< ထွက်မြောက်ရာ 40 >

1 တဖန် ထာဝရဘုရား သည်၊ မောရှေ အား မိန့် တော်မူသည်ကား၊
Kisha Yahweh akasema na Musa na kumwambia,
2 သင်သည် ပဌမ လ ၊ ပဌမ နေ့ ၌ ပရိသတ်စည်းဝေး ရာ တဲ တော်ကို ဆောက် ရမည်။
“Siku ya kwanza ya mwezi wa kwanza ya mwaka lazima wewe uandae hema la kukutania.
3 တဲတော်အထဲ၌၊ သက်သေခံ ချက် သေတ္တာ ကို သွင်း ထား၍ ၊ အတွင်းကုလားကာ ဖြင့် ကွယ်ကာ ရမည်။
Utaweka sanduku la ushuhuda ndani yake, na utaziba sanduku kwa pazia.
4 စားပွဲ ကိုလည်း သွင်း ၍ ၊ စားပွဲ ပေါ်မှာ ပြင်ဆင်ရသမျှတို့ကို ပြင်ဆင် ရမည်။ မီးခုံ ကိုလည်း သွင်း ၍၊ မီးခွက် တို့ကို ထွန်း ရမည်။
Utaleta ndani meza na kuandaa kwa mpangilio vitu vyake. Kisha utaleta kinara cha taa na kuandaa taa.
5 နံ့သာ ပေါင်းရှို့ရာ ရွှေ ပလ္လင် ကို သက်သေခံ ချက် သေတ္တာ ရှေ့ ၌ တည် ထား၍ ၊ တဲ တော်တံခါး ဝကာသော ကုလားကာ ကို ဆွဲ ကာရမည်။
Nawe utaweka madhabahu ya dhahabu ya uvumba mbele ya sanduku la ushuhuda, na utaweka pazia katika mwingilio wa hema la kukutania.
6 ယဇ်ကောင်ရှို့ ရာ ပလ္လင် ကိုလည်း ၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့ ၌ တည် ထားရမည်။
Utaweka madhabahu kwa ajili ya sadaka ya kuteketezwa mbele ya mwingilio wa hema ya kukutania.
7 အင်တုံ ကိုလည်း ပရိသတ် စည်းဝေး ရာ တဲ တော်နှင့် ယဇ် ပလ္လင်စပ်ကြား မှာ တည် ထား၍ ၊ အင်တုံ၌ ရေ ကို ထည့် ရမည်။
Utaweka ile saani kubwa katikati ya hema la kukutania na madhabahu na utaweka maji ndani yake.
8 တဲတော်ပတ်လည် ဝင်း ကို ထူ၍၊ ဝင်း တံခါး ဝကာသော ကုလားကာ ကို ဆွဲ ကာရမည်။
Uandae nyuani inayoizunguka, na utundike pazia katika mwingilio wa nyuani.
9 လိမ်း ရန် ဆီ ကို ယူ ၍ ၊ တဲ တော်နှင့် တဲတော်၌ ရှိသမျှ တို့ကို လိမ်း သဖြင့် တဲတော်နှင့် တဲတော်တန်ဆာရှိသမျှ တို့ကို သန့်ရှင်း စေရမည်။ ထိုသို့ တဲတော်သည် သန့်ရှင်း ရ လိမ့်မည်။
Lazima uchukuwe mafuta ya upako na upake hema la kukutania na kila kitu kilichopo ndani yake. Lazima uitenge na samani zake kwangu; kisha itakuwa takatifu.
10 ၁၀ ယဇ်ကောင်ရှို့ ရာပလ္လင် နှင့် တန်ဆာ ရှိသမျှ တို့ကို လိမ်း ၍ သန့်ရှင်း စေသဖြင့်၊ ထိုပလ္လင် သည် အလွန် သန့်ရှင်း သော ပလ္လင် ဖြစ် ရမည်။
Lazima upake mafuta madhabahu ya sadaka ya kuteketezwa na vyombo vyake. Lazima utenge madhabhu kwa ajili yangu na itakuwa takatifu kwangu.
11 ၁၁ အင်တုံ နှင့် ခြေထောက် ကိုလည်း လိမ်း ၍ သန့်ရှင်း စေရမည်။
Upake mafuta beseni la shaba na sakafu yake na uitenge kwa ajili yangu.
12 ၁၂ အာရုန် နှင့် သူ ၏သား တို့ကို၊ ပရိသတ်စည်းဝေး ရာ တံခါး နားသို့ ခေါ် ခဲ့၍ ရေချိုး ရမည်။
Umlete Aruni na wanae kwa mwingilio wa hema la kukutania na uwaoshe wote kwa maji.
13 ၁၃ အာရုန် သည် ငါ့ ရှေ့၌၊ ယဇ်ပုရောဟိတ် အမှုကို ဆောင်ရွက်မည်အကြောင်း ၊ သန့်ရှင်း သောအဝတ် နှင့် ဝတ် စေ၍ ဆီလိမ်း သဖြင့် သန့်ရှင်း စေရမည်။
Utamfunika Aruni kwa mavazi yaliyo tengwa kwa ajili yangu, mpake mafuta na umtenge ili anitumikie kama kuhani.
14 ၁၄ သူ ၏သား တို့သည်လည်း ငါ့ ရှေ့၌ ယဇ်ပုရောဟိတ် အမှုကို ဆောင်ရွက်မည်အကြောင်း ၊ သူ တို့ကို ခေါ် ခဲ့၍ အင်္ကျီ ဝတ် စေလျက် ၊ သူတို့အဘ ကို ဆီလိမ်း သကဲ့သို့ ၊ သူ တို့ကို ဆီ လိမ်းရမည်။
Utawaleta wana wake na kuwafunika kwa nguo nzito.
15 ၁၅ အကယ်စင်စစ်သူ တို့ ဆီလိမ်းခြင်း ဘိသိက် သည် သား စဉ်မြေးဆက်ပတ်လုံး၊ ထာဝရ ယဇ် ပုရောဟိတ်အရာဖြစ်သတည်းဟု၊
Utawapaka mafuta kama ulivyo mpaka baba yao ili wanitumikie kama makuhani. Upako wao utawafanya makuhani wa kudumu vizazi vyote vya watu wao.”
16 ၁၆ ထာဝရဘုရား မိန့် တော်မူသမျှ အတိုင်း မောရှေ ပြု လေ၏။
Hivi ndivyo Musa alivyo sema; alifuata yote Yahweh aliyo muamuru. Alifanya vitu vyote hivi.
17 ၁၇ သက္ကရာဇ် နှစ်ခု ၊ ပဌမ လ ၊ ပဌမ နေ့၌ မောရှေသည် တဲ တော်ကို ဆောက် လေ၏။
Hivyo hema la kukutania liliandaliwa siku ya kwanza ya mwezi wa mwaka wa pili.
18 ၁၈ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ခြေစွပ် များကို နေရာချ ၍၊ ပျဉ်ပြား များကို ထောင် ပြီးလျှင် ၊ ကန့်လန့်ကျင် များကို လျှို ၍ ၊ တိုင် တို့ကို ထူ လေ၏။
Musa alianda hema la kukutania, akaeka sakafu zake sehemu yake, akaanda fremu zake, akashikisha chuma zake, na akaanda minara na nguzo zake.
19 ၁၉ တဲ တော်အပေါ် မှာ တဲ ကို ဖြန့် မိုး၍ ထိုတဲအပေါ် မှာ လည်း အထပ်ထပ်မိုး ပြန်လေ၏။
Alitandaza mfuniko juu ya hema la kukutania na kuweka hema juu yake, kama Yahweh alivyo muamuru.
20 ၂၀ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သက်သေခံချက်ကို သေတ္တာထဲမှာ သွင်းထား၍၊ သေတ္တာ ကွင်းတို့၌ ထမ်းဘိုးကို လျှို၍၊ သေတ္တာပေါ်မဖုံးကိုတင်ပြီးမှ၊
Alichukuwa amri za agano na kuweka kwenye sanduku. Pia aliweka nguzo kwenye sanduku na kuweka mfuniko wa kiti cha rehema.
21 ၂၁ သေတ္တာကို တဲတော်၌ သွင်း၍ ကွယ်ကာရာ အတွင်းကုလားကာကို ကာထားသဖြင့်၊ သက်သေခံချက် သေတ္တာကို ကွယ်ကာလေ၏။
Aliichukuwa sanduku na kuweka ndani ya hema la kukutania. Aliandaa pazia ili lizibe sanduku la ushuhuda, kama Yahweh alivyo muamuru.
22 ၂၂ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ စားပွဲကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း မြောက်ဘက်နား ကုလားကာပြင်မှာထား ၍၊
Alieka meza kwenye hema la kukutania, kwa upande wa kaskazini mwa hema la kukutania, nje ya pazia.
23 ၂၃ စားပွဲပေါ်မှာ ထာဝရဘုရားရှေ့တော်၌ မုန့်ကို ပြင်ဆင်လေ၏။
Alieka mkate kwa mpangilio katika meza ya Yahweh, kama Yahweh alivyo amuru.
24 ၂၄ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မီးခုံ ကိုလည်း ပရိသတ် စည်းဝေး ရာ တဲ တော်အတွင်း ၊ တောင်ဘက်နား စားပွဲ ဆိုင်ရာတွင် ထား ၍ ၊
Alieka kinara cha taa kwenye hema la kukutania, upande wa pili wa meza, kusini mwa hema la kukutani.
25 ၂၅ ထာဝရဘုရား ရှေ့ တော်၌ မီးခွက် များကို ထွန်း လေ၏။
Aliwasha taa mbele za Yahweh, kama Yahweh alivyo muamuru.
26 ၂၆ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ရွှေ ပလ္လင် ကိုလည်း ပရိသတ်စည်းဝေး ရာ တဲ တော်အတွင်း ၊ ကုလားကာ ပြင် မှာ ထား ၍ ၊
Aliweka madhabahu ya dhahabu ya uvumba ndani ya hema la kukutania mbele ya pazia.
27 ၂၇ ထိုပလ္လင် ပေါ် ၌ မွှေး သော နံ့သာ ပေါင်းကို မီးရှို့ လေ၏။
Alichoma uvumba wa manukato hapo, kama Yahweh alivyo muamuru.
28 ၂၈ တဲ တော်တံခါး ဝ၌လည်း၊ ကုလားကာ ကို ဆွဲကာ လေ၏။
Alitundika pazia katika hema ya kukutania.
29 ၂၉ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ မီးရှို့ရာ ယဇ်ပလ္လင်ကိုလည်း၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့မှာထား ၍ ၊ ထိုပလ္လင်ပေါ်၌ မီးရှို့ ရာ ယဇ်ကို၎င်း ၊ ဘောဇဉ်ပူဇော်သက္ကာ ကို၎င်း ပူဇော် လေ၏။
Aliweka madhabahu ya sadaka ya kuteketeza katika hema ya kukutania. Aliitolea sadaka ya kuteketeza na sadaka ya unga, kama Yahweh alivyo muamuru.
30 ၃၀ အင်တုံ ကိုလည်း ပရိသတ်စည်းဝေး ရာတဲ နှင့် ယဇ် ပလ္လင်စပ်ကြား မှာထား ၍ ၊ ဆေး စရာ ရေ ကို အင်တုံ၌ ထည့် လေ၏။
Aliweka beseni katikati ya hema ya kukutunia na madhabahu, na maji ya kuoshea.
31 ၃၁ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ မောရှေ နှင့် အာရုန် မှစ၍ သူ ၏သား တို့သည် ပရိသတ် စည်းဝေး ရာ တဲ တော်အထဲသို့ ဝင် သော် ၎င်း ၊
Musa, Aruni, na wanae waliosha mikono yao na miguu kwenye beseni
32 ၃၂ ယဇ် ပလ္လင်အနီးသို့ ချဉ်းကပ် သော် ၎င်း၊ လက် ခြေ တို့ကို ဆေး ရကြ၏။
muda wowote walipoenda kwenye hema ya kukutania na muda wowote walipoenda kwenye madhabahu. Walijisafisha, kama Yahweh alivyo muamuru Musa.
33 ၃၃ တဲ တော်နှင့် ယဇ် ပလ္လင်ပတ်လည် ဝင်း ကိုထူ ၍ ၊ ဝင်း တံခါးဝ ၌ ကာသော ကုလားကာ ကို ဆွဲ လေ၏။ ထိုသို့ မောရှေ သည် အလုပ် ကို ပြီးစီး စေသတည်း။
Musa alianda nyuani nyuma ya hema ya kukutania na madhabahu. Alianda pazia katika mwingilio wa nyuani. Katika hili, Musa alimaliza kazi.
34 ၃၄ ထိုအခါ မိုဃ်းတိမ် သည် ပရိသတ်စည်းဝေး ရာ တဲ တော်ကို လွှမ်းမိုး ၍ ၊ ထာဝရဘုရား ၏ ဘုန်း တော်သည် တဲ တော်ကို ဖြည့် လေ၏။
Kisha wingu likafunika hema ya kukutania, na utukufu wa Yahweh ukafunika hema ya kukutania.
35 ၃၅ ထိုသို့ မိုဃ်းတိမ်သည် ပရိသတ်စည်းဝေးရာ တဲ တော်အပေါ် ၌ နေ သောကြောင့် ၊ မောရှေ သည် အထဲသို့ မ ဝင် ရ။ ထာဝရဘုရား ၏ ဘုန်း တော်သည် တဲ တော်ကို ဖြည့် လျက်နေ၏။
Musa hakuweza kuingia hema ya kukutania kwasababu wingu lilikuwa juu yake, na kwasababu utukufu wa Yahweh ulijaza hema ya kukutania.
36 ၃၆ ဣသရေလ အမျိုးသား တို့သည် ခရီး သွားလေရာရာ တွင် ၊ မိုဃ်းတိမ် သည် တဲ တော်အပေါ် မှ ကွာ မြောက်သောအခါ ခရီးသွား ကြ၏။
Muda wowote wingu lilipo chukuliwa juu kutoka hema ya kukutania, watu wa Israeli waliendelea na safari yao.
37 ၃၇ မိုဃ်းတိမ် မ ကွာ မမြောက်လျှင် ၊ မကွာ မ မြောက်မှီနေ့ တိုင်အောင်၊ ခရီးမ သွား ဘဲ နေကြ၏။
Lakini kama wingu haliku nyanyuka juu kutoka hema ya kukutania, kisha basi watu hawaku safiri. Walibaki hadi siku lilipo nyanyuliwa juu.
38 ၃၈ ခရီး သွားလေရာရာ တွင် ဣသရေလ အမျိုးသား အပေါင်း တို့ရှေ့မှောက် ၌ ထာဝရဘုရား ၏ မိုဃ်းတိမ် သည် နေ့အခါ တဲ တော်အပေါ် မှာ တည်နေ၏။ ညဉ့် အခါ မီးလျှံ ဖြစ် လျက် တည်နေလေသတည်း။
Kwa kuwa wingu la Yahweh lilikuwa juu ya hema ya kukutania mchana, na moto wake ulikuwa juu yake usiku, wazi kwa watu wote wa Israeli kipindi chote cha safari yao.

< ထွက်မြောက်ရာ 40 >