< ထွက်မြောက်ရာ 5 >

1 ထိုနောက်မှ ၊ မောရှေ နှင့် အာရုန် သည် ဖါရော ဘုရင်ထံသို့ ဝင် ၍ ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား က၊ ငါ ၏လူ တို့သည် တော ၌ ငါ့ အဘို့ ပွဲခံ စေခြင်းငှါ လွှတ် ရမည်ဟု မိန့် တော်မူကြောင်းကို လျှောက် ၏။
ထို​နောက်​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် ဖာ​ရော ဘု​ရင်​ထံ​သို့​ဝင်​ရောက်​၍``ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား က`ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တော ကန္တာ​ရ​တွင်​ဘု​ရား​ပွဲ​တော်​ကျင်း​ပ​နိုင်​ရန် သူ​တို့​ကို​သွား​ခွင့်​ပေး​လော့' ဟု​မိန့်​တော်​မူ ပါ​သည်'' ဟူ​၍​လျှောက်​ထား​ကြ​၏။
2 ဖါရော မင်းကလည်း ၊ ထာဝရဘုရား ၏စကား ကို နားထောင် ၍ ၊ ဣသရေလ အမျိုးသားတို့ကို ငါလွှတ် စေ ခြင်းငှါ ထိုဘုရားကား အဘယ်သူနည်း။ ထာဝရဘုရား ကို ငါမ သိ ၊ ဣသရေလ အမျိုးသားတို့ကို ငါမ လွှတ် ဟု ဆို လေ၏။
ဖာ​ရော​ဘု​ရင်​က``ထို​ဘု​ရား​သည်​မည်​သူ​နည်း။ ငါ​သည်​အ​ဘယ်​ကြောင့်​ထို​ဘု​ရား​၏​စ​ကား ကို​နာ​ခံ​လျက် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို လွှတ်​ရ​မည်​နည်း။ ငါ​သည်​ထို​ဘု​ရား​ကို​မ​သိ သ​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​မ လွှတ်​နိုင်'' ဟု​ဆို​လေ​၏။
3 သူတို့ကလည်း၊ ဟေဗြဲ လူတို့၏ ဘုရား သခင်သည် ကျွန်တော် တို့နှင့် တွေ့ တော်မူပြီ။ တော သို့ သုံး ရက် ခရီး သွား ၍ ၊ ကျွန်တော် တို့ ဘုရား သခင်ထာဝရဘုရား အား ယဇ်ပူဇော် ရသောအခွင့်ကိုပေး တော်မူပါ။ သို့မဟုတ် ကာလနာ ဘေး၊ ထား ဘေးတစုံတခုဖြင့် ကျွန်တော် တို့ကို ဒဏ်ခတ် တော်မူလိမ့်မည်ဟု လျှောက် ဆို၏။
သူ​တို့​က``ဟေ​ဗြဲ​အ​မျိုး​သား​တို့​၏​ဘု​ရား ကို အ​ကျွန်ုပ်​တို့​ဖူး​တွေ့​ခဲ့​ရ​ပြီ။ အ​ကျွန်ုပ်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ယဇ် ပူ​ဇော်​နိုင်​ရန် တော​ကန္တာ​ရ​သို့​သုံး​ရက်​ခ​ရီး သွား​ခွင့်​ပေး​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ထို​ဝတ်​ကို​မ​ပြု​ရ​လျှင်​ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​တို့​အား​ရော​ဂါ​ဘေး​သို့​မ​ဟုတ် ဋ္ဌား​ဘေး​သင့်​စေ​ပါ​မည်'' ဟု​လျှောက်​ကြ​၏။
4 အဲဂုတ္တု ရှင်ဘုရင် ကလည်း ၊ မောရှေ နှင့် အာရုန် ၊ သင်တို့သည် ဤလူ များတို့ကို အဘယ်ကြောင့် အလုပ် ပြတ် စေသနည်း။ အမှု တော်ကို သွား ၍ ဆောင်ရွက်ကြဟု မိန့် တော်မူ၏။
ထို​အ​ခါ​ဖာ​ရော​ဘု​ရင်​က မော​ရှေ​နှင့်​အာ​ရုန် တို့​အား``ဤ​သူ​တို့​ကို​အ​ဘယ်​ကြောင့်​အ​လုပ် ပျက်​အောင်​ပြု​လို​ကြ​သ​နည်း။ အ​လုပ်​ခွင် သို့​ပြန်​ကြ​စေ။-
5 တဖန် လည်း ပြည် တော်၌ ထိုလူ တို့သည် ယခု များ ကြ၏။ အမှု မထမ်း စေခြင်းငှါသင်တို့သည် အခွင့်ပေး ကြသည်တကားဟု ဖါရော ဘုရင်ဆို ၍ ၊
သင်​တို့​လူ​မျိုး​သည်​အီ​ဂျစ်​လူ​မျိုး​တို့​ထက် များ​ပြား​လာ​ကြ​လေ​ပြီ။ ယ​ခု​သင်​တို့​အ​လုပ် မှ​ရပ်​နား​လို​ကြ​သည်​တ​ကား'' ဟု​ဆို​လေ​၏။
6 ထိုနေ့ ခြင်းတွင် အအုပ်အချုပ် ၊ အကြပ်အဆော်တို့ကို ခေါ်ပြီးလျှင်၊
ထို​နေ့​၌​ပင်​ဖာ​ရော​ဘု​ရင်​သည် အီ​ဂျစ်​အ​မျိုး သား​အုပ်​ချုပ်​သူ၊ ဣ​သ​ရေ​လ​အ​မျိုး​သား အ​လုပ်​ကြပ်​တို့​အား၊-
7 အုတ် လုပ် စရာဘို့ ကောက်ရိုး ကို လူ တို့အား အရင် ပေးသကဲ့သို့ မ ပေး နှင့်။ သူ တို့သည် ကောက်ရိုး ကို ကိုယ် ဘို့ ရှာ ယူကြစေ။
``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​အုတ်​ဖုတ် ရန်​အ​တွက် ကောက်​ရိုး​ကို​ယ​ခင်​က​ကဲ့​သို့ မ​ပေး​ရ။ သူ​တို့​ကိုယ်​တိုင်​ရှာ​ယူ​ကြ​စေ။-
8 အုတ် ကိုကား၊ အရေအတွက် အားဖြင့်အရင် ကဲ့သို့လုပ် စေရမည်၊ အလျှင်းမ လျော့ စေနှင့်။ သူ တို့သည် ပျင်းရိ ကြ၏။ ထိုကြောင့် သွား ၍ငါ တို့ ဘုရား သခင်အား ယဇ်ပူဇော် ကြစို့ဟု ကြွေးကြော် တတ်ကြ၏။
သို့​ရာ​တွင်​သူ​တို့​ဖုတ်​ရ​မည့်​အုတ်​အ​ရေ အ​တွက်​မှာ ယ​ခင်​က​ထက်​မ​နည်း​စေ​ရ။ မည် သည့်​အ​ကြောင်း​ကြောင့်​မျှ​အ​ရေ​အ​တွက် မ​လျော့​စေ​ရ။ သူ​တို့​သည်​ပျင်း​၏။ ထို့​ကြောင့် သူ​တို့​က`ငါ​တို့​၏​ဘု​ရား​အား​ယဇ်​ပူ​ဇော် ရန်​သွား​ခွင့်​ပေး​ပါ' ဟု​တောင်း​ဆို​၏။-
9 သို့ဖြစ်၍စည်းကြပ်လျက် လုပ် စေကြ။ ပင်ပန်း စေကြ။ လူမိုက် စကား ကို နား မ ထောင်စေနှင့်ဟု မိန့်တော်မူ၏။
သူ​တို့​အား​အ​လုပ်​ကို​အား​သွန်​ခွန်​စိုက်​လုပ် ဆောင်​ကြ​စေ။ သို့​မှ​သာ​လျှင်​သူ​တို့​သည်​လိမ် လည်​လှည့်​စား​သည့်​စ​ကား​ကို​နား​မ​ယောင်၊ အ​လုပ်​မ​ပျက်​ဘဲ​လုပ်​ကိုင်​ကြ​လိမ့်​မည်'' ဟု မိန့်​မြွက်​လေ​၏။
10 ၁၀ အအုပ်အချုပ် အကြပ်အဆော် တို့သည် ထွက် ၍ ၊ ဖါရော ဘုရင်က ကောက်ရိုး ကိုငါ မ ပေး။
၁၀အုပ်​ချုပ်​သူ​တို့​နှင့်​ဣ​သ​ရေ​လ​အ​လုပ်​ကြပ် တို့​က ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့ သွား​ရောက်​၍``ဖာ​ရော​ဘု​ရင်​က`ငါ​သည်​သင် တို့​အား​ကောက်​ရိုး​ကို​ပေး​တော့​မည်​မ​ဟုတ်။-
11 ၁၁ ကောက်ရိုး ကို တွေ့ နိုင်ရာအရပ် ၌ ရှာ ကြ။ သို့သော်လည်း လုပ်ရသောအလုပ် အလျှင်းမ လျော့ ရဟု အမိန့် တော်ရှိသည်ဟု လူ တို့အား ပြန်ကြား ကြ၏။
၁၁သင်​တို့​ကိုယ်​တိုင်​ကောက်​ရိုး​ရ​နိုင်​မည့်​အ​ရပ်​မှ ကောက်​ရိုး​ကို​ရှာ​ယူ​ရ​မည်။ သို့​ရာ​တွင်​သင်​တို့ ဖုတ်​ရ​မည့်​အုတ်​အ​ရေ​အ​တွက်​မှာ ယ​ခင်​က ထက်​မ​နည်း​စေ​ရ' ဟု​မိန့်​ကြား​တော်​မူ​သည်'' ဟူ​၍​ပြော​လေ​၏။-
12 ၁၂ သို့ဖြစ်၍ လူ တို့သည် ကောက်ရိုး အတွက် အမှိုက် ကို ရှာ ယူခြင်းငှါ အဲဂုတ္တု ပြည် တရှောက်လုံး တွင် အရပ်ရပ်ကွဲပြား ကြ၏။
၁၂ထို့​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အီ​ဂျစ်​ပြည်​အ​နှံ့​အ​ပြား​သို့​သွား​ရောက်​၍ ကောက်​ရိုး​ရှာ​ရ​လေ​၏။-
13 ၁၃ အုပ်ချုပ် သောသူတို့ ကလည်း ၊ ကောက်ရိုး ကို ရ သည်ကာလ၌ နေ့ တိုင်းလုပ် ရသည်အတိုင်း ၊ ပြီး အောင် လုပ်ကြဟု သူတို့ကိုနှိုးဆော် ကြ၏။
၁၃အုပ်​ချုပ်​သူ​တို့​က``သင်​တို့​သည်​ကောက်​ရိုး​ရ စဉ်​က နေ့​စဉ်​ဖုတ်​ပြီး​သ​မျှ​အုတ်​အ​ရေ​အ​တွက် နှုန်း​အ​တိုင်း ယ​ခု​လည်း​ပြီး​စီး​စေ​ရ​မည်'' ဟု ဆို​လျက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​သော့​ခိုင်း​လေ​၏။-
14 ၁၄ ဖါရော မင်း၏ အအုပ်အချုပ် တို့သည် ခန့် ထားသော ဣသရေလ အမျိုး အကြပ်အဆော် တို့ကို သင်တို့သည် အရင် ကလုပ်သည်အတိုင်း ၊ ယနေ့ နှင့်မနေ့ ၌ အုတ် လုပ်ရသောအမှု ကို အဘယ်ကြောင့် မ ပြီးစီး စေကြ သနည်းဟု စစ်၍ရိုက် ကြ၏။
၁၄အီ​ဂျစ်​အ​မျိုး​သား​အုပ်​ချုပ်​သူ​တို့​က ဣ​သ ရေ​လ​အ​မျိုး​သား​အ​လုပ်​ကြပ်​တို့​ကို​ရိုက် နှက်​လျက်``ယ​နေ့​သင်​တို့​သည်​အ​ဘယ်​ကြောင့် ယ​ခင်​အုတ်​အ​ရေ​အ​တွက်​နှုန်း​ကို​မီ​အောင် မ​ထုတ်​နိုင်​သ​နည်း'' ဟု​မေး​ကြ​၏။
15 ၁၅ ထိုအခါ၊ ဣသရေလ အမျိုး အကြပ်အဆော် တို့သည်၊ ဖါရော မင်းထံသို့ သွား ၍ ၊ ကိုယ်တော်သည် ကိုယ်တော် ကျွန် တို့ကို အဘယ်ကြောင့် ဤသို့ စီရင် တော်မူသနည်း။
၁၅ထို​အ​ခါ​အ​လုပ်​ကြပ်​တို့​သည်​ဖာ​ရော​ဘု​ရင် ထံ​သို့​ဝင်​၍``အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​ကျွန် တို့​အား​အ​ဘယ်​ကြောင့်​ဤ​သို့​ပြု​ပါ​သ​နည်း။-
16 ၁၆ ကိုယ်တော် ကျွန် တို့အား ၊ ကောက်ရိုး ကိုမ ပေး ၊ အုပ်ချုပ်သောသူတို့ ကလည်း၊ အုတ် ကိုလုပ် ကြဟု ဆို သဖြင့်၊ ကျွန်တော်တို့သည် အရိုက် ခံရကြပါ၏။ ကိုယ်တော် လူ တို့၌သာ အပြစ် ရှိပါသည်ဟု အော်ဟစ် ကြ၏။
၁၆ကိုယ်​တော်​ကျွန်​တို့​အား​ကောက်​ရိုး​ကို​မ​ပေး​ဘဲ အုတ်​ဖုတ်​ရ​မည်​ဟု​အ​မိန့်​ပေး​ပါ​သည်။ ကိုယ် တော်​ကြောင့်​ယ​ခု​ကိုယ်​တော်​ကျွန်​တို့​အ​ရိုက် အ​နှက်​ခံ​နေ​ရ​ပါ​သည်'' ဟု​လျှောက်​ထား ကြ​၏။
17 ၁၇ ဖါရောဘုရင်ကလည်း ၊ သင် တို့သည် ပျင်းရိ သည်၊ ပျင်းရိ သည်။ ထိုကြောင့် ငါတို့သည်သွား ၍ ထာဝရဘုရား အား ယဇ်ပူဇော် ကြစို့ဟု သင် တို့ဆို တတ်ကြ၏။
၁၇ထို​အ​ခါ​ဖာ​ရော​ဘု​ရင်​က``သင်​တို့​သည်​ပျင်း​၏။ အ​လွန်​ပျင်း​သော​ကြောင့်​သင်​တို့​က`အ​ကျွန်ုပ်​တို့ ၏​ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ​ဇော်​ရန်​သွား​ပါ ရ​စေ' ဟု​တောင်း​လျှောက်​ကြ​၏။-
18 ၁၈ သို့သောကြောင့် ယခု သွား ၍လုပ် ကြ။ ကောက်ရိုး ကိုမ ပေး ရ။ သို့သော်လည်းအုတ် ကိုပေးမြဲပေး ရမည်ဟု မိန့် တော်မူ၏။
၁၈အ​လုပ်​ခွင်​သို့​ပြန်​သွား​ကြ။ သင်​တို့​အား​ကောက် ရိုး​ပေး​မည်​မ​ဟုတ်။ သို့​သော်​ယ​ခင်​အုတ်​အ​ရေ အ​တွက်​နှုန်း​အ​တိုင်း​ထုတ်​လုပ်​ရ​မည်'' ဟု​မိန့် ကြား​လေ​၏။-
19 ၁၉ ထိုသို့ နေ့ တိုင်းလုပ်ရသောအုတ် အရေအတွက်၌ အလျှင်းမ လျော့ ရဟု အမိန့်တော်ရှိသည်ဖြစ်၍၊ ဣသရေလ အမျိုး အကြပ်အဆော် တို့သည် မိမိ တို့၌ အမှုကြီးရောက်ကြောင်းကို သိမြင် ကြ၏။
၁၉ယ​ခင်​နေ့​စဉ်​ထုတ်​လုပ်​သော အုတ်​အ​ရေ​အ​တွက် နှုန်း​အ​တိုင်း​ထုတ်​လုပ်​ရ​မည်​ဖြစ်​ကြောင်း​ကို ကြား​ရ​သော​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား အ​လုပ်​ကြပ်​တို့​သည်​မိ​မိ​တို့​၌​ဒုက္ခ​ရောက် မည့်​အ​ရေး​ကို​တွေ့​မြင်​လာ​ကြ​လေ​သည်။
20 ၂၀ ဖါရော မင်းထံ မှ ထွက်သွား ကြစဉ် ၊ လမ်း၌ စောင့် လျက်နေသောမောရှေ နှင့် အာရုန် ကို တွေ့ လျှင် ၊
၂၀သူ​တို့​သည်​ဖာ​ရော​ဘု​ရင်​ထံ​မှ​ထွက်​ခွာ​လာ ကြ​သော​အ​ခါ သူ​တို့​အား​စောင့်​နေ​သော မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို​တွေ့​လျှင်၊-
21 ၂၁ ထာဝရဘုရား သည် သင် တို့ကို ကြည့်ရှု ၍ စီရင် တော်မူပါစေသော။ အကြောင်းမူကား၊ ဖါရော မင်းနှင့် အမှု တော်ထမ်းအပေါင်းတို့သည် ငါ တို့ကို ရွံရှာ စေခြင်းငှါ ၎င်း၊ ငါ တို့ကိုသတ် ရသောအခွင့်ရှိစေခြင်းငှါ ၎င်း၊ သင်တို့သည် ပြုကြပြီတကားဟု ဆို ကြ၏။
၂၁``ဖာ​ရော​ဘု​ရင်​နှင့်​သူ​၏​အ​ရာ​ရှိ​တို့​က​ကျွန်ုပ် တို့​အား​ရွံ​မုန်း​လာ​စေ​ရန် သင်​တို့​ပြု​လုပ်​သည့် အ​တွက်​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့ အား​စီ​ရင်​တော်​မူ​ပါ​စေ​သော။ ကျွန်ုပ်​တို့​အား သတ်​ရန်​သင်​တို့​သည်​သူ​တို့​လက်​၌​ဋ္ဌား​ကို အပ်​ပေး​လေ​ပြီ'' ဟု​ဆို​ကြ​၏။
22 ၂၂ မောရှေ သည်လည်း ၊ ထာဝရဘုရား ထံ တော်သို့သွား ၍ ၊ အိုဘုရား ရှင်၊ ကိုယ်တော်သည် ဤ လူမျိုး ကို အဘယ်ကြောင့် ညှဉ်းဆဲ တော်မူသနည်း။ အကျွန်ုပ် ကို အဘယ်ကြောင့် စေလွှတ် တော်မူသနည်း။
၂၂ထို​နောက်​မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော် သို့``အို အ​ရှင်​ဘု​ရား၊ အ​ဘယ်​ကြောင့်​ဤ​သူ​တို့ ကို​ဒုက္ခ​ရောက်​စေ​ပါ​သ​နည်း။ အ​ကျွန်ုပ်​အား အ​ဘယ်​ကြောင့်​စေ​လွှတ်​တော်​မူ​ပါ​သ​နည်း။-
23 ၂၃ အကျွန်ုပ်သည် ကိုယ်တော်အခွင့် နှင့် ပြော ခြင်းငှာ ၊ ဖါရော မင်း ထံ သို့ဝင် သည်နေ့မှစ၍ ၊ သူသည် ဤ လူမျိုး ကို ညှဉ်းဆဲ ပါပြီ။ ကိုယ်တော်သည် ကိုယ်တော် ၏ လူ တို့ကို အလျှင်းကယ်လွှတ် တော်မ မူပါဟု လျှောက် ၏။
၂၃အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​အ​မိန့်​တော်​အ​ရ ဖာ​ရော​ဘု​ရင်​ထံ​လျှောက်​ထား​သည့်​အ​ချိန်​မှ စ​၍ သူ​သည်​ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို​နှိပ် စက်​ခဲ့​ပါ​ပြီ။ သို့​သော်​လည်း​ကိုယ်​တော်​သည် သူ​တို့​အား​မည်​သည့်​အ​ကူ​အ​ညီ​ကို​မျှ မ​ပေး​ခဲ့​ပါ'' ဟု​လျှောက်​ထား​လေ​၏။

< ထွက်မြောက်ရာ 5 >