< ထွက်မြောက်ရာ 6 >

1 ထာဝရဘုရား ကလည်း ၊ ငါသည် ဖါရော မင်း၌ အဘယ်သို့ ပြု မည်ကို သင်သည် ယခု သိ လိမ့်မည်။ သူသည် ကြီးစွာ သောတန်ခိုး ကို တွေ့မြင်၍၊ ငါ၏လူ တို့ကို လွှတ် ရလိမ့်မည်။ ကြီးစွာ သော တန်ခိုး ကို တွေ့မြင်၍ သူ တို့ကို မိမိ ပြည် မှ နှင် ရလိမ့်မည်ဟု မောရှေ အား မိန့် တော်မူ၏။
JEHOVÁ respondió á Moisés: Ahora verás lo que yo haré á Faraón; porque con mano fuerte los ha de dejar ir; y con mano fuerte los ha de echar de su tierra.
2 တဖန် ဘုရား သခင်သည် မောရှေ ၌ ဗျာဒိတ် ထားတော်မူသည်ကား၊ ငါ သည် ထာဝရဘုရား ဖြစ်၏။
Habló todavía Dios á Moisés, y díjole: Yo soy JEHOVÁ;
3 ငါသည် အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ၊ အနန္တ တန်ခိုးရှင်၊ ဘုရား သခင်နာမနှင့် ထင်ရှား သော်လည်း ၊ ထာဝရဘုရား နာမ အားဖြင့်သူ တို့သည် ငါ့ကို မ သိ ကြ။
Y aparecí á Abraham, á Isaac y á Jacob bajo [el nombre de] Dios Omnipotente, mas en mi nombre JEHOVÁ no me notifiqué á ellos.
4 သူ တို့သည် အရပ်ရပ်လည် ၍၊ ဧည့်သည်နေရာပြည် ၊ ခါနာန် ပြည် ကို သူ တို့အား ပေး ခြင်းငှါ ၊ သူ တို့နှင့် ငါ ပြုသောပဋိညာဉ် ကို ငါတည် စေပြီ။
Y también establecí mi pacto con ellos, de darles la tierra de Canaán, la tierra en que fueron extranjeros, y en la cual peregrinaron.
5 အဲဂုတ္တု လူတို့သည် အစေ ကျွန်ခံစေသော ဣသရေလ အမျိုးသားတို့၏ ညဉ်းတွား မြည်တမ်းခြင်းအသံကို ငါ ကြား ရပြီ။ ငါ ပဋိညာဉ် ကိုလည်း ငါအောက်မေ့ ၏။
Y asimismo yo he oído el gemido de los hijos de Israel, á quienes hacen servir los Egipcios, y heme acordado de mi pacto.
6 ထိုကြောင့်ဣသရေလ အမျိုးသားတို့အား ပြောရသောစကားဟူမူကား၊ ငါ သည် ထာဝရဘုရား ဖြစ်၏။ ငါသည်လည်း သင်တို့ကို အဲဂုတ္တု လူတို့လက် မှ လွှတ် ၍ ၊ သူ တို့၏ ညှဉ်းဆဲ ခြင်းထဲက နှုတ်ယူ မည်။ လက် ဆန့် ခြင်း၊ ကြီးစွာ သော ဒဏ်ခတ် ခြင်းအားဖြင့် သင် တို့ကို ငါရွေး မည်။
Por tanto dirás á los hijos de Israel: Yo JEHOVÁ; y yo os sacaré de debajo de las cargas de Egipto, y os libraré de su servidumbre, y os redimiré con brazo extendido, y con juicios grandes:
7 ငါ ၏လူမျိုး ဖြစ်စေခြင်းငှါ ၊ သင် တို့ကို ငါသိမ်းယူ မည်။ ငါသည်လည်း သင် တို့၏ ဘုရား သခင်ဖြစ် မည်။ ငါ သည်သင် တို့ကို အဲဂုတ္တု လူတို့လက် မှ လွှတ် သော သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိ ကြလိမ့်မည်။
Y os tomaré por mi pueblo y seré vuestro Dios: y vosotros sabréis que yo soy Jehová vuestro Dios, que os saco de debajo de las cargas de Egipto:
8 ငါသည်လည်း ၊ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့ အား ပေး မည်ဟု ကျိန်ဆိုသောပြည် သို့ ငါပို့ဆောင် ၍ ၊ အမွေ ခံစရာဘို့ ပေး မည်။ ငါ သည် ထာဝရဘုရား ဖြစ်၏ဟု မိန့် တော်မူ၏။
Y os meteré en la tierra, por la cual alcé mi mano que la daría á Abraham, á Isaac y á Jacob: y yo os la daré por heredad. Yo JEHOVÁ.
9 ထိုသို့မောရှေ သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆို သော်လည်း ၊ သူတို့သည် အလွန်စိတ် ပင်ပန်း ၍ ကြမ်းတမ်း စွာ ညှဉ်းဆဲခြင်း ကို ခံရသောကြောင့် ၊ မောရှေ စကားကို နား မ ထောင်ဘဲနေကြ၏။
De esta manera habló Moisés á los hijos de Israel: mas ellos no escuchaban á Moisés á causa de la congoja de espíritu, y de la dura servidumbre.
10 ၁၀ ထာဝရဘုရား ကလည်း ၊ အဲဂုတ္တု ရှင်ဘုရင် ဖါရော မင်းထံ သို့ဝင် ၍၊
Y habló Jehová á Moisés, diciendo:
11 ၁၁ သူသည် ဣသရေလ အမျိုးသားတို့ကို မိမိ ပြည် မှ လွှတ် ရမည်အကြောင်း ပြော လော့ဟု မောရှေ အား မိန့် တော်မူ၏။
Entra, y habla á Faraón rey de Egipto, que deje ir de su tierra á los hijos de Israel.
12 ၁၂ မောရှေ ကလည်း ၊ ဣသရေလ အမျိုးသားတို့သည် အကျွန်ုပ် ပြောသောစကားကို နား မ ထောင်ဘဲ နေသည်ဖြစ်၍ ၊ အရေဖျား လှီးခြင်းကို မခံသောနှုတ် နှင့် ပြောတတ်သော အကျွန်ုပ် ၏စကားကို ဖါရော မင်းသည် အဘယ်သို့ နားထောင် ပါမည်နည်းဟု ထာဝရဘုရား ရှေ့မှာ လျှောက်ဆို ၏။
Y respondió Moisés delante de Jehová, diciendo: He aquí, los hijos de Israel no me escuchan: ¿cómo pues me escuchará Faraón, mayormente siendo yo incircunciso de labios?
13 ၁၃ သို့ရာတွင်မောရှေ နှင့် အာရုန် သည် ဣသရေလ အမျိုးသားတို့ကိုအဲဂုတ္တု ပြည် မှ နှုတ်ဆောင် ရမည် အကြောင်း၊ ထာဝရဘုရား သည် သူတို့ကိုခေါ်၍ ဣသရေလ အမျိုးသားတို့ထံသို့ ၎င်း၊ အဲဂုတ္တု ရှင်ဘုရင် ဖါရော မင်းထံသို့ ၎င်း စေခိုင်း မှာ ထားတော်မူ၏။
Entonces Jehová habló á Moisés y á Aarón, y dióles mandamiento para los hijos de Israel, y para Faraón rey de Egipto, para que sacasen á los hijos de Israel de la tierra de Egipto.
14 ၁၄ ဣသရေလ အဆွေအမျိုး သူကြီး တို့၏ အမည်ဟူမူကား၊ ဣသရေလ သားဦး ရုဗင် ၏သား ကား၊ ဟာနုတ် ၊ ဖါလု ၊ ဟေဇရုံ ၊ ကာမိ တည်း။ ဤ သူတို့သည် ရုဗင် အမျိုးအနွယ် ဖြစ်၏။
Estas son las cabezas de las familias de sus padres. Los hijos de Rubén, el primogénito de Israel: Hanoch y Phallú, Hezrón y Carmi: estas son las familias de Rubén.
15 ၁၅ ရှိမောင် ၏သား ကား၊ ယမွေလ ၊ ယာမိန် ၊ ဩဟဒ် ၊ ယာခိန် ၊ ဇောဟာ ၊ ခါနာန် အမျိုးသမီးမိန်းမ၏သား ရှောလ တည်း။ ဤ သူတို့သည် ရှိမောင် အမျိုးအနွယ် ဖြစ်၏။
Los hijos de Simeón: Jemuel, y Jamín, y Ohad, y Jachîn, y Zoar, y Saúl, hijo de una Cananea: estas son las familias de Simeón.
16 ၁၆ လေဝိ သား အဆွေအမျိုး အလိုက်ဟူမူကား ၊ ဂေရရှုံ ၊ ကောဟတ် ၊ မေရာရိ တည်း။ လေဝိ အသက် သည် အနှစ် တရာ သုံးဆယ် ခုနစ် နှစ် ရှိသတည်း။
Y estos son los nombres de los hijos de Leví por sus linajes: Gersón, y Coath, y Merari. Y los años de la vida de Leví fueron ciento treinta y siete años.
17 ၁၇ ဂေရရှုံ သား အဆွေအမျိုး အလိုက် ဟူမူကား၊ လိဗနိ နှင့် ရှိမိ တည်း။
Y los hijos de Gersón: Libni, y Shimi, por sus familias.
18 ၁၈ ကောဟတ် သား ကား၊ အာမရံ ၊ ဣဇဟာ ၊ ဟေဗြုန် ၊ ဩဇေလ တည်း။ ကောဟတ် အသက် သည် အနှစ် တရာ သုံးဆယ် သုံး နှစ် ရှိသတည်း။
Y los hijos de Coath: Amram, é Izhar, y Hebrón, y Uzziel. Y los años de la vida de Coath fueron ciento treinta y tres años.
19 ၁၉ မေရာရိ သား ကား၊ မဟာလိ နှင့် မုရှိ တည်း။ ဤ သူတို့သည် လေဝိ အဆွေအမျိုး အသီးအသီးဖြစ်သတည်း။
Y los hijos de Merari: Mahali, y Musi: estas son las familias de Leví por sus linajes.
20 ၂၀ အာမရံ သည် မိမိ အရီး ယောခေဗက် နှင့် စုံဘက် ၍ ၊ သူ သည် အာရုန် နှင့် မောရှေ ကို၎င်း၊ သူတို့အစ်မမိရိအံကို၎င်းဘွား လေ၏။ အာမရံ အသက် သည် အနှစ် တရာ သုံးဆယ် ခုနစ် နှစ် ရှိသတည်း။
Y Amram tomó por mujer á Jochêbed su tía; la cual le parió á Aarón y á Moisés. Y los años de la vida de Amram fueron ciento treinta y siete años.
21 ၂၁ ဣဇဟာ သား ကား၊ ကောရ ၊ နေဖက် ၊ ဇိခရိ တည်း။
Y los hijos de Izhar: Cora, y Nepheg y Zithri.
22 ၂၂ ဩဇေလ သား ကား၊ မိရှေလ ၊ ဧလဇာဖန် ၊ သိသရိ တည်း။
Y los hijos de Uzziel: Misael, y Elzaphán y Zithri.
23 ၂၃ အာရုန် သည် အမိနဒပ် သမီး ၊ နာရှုန် နှမ ဧလိရှဘ နှင့် စုံဘက် ၍ ၊ သူသည်နာဒပ် ၊ အဘိဟု ၊ ဧလဇာ ၊ ဣသမာ တို့ကို ဘွား လေ၏။
Y tomóse Aarón por mujer á Elisabeth, hija de Aminadab, hermana de Naasón; la cual le parió á Nadab, y á Abiú, y á Eleazar y á Ithamar.
24 ၂၄ ကောရ သား ကား၊ အဿိရ ၊ ဧလကာန ၊ အဗျာသပ် တည်း။ ဤ သူတို့သည် ကောရ အဆွေအမျိုး ဖြစ်သတည်း။
Y los hijos de Cora: Assir, y Elcana, y Abiasaph: estas son las familias de los Coritas.
25 ၂၅ အာရုန် သား ဧလဇာ သည် ပုတျေလ သမီး တယောက်နှင့်စုံဘက် ၍ ၊ သူသည် ဖိနဟတ် ကိုဘွား လေ၏။ ဤ သူတို့သည် လေဝိ အမျိုး၊ အသီးအသီးတို့၏ အဆွေအမျိုး သူကြီး ဖြစ်ကြသတည်း။
Y Eleazar, hijo de Aarón, tomó para sí mujer de las hijas de Phutiel, la cual le parió á Phinees: y estas son las cabezas de los padres de los Levitas por sus familias.
26 ၂၆ ထာဝရဘုရား က ဣသရေလ အမျိုးသား ဗိုလ်ပါတို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် လော့ဟု မိန့် တော်မူသောစကားကိုခံ သောသူ၊
Este es aquel Aarón y aquel Moisés, á los cuales Jehová dijo: Sacad á los hijos de Israel de la tierra de Egipto por sus escuadrones.
27 ၂၇ ဣသရေလ အမျိုးသား တို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် ခြင်းငှါ ၊ အဲဂုတ္တု ရှင်ဘုရင် ဖါရော မင်းထံ ၌ လျှောက် ရသောသူ တို့သည်၊ ထို အာရုန် နှင့် မောရှေ ဖြစ်သတည်း။
Estos son los que hablaron á Faraón rey de Egipto, para sacar de Egipto á los hijos de Israel. Moisés y Aarón fueron estos.
28 ၂၈ အဲဂုတ္တု ပြည် မှာ ထာဝရဘုရား သည်၊ မောရှေ အား ဗျာဒိတ် ထားတော်မူသောနေ့ရက် ၌ လည်း ၊
Cuando Jehová habló á Moisés en la tierra de Egipto,
29 ၂၉ ငါ သည် ထာဝရဘုရား ဖြစ်၏။ ငါ မှာ လိုက်သမျှတို့ကို ၊ အဲဂုတ္တု ရှင်ဘုရင် ဖါရော မင်းအား ပြန်ပြော ရမည်ဟု မောရှ အား ထာဝရဘုရား မိန့် တော်မူ၏။
Entonces Jehová habló á Moisés, diciendo: Yo soy JEHOVÁ; di á Faraón rey de Egipto todas las cosas que yo te digo á ti.
30 ၃၀ မောရှေ ကလည်း ၊ အကျွန်ုပ် သည် အရေဖျား လှီးခြင်းကို မခံသောနှုတ် ရှိသည်ဖြစ်၍ ၊ ဖါရော ဘုရင်သည် အကျွန်ုပ် စကားကို အဘယ်သို့ နားထောင် ပါလိမ့်မည်နည်းဟု ထာဝရဘုရား ရှေ့ မှာ လျှောက်ဆို ၏။
Y Moisés respondió delante de Jehová: He aquí, yo soy incircunciso de labios, ¿cómo pues me ha de oir Faraón?

< ထွက်မြောက်ရာ 6 >