< ထွက်မြောက်ရာ 6 >
1 ၁ ထာဝရဘုရား ကလည်း ၊ ငါသည် ဖါရော မင်း၌ အဘယ်သို့ ပြု မည်ကို သင်သည် ယခု သိ လိမ့်မည်။ သူသည် ကြီးစွာ သောတန်ခိုး ကို တွေ့မြင်၍၊ ငါ၏လူ တို့ကို လွှတ် ရလိမ့်မည်။ ကြီးစွာ သော တန်ခိုး ကို တွေ့မြင်၍ သူ တို့ကို မိမိ ပြည် မှ နှင် ရလိမ့်မည်ဟု မောရှေ အား မိန့် တော်မူ၏။
Then said Yahweh unto Moses, Now, shalt thou see, what I will do to Pharaoh, for with a strong hand, shall he let them go, and with a strong hand, shall he drive them out from his land.
2 ၂ တဖန် ဘုရား သခင်သည် မောရှေ ၌ ဗျာဒိတ် ထားတော်မူသည်ကား၊ ငါ သည် ထာဝရဘုရား ဖြစ်၏။
And God spake unto Moses, —and said unto him, I, am Yahweh:
3 ၃ ငါသည် အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ၊ အနန္တ တန်ခိုးရှင်၊ ဘုရား သခင်နာမနှင့် ထင်ရှား သော်လည်း ၊ ထာဝရဘုရား နာမ အားဖြင့်သူ တို့သည် ငါ့ကို မ သိ ကြ။
I appeared, therefore, unto Abraham unto Isaac, and unto Jacob, as GOD Almighty, —although, by my name Yahweh was I not made known to them;
4 ၄ သူ တို့သည် အရပ်ရပ်လည် ၍၊ ဧည့်သည်နေရာပြည် ၊ ခါနာန် ပြည် ကို သူ တို့အား ပေး ခြင်းငှါ ၊ သူ တို့နှင့် ငါ ပြုသောပဋိညာဉ် ကို ငါတည် စေပြီ။
Moreover also I established my covenant with them, to give them the land of Canaan, —even the land of their sojournings wherein they sojourned.
5 ၅ အဲဂုတ္တု လူတို့သည် အစေ ကျွန်ခံစေသော ဣသရေလ အမျိုးသားတို့၏ ညဉ်းတွား မြည်တမ်းခြင်းအသံကို ငါ ကြား ရပြီ။ ငါ ပဋိညာဉ် ကိုလည်း ငါအောက်မေ့ ၏။
Moreover also, I heard the groaning of the sons of Israel, whom the Egyptians, were holding in servitude, So then I remembered my covenant.
6 ၆ ထိုကြောင့်ဣသရေလ အမျိုးသားတို့အား ပြောရသောစကားဟူမူကား၊ ငါ သည် ထာဝရဘုရား ဖြစ်၏။ ငါသည်လည်း သင်တို့ကို အဲဂုတ္တု လူတို့လက် မှ လွှတ် ၍ ၊ သူ တို့၏ ညှဉ်းဆဲ ခြင်းထဲက နှုတ်ယူ မည်။ လက် ဆန့် ခြင်း၊ ကြီးစွာ သော ဒဏ်ခတ် ခြင်းအားဖြင့် သင် တို့ကို ငါရွေး မည်။
Therefore say thou to the sons of Israel-I, am Yahweh, Therefore will I bring you forth from under the burdens of Egypt, And will deliver you out of their service, And will redeem you with a stretched-out arm, and with great judgments;
7 ၇ ငါ ၏လူမျိုး ဖြစ်စေခြင်းငှါ ၊ သင် တို့ကို ငါသိမ်းယူ မည်။ ငါသည်လည်း သင် တို့၏ ဘုရား သခင်ဖြစ် မည်။ ငါ သည်သင် တို့ကို အဲဂုတ္တု လူတို့လက် မှ လွှတ် သော သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိ ကြလိမ့်မည်။
And will take you to myself for a people, And will become your God, —And ye shall know that, I Yahweh, am your God, who brought you forth from under the burdens of Egypt:
8 ၈ ငါသည်လည်း ၊ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့ အား ပေး မည်ဟု ကျိန်ဆိုသောပြည် သို့ ငါပို့ဆောင် ၍ ၊ အမွေ ခံစရာဘို့ ပေး မည်။ ငါ သည် ထာဝရဘုရား ဖြစ်၏ဟု မိန့် တော်မူ၏။
And I will bring you into the land as to which I uplifted my hand to give it to Abraham, to Isaac, and to Jacob, —and will give it to you as an inheritance: I, am Yahweh.
9 ၉ ထိုသို့မောရှေ သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆို သော်လည်း ၊ သူတို့သည် အလွန်စိတ် ပင်ပန်း ၍ ကြမ်းတမ်း စွာ ညှဉ်းဆဲခြင်း ကို ခံရသောကြောင့် ၊ မောရှေ စကားကို နား မ ထောင်ဘဲနေကြ၏။
And Moses spake thus unto the sons of Israel, but they hearkened not unto Moses, through shortness of spirit, and through hard service.
10 ၁၀ ထာဝရဘုရား ကလည်း ၊ အဲဂုတ္တု ရှင်ဘုရင် ဖါရော မင်းထံ သို့ဝင် ၍၊
And Yahweh spake unto Moses saying:
11 ၁၁ သူသည် ဣသရေလ အမျိုးသားတို့ကို မိမိ ပြည် မှ လွှတ် ရမည်အကြောင်း ပြော လော့ဟု မောရှေ အား မိန့် တော်မူ၏။
Go in speak unto Pharaoh king of Egypt, that he let the sons of Israel go out of his land.
12 ၁၂ မောရှေ ကလည်း ၊ ဣသရေလ အမျိုးသားတို့သည် အကျွန်ုပ် ပြောသောစကားကို နား မ ထောင်ဘဲ နေသည်ဖြစ်၍ ၊ အရေဖျား လှီးခြင်းကို မခံသောနှုတ် နှင့် ပြောတတ်သော အကျွန်ုပ် ၏စကားကို ဖါရော မင်းသည် အဘယ်သို့ နားထောင် ပါမည်နည်းဟု ထာဝရဘုရား ရှေ့မှာ လျှောက်ဆို ၏။
And Moses spake before Yahweh, saying, —Lo! the sons of Israel have not hearkened unto me, how then shall Pharaoh, hear, I, also being of uncircumcised lips.
13 ၁၃ သို့ရာတွင်မောရှေ နှင့် အာရုန် သည် ဣသရေလ အမျိုးသားတို့ကိုအဲဂုတ္တု ပြည် မှ နှုတ်ဆောင် ရမည် အကြောင်း၊ ထာဝရဘုရား သည် သူတို့ကိုခေါ်၍ ဣသရေလ အမျိုးသားတို့ထံသို့ ၎င်း၊ အဲဂုတ္တု ရှင်ဘုရင် ဖါရော မင်းထံသို့ ၎င်း စေခိုင်း မှာ ထားတော်မူ၏။
Thus then did Yahweh speak unto Moses and unto Aaron, yea he gave them a charge unto the sons of Israel, and unto Pharaoh king of Egypt, for the bringing forth of the sons of Israel out of the land of Egypt.
14 ၁၄ ဣသရေလ အဆွေအမျိုး သူကြီး တို့၏ အမည်ဟူမူကား၊ ဣသရေလ သားဦး ရုဗင် ၏သား ကား၊ ဟာနုတ် ၊ ဖါလု ၊ ဟေဇရုံ ၊ ကာမိ တည်း။ ဤ သူတို့သည် ရုဗင် အမျိုးအနွယ် ဖြစ်၏။
These, are the heads of their ancestral house: The sons of Reuben the first-born of Israel, Hanoch and Pallu, Hezron and Carmi. These are the families of, Reuben.
15 ၁၅ ရှိမောင် ၏သား ကား၊ ယမွေလ ၊ ယာမိန် ၊ ဩဟဒ် ၊ ယာခိန် ၊ ဇောဟာ ၊ ခါနာန် အမျိုးသမီးမိန်းမ၏သား ရှောလ တည်း။ ဤ သူတို့သည် ရှိမောင် အမျိုးအနွယ် ဖြစ်၏။
And, the sons of Simeon, Jemuel and Jamin and Ohad and Jachin and Zohar, and Shaul the son of a Canaanitess. These, are the families of, Simeon.
16 ၁၆ လေဝိ သား အဆွေအမျိုး အလိုက်ဟူမူကား ၊ ဂေရရှုံ ၊ ကောဟတ် ၊ မေရာရိ တည်း။ လေဝိ အသက် သည် အနှစ် တရာ သုံးဆယ် ခုနစ် နှစ် ရှိသတည်း။
And, these, are the names of the sons of Levi by their generations, Gershon, and Kohath and Merari, And, the years of the life of Levi, were a hundred and thirty-seven years.
17 ၁၇ ဂေရရှုံ သား အဆွေအမျိုး အလိုက် ဟူမူကား၊ လိဗနိ နှင့် ရှိမိ တည်း။
The sons of Gershon, Libni and Shimei by their families.
18 ၁၈ ကောဟတ် သား ကား၊ အာမရံ ၊ ဣဇဟာ ၊ ဟေဗြုန် ၊ ဩဇေလ တည်း။ ကောဟတ် အသက် သည် အနှစ် တရာ သုံးဆယ် သုံး နှစ် ရှိသတည်း။
And the sons of Kohath, Amram and Izhar, and Hebron and Uzziel. And the years of the life of Kohath, were a hundred and thirty-three years.
19 ၁၉ မေရာရိ သား ကား၊ မဟာလိ နှင့် မုရှိ တည်း။ ဤ သူတို့သည် လေဝိ အဆွေအမျိုး အသီးအသီးဖြစ်သတည်း။
And the sons of Merari, Mahli and Mushi. These, are the families of the Levites by their generations.
20 ၂၀ အာမရံ သည် မိမိ အရီး ယောခေဗက် နှင့် စုံဘက် ၍ ၊ သူ သည် အာရုန် နှင့် မောရှေ ကို၎င်း၊ သူတို့အစ်မမိရိအံကို၎င်းဘွား လေ၏။ အာမရံ အသက် သည် အနှစ် တရာ သုံးဆယ် ခုနစ် နှစ် ရှိသတည်း။
So then, Amram took Jochebed, his father’s sister to himself to wife, and she bare to him—Aaron and Moses. And, the years of the life of Amram, were a hundred and thirty-seven.
21 ၂၁ ဣဇဟာ သား ကား၊ ကောရ ၊ နေဖက် ၊ ဇိခရိ တည်း။
And the sons of Izhar, Korah and Nepheg, and Zichri.
22 ၂၂ ဩဇေလ သား ကား၊ မိရှေလ ၊ ဧလဇာဖန် ၊ သိသရိ တည်း။
And the sons of Uzziel, Mishael and Elzaphan, and Sithri.
23 ၂၃ အာရုန် သည် အမိနဒပ် သမီး ၊ နာရှုန် နှမ ဧလိရှဘ နှင့် စုံဘက် ၍ ၊ သူသည်နာဒပ် ၊ အဘိဟု ၊ ဧလဇာ ၊ ဣသမာ တို့ကို ဘွား လေ၏။
And Aaron took Elisheba, daughter of Amminadab, sister of Nahshon, to himself to wife, —and she bare to him—Nadab, and Abihu, Eleazar, and Ithamar.
24 ၂၄ ကောရ သား ကား၊ အဿိရ ၊ ဧလကာန ၊ အဗျာသပ် တည်း။ ဤ သူတို့သည် ကောရ အဆွေအမျိုး ဖြစ်သတည်း။
And the sons of Korah, Assir and Elkanah, and Abiasaph. These are the families of the Korahites.
25 ၂၅ အာရုန် သား ဧလဇာ သည် ပုတျေလ သမီး တယောက်နှင့်စုံဘက် ၍ ၊ သူသည် ဖိနဟတ် ကိုဘွား လေ၏။ ဤ သူတို့သည် လေဝိ အမျိုး၊ အသီးအသီးတို့၏ အဆွေအမျိုး သူကြီး ဖြစ်ကြသတည်း။
And Eleazar, son of Aaron took to himself [one] of the daughters of Putiel, to himself to wife, and she bare to him Phinehas. These, are the heads of the fathers of the Levites by their families.
26 ၂၆ ထာဝရဘုရား က ဣသရေလ အမျိုးသား ဗိုလ်ပါတို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် လော့ဟု မိန့် တော်မူသောစကားကိုခံ သောသူ၊
The same, Aaron and Moses, —to whom said Yahweh, Bring ye forth the sons of Israel out of the land of Egypt, according to their hosts:
27 ၂၇ ဣသရေလ အမျိုးသား တို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် ခြင်းငှါ ၊ အဲဂုတ္တု ရှင်ဘုရင် ဖါရော မင်းထံ ၌ လျှောက် ရသောသူ တို့သည်၊ ထို အာရုန် နှင့် မောရှေ ဖြစ်သတည်း။
They who were to speak unto Pharaoh king of Egypt, to bring forth the sons of Israel out of Egypt: The same, Moses and Aaron.
28 ၂၈ အဲဂုတ္တု ပြည် မှာ ထာဝရဘုရား သည်၊ မောရှေ အား ဗျာဒိတ် ထားတော်မူသောနေ့ရက် ၌ လည်း ၊
Thus came it to pass, that on a certain day, Yahweh spake unto Moses in the land of Egypt.
29 ၂၉ ငါ သည် ထာဝရဘုရား ဖြစ်၏။ ငါ မှာ လိုက်သမျှတို့ကို ၊ အဲဂုတ္တု ရှင်ဘုရင် ဖါရော မင်းအား ပြန်ပြော ရမည်ဟု မောရှ အား ထာဝရဘုရား မိန့် တော်မူ၏။
So then Yahweh spake unto Moses, saying—I, am Yahweh: Speak thou unto Pharaoh king of Egypt, all that, I, am speaking unto thee.
30 ၃၀ မောရှေ ကလည်း ၊ အကျွန်ုပ် သည် အရေဖျား လှီးခြင်းကို မခံသောနှုတ် ရှိသည်ဖြစ်၍ ၊ ဖါရော ဘုရင်သည် အကျွန်ုပ် စကားကို အဘယ်သို့ နားထောင် ပါလိမ့်မည်နည်းဟု ထာဝရဘုရား ရှေ့ မှာ လျှောက်ဆို ၏။
And Moses said before Yahweh, —Lo! I, am of uncircumcised lips, how then will Pharaoh hearken unto me?