< ထွက်မြောက်ရာ 40 >
1 ၁ တဖန် ထာဝရဘုရား သည်၊ မောရှေ အား မိန့် တော်မူသည်ကား၊
E o SENHOR falou a Moisés, dizendo:
2 ၂ သင်သည် ပဌမ လ ၊ ပဌမ နေ့ ၌ ပရိသတ်စည်းဝေး ရာ တဲ တော်ကို ဆောက် ရမည်။
No primeiro dia do mês primeiro farás levantar o tabernáculo, o tabernáculo do testemunho:
3 ၃ တဲတော်အထဲ၌၊ သက်သေခံ ချက် သေတ္တာ ကို သွင်း ထား၍ ၊ အတွင်းကုလားကာ ဖြင့် ကွယ်ကာ ရမည်။
E porás nele a arca do testemunho, e a cobrirás com o véu:
4 ၄ စားပွဲ ကိုလည်း သွင်း ၍ ၊ စားပွဲ ပေါ်မှာ ပြင်ဆင်ရသမျှတို့ကို ပြင်ဆင် ရမည်။ မီးခုံ ကိုလည်း သွင်း ၍၊ မီးခွက် တို့ကို ထွန်း ရမည်။
E meterás a mesa, e a porás em ordem: meterás também o candelabro e acenderás suas lâmpadas:
5 ၅ နံ့သာ ပေါင်းရှို့ရာ ရွှေ ပလ္လင် ကို သက်သေခံ ချက် သေတ္တာ ရှေ့ ၌ တည် ထား၍ ၊ တဲ တော်တံခါး ဝကာသော ကုလားကာ ကို ဆွဲ ကာရမည်။
E porás o altar de ouro para o incenso diante da arca do testemunho, e porás a cortina diante da porta do tabernáculo.
6 ၆ ယဇ်ကောင်ရှို့ ရာ ပလ္လင် ကိုလည်း ၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့ ၌ တည် ထားရမည်။
Depois porás o altar do holocausto diante da porta do tabernáculo, do tabernáculo do testemunho.
7 ၇ အင်တုံ ကိုလည်း ပရိသတ် စည်းဝေး ရာ တဲ တော်နှင့် ယဇ် ပလ္လင်စပ်ကြား မှာ တည် ထား၍ ၊ အင်တုံ၌ ရေ ကို ထည့် ရမည်။
Logo porás a pia entre o tabernáculo do testemunho e o altar; e porás água nela.
8 ၈ တဲတော်ပတ်လည် ဝင်း ကို ထူ၍၊ ဝင်း တံခါး ဝကာသော ကုလားကာ ကို ဆွဲ ကာရမည်။
Finalmente porás o átrio em derredor, e a cortina da porta do átrio.
9 ၉ လိမ်း ရန် ဆီ ကို ယူ ၍ ၊ တဲ တော်နှင့် တဲတော်၌ ရှိသမျှ တို့ကို လိမ်း သဖြင့် တဲတော်နှင့် တဲတော်တန်ဆာရှိသမျှ တို့ကို သန့်ရှင်း စေရမည်။ ထိုသို့ တဲတော်သည် သန့်ရှင်း ရ လိမ့်မည်။
E tomarás o azeite da unção e ungirás o tabernáculo, e tudo o que está nele; e lhe santificarás com todos os seus utensílios, e será santo.
10 ၁၀ ယဇ်ကောင်ရှို့ ရာပလ္လင် နှင့် တန်ဆာ ရှိသမျှ တို့ကို လိမ်း ၍ သန့်ရှင်း စေသဖြင့်၊ ထိုပလ္လင် သည် အလွန် သန့်ရှင်း သော ပလ္လင် ဖြစ် ရမည်။
Ungirás também o altar do holocausto e todos os seus utensílios: e santificarás o altar, e será um altar santíssimo.
11 ၁၁ အင်တုံ နှင့် ခြေထောက် ကိုလည်း လိမ်း ၍ သန့်ရှင်း စေရမည်။
Também ungirás a pia e sua base, e a santificarás.
12 ၁၂ အာရုန် နှင့် သူ ၏သား တို့ကို၊ ပရိသတ်စည်းဝေး ရာ တံခါး နားသို့ ခေါ် ခဲ့၍ ရေချိုး ရမည်။
E farás chegar a Arão e a seus filhos à porta do tabernáculo do testemunho, e os lavarás com água.
13 ၁၃ အာရုန် သည် ငါ့ ရှေ့၌၊ ယဇ်ပုရောဟိတ် အမှုကို ဆောင်ရွက်မည်အကြောင်း ၊ သန့်ရှင်း သောအဝတ် နှင့် ဝတ် စေ၍ ဆီလိမ်း သဖြင့် သန့်ရှင်း စေရမည်။
E farás vestir a Arão as vestimentas sagradas, e o ungirás, e o consagrarás, para que seja meu sacerdote.
14 ၁၄ သူ ၏သား တို့သည်လည်း ငါ့ ရှေ့၌ ယဇ်ပုရောဟိတ် အမှုကို ဆောင်ရွက်မည်အကြောင်း ၊ သူ တို့ကို ခေါ် ခဲ့၍ အင်္ကျီ ဝတ် စေလျက် ၊ သူတို့အဘ ကို ဆီလိမ်း သကဲ့သို့ ၊ သူ တို့ကို ဆီ လိမ်းရမည်။
Depois farás chegar seus filhos, e lhes vestirás as túnicas:
15 ၁၅ အကယ်စင်စစ်သူ တို့ ဆီလိမ်းခြင်း ဘိသိက် သည် သား စဉ်မြေးဆက်ပတ်လုံး၊ ထာဝရ ယဇ် ပုရောဟိတ်အရာဖြစ်သတည်းဟု၊
E os ungirás como ungiste a seu pai, e serão meus sacerdotes: e será que sua unção lhes servirá por sacerdócio perpétuo por suas gerações.
16 ၁၆ ထာဝရဘုရား မိန့် တော်မူသမျှ အတိုင်း မောရှေ ပြု လေ၏။
E Moisés fez conforme tudo o que o SENHOR lhe mandou; assim o fez.
17 ၁၇ သက္ကရာဇ် နှစ်ခု ၊ ပဌမ လ ၊ ပဌမ နေ့၌ မောရှေသည် တဲ တော်ကို ဆောက် လေ၏။
E assim no dia primeiro do primeiro mês, no segundo ano, o tabernáculo foi erigido.
18 ၁၈ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ခြေစွပ် များကို နေရာချ ၍၊ ပျဉ်ပြား များကို ထောင် ပြီးလျှင် ၊ ကန့်လန့်ကျင် များကို လျှို ၍ ၊ တိုင် တို့ကို ထူ လေ၏။
E Moisés fez levantar o tabernáculo, e assentou suas bases, e colocou suas tábuas, e pôs suas barras, e fez erguer suas colunas.
19 ၁၉ တဲ တော်အပေါ် မှာ တဲ ကို ဖြန့် မိုး၍ ထိုတဲအပေါ် မှာ လည်း အထပ်ထပ်မိုး ပြန်လေ၏။
E estendeu a tenda sobre o tabernáculo, e pôs a cobertura encima do mesmo; como o SENHOR havia mandado a Moisés.
20 ၂၀ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သက်သေခံချက်ကို သေတ္တာထဲမှာ သွင်းထား၍၊ သေတ္တာ ကွင်းတို့၌ ထမ်းဘိုးကို လျှို၍၊ သေတ္တာပေါ်မဖုံးကိုတင်ပြီးမှ၊
E tomou e pôs o testemunho dentro da arca, e colocou as varas na arca, e encima o propiciatório sobre a arca:
21 ၂၁ သေတ္တာကို တဲတော်၌ သွင်း၍ ကွယ်ကာရာ အတွင်းကုလားကာကို ကာထားသဖြင့်၊ သက်သေခံချက် သေတ္တာကို ကွယ်ကာလေ၏။
E meteu a arca no tabernáculo, e pôs o véu da tenda, e cobriu a arca do testemunho; como o SENHOR havia mandado a Moisés.
22 ၂၂ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ စားပွဲကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း မြောက်ဘက်နား ကုလားကာပြင်မှာထား ၍၊
E pôs a mesa no tabernáculo do testemunho, ao lado norte da cortina, fora do véu:
23 ၂၃ စားပွဲပေါ်မှာ ထာဝရဘုရားရှေ့တော်၌ မုန့်ကို ပြင်ဆင်လေ၏။
E sobre ela pôs por ordem os pães diante do SENHOR, como o SENHOR havia mandado a Moisés.
24 ၂၄ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မီးခုံ ကိုလည်း ပရိသတ် စည်းဝေး ရာ တဲ တော်အတွင်း ၊ တောင်ဘက်နား စားပွဲ ဆိုင်ရာတွင် ထား ၍ ၊
E pôs o candelabro no tabernáculo do testemunho, em frente da mesa, ao lado sul da cortina.
25 ၂၅ ထာဝရဘုရား ရှေ့ တော်၌ မီးခွက် များကို ထွန်း လေ၏။
E acendeu as lâmpadas diante do SENHOR; como o SENHOR havia mandado a Moisés.
26 ၂၆ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ရွှေ ပလ္လင် ကိုလည်း ပရိသတ်စည်းဝေး ရာ တဲ တော်အတွင်း ၊ ကုလားကာ ပြင် မှာ ထား ၍ ၊
Pôs também o altar de ouro no tabernáculo do testemunho, diante do véu:
27 ၂၇ ထိုပလ္လင် ပေါ် ၌ မွှေး သော နံ့သာ ပေါင်းကို မီးရှို့ လေ၏။
E acendeu sobre ele o incenso aromático; como o SENHOR havia mandado a Moisés.
28 ၂၈ တဲ တော်တံခါး ဝ၌လည်း၊ ကုလားကာ ကို ဆွဲကာ လေ၏။
Pôs também a cortina da porta do tabernáculo.
29 ၂၉ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ မီးရှို့ရာ ယဇ်ပလ္လင်ကိုလည်း၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့မှာထား ၍ ၊ ထိုပလ္လင်ပေါ်၌ မီးရှို့ ရာ ယဇ်ကို၎င်း ၊ ဘောဇဉ်ပူဇော်သက္ကာ ကို၎င်း ပူဇော် လေ၏။
E colocou o altar do holocausto à porta do tabernáculo, do tabernáculo do testemunho; e ofereceu sobre ele holocausto e oferta de cereais; como o SENHOR havia mandado a Moisés.
30 ၃၀ အင်တုံ ကိုလည်း ပရိသတ်စည်းဝေး ရာတဲ နှင့် ယဇ် ပလ္လင်စပ်ကြား မှာထား ၍ ၊ ဆေး စရာ ရေ ကို အင်တုံ၌ ထည့် လေ၏။
E pôs a pia entre o tabernáculo do testemunho e o altar; e pôs nela água para lavar.
31 ၃၁ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ မောရှေ နှင့် အာရုန် မှစ၍ သူ ၏သား တို့သည် ပရိသတ် စည်းဝေး ရာ တဲ တော်အထဲသို့ ဝင် သော် ၎င်း ၊
E Moisés e Arão e seus filhos lavavam nela suas mãos e seus pés.
32 ၃၂ ယဇ် ပလ္လင်အနီးသို့ ချဉ်းကပ် သော် ၎င်း၊ လက် ခြေ တို့ကို ဆေး ရကြ၏။
Quando entravam no tabernáculo do testemunho, e quando se traziam ao altar, se lavavam; como o SENHOR havia mandado a Moisés.
33 ၃၃ တဲ တော်နှင့် ယဇ် ပလ္လင်ပတ်လည် ဝင်း ကိုထူ ၍ ၊ ဝင်း တံခါးဝ ၌ ကာသော ကုလားကာ ကို ဆွဲ လေ၏။ ထိုသို့ မောရှေ သည် အလုပ် ကို ပြီးစီး စေသတည်း။
Finalmente erigiu o átrio em derredor do tabernáculo e do altar, e pôs a cortina da porta do átrio. E assim acabou Moisés a obra.
34 ၃၄ ထိုအခါ မိုဃ်းတိမ် သည် ပရိသတ်စည်းဝေး ရာ တဲ တော်ကို လွှမ်းမိုး ၍ ၊ ထာဝရဘုရား ၏ ဘုန်း တော်သည် တဲ တော်ကို ဖြည့် လေ၏။
Então uma nuvem cobriu o tabernáculo do testemunho, e a glória do SENHOR encheu o tabernáculo.
35 ၃၅ ထိုသို့ မိုဃ်းတိမ်သည် ပရိသတ်စည်းဝေးရာ တဲ တော်အပေါ် ၌ နေ သောကြောင့် ၊ မောရှေ သည် အထဲသို့ မ ဝင် ရ။ ထာဝရဘုရား ၏ ဘုန်း တော်သည် တဲ တော်ကို ဖြည့် လျက်နေ၏။
E não podia Moisés entrar no tabernáculo do testemunho, porque a nuvem estava sobre ele, e a glória do SENHOR o tinha enchido.
36 ၃၆ ဣသရေလ အမျိုးသား တို့သည် ခရီး သွားလေရာရာ တွင် ၊ မိုဃ်းတိမ် သည် တဲ တော်အပေါ် မှ ကွာ မြောက်သောအခါ ခရီးသွား ကြ၏။
E quando a nuvem se erguia do tabernáculo, os filhos de Israel se moviam em todas suas jornadas:
37 ၃၇ မိုဃ်းတိမ် မ ကွာ မမြောက်လျှင် ၊ မကွာ မ မြောက်မှီနေ့ တိုင်အောင်၊ ခရီးမ သွား ဘဲ နေကြ၏။
Porém se a nuvem não se erguia, não se partiam até o dia em que ela se erguia.
38 ၃၈ ခရီး သွားလေရာရာ တွင် ဣသရေလ အမျိုးသား အပေါင်း တို့ရှေ့မှောက် ၌ ထာဝရဘုရား ၏ မိုဃ်းတိမ် သည် နေ့အခါ တဲ တော်အပေါ် မှာ တည်နေ၏။ ညဉ့် အခါ မီးလျှံ ဖြစ် လျက် တည်နေလေသတည်း။
Porque a nuvem do SENHOR estava de dia sobre o tabernáculo, e o fogo estava de noite nele, à vista de toda a casa de Israel, em todas as suas jornadas.