< ထွက်မြောက်ရာ 8 >
1 ၁ ထာဝရဘုရား ကလည်း ၊ သင်သည် ဖါရော ဘုရင်ထံ သို့ဝင် ၍ ငါ ၏လူ တို့သည် ငါ့ အားဝတ်ပြု မည်အကြောင်း ၊ သူတို့ကိုလွှတ် လော့။
၁ထာဝရဘုရားကမောရှေအား``ဘုရင်ထံ သို့သွား၍`ငါထာဝရဘုရားအားဝတ်ပြု နိုင်ရန် ငါ၏လူမျိုးတော်ကိုသွားခွင့်ပြု လော့။-
2 ၂ မလွှတ် ဘူးဟုငြင်း လျှင် ၊ သင် ၏ပြည် တရှောက်လုံး ကို ဘား တို့ဖြင့် ဒဏ်ခတ် ဦးမည်။
၂သင်သည်သူတို့ကိုသွားခွင့်မပြုလျှင် ငါ သည်သင်၏တစ်တိုင်းပြည်လုံးကိုဖားဖြင့် ဒဏ်ခတ်မည်။-
3 ၃ မြစ် သည်လည်း များစွာ သော ဘား တို့ကိုဘွား၍၊ သူတို့သည် သင် ၏အိမ် ၌၎င်း ၊ အိပ် ခန်း ၌ ၎င်း ၊ အိပ်ရာ ပေါ် ၌၎င်း ၊ သင် ၏ကျွန် တို့ အိမ် ၌ ၎င်း ၊ သင် ၏လူ တို့အပေါ် ၌၎င်း ၊ သင် ၏မီးဖို ၌ ၎င်း ၊ မုန့် နယ်သော ခွက်၌ ၎င်း တက် ကြလိမ့်မည်။
၃မြစ်ထဲတွင်ဖားများဖြင့်ပြည့်စေမည်။ ထိုဖား တို့သည်မြစ်ထဲမှသင်၏နန်းတော်၊ အိပ်ခန်း၊ အိပ်ရာ၊ သင်၏မှူးမတ်နှင့်ပြည်သားတို့၏အိမ် များ၊ သင်၏မီးဖိုနှင့်မုန့်နယ်ရာခွက်များသို့ တက်လာကြလိမ့်မည်။-
4 ၄ သင် မှစ၍ သင် ၏လူ ၊ သင် ၏ကျွန် ရှိသမျှ တို့ အပေါ် ၌ တက် ကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူသည် အကြောင်းကို ကြားပြော လော့ဟု မောရှေ အား မိန့် တော်မူ၏။
၄ဖားတို့သည်သင်နှင့်သင်၏မှူးမတ်၊ ပြည်သူတို့ အပေါ်သို့ခုန်တက်ကြလိမ့်မည်' ဟုပြောလော့'' ဟူ၍မိန့်တော်မူ၏။
5 ၅ တဖန် ထာဝရဘုရား သည် မောရှေ အား မိန့်တော်မူပြန်သည်ကား၊ အာရုန် သည် ချောင်း ရေ၊ မြစ် ရေ၊ အိုင် အင်းရေတို့အပေါ်၌ လှံတံ ကို ကိုင်လျက်၊ လက် ကို ဆန့် ၍ အဲဂုတ္တု ပြည် အပေါ်သို့ ဘား များကို တက် စေ ခြင်းငှါ ပြော လော့ဟု မိန့် တော်မူ၏။
၅တစ်ဖန်ထာဝရဘုရားက``အာရုန်အားမြစ် များ၊ ချောင်းများ၊ အင်းအိုင်များပေါ်သို့သင်၏ တောင်ဝှေးကိုကိုင်၍လက်ကိုဆန့်သောအား ဖြင့်ဖားများတက်လာ၍ အီဂျစ်တစ်ပြည်လုံး တွင်ဖားများဖြင့်ပြည့်စေလော့'' ဟုမောရှေ အားမိန့်တော်မူ၏။-
6 ၆ အာရုန် သည် အဲဂုတ္တု ပြည်၌ရှိသောရေ အပေါ် မှာ လက် ကိုဆန့် သဖြင့် ၊ ဘား တို့သည်တက် ၍ အဲဂုတ္တု ပြည် တရှောက်လုံးကို ဖုံးလွှမ်း ကြ၏။
၆ထို့ကြောင့်အာရုန်သည်ရေပြင်ရှိသမျှပေါ် သို့သူ၏လက်ကိုဆန့်သဖြင့် ဖားများအလွန် မြောက်မြားစွာတက်လာ၍အီဂျစ်တစ်ပြည် လုံးတွင်ဖားတို့ဖြင့်ပြည့်နှက်လျက်ရှိလေ၏။-
7 ၇ ဝိဇ္ဇာဆရာ တို့သည်လည်း ဝိဇ္ဇာအတတ် အားဖြင့် ထိုအတူ ပြု ၍ ဘား တို့ကို အဲဂုတ္တု ပြည် အပေါ် သို့ ဆောင် ကြ၏။
၇မှော်ဆရာတို့ကလည်းမိမိတို့၏အတတ် ပညာဖြင့် အီဂျစ်ပြည်သို့ဖားများတက် လာစေကြ၏။
8 ၈ ထိုအခါ ဖါရော မင်းသည်၊ မောရှေ နှင့် အာရုန် ကို ခေါ် ၍ ၊ ထာဝရဘုရား သည် ဘား တို့ကိုငါ နှင့် ငါ့ လူ တို့ ထံမှ ပယ်ရှား တော်မူမည်အကြောင်း တောင်းပန် လော့။ ဣသရေလလူ တို့သည် ထာဝရဘုရား အား ယဇ်ပူဇော် ရသောအခွင့် ကို ငါပေးမည်ဟု ဆို ၏။
၈ထိုအခါဘုရင်သည် မောရှေနှင့်အာရုန်တို့ ကိုခေါ်၍ ``ငါနှင့်ငါ၏ပြည်သားတို့ထံမှ ဖားတို့ကိုဖယ်ရှားပေးရန်ထာဝရဘုရား ထံဆုတောင်းပါလော့။ သို့ပြုလျှင်သင်တို့၏ အမျိုးသားများ ထာဝရဘုရားကိုယဇ် ပူဇော်ရန်သွားခွင့်ကိုငါပြုမည်'' ဟုဆို၏။
9 ၉ မောရှေ ကလည်း ၊ ကိုယ်တော် နှင့် ကိုယ်တော် အိမ် များမှ ဘား တို့ကို ပယ်ရှင်း ဖျက်ဆီး၍၊ မြစ် ၌ သာ နေ စေ ခြင်းငှါ၊ ကိုယ်တော် နှင့် ကိုယ်တော် ကျွန် များ၊ လူ များအဘို့ အကျွန်ုပ်တောင်းပန် ရသောအချိန် ကို ချိန်းချက် တော်မူပါဟု လျှောက် သော်၊
၉မောရှေက``ကိုယ်တော်နှင့်ကိုယ်တော်၏မှူးမတ် ပြည်သူတို့၏အိမ်များမှဖားတို့ကိုဖယ်ရှား ၍ နိုင်းမြစ်ထဲ၌သာဖားများနေစေရန်မည် သည့်အချိန်တွင်ဆုတောင်းပေးရပါမည် နည်း'' ဟုမေးလျှောက်သော်၊
10 ၁၀ နက်ဖြန် နေ့ တောင်းပန်လော့ဟု မိန့် တော်မူသည်ဖြစ်၍ ၊ မောရှေက၊ အကျွန်ုပ် တို့ဘုရား သခင်ထာဝရဘုရား နှင့်တူ သော ဘုရားမရှိ ကြောင်းကို ကိုယ်တော်သိ စေခြင်းငှါ အမိန့် တော်အတိုင်း ဖြစ်၍ ၊
၁၀ဖာရောဘုရင်က``နက်ဖြန်နေ့တွင်ဆုတောင်း ပေးပါလော့'' ဟုဆိုလေ၏။ ထိုအခါမောရှေက``ကိုယ်တော်ပြောသည် အတိုင်း ဆုတောင်းပေးပါမည်။ အကျွန်ုပ်တို့ ၏ဘုရားသခင်ထာဝရဘုရားနှင့်တူ သော အခြားဘုရားမရှိကြောင်းကိုယ်တော် သိပါလိမ့်မည်။-
11 ၁၁ ဘား တို့သည်ကိုယ်တော် နှင့် ကိုယ်တော် အိမ် များ၊ ကျွန် များ၊ လူ များထံမှ ထွက် သွား၍ မြစ် ၌ သာ နေ ကြလိမ့်မည်ဟု မောရှေလျှောက် ပြီးလျှင်၊
၁၁ဖားတို့ကိုကိုယ်တော်၏နန်းတော်နှင့်ကိုယ် တော်၏မှူးမတ်ပြည်သူတို့ထံမှဖယ်ရှား၍ မြစ်ထဲ၌သာနေစေလိမ့်မည်'' ဟုလျှောက် ထားပြီးလျှင်၊-
12 ၁၂ အာရုန် နှင့်အတူ အထံတော်မှ ထွက်သွား ၍ ၊ ဖါရော ဘုရင်အပေါ် သို့ ထာဝရဘုရား ဆောင် တော်မူ သောဘား တို့အကြောင်း ကြောင့် ၊ မောရှေ သည် ဆုတောင်း ပဌနာပြုလေ၏။
၁၂မောရှေနှင့်အာရုန်တို့သည်ဘုရင်ထံမှထွက် ခဲ့ကြ၏။ ဘုရင်သည်ထာဝရဘုရားသင့်စေ သောဖားများ၏ဘေးမှလွတ်မြောက်ရန်အတွက် မောရှေသည်ထာဝရဘုရားထံတွင်ဆုတောင်း လေ၏။-
13 ၁၃ ထာဝရဘုရား သည် မောရှေ တောင်း လျှောက်သော စကားအတိုင်း ပြု တော်မူသဖြင့် ၊ ဘား တို့သည် အိမ် များ၊ ရွာ များ၊ လယ်ပြင် များတို့တွင် သေ ကြ၏။
၁၃ထာဝရဘုရားသခင်သည်မောရှေဆုတောင်း သည့်အတိုင်းပြုတော်မူသဖြင့်အိမ်များ၊ ခြံ များ၊ လယ်ကွင်းများထဲရှိဖားများသေကြ ကုန်၏။-
14 ၁၄ အသေကောင် တို့ကို စုပုံ ၍ထားသဖြင့် တပြည် လုံး နံ လေ၏။
၁၄အီဂျစ်ပြည်သားတို့သည်ဖားသေကောင်များ ကိုစုပုံထားကြရာတစ်ပြည်လုံးတွင်နံစော် လျက်ရှိလေ၏။-
15 ၁၅ ဖါရော မင်းလည်း၊ သက်သာ ရကြောင်းကို သိမြင် သောအခါ ၊ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ နှလုံး ခိုင်မာ ၍ သူ တို့စကားကို နား မ ထောင်ဘဲ နေပြန် လေ၏။
၁၅တိုင်းပြည်တွင်အခြေအနေကောင်းလာကြောင်း ကိုတွေ့မြင်ရသောအခါ၊ ဘုရင်သည်ထာဝရ ဘုရားမိန့်တော်မူခဲ့သည့်အတိုင်းခေါင်းမာမြဲ ခေါင်းမာလျက် မောရှေနှင့်အာရုန်တို့၏စကား ကိုနားမထောင်ဘဲနေလေ၏။
16 ၁၆ တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊ အဲဂုတ္တု ပြည် တရှောက်လုံး ၌ ရှိသောမြေမှုန့်သည် ခြင် ကောင်ဖြစ် စေခြင်းငှါ ၊ အာရုန် သည် လှံတံ ကိုကိုင်လျက် လက်ကိုဆန့် ၍၊ မြေမှုန့် ကို ရိုက် စေ ခြင်းငှါ ပြော လော့ဟု မိန့်တော်မူသည်အတိုင်း၊
၁၆တစ်ဖန်ထာဝရဘုရားက``အာရုန်အားမြေ ကြီးကိုသင်၏တောင်ဝှေးနှင့်ရိုက်လော့။ အီဂျစ် တစ်ပြည်လုံးတွင်မြေမှုန့်ရှိသမျှသည်တော ခြင်များဖြစ်လာလိမ့်မည်ဟုပြောလော့'' ဟူ ၍မောရှေအားမိန့်တော်မူ၏။-
17 ၁၇ အာရုန် သည် လှံတံ ကိုကိုင်လျက် လက် ကိုဆန့် ၍ မြေမှုန့် ကို ရိုက် လေ၏။ မြေမှုန့်သည်လည်း လူ ၌ ၎င်း ၊ တိရစ္ဆာန် ၌ ၎င်း ခြင် ကောင်ဖြစ် လေ၏။ အဲဂုတ္တု ပြည် တရှောက်လုံး ၌ မြေမှုန့် ရှိသမျှ သည် ခြင် ကောင်ဖြစ် လေ၏။
၁၇ထို့ကြောင့်အာရုန်သည်တောင်ဝှေးဖြင့်မြေ ကြီးကိုရိုက်သဖြင့် အီဂျစ်ပြည်ရှိမြေမှုန့် ရှိသမျှသည်တောခြင်ဖြစ်လာ၍ လူနှင့် တိရစ္ဆာန်တို့၌တွယ်ကပ်လေ၏။-
18 ၁၈ ဝိဇ္ဇာဆရာ ကိုလည်း ၊ ခြင် ကောင်တို့ကို ဖြစ် စေ ခြင်းငှါ ဝိဇ္ဇာအတတ် အားဖြင့် ထိုအတူ ပြု ၍ မ တတ် နိုင် ကြ။ သို့ဖြစ်၍ လူ တို့နှင့် တိရစ္ဆာန် တို့၌ ခြင် ကောင်တို့သည် ရှိ ကြ၏။
၁၈မှော်ဆရာတို့လည်းမိမိတို့၏အတတ်ပညာ ဖြင့် တောခြင်များဖြစ်လာရန်အားထုတ်ကြ သော်လည်းမအောင်မြင်ကြချေ။ တောခြင် များသည်လူနှင့်တိရစ္ဆာန်တို့၌တွယ်ကပ် လေသည်။-
19 ၁၉ ထိုအခါ ဝိဇ္ဇာဆရာ တို့က၊ ဤ အမှုသည် ဘုရား သခင် ၏ တန်ခိုး ကြောင့်ဖြစ်သည်ဟု ဖါရော ဘုရင်အား လျှောက် ကြားကြ၏။ သို့သော်လည်း ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ ဖာရော ဘုရင်သည် နှလုံး ခိုင်မာ ၍ သူ တို့စကားကို နား မ ထောင်ဘဲနေပြန်လေ၏။
၁၉ထိုအခါမှော်ဆရာတို့ကဘုရင်အား``ဤ အမှုအရာသည်ထာဝရဘုရားပြုတော် မူသောအမှုဖြစ်၏'' ဟုလျှောက်ကြ၏။ သို့ ရာတွင်ဘုရင်သည်ထာဝရဘုရားမိန့်တော် မူခဲ့သည့်အတိုင်းခေါင်းမာမြဲခေါင်းမာလျက် မောရှေနှင့်အာရုန်တို့၏စကားကိုနား မထောင်ဘဲနေလေ၏။
20 ၂၀ ထာဝရဘုရား ကလည်း ၊ သင်သည် နံနက် စောစော ထလော့။ ရေ ဆိပ်သို့ ထွက်သွား သော ဖါရော ဘုရင်ရှေ့မှာ ရပ် ၍ ထာဝရဘုရား က၊ ငါ ၏လူ တို့သည် ငါ့ အား ဝတ်ပြု မည်အကြောင်း ၊ သူတို့ကိုလွှတ် လော့။
၂၀တစ်ဖန်ထာဝရဘုရားကမောရှေအား``နံနက် စောစောအချိန်၌ဘုရင်သည်ရေဆိပ်သို့သွား သောအခါ သူနှင့်တွေ့ဆုံ၍`ငါ၏လူမျိုးတော် သည်ငါ့အားဝတ်ပြုနိုင်ရန်သူတို့ကိုသွား ခွင့်ပြုလော့။-
21 ၂၁ မ လွှတ် ဘဲနေလျှင် သင် နှင့် သင် ၏ကျွန် များ၊ လူ များ၊ အိမ် များထဲသို့ ယင်ရဲ တို့ကို ငါ စေလွှတ် သဖြင့် အဲဂုတ္တု လူတို့နေသောအိမ် ၊ ရပ်သောမြေ သည် ယင်ရဲ နှင့်အပြည့် ရှိရလိမ့်မည်။
၂၁သွားခွင့်မပြုလျှင်သင်နှင့်သင်၏မှူးမတ် ပြည်သူတို့ထံသို့မှက်ကောင်များကိုငါ စေလွှတ်မည်။ အီဂျစ်ပြည်သားတို့၏အိမ် များနှင့်မြေတစ်ပြင်လုံးကိုမှက်ကောင် များဖြင့်ပြည့်စေမည်။-
22 ၂၂ ငါ သည် မြေကြီး အလယ် ၌ ထာဝရဘုရား ဖြစ်ကြောင်းကို သင်သိ စေခြင်းငှါ ငါ ၏လူ တို့နေရာ ဂေါရှင် ပြည် ကို ထို နေ့ ၌ ငါခြားနား စေ၍၊ ထို ပြည်၌ ယင်ရဲ မ ရှိ ရ။
၂၂ထိုနေ့တွင်ငါ၏လူမျိုးတော်နေထိုင်ရာ ဂေါရှင်ဒေသကိုချန်လှပ်၍ထားသဖြင့် ထို ဒေသ၌မှက်ကောင်မရှိစေရ။ ထိုသို့ပြုခြင်း အားဖြင့်ငါထာဝရဘုရားသည်ဤပြည် တွင်ရှိတော်မူကြောင်းကိုသင်သိရလိမ့်မည်။-
23 ၂၃ ထိုသို့ ငါ ၏လူ တို့နှင့် သင် ၏လူ တို့ကို ငါခြားနား စေ မည်။ နက်ဖြန် နေ့၌ ထို နိမိတ် ထင်ရှား လိမ့်မည်ဟု မိန့် တော်မူကြောင်းကို ပြော လော့ဟု မောရှေ အား မိန့် တော်မူ၏။
၂၃ငါသည်ငါ၏လူမျိုးတော်နှင့်သင်၏လူမျိုး ကိုခြားနား၍ထားမည်။ ဤနိမိတ်လက္ခဏာ ကိုနက်ဖြန်နေ့တွင်ငါပြမည်' ဟုထာဝရ ဘုရားမိန့်တော်မူကြောင်းပြောလော့'' ဟူ၍ မိန့်တော်မူသည်။-
24 ၂၄ ထိုသို့ ထာဝရဘုရား ပြု တော်မူသဖြင့် ၊ အလွန် ကြမ်းတမ်း သော ယင်ရဲ တို့သည်၊ ဖါရော ဘုရင်အိမ် အစရှိသော သူ ၏ကျွန် တို့အိမ် ၊ အဲဂုတ္တု ပြည် တရှောက်လုံး ၌ ရောက် လာ၍၊ ထိုယင်ရဲ တို့ကြောင့် အဲဂုတ္တုပြည် ပျက် လေ၏။
၂၄ထာဝရဘုရားသည်မှက်ကောင်အုပ်ကြီးများ ကိုဘုရင်၏နန်းတော်၊ မှူးမတ်တို့၏အိမ်များ နှင့်အီဂျစ်တစ်ပြည်လုံးသို့စေလွှတ်တော်မူ ၏။ မှက်ကောင်များကြောင့်တိုင်းပြည်ပျက် ရလေ၏။
25 ၂၅ ထိုအခါ ၊ ဖါရော ဘုရင်သည် မောရှေ နှင့် အာရုန် ကို ခေါ် ပြီးလျှင် ၊ သင်တို့သည် ဤပြည် ၌ သင် တို့၏ ဘုရား သခင် အား ယဇ်ပူဇော် သွား ကြလော့ဟု မိန့် တော်မူသော်၊
၂၅ထိုအခါဘုရင်သည် မောရှေနှင့်အာရုန်တို့ ကိုခေါ်၍``သင်တို့၏ဘုရားအားဤပြည် ထဲ၌ယဇ်ပူဇော်လော့'' ဟုဆိုလေ၏။
26 ၂၆ မောရှေ က ထိုသို့ မ ပြု သင့်။ ပြုလျှင်အဲဂုတ္တု လူ တို့၏ ရွံရှာ ဘွယ်သောအရာကို အကျွန်ုပ် တို့ဘုရား သခင်ထာဝရဘုရား အား ယဇ် ပူဇော်ရပါမည်။ အဲဂုတ္တု လူတို့၏ ရွံရှာဘွယ် သောအရာကို သူ တို့မျက်မှောက် ၌ ယဇ်ပူဇော် လျှင် ၊ သူတို့သည် အကျွန်ုပ် တို့ကိုခဲနှင့်ပစ် ကြပါလိမ့်မည်မဟုတ် လော။
၂၆မောရှေက``အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားအား ပူဇော်သောယဇ်ကောင် များကိုအီဂျစ်အမျိုးသားတို့ကရွံရှာ ကြမည်ဖြစ်သောကြောင့် ထိုကဲ့သို့မပြုလုပ် သင့်ပါ။ အီဂျစ်အမျိုးသားတို့သည်ယဇ် ကောင်များပူဇော်ခြင်းကိုမြင်လျှင် အကျွန်ုပ် တို့အားခဲနှင့်ပစ်၍သတ်ကြပါလိမ့်မည်။-
27 ၂၇ သို့ဖြစ်၍တော ၌ သုံး ရက် ခရီး သွား ၍ အကျွန်ုပ် တို့ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ယဇ်ပူဇော် ကြပါမည်ဟု လျှောက်ဆို ၏။
၂၇အကျွန်ုပ်တို့သည်ဘုရားသခင်ထာဝရ ဘုရားမိန့်တော်မူသည့်အတိုင်း တောကန္တာရ သို့သုံးရက်ခရီးသွား၍ယဇ်ပူဇော်ရပါ မည်'' ဟုလျှောက်ဆို၏။
28 ၂၈ ဖါရော ဘုရင်ကလည်း ၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား အား ၊ တော ၌ ယဇ် ပူဇော်မည်အကြောင်း ၊ သွားရသောအခွင့် ကို ငါ ပေးမည်။ သို့ရာတွင် ဝေး ဝေး မ သွား ရကြ။ ငါ့ အဘို့ တောင်းပန် လော့ဟု မိန့် တော်မူ၏။
၂၈ဖာရောဘုရင်က``သင်တို့၏ဘုရားသခင် ထာဝရဘုရားအား တောကန္တာရ၌ယဇ်ပူ ဇော်ရန်ငါစေလွှတ်မည်။ သို့ရာတွင်ခရီး ဝေးမသွားရ။ ငါ့အတွက်ဆုတောင်းပေး ပါလော့'' ဟုဆိုလေ၏။
29 ၂၉ မောရှေ ကလည်း ၊ အကျွန်ုပ် သည် ကိုယ်တော် ထံ မှ ထွက်သွား ၍ ယင်ရဲ တို့သည် ဖါရော ဘုရင်နှင့် သူ ၏ ကျွန် များ၊ လူ များထံမှ ၊ နက်ဖြန် နေ့သွား မည်အကြောင်း ထာဝရဘုရား ကို တောင်းပန် ပါမည်။ သို့ရာတွင် ဣသရေလ လူ တို့သည် ထာဝရဘုရား အား ယဇ် မပူဇော်ရမည် အကြောင်း ၊ နောက်တဖန် ဆီးတား ၍ လှည့်စား တော် မ မူပါနှင့်ဟု လျှောက် ပြီးလျှင် ၊
၂၉မောရှေက``နက်ဖြန်နေ့တွင်ကိုယ်တော်နှင့် မှူးမတ်ပြည်သူတို့ထံမှ မှက်ကောင်များကို ဖယ်ရှားပေးရန်ယခုကိုယ်တော်ထံမှထွက် သွားလျှင်သွားချင်း ထာဝရဘုရားထံ၌ ဆုတောင်းပေးပါမည်။ ထာဝရဘုရားကို ယဇ်ပူဇော်ရန်ဣသရေလအမျိုးသားတို့ အား ယခုသွားခွင့်ပြုပြီးမှမသွားရဟု နောက်တစ်ဖန်မလှည့်စားမတားဆီးပါ နှင့်'' ဟုလျှောက်ထားလေ၏။
30 ၃၀ ဖါရော ဘုရင်ထံ မှ ထွက် သွား၍ ထာဝရဘုရား ကို တောင်းပန် လေ၏။
၃၀ထိုနောက်မောရှေသည်ဘုရင်ထံမှထွက်ခဲ့ ပြီးနောက် ထာဝရဘုရားထံ၌ဆုတောင်း လေ၏။-
31 ၃၁ ထာဝရဘုရား သည်လည်း ၊ မောရှေ စကား ကို နားထောင် ၍ ယင်ရဲ တို့ကို ဖါရော ဘုရင်နှင့်သူ ၏ကျွန် များ၊ လူ များထံမှာ တကောင် မျှ မ ကျန် စေခြင်းငှါ ပယ်ရှား တော်မူ၏။
၃၁ထာဝရဘုရားသည်မောရှေဆုတောင်းသည့် အတိုင်း ဘုရင်နှင့်မှူးမတ်ပြည်သူတို့ထံ၌ မှက်တစ်ကောင်မျှမကျန်စေရန်မှက်အားလုံး ကိုဖယ်ရှားတော်မူ၏။-
32 ၃၂ ထို အခါ ၌ လည်း ၊ ဖါရော ဘုရင်သည် နှလုံး ခိုင်မာ ပြန်၍ ၊ ဣသရေလလူ တို့ကို မ လွှတ် ဘဲနေလေ၏။
၃၂သို့ရာတွင်ဘုရင်သည်ယခုအကြိမ်၌လည်း ခေါင်းမာမြဲခေါင်းမာလျက် ဣသရေလ အမျိုးသားတို့ကိုသွားခွင့်မပြုချေ။