< ထွက်မြောက်ရာ 5 >
1 ၁ ထိုနောက်မှ ၊ မောရှေ နှင့် အာရုန် သည် ဖါရော ဘုရင်ထံသို့ ဝင် ၍ ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား က၊ ငါ ၏လူ တို့သည် တော ၌ ငါ့ အဘို့ ပွဲခံ စေခြင်းငှါ လွှတ် ရမည်ဟု မိန့် တော်မူကြောင်းကို လျှောက် ၏။
၁ထိုနောက်မောရှေနှင့်အာရုန်တို့သည် ဖာရော ဘုရင်ထံသို့ဝင်ရောက်၍``ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား က`ဣသရေလအမျိုးသားတို့သည်တော ကန္တာရတွင်ဘုရားပွဲတော်ကျင်းပနိုင်ရန် သူတို့ကိုသွားခွင့်ပေးလော့' ဟုမိန့်တော်မူ ပါသည်'' ဟူ၍လျှောက်ထားကြ၏။
2 ၂ ဖါရော မင်းကလည်း ၊ ထာဝရဘုရား ၏စကား ကို နားထောင် ၍ ၊ ဣသရေလ အမျိုးသားတို့ကို ငါလွှတ် စေ ခြင်းငှါ ထိုဘုရားကား အဘယ်သူနည်း။ ထာဝရဘုရား ကို ငါမ သိ ၊ ဣသရေလ အမျိုးသားတို့ကို ငါမ လွှတ် ဟု ဆို လေ၏။
၂ဖာရောဘုရင်က``ထိုဘုရားသည်မည်သူနည်း။ ငါသည်အဘယ်ကြောင့်ထိုဘုရား၏စကား ကိုနာခံလျက် ဣသရေလအမျိုးသားတို့ကို လွှတ်ရမည်နည်း။ ငါသည်ထိုဘုရားကိုမသိ သဖြင့်ဣသရေလအမျိုးသားတို့ကိုမ လွှတ်နိုင်'' ဟုဆိုလေ၏။
3 ၃ သူတို့ကလည်း၊ ဟေဗြဲ လူတို့၏ ဘုရား သခင်သည် ကျွန်တော် တို့နှင့် တွေ့ တော်မူပြီ။ တော သို့ သုံး ရက် ခရီး သွား ၍ ၊ ကျွန်တော် တို့ ဘုရား သခင်ထာဝရဘုရား အား ယဇ်ပူဇော် ရသောအခွင့်ကိုပေး တော်မူပါ။ သို့မဟုတ် ကာလနာ ဘေး၊ ထား ဘေးတစုံတခုဖြင့် ကျွန်တော် တို့ကို ဒဏ်ခတ် တော်မူလိမ့်မည်ဟု လျှောက် ဆို၏။
၃သူတို့က``ဟေဗြဲအမျိုးသားတို့၏ဘုရား ကို အကျွန်ုပ်တို့ဖူးတွေ့ခဲ့ရပြီ။ အကျွန်ုပ်တို့ ၏ဘုရားသခင်ထာဝရဘုရားအားယဇ် ပူဇော်နိုင်ရန် တောကန္တာရသို့သုံးရက်ခရီး သွားခွင့်ပေးတော်မူပါ။ အကျွန်ုပ်တို့သည် ထိုဝတ်ကိုမပြုရလျှင်ဘုရားသခင်သည် အကျွန်ုပ်တို့အားရောဂါဘေးသို့မဟုတ် ဋ္ဌားဘေးသင့်စေပါမည်'' ဟုလျှောက်ကြ၏။
4 ၄ အဲဂုတ္တု ရှင်ဘုရင် ကလည်း ၊ မောရှေ နှင့် အာရုန် ၊ သင်တို့သည် ဤလူ များတို့ကို အဘယ်ကြောင့် အလုပ် ပြတ် စေသနည်း။ အမှု တော်ကို သွား ၍ ဆောင်ရွက်ကြဟု မိန့် တော်မူ၏။
၄ထိုအခါဖာရောဘုရင်က မောရှေနှင့်အာရုန် တို့အား``ဤသူတို့ကိုအဘယ်ကြောင့်အလုပ် ပျက်အောင်ပြုလိုကြသနည်း။ အလုပ်ခွင် သို့ပြန်ကြစေ။-
5 ၅ တဖန် လည်း ပြည် တော်၌ ထိုလူ တို့သည် ယခု များ ကြ၏။ အမှု မထမ်း စေခြင်းငှါသင်တို့သည် အခွင့်ပေး ကြသည်တကားဟု ဖါရော ဘုရင်ဆို ၍ ၊
၅သင်တို့လူမျိုးသည်အီဂျစ်လူမျိုးတို့ထက် များပြားလာကြလေပြီ။ ယခုသင်တို့အလုပ် မှရပ်နားလိုကြသည်တကား'' ဟုဆိုလေ၏။
6 ၆ ထိုနေ့ ခြင်းတွင် အအုပ်အချုပ် ၊ အကြပ်အဆော်တို့ကို ခေါ်ပြီးလျှင်၊
၆ထိုနေ့၌ပင်ဖာရောဘုရင်သည် အီဂျစ်အမျိုး သားအုပ်ချုပ်သူ၊ ဣသရေလအမျိုးသား အလုပ်ကြပ်တို့အား၊-
7 ၇ အုတ် လုပ် စရာဘို့ ကောက်ရိုး ကို လူ တို့အား အရင် ပေးသကဲ့သို့ မ ပေး နှင့်။ သူ တို့သည် ကောက်ရိုး ကို ကိုယ် ဘို့ ရှာ ယူကြစေ။
၇``ဣသရေလအမျိုးသားတို့ကိုအုတ်ဖုတ် ရန်အတွက် ကောက်ရိုးကိုယခင်ကကဲ့သို့ မပေးရ။ သူတို့ကိုယ်တိုင်ရှာယူကြစေ။-
8 ၈ အုတ် ကိုကား၊ အရေအတွက် အားဖြင့်အရင် ကဲ့သို့လုပ် စေရမည်၊ အလျှင်းမ လျော့ စေနှင့်။ သူ တို့သည် ပျင်းရိ ကြ၏။ ထိုကြောင့် သွား ၍ငါ တို့ ဘုရား သခင်အား ယဇ်ပူဇော် ကြစို့ဟု ကြွေးကြော် တတ်ကြ၏။
၈သို့ရာတွင်သူတို့ဖုတ်ရမည့်အုတ်အရေ အတွက်မှာ ယခင်ကထက်မနည်းစေရ။ မည် သည့်အကြောင်းကြောင့်မျှအရေအတွက် မလျော့စေရ။ သူတို့သည်ပျင်း၏။ ထို့ကြောင့် သူတို့က`ငါတို့၏ဘုရားအားယဇ်ပူဇော် ရန်သွားခွင့်ပေးပါ' ဟုတောင်းဆို၏။-
9 ၉ သို့ဖြစ်၍စည်းကြပ်လျက် လုပ် စေကြ။ ပင်ပန်း စေကြ။ လူမိုက် စကား ကို နား မ ထောင်စေနှင့်ဟု မိန့်တော်မူ၏။
၉သူတို့အားအလုပ်ကိုအားသွန်ခွန်စိုက်လုပ် ဆောင်ကြစေ။ သို့မှသာလျှင်သူတို့သည်လိမ် လည်လှည့်စားသည့်စကားကိုနားမယောင်၊ အလုပ်မပျက်ဘဲလုပ်ကိုင်ကြလိမ့်မည်'' ဟု မိန့်မြွက်လေ၏။
10 ၁၀ အအုပ်အချုပ် အကြပ်အဆော် တို့သည် ထွက် ၍ ၊ ဖါရော ဘုရင်က ကောက်ရိုး ကိုငါ မ ပေး။
၁၀အုပ်ချုပ်သူတို့နှင့်ဣသရေလအလုပ်ကြပ် တို့က ဣသရေလအမျိုးသားတို့ထံသို့ သွားရောက်၍``ဖာရောဘုရင်က`ငါသည်သင် တို့အားကောက်ရိုးကိုပေးတော့မည်မဟုတ်။-
11 ၁၁ ကောက်ရိုး ကို တွေ့ နိုင်ရာအရပ် ၌ ရှာ ကြ။ သို့သော်လည်း လုပ်ရသောအလုပ် အလျှင်းမ လျော့ ရဟု အမိန့် တော်ရှိသည်ဟု လူ တို့အား ပြန်ကြား ကြ၏။
၁၁သင်တို့ကိုယ်တိုင်ကောက်ရိုးရနိုင်မည့်အရပ်မှ ကောက်ရိုးကိုရှာယူရမည်။ သို့ရာတွင်သင်တို့ ဖုတ်ရမည့်အုတ်အရေအတွက်မှာ ယခင်က ထက်မနည်းစေရ' ဟုမိန့်ကြားတော်မူသည်'' ဟူ၍ပြောလေ၏။-
12 ၁၂ သို့ဖြစ်၍ လူ တို့သည် ကောက်ရိုး အတွက် အမှိုက် ကို ရှာ ယူခြင်းငှါ အဲဂုတ္တု ပြည် တရှောက်လုံး တွင် အရပ်ရပ်ကွဲပြား ကြ၏။
၁၂ထို့ကြောင့်ဣသရေလအမျိုးသားတို့သည် အီဂျစ်ပြည်အနှံ့အပြားသို့သွားရောက်၍ ကောက်ရိုးရှာရလေ၏။-
13 ၁၃ အုပ်ချုပ် သောသူတို့ ကလည်း ၊ ကောက်ရိုး ကို ရ သည်ကာလ၌ နေ့ တိုင်းလုပ် ရသည်အတိုင်း ၊ ပြီး အောင် လုပ်ကြဟု သူတို့ကိုနှိုးဆော် ကြ၏။
၁၃အုပ်ချုပ်သူတို့က``သင်တို့သည်ကောက်ရိုးရ စဉ်က နေ့စဉ်ဖုတ်ပြီးသမျှအုတ်အရေအတွက် နှုန်းအတိုင်း ယခုလည်းပြီးစီးစေရမည်'' ဟု ဆိုလျက်ဣသရေလအမျိုးသားတို့အား အသော့ခိုင်းလေ၏။-
14 ၁၄ ဖါရော မင်း၏ အအုပ်အချုပ် တို့သည် ခန့် ထားသော ဣသရေလ အမျိုး အကြပ်အဆော် တို့ကို သင်တို့သည် အရင် ကလုပ်သည်အတိုင်း ၊ ယနေ့ နှင့်မနေ့ ၌ အုတ် လုပ်ရသောအမှု ကို အဘယ်ကြောင့် မ ပြီးစီး စေကြ သနည်းဟု စစ်၍ရိုက် ကြ၏။
၁၄အီဂျစ်အမျိုးသားအုပ်ချုပ်သူတို့က ဣသ ရေလအမျိုးသားအလုပ်ကြပ်တို့ကိုရိုက် နှက်လျက်``ယနေ့သင်တို့သည်အဘယ်ကြောင့် ယခင်အုတ်အရေအတွက်နှုန်းကိုမီအောင် မထုတ်နိုင်သနည်း'' ဟုမေးကြ၏။
15 ၁၅ ထိုအခါ၊ ဣသရေလ အမျိုး အကြပ်အဆော် တို့သည်၊ ဖါရော မင်းထံသို့ သွား ၍ ၊ ကိုယ်တော်သည် ကိုယ်တော် ကျွန် တို့ကို အဘယ်ကြောင့် ဤသို့ စီရင် တော်မူသနည်း။
၁၅ထိုအခါအလုပ်ကြပ်တို့သည်ဖာရောဘုရင် ထံသို့ဝင်၍``အရှင်မင်းကြီး၊ ကိုယ်တော်ကျွန် တို့အားအဘယ်ကြောင့်ဤသို့ပြုပါသနည်း။-
16 ၁၆ ကိုယ်တော် ကျွန် တို့အား ၊ ကောက်ရိုး ကိုမ ပေး ၊ အုပ်ချုပ်သောသူတို့ ကလည်း၊ အုတ် ကိုလုပ် ကြဟု ဆို သဖြင့်၊ ကျွန်တော်တို့သည် အရိုက် ခံရကြပါ၏။ ကိုယ်တော် လူ တို့၌သာ အပြစ် ရှိပါသည်ဟု အော်ဟစ် ကြ၏။
၁၆ကိုယ်တော်ကျွန်တို့အားကောက်ရိုးကိုမပေးဘဲ အုတ်ဖုတ်ရမည်ဟုအမိန့်ပေးပါသည်။ ကိုယ် တော်ကြောင့်ယခုကိုယ်တော်ကျွန်တို့အရိုက် အနှက်ခံနေရပါသည်'' ဟုလျှောက်ထား ကြ၏။
17 ၁၇ ဖါရောဘုရင်ကလည်း ၊ သင် တို့သည် ပျင်းရိ သည်၊ ပျင်းရိ သည်။ ထိုကြောင့် ငါတို့သည်သွား ၍ ထာဝရဘုရား အား ယဇ်ပူဇော် ကြစို့ဟု သင် တို့ဆို တတ်ကြ၏။
၁၇ထိုအခါဖာရောဘုရင်က``သင်တို့သည်ပျင်း၏။ အလွန်ပျင်းသောကြောင့်သင်တို့က`အကျွန်ုပ်တို့ ၏ထာဝရဘုရားအားယဇ်ပူဇော်ရန်သွားပါ ရစေ' ဟုတောင်းလျှောက်ကြ၏။-
18 ၁၈ သို့သောကြောင့် ယခု သွား ၍လုပ် ကြ။ ကောက်ရိုး ကိုမ ပေး ရ။ သို့သော်လည်းအုတ် ကိုပေးမြဲပေး ရမည်ဟု မိန့် တော်မူ၏။
၁၈အလုပ်ခွင်သို့ပြန်သွားကြ။ သင်တို့အားကောက် ရိုးပေးမည်မဟုတ်။ သို့သော်ယခင်အုတ်အရေ အတွက်နှုန်းအတိုင်းထုတ်လုပ်ရမည်'' ဟုမိန့် ကြားလေ၏။-
19 ၁၉ ထိုသို့ နေ့ တိုင်းလုပ်ရသောအုတ် အရေအတွက်၌ အလျှင်းမ လျော့ ရဟု အမိန့်တော်ရှိသည်ဖြစ်၍၊ ဣသရေလ အမျိုး အကြပ်အဆော် တို့သည် မိမိ တို့၌ အမှုကြီးရောက်ကြောင်းကို သိမြင် ကြ၏။
၁၉ယခင်နေ့စဉ်ထုတ်လုပ်သော အုတ်အရေအတွက် နှုန်းအတိုင်းထုတ်လုပ်ရမည်ဖြစ်ကြောင်းကို ကြားရသောအခါ ဣသရေလအမျိုးသား အလုပ်ကြပ်တို့သည်မိမိတို့၌ဒုက္ခရောက် မည့်အရေးကိုတွေ့မြင်လာကြလေသည်။
20 ၂၀ ဖါရော မင်းထံ မှ ထွက်သွား ကြစဉ် ၊ လမ်း၌ စောင့် လျက်နေသောမောရှေ နှင့် အာရုန် ကို တွေ့ လျှင် ၊
၂၀သူတို့သည်ဖာရောဘုရင်ထံမှထွက်ခွာလာ ကြသောအခါ သူတို့အားစောင့်နေသော မောရှေနှင့်အာရုန်တို့ကိုတွေ့လျှင်၊-
21 ၂၁ ထာဝရဘုရား သည် သင် တို့ကို ကြည့်ရှု ၍ စီရင် တော်မူပါစေသော။ အကြောင်းမူကား၊ ဖါရော မင်းနှင့် အမှု တော်ထမ်းအပေါင်းတို့သည် ငါ တို့ကို ရွံရှာ စေခြင်းငှါ ၎င်း၊ ငါ တို့ကိုသတ် ရသောအခွင့်ရှိစေခြင်းငှါ ၎င်း၊ သင်တို့သည် ပြုကြပြီတကားဟု ဆို ကြ၏။
၂၁``ဖာရောဘုရင်နှင့်သူ၏အရာရှိတို့ကကျွန်ုပ် တို့အားရွံမုန်းလာစေရန် သင်တို့ပြုလုပ်သည့် အတွက်ကြောင့်ထာဝရဘုရားသည်သင်တို့ အားစီရင်တော်မူပါစေသော။ ကျွန်ုပ်တို့အား သတ်ရန်သင်တို့သည်သူတို့လက်၌ဋ္ဌားကို အပ်ပေးလေပြီ'' ဟုဆိုကြ၏။
22 ၂၂ မောရှေ သည်လည်း ၊ ထာဝရဘုရား ထံ တော်သို့သွား ၍ ၊ အိုဘုရား ရှင်၊ ကိုယ်တော်သည် ဤ လူမျိုး ကို အဘယ်ကြောင့် ညှဉ်းဆဲ တော်မူသနည်း။ အကျွန်ုပ် ကို အဘယ်ကြောင့် စေလွှတ် တော်မူသနည်း။
၂၂ထိုနောက်မောရှေသည်ထာဝရဘုရားထံတော် သို့``အို အရှင်ဘုရား၊ အဘယ်ကြောင့်ဤသူတို့ ကိုဒုက္ခရောက်စေပါသနည်း။ အကျွန်ုပ်အား အဘယ်ကြောင့်စေလွှတ်တော်မူပါသနည်း။-
23 ၂၃ အကျွန်ုပ်သည် ကိုယ်တော်အခွင့် နှင့် ပြော ခြင်းငှာ ၊ ဖါရော မင်း ထံ သို့ဝင် သည်နေ့မှစ၍ ၊ သူသည် ဤ လူမျိုး ကို ညှဉ်းဆဲ ပါပြီ။ ကိုယ်တော်သည် ကိုယ်တော် ၏ လူ တို့ကို အလျှင်းကယ်လွှတ် တော်မ မူပါဟု လျှောက် ၏။
၂၃အကျွန်ုပ်သည်ကိုယ်တော်၏အမိန့်တော်အရ ဖာရောဘုရင်ထံလျှောက်ထားသည့်အချိန်မှ စ၍ သူသည်ကိုယ်တော်၏လူမျိုးတော်ကိုနှိပ် စက်ခဲ့ပါပြီ။ သို့သော်လည်းကိုယ်တော်သည် သူတို့အားမည်သည့်အကူအညီကိုမျှ မပေးခဲ့ပါ'' ဟုလျှောက်ထားလေ၏။