thither did the spirite of the wheeles leade them, and the wheeles were lifted vp besides them: for the spirit of the beastes was in the wheeles.
21 ၂၁ သူ တို့သွား သောအခါ ဘီးတို့သည်သွား ကြ၏။ သူ တို့ရပ် သောအခါ ဘီးတို့သည်ရပ် ကြ၏။ သူတို့သည် မြေကြီး နှင့်ကွာ၍ တက် သောအခါ ၊ ဘီး တို့သည်လည်း သူတို့နှင့်ထက်ကြပ်တက်၍လိုက်ကြ၏။ အကြောင်း မူကား၊ သတ္တဝါ တို့၏ဝိညာဉ် သည် ဘီး တို့၌ ရှိ၏။
When the beastes went, they went, and when they stoode, they stoode, and when they were lifted vp from the earth, the wheeles were lifted vp besides them: for the spirite of the beastes was in the wheeles.
22 ၂၂ ထိုသတ္တဝါ တို့၏ ခေါင်း များအပေါ် မှာ မိုဃ်း မျက်နှာကြက်၏ အဆင်းအရောင်သည်ရှိ၍၊ ကြောက်မက် ဘွယ်သော ကျောက် သလင်းမျက်နှာကြက်ကဲ့သို့ဖြစ်၏။
And the similitude of the firmament vpon the heads of the beasts was wonderfull, like vnto chrystall, spred ouer their heads aboue.
23 ၂၃ မိုဃ်း မျက်နှာကြက်အောက် မှာ သူ တို့အတောင် များသည် တခုသို့တခုတည့်တည့် ပြန့် လျက်ရှိ၍ ၊ ပြင်ဘက် ၌လည်း ကိုယ် ကို ဖုံး စရာဘို့ အတောင်နှစ် ခုစီ ရှိ၏။
And vnder the firmament were their wings streight, the one toward the other: every one had two, which couered the, and euery one had two, which couered their bodies.
24 ၂၄ သူ တို့သွား သောအခါ သမုဒ္ဒရာရေ သံ ကဲ့သို့ ၎င်း ၊ အနန္တ တန်ခိုးရှင်၏အသံ တော်ကဲ့သို့ ၎င်း ၊ အတောင် တို့မြည်သောအသံ ကို ငါကြား ၏။ စကားသံသည်လည်း လူ အလုံးအရင်း၏ စကား သံ ကဲ့သို့ ဖြစ်၏။ ရပ် သောအခါ အတောင် တို့ကို ချ လျက်နေကြ၏။
And when they went foorth, I heard the noyse of their wings, like the noyse of great waters, and as the voyce of the Almightie, euen the voyce of speach, as the noyse of an host: and when they stood, they let downe their wings.
25 ၂၅ ရပ် ၍ အတောင် တို့ကို ချ သောအခါ၊ သူ တို့၏ ခေါင်း များအပေါ် မှာ မိုဃ်း မျက်နှာကြက်ထဲက စကား သံ သည် ထွက် ၏။
And there was a voyce from the firmament, that was ouer their heads, when they stoode, and had let downe their wings.
26 ၂၆ သူ တို့၏ခေါင်း များအထက် ၊ မိုဃ်း မျက်နှာကြက်အပေါ် ၌ လည်း နီလာ ကျောက် ကဲ့သို့ အဆင်း အရောင်ရှိသောရာဇ ပလ္လင်သဏ္ဌာန် ပေါ်၏။ ပလ္လင် သဏ္ဍာန် အပေါ် ၌လည်း လူ ပုံသဏ္ဍာန် ကဲ့သို့ ပေါ် ၏။
And aboue the firmament that was ouer their heads, was the facion of a throne like vnto a saphir stone, and vpon the similitude of the throne was by appearance, as the similitude of a man aboue vpon it.
27 ၂၇ ပလ္လင်အတွင်း၌၎င်း ၊ ပတ်လည် ၌ ၎င်း ၊ ခါး သဏ္ဍာန် မှ သည် အထက် ပိုင်း၌ ဟရှမေလ ရွှေအရောင်နှင့် မီး အရောင် ကဲ့သို့ ထင်ရှား ၏။ အောက် ပိုင်း၌ မီး အရောင် ကဲ့သို့ ထင်ရှား ၍ ပတ်လည် ၌ ထွန်းတောက် လေ၏။
And I sawe as the appearance of amber, and as the similitude of fire round about within it to looke to, euen from his loynes vpwarde: and to looke to, euen from his loynes downewarde, I sawe as a likenesse of fire, and brightnesse round about it.
28 ၂၈ ထိုသို့ ထွန်းတောက် သော အရောင် သည် မိုဃ်းရွာ သောနေ့ တွင် ၊ မိုဃ်းတိမ် ၌ ပေါ်သော သက်တံ့ ၏ အရောင် ကဲ့သို့ ဖြစ် ၏။ ဤ ရွေ့ကား၊ ထာဝရဘုရား ၏ ဘုန်း တော်သဏ္ဌာန် အဆင်းအရောင်ဖြစ်သတည်း။
As the likenesse of the bowe, that is in the cloude in the day of raine, so was the appearance of the light round about. This was the appearance of the similitude of the glorie of the Lord: and when I sawe it, I fell vpon my face, and I heard a voyce of one that spake.

< ယေဇကျေလ 1 >