< ထွက်မြောက်ရာ 9 >
1 ၁ ထာဝရဘုရား ကလည်း ၊ သင်သည် ဖါရော ဘုရင် ထံသို့ ဝင် ၍ ငါ ၏လူ တို့သည် ငါ့ အား ဝတ်ပြု မည် အကြောင်း ၊ သူတို့ကို လွှတ် လော့။
2 ၂ မလွှတ်ဘူးဟုငြင်း ၍ ဆီးတား သေး လျှင် ၊
3 ၃ ထာဝရဘုရား ၏လက် တော်သည် လယ်ပြင် ၌ ရှိသောတိရစ္ဆာန် ၊ မြင်း ၊ မြည်း ၊ ကုလားအုပ် ၊ သိုး ၊ နွား တို့အပေါ် ၌ ရောက် ၍ အလွန် ပြင်းစွာ သော ရောဂါ စွဲလိမ့်မည်။
4 ၄ ထာဝရဘုရား သည်၊ ဣသရေလ လူတို့၏ တိရစ္ဆာန် နှင့် အဲဂုတ္တု လူတို့၏ တိရစ္ဆာန် ကို ခြားနား စေသဖြင့် ၊ ဣသရေလ အမျိုးသား ပိုင်သော တိရစ္ဆာန် တကောင် မျှမ သေ ရ။
5 ၅ နက်ဖြန် နေ့၊ အဲဂုတ္တုပြည် ၌ ထို အမှု ကို ထာဝရဘုရား ပြု တော်မူမည်ဟု မှန်သောအချိန် ကို ချိန်းချက် တော်မူပြီဟု ဟေဗြဲ လူတို့၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည် အကြောင်းကိုပြော လော့ဟု မောရှေ အား မိန့် တော်မူ၏။
6 ၆ နက်ဖြန် နေ့၌ ထို အမှု ကိုပြု တော်မူသဖြင့် ၊ အဲဂုတ္တု လူတို့၏ တိရစ္ဆာန် အမျိုးမျိုး သေ ကြ၏။ ဣသရေလ လူ တို့၏ တိရစ္ဆာန် တကောင် မျှမ သေ။
7 ၇ ဖါရော ဘုရင်သည် လူကိုစေလွှတ် ၍ ၊ ဣသရေလ အမျိုးသားတို့၏ တိရစ္ဆာန် တ ကောင်မျှ မ သေ ကြောင်းကို သိ ရ၏။ သို့သော်လည်း နှလုံး ခိုင်မာ ပြန်၍ ၊ ဣသရေလလူ တို့ကို မ လွှတ် ဘဲနေလေ၏။
8 ၈ ထာဝရဘုရား ကလည်း ၊ မီးဖို ထဲကပြာ ကို လက် နှင့်ယူ ၍ မောရှေ သည် ဖါရော ဘုရင်ရှေ့ ၌ မိုဃ်းကောင်းကင် သို့ ပစ် လွှင့်စေ။
9 ၉ ထိုပြာသည် အဲဂုတ္တု ပြည် တရှောက်လုံး ၌ နှံ့ပြားသော အမှုန့် ဖြစ် ၍ ၊ ပြည် တရှောက်လုံး တွင် လူ နှင့် တိရစ္ဆာန် တို့၌ အခဲအကျိတ် ပြည့် သော အနာဆိုး ဖြစ် လိမ့်မည် ဟု မောရှေ နှင့် အာရုန် တို့အား မိန့် တော်မူသည်အတိုင်း၊
10 ၁၀ သူတို့သည် မီးဖို ထဲကပြာ ကိုယူ ၍ ၊ ဖါရော ဘုရင် ရှေ့ မှာရပ် လျက် ၊ မောရှေ သည် မိုဃ်းကောင်းကင် သို့ ပစ် လွှင့်သဖြင့် ၊ ထိုပြာသည် လူ နှင့် တိရစ္ဆာန် တို့၌ အခဲအကျိတ် ပြည့် သော အနာဆိုး ဖြစ် လေ၏။
11 ၁၁ ဝိဇ္ဇာဆရာ တို့သည် အနာဆိုး ကြောင့် ၊ မောရှေ ရှေ့ ၌မ ရပ် မနေနိုင်။ ထိုအနာဆိုး သည် ဝိဇ္ဇာဆရာ တို့၌ ၎င်း ၊ အဲဂုတ္တု လူအပေါင်း တို့၌ ၎င်း စွဲ သတည်း။
12 ၁၂ ထာဝရဘုရား သည် ဖါရော ဘုရင်၏နှလုံး ကို ခိုင်မာ စေတော်မူသည်ဖြစ်၍ ၊ မောရှေ အား မိန့် တော်မူသည် အတိုင်း ၊ သူ တို့စကားကို နား မ ထောင်ဘဲ နေလေ၏။
13 ၁၃ တဖန် ထာဝရဘုရား က၊ နံနက် စောစော ထ၍ ၊ ဖါရော ဘုရင်ရှေ့ မှာရပ် လျက် ၊ ဟေဗြဲ လူတို့၏ ဘုရား သခင် ထာဝရဘုရား က၊ ငါ ၏လူ တို့သည် ငါ့ အား ဝတ်ပြု မည်အကြောင်း ၊ သွားရသောအခွင့် ကိုပေးလော့။
14 ၁၄ သို့မဟုတ် ယခု ကာလ အခါ သင် ၏နှလုံး ၌ ၎င်း ၊ သင် ၏ကျွန် များ၊ လူ များ၌ ၎င်း ၊ ငါ ၏ဘေးဒဏ် အလုံးစုံ တို့ကို သင့် ရောက်စေမည်။ မြေကြီး တရှောက်လုံး ၌ ငါ ကဲ့သို့ သောသူ မရှိ ကြောင်းကို သင်သည် သိ ရလိမ့်မည်။
15 ၁၅ ငါ့ လက် ကို ငါဆန့် ၍ သင် နှင့် သင် ၏လူ တို့ကို ကာလနာ ဖြင့် ဒဏ်ခတ် မည်။ သင့်ကိုလည်း မြေကြီး ပေါ် က သုတ်သင် ပယ်ရှင်းမည်။
16 ၁၆ အကယ်စင်စစ်ငါ့ တန်ခိုး ကို သင် ၌ ငါပြ ခြင်းငှါ ၎င်း၊ ငါ့ နာမ ကို မြေကြီး တပြင်လုံး တွင် ကျော်စော စေ ခြင်းငှါ ၎င်း၊ သင့် ကို ငါချီးမြှောက် ခဲ့ပြီ။
17 ၁၇ သင် သည် ငါ ၏လူ တို့ကိုမ လွှတ် ဘဲ၊ သူ တို့ကို စော်ကား သေး သလော။
18 ၁၈ ကြည့်ရှု လော့။ အဲဂုတ္တု ပြည် တည် သည်ကာလ မှ စ၍ယခု တိုင်အောင် မ ရွာ ဘူးသော အလွန် ကြီးစွာ သော မိုဃ်းသီး ရွာခြင်းကို နက်ဖြန် နေ့ ဤအချိန် ၌ ငါ ဖြစ် စေမည်။
19 ၁၉ ထိုကြောင့် ယခု စေလွှတ် ၍ ၊ လယ်ပြင် ၌ ရှိသောတိရစ္ဆာန် များနှင့် ရှိလေသမျှ တို့ကို သိမ်း ယူလော့။ အိမ် သို့ မ ဆောင် လျင်၊ လယ်ပြင် ၌ တွေ့ သမျှ သောလူ နှင့် တိရစ္ဆာန် တို့အပေါ် မှာ မိုဃ်းသီး ကျ ၍ ၊ သူတို့သည် သေ ကြလိမ့်မည်အကြောင်းကို ပြော လော့ဟု မောရှေ အား မိန့် တော်မူ၏။
20 ၂၀ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ကြောက်ရွံ့ သော ဖာရော ဘုရင်၏ ကျွန် တို့သည်၊ မိမိ ကျွန် နှင့် မိမိ တိရစ္ဆာန် တို့ကို အိမ် သို့ ပြေး စေကြ၏။
21 ၂၁ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ပမာဏ မ ပြုသောသူတို့သည်၊ မိမိ ကျွန် ၊ မိမိ တိရစ္ဆာန် တို့ကို လယ်ပြင် ၌ ထား ကြ၏။
22 ၂၂ ထာဝရဘုရား ကလည်း ၊ အဲဂုတ္တု ပြည် တရှောက်လုံး ၌ လူ တို့အပေါ်မှာ ၎င်း ၊ တိရစ္ဆာန် တို့အပေါ် မှာ၎င်း ၊ လယ်ပြင် ၌ ရှိလေသမျှ သော အပင် များအပေါ် မှာ၎င်း၊ မိုဃ်းသီး ရွာ စေခြင်းငှာ ၊ သင် ၏လက် ကို မိုဃ်းကောင်းကင် သို့ ဆန့် လော့ဟု မောရှေ အား မိန့် တော်မူ၏။
23 ၂၃ မောရှေ သည် မိမိ လှံတံ ကို မိုဃ်းကောင်းကင် သို့ ဆန့် ၍ ၊ ထာဝရဘုရား သည် မိုဃ်းကြိုး နှင့် မိုဃ်းသီး ကို လွှတ် တော်မူ၏။ မီး သည်လည်း မြေ ပေါ် မှာပြေး လေ၏။ ထိုသို့ ထာဝရဘုရား သည်၊ အဲဂုတ္တု ပြည် ၌ မိုဃ်းသီး ရွာ စေတော်မူသဖြင့်၊
24 ၂၄ အဲဂုတ္တု ပြည် တည်ထောင် သည်ကာလမှစ၍ တခါမျှ မဖြစ် ဘူးသော မိုဃ်းသီး ၊ မီး နှင့်ရော၍ အလွန် ပြင်းထန် စွာသော မိုဃ်းသီး ဖြစ် လေ၏။
25 ၂၅ အဲဂုတ္တု ပြည် တရှောက်လုံး ၌ ၊ လယ်ပြင် မှာ ရှိသမျှ သော လူ နှင့် တိရစ္ဆာန် များ၊ မြက်ပင် များ၊ သစ်ပင် များ တို့ကို မိုဃ်းသီး ထိ လေ၏။
26 ၂၆ သို့ရာတွင် ဣသရေလ အမျိုးသား နေရာ ဂေါရှင် ပြည် ၌ မိုဃ်းသီး မ ကျ မရွာ။
27 ၂၇ ထိုအခါ ဖါရော ဘုရင်သည် လူကိုစေလွှတ် ၍ ၊ မောရှေ နှင့် အာရုန် ကို ခေါ် ပြီးလျှင် ၊ ဤအမှု၌ ငါပြစ်မှား ပြီ။ ထာဝရဘုရား သည် ဖြောင့်မတ် တော်မူ၏။ ငါ နှင့် ငါ ၏လူ တို့သည် အပြစ် များပါ၏။
28 ၂၈ တန် ပါပြီ။ အားကြီး သော မိုဃ်းကြိုး နှင့် မိုဃ်းသီး စဲမည်အကြောင်း၊ ထာဝရဘုရား ကို တောင်းပန် ပါ။ သင် တို့ကို ငါမ ဆီးမတား အလျင်အမြန်လွှတ် မည်ဟု ဆို လေ၏။
29 ၂၉ မောရှေ ကလည်း ၊ မြို့ ထဲက ကျွန်ုပ် ထွက် သွားသောအခါ ၊ ထာဝရဘုရား ရှေ့တော်၌ ကျွန်ုပ် လက်ဝါး တို့ကို ဖြန့် ပါမည်။ ထာဝရဘုရား သည် မြေကြီး ကို အစိုးရတော်မူကြောင်းကို ကိုယ်တော်သိ စေခြင်းငှာ မိုဃ်းကြိုး စဲ လိမ့်မည်။ မိုဃ်းသီး လည်း မ ကျ မရွာရ။
30 ၃၀ သို့သော်လည်း ကိုယ်တော် နှင့် ကိုယ်တော် ၏ကျွန် တို့သည်၊ ထာဝရ အရှင်ဘုရား သခင်ကို မ ကြောက် သေး ကြောင်းကို အကျွန်ုပ်သိ ပါသည်ဟု လျှောက်ဆို ၏။
31 ၃၁ ပိုက်ဆန် ပင်၊ မုယော ပင်ကို မိုဃ်းသီးထိ ၏။ မုယော ပင်သည် အသီး အနှံနှင့်ပြည့်စုံပြီ။ ပိုက်ဆန် ပင်လည်း အသီးမှည့် ပြီ။
32 ၃၂ ဂ ျုံ စပါး၊ ကောက် စပါးပင်ကိုကား မ ထိ။ ထို အပင်တို့သည် မ ပေါက်ကြသေး။
33 ၃၃ မောရှေ သည် ဖာရော ဘုရင်ထံမှ ထွက် ၍ မြို့ ပြင်သို့သွားပြီးလျှင် ၊ ထာဝရဘုရား ရှေ့တော်၌ လက်ဝါး တို့ကို ဖြန့် သဖြင့် ၊ မိုဃ်းကြိုး နှင့် မိုဃ်းသီး စဲ လေ၏။ မြေ ပေါ်၌ လည်း မိုဃ်း မ ရွာ။
34 ၃၄ ထိုသို့ မိုဃ်း မရွာ၍ မိုဃ်းသီး နှင့် မိုဃ်းကြိုး စဲ သည်ကို ဖာရော ဘုရင်မြင် လျှင် ၊ တဖန် ပြစ်မှား ၍ ၊ ကျွန် များနှင့်တကွ နှလုံး ခိုင်မာ လျက်နေ၏။
35 ၃၅ ထိုသို့ ဖာရောဘုရင်သည် နှလုံး ခိုင်မာ သည်ဖြစ်၍ ၊ မောရှေ ၌ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား တို့ကို မ လွှတ် ဘဲနေပြန်သတည်း။