< ထွက်မြောက်ရာ 7 >
1 ၁ ထာဝရဘုရား ကလည်း၊ သို့ဖြစ်၍ သင့် ကိုဖါရော ဘုရင်၏ ဘုရား အရာ၌ ငါခန့် ထား၏။ သင် ၏အစ်ကို အာရုန် သည်၊ သင် ၏ပရောဖက် ဖြစ် ရလိမ့်မည်။
And the Lord said to Moses: “Behold, I have appointed you as the god of Pharaoh. And Aaron, your brother, will be your prophet.
2 ၂ ငါမိန့် တော်မူသမျှ တို့ကို သင် သည် ပြန်ပြော ရမည်။ ဖါရောဘုရင်သည် ဣသရေလ အမျိုးသား တို့ကို မိမိ ပြည် မှ လွှတ် လိုက်ရမည်အကြောင်း ကို၊ သင် ၏အစ်ကို အာရုန် သည် သူ့ ထံ၌ လျှောက် ရမည်။
You will speak to him all that I command you. And he will speak to Pharaoh, so that he may release the sons of Israel from his land.
3 ၃ ငါ သည်လည်း ဖါရော မင်း၏ နှလုံး ကို ခိုင်မာ စေ၍ ၊ အဲဂုတ္တု ပြည် ၌ ငါ ၏နိမိတ် လက္ခဏာ အံ့ဘွယ် သော အမှုတို့ကို များပြား စေမည်။
But I will harden his heart, and I will multiply my signs and wonders in the land of Egypt,
4 ၄ သို့သော်လည်း ဖါရော မင်းသည် သင် တို့စကားကို နား မ ထောင်ဘဲနေလိမ့်မည်။ ငါသည်လည်း ငါ့ လက် ကို အဲဂုတ္တု ပြည်အပေါ် မှာတင် ၍ ကြီးစွာ သောဒဏ်ခတ် ခြင်းအားဖြင့် ငါ ၏ဗိုလ်ပါ များ၊ ငါ ၏လူ ဣသရလ အမျိုးသား တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် မည်။
and he will not listen to you. And I will send my hand over Egypt, and I will lead my army and my people, the sons of Israel, from the land of Egypt, through very great judgments.
5 ၅ ထိုသို့ အဲဂုတ္တု ပြည်အပေါ် မှာ ငါ့ လက် ကိုဆန့် ၍ ၊ ဣသရေလ အမျိုးသား တို့ကို သူ တို့အထဲ မှ နှုတ်ဆောင် သောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်းကို အဲဂုတ္တု လူတို့သည် သိ ကြလိမ့်မည်ဟု မောရှေ အား မိန့် တော်မူ၏။
And the Egyptians will know that I am the Lord, who has extended my hand over Egypt, and who has led the sons of Israel from their midst.”
6 ၆ မောရှေ နှင့် အာရုန် တို့သည် ထာဝရဘုရား မိန့် တော်မူသမျှ အတိုင်း ပြု ကြ၏။
And so, Moses and Aaron did just as the Lord had instructed. And so it was done.
7 ၇ ဖါရော ဘုရင်ထံ ၌ လျှောက် ကြသောအခါ ၊ မောရှေ ၏အသက် သည် အနှစ် ရှစ်ဆယ် ရှိ၏။ အာရုန် ၏ အသက် သည် အနှစ် ရှစ်ဆယ် သုံး နှစ်ရှိ၏။
Now Moses was eighty years old, and Aaron eighty-three, when they spoke to Pharaoh.
8 ၈ တဖန် ထာဝရဘုရား သည် မောရှေ နှင့် အာရုန် တို့အား မိန့် တော်မူသည်ကား၊
And the Lord said to Moses and Aaron:
9 ၉ ဖါရော ဘုရင်က၊ သင် တို့အတွက် ထူးဆန်း သော တန်ခိုးကို ပြ လော့ဟုဆို လျှင် ၊ သင် ၏ လှံတံ ကိုယူ ၍ ရှေ့တော်၌ချ လော့ဟု အာရုန် အား ပြော လော့။ လှံတံသည်လည်း မြွေ ဖြစ် လိမ့်မည်ဟု မိန့်တော်မူ၏။
“When Pharaoh will say to you, ‘Show signs,’ you shall say to Aaron, ‘Take your staff, and cast it down before Pharaoh, and it will be turned into a snake.’”
10 ၁၀ မောရှေ နှင့် အာရုန် သည် ဖါရော ဘုရင်ထံ သို့ဝင် ၍ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ပြု သဖြင့်၊ အာရုန် သည် ဖါရော ဘုရင်ရှေ့၊ သူ ၏ကျွန် များရှေ့ မှာ လှံတံ ကိုချ ၍ မြွေ ဖြစ် လေ၏။
And so Moses and Aaron entered to Pharaoh, and they did just as the Lord had commanded. And Aaron took the staff in the sight of Pharaoh and his servants, and it was turned into a snake.
11 ၁၁ ထိုအခါ ဖါရော ဘုရင်သည် ပညာရှိ များ၊ ပြုစား တတ်သောသူများတို့ကိုခေါ် ၍ ၊ အဲဂုတ္တု အမျိုး ဝိဇ္ဇာဆရာ တို့သည်၊ ဝိဇ္ဇာအတတ် အားဖြင့် ထိုအတူ ပြု ၍ ၊
Then Pharaoh called the wise men and the sorcerers. And they also, by Egyptian incantations and certain secrets, did similarly.
12 ၁၂ မိမိ တို့ကိုင်သော လှံတံ များကိုချ ၍ မြွေ ဖြစ် ကြလေ၏။ သို့သော်လည်း အာရုန် ၏လှံတံ သည် သူ တို့၏ လှံတံ များကို မျို လေ၏။
And each one cast down their staffs, and they were turned into serpents. But the staff of Aaron devoured their staffs.
13 ၁၃ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ ဖါရော ဘုရင်သည် နှလုံး ခိုင်မာ ၍ သူ တို့၏စကားကို နား မ ထောင်ဘဲနေ၏။
And the heart of Pharaoh was hardened, and he did not listen to them, just as the Lord had instructed.
14 ၁၄ ဖါရော ဘုရင်သည် နှလုံး ခိုင်မာ ၍ ဣသရေလလူ တို့ကို မ လွှတ်ဘဲနေ၏။
Then the Lord said to Moses: “The heart of Pharaoh has been hardened; he is not willing to release the people.
15 ၁၅ နံနက် အချိန်၌ ဖါရော ဘုရင်ထံ သို့သွား လော့။ သူသည် ရေ ဆိပ်သို့ သွား လိမ့်မည်။ သူမရောက်မှီ သင် သည် မြစ် ကမ်းနား မှာ ရပ် နေလော့။ မြွေ ဖြစ် သော လှံတံ ကိုလည်း လက် တွင် ကိုင် လော့။
Go to him in the morning; behold, he will go out to the waters. And you will stand to meet him above the bank of the river. And you will take, in your hand, the staff that was turned into a serpent.
16 ၁၆ ဟေဗြဲ အမျိုးသားတို့၏ ဘုရား သခင်ထာဝရဘုရား က၊ ငါ့ လူ တို့သည်တော ၌ ငါ့ အား ဝတ်ပြု မည် အကြောင်း ၊ သူတို့ကိုလွှတ် လော့ဟု အမိန့်တော်ပါသောကျွန်ုပ် ကို ကိုယ်တော် ထံ သို့စေလွှတ် တော်မူပြီ။ ကိုယ်တော်သည် ယခု တိုင်အောင် နား မ ထောင်ဘဲနေပါသည် တကား။
And you will say to him: ‘The Lord God of the Hebrews sent me to you, saying: Release my people in order to sacrifice to me in the desert. And even until the present time, you were not willing to listen.
17 ၁၇ ထာဝရဘုရား က ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်သည်အဘယ်သို့သိ ရမည်နည်းဟူမူကား ၊ ငါ ကိုင် သောလှံတံ နှင့် မြစ် ရေကို ရိုက် ၍ ထိုရေ သည် အသွေး ဖြစ် လိမ့်မည်။
Therefore, thus says the Lord: In this you will know that I am the Lord. Behold, I will strike, with the staff that is in my hand, the water of the river, and it will be turned into blood.
18 ၁၈ မြစ် ၌ ရှိသောငါး တို့သည်သေ ကြလိမ့်မည်။ မြစ် ရေလည်း နံ လိမ့်မည်၊ အဲဂုတ္တု လူတို့သည်လည်း မြစ် ရေ ကို ရွံ ကြလိမ့်မည် အကြောင်းကို ပြန်ပြော လော့ဟု မောရှေ အား မိန့် တော်မူ၏။
Also, the fishes that are in the river will die, and the waters will be polluted, and the Egyptians will be afflicted when they drink the water of the river.’”
19 ၁၉ တဖန် ထာဝရဘုရား သည် မောရှေ ကို မိန့်တော်မူပြန်သည်ကား၊ အာရုန် အား သင် ၏လှံတံ ကိုယူ ၍ အဲဂုတ္တု ပြည်၌ရှိသောချောင်း ရေ၊ မြစ် ရေ၊ အိုင် အင်းရေ၊ ကန် ရေ၊ တွင်းရေ ရှိသမျှအပေါ် မှာ လက် ကိုဆန့် လော့။ ထို ရေ ရှိသမျှ တို့သည် အသွေး ဖြစ် လိမ့်မည်။ အဲဂုတ္တု ပြည် တရှောက်လုံး ၊ သစ် ခွက်၊ ကျောက် အိုး၌ မျှ မကြွင်း အသွေး ရှိ လိမ့်မည်အကြောင်းကို ပြော လော့ဟု မိန့် တော်မူ၏။
The Lord also said to Moses: “Say to Aaron: ‘Take your staff; and extend your hand over the waters of Egypt, and over their rivers and streams and marshes and all the pools of waters, so that they may be turned into blood. And let there be blood throughout all the land of Egypt, as much in vessels of wood as in those of stone.’”
20 ၂၀ မောရှေ နှင့် အာရုန် သည် ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ပြု ၍ ၊ အာရုန်သည် ဖါရော ဘုရင် ရှေ့ ၊ သူ ၏ကျွန် များရှေ့ မှာ လှံတံ ကိုချီ ၍ မြစ် ရေ ကို ရိုက် သဖြင့် ၊ မြစ် ရေ ရှိသမျှ သည် အသွေး ဖြစ် လေ၏။
And Moses and Aaron did just as the Lord had instructed. And lifting up the staff, he struck the water of the river in the sight of Pharaoh and his servants. And it was turned into blood.
21 ၂၁ မြစ် ၌ ရှိသောငါး တို့သည်လည်း သေ ကြ၍ ၊ မြစ် ရေနံ သောကြောင့် ၊ အဲဂုတ္တု လူတို့သည် မြစ် ရေ ကို မ သောက် နိုင် ကြ။ အဲဂုတ္တု ပြည် တရှောက်လုံး ၌ အသွေး နှံ့ပြားလျက် ရှိ လေ၏။
And the fishes that were in the river died, and the river was polluted, and the Egyptians were not able to drink the water of the river, and there was blood throughout the entire land of Egypt.
22 ၂၂ အဲဂုတ္တု အမျိုးသားဝိဇ္ဇာဆရာ တို့လည်း ဝိဇ္ဇာအတတ် အားဖြင့် ထိုအတူ ပြု ကြ၏။ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ ဖါရော ဘုရင်သည် နှလုံး ခိုင်မာ ၍ သူ တို့၏စကားကို နား မ ထောင်ဘဲနေ၏။
And the sorcerers of the Egyptians, with their incantations, did similarly. And the heart of Pharaoh was hardened, he did not listen to them, just as the Lord had instructed.
23 ၂၃ နန်းတော် သို့ လှည့်လည် ပြန် သွား၍ ထို အမှုကို နှလုံး မ သွင်း ဘဲ နေလေ၏။
And he turned himself away, and he entered his house, neither did he apply his heart to this turn of events.
24 ၂၄ ထိုအခါ အဲဂုတ္တု လူတို့သည် မြစ် ရေ ကို မ သောက် နိုင် သောကြောင့် ၊ သောက် ရေ ကိုရခြင်းငှါ မြစ် နား မှာ တွင်းတူး ကြ၏။
Then all the Egyptians dug along the borders of the river for water to drink. For they were not able to drink from the water of the river.
25 ၂၅ ထာဝရဘုရား သည်မြစ် ကိုဒဏ်ခတ် ၍ ခုနစ် ရက် ကိုလွန် စေတော်မူ၏။
And seven days were completed, after the Lord struck the river.